← Chapters

မိတ်ဖက် ဖူကွမ်းကျန်း

Vol. 7 Ch. 95

မိတ်ဖက် ဖူကွမ်းကျန်း

Vol. 7 Ch. 95

စက်ယန္တရားစက်ရုံ၏ ပြန်လည် ဖွဲ့စည်းခြင်းက မပြီးသေးပေ။ စာချုပ်က လက်မှတ်ထိုးပြီးဖြစ်သည်။ သို့သော် ရှယ်ယာ အသိအမှတ်ပြု လက်မှတ်ရရန်အတွက် ရက်အနည်းငယ် စောင့်ရန် လိုအပ်ပေသည်။ ဖုန်းရှင်းထိုက်က သူ့အနေဖြင့် အစားအစာ ထုတ်လုပ်သည့် စက်ရုံကို စိုးရိမ်ပူပန်သည့်အတွက် ရွာကို ပြန်သွားသည်။

ဖုန်းယွီသည် နည်းပညာ အချက်အလက်များနှင့် ကျွမ်းကျင်ပညာရှင် သုံးဦးကို စက်ယန္တရား စက်ရုံသို့ လွှဲပြောင်းပြီးနောက် ကျောင်းသို့ ပြန်သွားသည်။ အခြားသော ကျောင်းသူ၊ ကျောင်းသားများအတွက် ဖုန်းယွီ အတန်းပျက်တာက ပုံမှန်ဖြစ်နေသည်။ ပြီးနောက် ဆရာ၊ ဆရာမများသည်လည်း ဒုကျောင်းအုပ်က သူ့ကို ကာကွယ်ပေးမှုကြောင့် ဘာမှမလုပ်ပေ။

သို့သော် နှစ်ရက်ခန့် ကြာပြီးနောက် ဖုန်းယွီသည် ခွင့်ထပ်တိုင်ခဲ့ပြန်သည်။

ယခုအချိန်တွင် ဖုန်းယွီသည် ကျောင်းမှ အတင်းအကြပ် ခွင့်တိုင်ခဲ့ခြင်း ဖြစ်ပေသည်။ လွန်ခဲ့သည့် အပတ်က တစ်ပတ်ရစ်ကား နောက်ဆုံးအသုတ် ရောက်ရှိပြီး စက်ယန္တရား ပစ္စည်းစက်ရုံက ထိုကားများ ပြန်လည် တပ်ဆင်မှု ပြီးရန်အတွက် အချိန်ပို အလုပ်လုပ်နေရသည်။ ယနေ့တွင် ပြန်လည် တပ်ဆင်ခြင်းက ပြီးသွားပြီ ဖြစ်ရာ ဖူကွမ်းကျန်းသည်လည်း ဘင်းမြို့တော်ကို မနက်ခင်းတွင် ရောက်ရှိလာတော့သည်။ ယခုတော့ တစ်ပတ်ရစ် ကားများကို စုဆောင်းရခြင်းက ကီရီလန်ကို့ကို အတန်ကြာ အလုပ်များစေခဲ့သည်။

ဆိုဗီယက် ပြည်ထောင်စုတွင် ဗြိတိသျှထုတ် ကားအနည်းငယ် ရှိသော်လည်း ဗြိတိသျှ ယာဉ်ရောင်းချသည့်သူ အများအပြား မရှိပေ။ ကီရီလန်ကိုသည် မော်စကိုတွင် အချိန်အကြာကြီး အချိန်ဖြုန်းခဲ့ရပြီး ပတ်ဝန်းကျင်ရှိ မြို့များကို တစ်ပတ်ရစ် ဇိမ်ခံကားများကို ရှာရန် သွားရပေသည်။ သူက ကား(၅၃) စီးသာ ရလေသည်။ သူ၏ ခန့်မှန်း တွက်ချက်မှုများအရ မော်စကိုမြို့၏ အနီးအနား တစ်ဝိုက်တွင် ဗြိတိသျှကား (၁၀)စီးထက် ပို၍ တွေ့ရမည် မဟုတ်ပေ။

ကံကောင်းသည်မှာ ဖုန်းယွီသည် စက်ပစ္စည်းနှင့် နည်းပညာ စီးပွားရေးကို စတင် တင်ပို့လုပ်ပါသည်။ ယင်းက ကီလီလန်ကိုအား စီးပွားရေး မိတ်ဖက်များကို လွှတ်ချနိုင်ခဲ့ပြီး စွန့်စားမှုရှိသည့် စီးပွားရေး ခရီးလမ်းကို သူကိုယ်တိုင် လျှောက်ခဲ့သည်။ ယင်းစီးပွားရေးကို လုပ်သည်နှင့် သူက အရင်ကထက် ဝင်‌ငွေအမြောက်အမြား ဝင်လာခဲ့သည်။

တကယ်တမ်းကျ ဖုန်းယွီ ကီရီလန်ကို ကို ရောင်းချသည့် တရုတ်ပစ္စည်းများ၏ အရေအတွက်က အများကြီး တိုးလာသည်။ မော်စကိုနှင့် အခြားအနီးရှိမြို့များတွင် သူသည် တရုတ်ပစ္စည်းများ ရောင်းချသူအဖြစ် နာမည်ကြီးလာသည်။ နေ့တိုင်းနေ့တိုင်း သူသည် ဆိုဖာပေါ်တွင် ထိုင်ကာ ဗော်ကာသောက်နေသည်။ သို့သော် သူ၏ ငွေကြေးများကတော့ အတော်မြင့်မားလာခဲ့သည်။

ဖူကွမ်းကျန်းသည် သူ့ဟော်တယ်မှ ထွက်လာပြီးနောက် ထိုက်ဟွကုန်သွယ်ရေးသို့ သူ့လူများနှင့်သူ တန်းတန်း သွားလေသည်။ တစ်ပတ်ရစ် ဇိမ်ခံကား နောက်ဆုံးအသုတ် အထူးသဖြင့် ပြိုင်ကားများသည် ကောင်းကင်ထိ မြင့်မားသည့်စျေးဖြင့် ရောင်းချနိုင်ပေသည်။

သူသည် ယင်းကားများမှ ပျမ်းမျှအားဖြင့် ယွမ်လေးသိန်းဖြင့် ရခဲ့ပြီး သူက ထိုကားများကို ပျမ်းမျှယွမ် ခြောက်သိန်း သုံးသောင်းဖြင့် ရောင်းချခဲ့သည်။ သယ်ယူပို့ဆောင်ရေး စားရိတ်နှင့် အခြားသော အပိုကုန်ကျ စားရိတ်များကို နုတ်ပြီး သုံးဆယ်ရာခိုင်နှုန်းထက် ပိုအကျိုးအမြတ် ရခဲ့ပေသည်။

သူ၏ ရှေးဟောင်းပစ္စည်းများ ရောင်းချသည်ထက် အမြတ်နည်းသော်ငြား တန်ဖိုးကြီး ရှေးဟောင်း ပစ္စည်းများကို မကြာခဏရရန် မလွယ်ကူပေ။ ထို့အပြင် ရှေးဟောင်းပစ္စည်းများ တုပခြင်းက အလွန်ကို အန္တရာယ် များပေသည်။ ယခု တစ်ပတ်ရစ်ကား စီးပွားရေးသည် ပိုစိတ်ချရပြီး ပိုတည်ငြိမ်သည်။ ယင်းကားများကို ပုံမှန်ရပါက အကောင်းဆုံး ဖြစ်ပေမည်။ အထူးသဖြင့် ပြိုင်ကားများပင်။ ပြိုင်ကားများသည် ကမ်းရိုးတန်း ဒေသရှိ မြို့တော်များတွင် အလွန် နာမည်ကြီးပေသည်။ စက်ပစ္စည်း ပညာရှင်များက ကားများကို စမ်းသပ်ကြည့်ရှုစဉ် ဖူကွမ်းကျန်းနှင့် ဖုန်းယွီက ဘေးတွင် စကားစမြည် ပြောနေကြသည်။

“မစ္စတာဖုန်းရဲ့ စီးပွားရေးက တော်တော်ကြီးကို အောင်မြင်လာတာပဲ။ အနာဂတ်ကျ မင်းမှာ စီးပွားရေး ပရောဂျက်တွေရှိရင် ငါ့ကိုလည်းပြောပါဦး”

ဖူကွမ်းကျန်းက ပြောလိုက်သည်။ သူ၏ ကန်တုန်းနိစ်လေသံနှင့် တရုတ်မန်ဒရင်းစကား ပြောလိုက်ခြင်း ဖြစ်သည်။ ယင်းက ဖုန်းယွီကို ကြောက်ရွံ့သွားစေ၏။

သို့သော် ဖူကွမ်းကျန်း၏ တရုတ်စကားသည် အရင်တခေါက် သူတို့ တွေ့ခဲ့သည်ထက်စာလျှင် အတော် တိုးတက်လာပြီ ဖြစ်သည်။ ဖုန်းယွီက သူ့အနေဖြင့် တရုတ်ဘာသာ စကားတွင် အများကြီး အားစိုက်ထုတ် ထားသည်ကို သူပြောနိုင်ပေသည်။ အလုပ်ကြိုးစားသည့်အတွက် အောင်အောင်မြင်မြင် ရခဲ့ခြင်းဖြစ်သည်။

“မစ္စတာဖူက ကျွန်တော့်ကို ပြောမှတော့ ကျွန်တော့်မှာ အရမ်းကို ကောင်းတဲ့ စီးပွားရေး အခွင့်အလမ်းတစ်ခု ရှိတယ်။ ဒါပေမယ့် အဲ့တာကို ခင်ဗျား စိတ်ဝင်စားပါ့မလားတော့ ကျွန်တော်လည်း မသိဘူး”

ဖူကွမ်းကျန်းက ဖုန်းယွီအနား တိုးလာပြီး

“ဘာအခွင့်အရေးလဲ။ ကျွန်တော့်ကို အဲ့သည်အကြောင်းတွေ ပြောပြပါဦး”

မကြာသေးမီက ရှေး‌ဟောင်းပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းက နှေးကွေးခဲ့သည်။ ပြီးနောက် ရှေးဟောင်း ပစ္စည်းစီးပွားရေးကို လုပ်ကိုင်သည့်သူ ပိုများပြားလာပေသည်။ ယင်းအချက်က သူ့အတွက် ရှေးဟောင်း ပစ္စည်းကောင်းများ ရရန် ပိုခက်ခဲသွားစေသည်။ ရှေ့လက ကျွမ်းကျင်သူ တစ်ယောက်မှ ရှေးဟောင်းပစ္စည်းကို မှားယွင်း ဆုံးဖြတ်ချက် ချခဲ့မိသည်။

ပြီးနောက် ထိုအရာက သူ့အား သန်းပေါင်းများစွာ ဆုံးရှုံးစေခဲ့သည်။ ဖူကွမ်းကျန်းသည် သူ့အနေဖြင့် ထိုကျွမ်းကျင်သည့် ပညာရှင်လောက် မကျွမ်းကျင်သည်ကို သိရာ သူ့တွင်လည်း ယင်းကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်မည်ကို ကြောက်ရွံ့နေသည်။ ရင်းနှီးမြှုပ်နှံမှုသည် သူ့အတွက် ပိုမိုကောင်းမွန်သည့် ရွေးချယ်မှု တစ်ခုဖြစ်သည်။ အကြောင်းမှာ အန္တရာယ်နှင့် ဆုံးရှုံးမှုများ များပြားမှု မရှိသည့်အတွက် ဖြစ်သည်။

ဥပမာအနေဖြင့် ဖူကွမ်းကျန်း၏ တစ်ပတ်ရစ်ကား စီးပွားက သူ့အဖေ၏ ချီးကျုးမှုကိုတောင် ရခဲ့သည်။ သူ၏ဖခင်က သူ့အနေဖြင့် တရုတ်ပြည်တွင် စီးပွားရေး စတင် လုပ်ကိုင်နေသည်ဖြစ်၍ ဝမ်းသာနေသည်။ ဖူကွမ်းကျန်း အနေဖြင့် အခြားသော စက်မှုစက်ရုံများတွင် ရင်းနှီးမြှုပ်နှံပါက ပို၍ပင် ကောင်းပေမည်။

သူက ဖုန်းယွီထံမှ ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှု ပရောဂျက် တစ်ခုကို ကြားသိသည့်အခါ သူစိတ်ဝင်စား သွားသည်။ သူ့အနေဖြင့် ‌ငွေသန်း အနည်းငယ် ရင်းနှီးမြှုပ်နှံခြင်းအတွက် ပြဿနာ သိပ်မရှိပေ။ သူသည် ယွမ် ဆယ်သန်းကို လွယ်လွယ်ကူကူနှင့် ရှာနိုင်ပေသည်။

“မစ္စတာဖူက စက်ယန္တရား ထုတ်လုပ်ရေးမှာ စိတ်ဝင်စားလား”

“စက်ယန္တရား ထုတ်လုပ်‌ရေးလား။ ဘယ်လိုမျိုး စက်ပစ္စည်းတွေလဲ”

ဖူကွမ်းကျန်းက မျက်မှောင်ကြုတ် လိုက်သည်။ တရုတ်ပြည်တွင် ရှိသည့် ထုတ်လုပ်သည့် နည်းပညာက အမေရိကန် ပြည်ထောင်စုနှင့် ဥရောပတို့နှင့်ယှဉ်လျှင် များစွာ နောက်ကောက် ကျနေသည်။ သို့သော် ယင်းက အစဦးပိုင်းတွင် ရှိသေးသည်။ သင့်တင့်လျောက်ပတ်သော နည်းပညာများ လိုအပ်သေးပေ၏။

“လက်ရှိတော့ စိုက်ပျိုးရေးသုံး စက်ပစ္စည်းတွေ။ ကျွန်တော်တို့တွေ ဆိုဗီယက် ပြည်ထောင်စုက အဆင့်မြင့် စက်ပစ္စည်းတွေကို အသုံးပြုပြီး ဆိုဗီယက် ပြည်ထောင်စုက ကျွမ်းကျင် ပညာရှင်တွေရဲ့ လမ်းညွှန်မှုတွေလည်း ရှိတယ်။ ပြီးတော့ ကျွန်တော်တို့မှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဆင့်အမြင့်ဆုံး နည်းပညာတွေလည်း ရှိတယ်”

ဖူကွမ်းကျန်း မျက်လုံးပြူး သွားသည်။

“မစ္စတာဖုန်းက အဲ့တာတွေကို ကိုယ်တိုင် ရယူနိုင်ခဲ့တာလား။ ထပ်ပေါင်း ပြောရရင် စိုက်ပျိုးရေးသုံး ပစ္စည်းတွေရော၊ ခင်ဗျားဆီမှာ တခြားနည်းပညာတွေ ရှိသေးလား။ မစ္စတာဖုန်း။ ဘာကြောင့် ဒီထုတ်လုပ်ရေးတွေကို ကျွန်တော်တို့ ကိုယ်တိုင် မလုပ်နိုင်ရမှာလဲ။ ကျွန်တော်တို့ အနေနဲ့ ဒီနည်းပညာတွေကို ရောင်းချရင်တောင် ကျွန်တော်တို့တွေ ချမ်းသာမှာ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်တော်တို့တွေက မိတ်ဖက်တွေဖြစ်ပြီ။ ပြီးတော့ ကျွန်တော်က ရင်းနှီးမတည်ငွေကို ထုတ်ပေးမယ်။ ဒါပေမယ့် ခင်ဗျားက ရှယ်ယာများများရပြီး အကျိုးအမြတ် များများ ရလိမ့်မယ်”

ဖုန်းယွီက ခေါင်းခါကာ ပြောလိုက်သည်။

“မစ္စတာဖူ။ အရာရာတိုင်းက ခင်ဗျား တွေးသလိုမျိုး လွယ်ကူမနေဘူး။ ခင်ဗျားက တရုတ်နိုင်ငံရဲ့ လက်ရှိ အခြေအနေကို နားလည်ပုံ မပေါ်ဘူး။ တကယ်လို့ ခင်ဗျားမှာ တရုတ်အစိုးရရဲ့ နောက်ခံမရှိရင် ဒီနည်းပညာတွေကို ခင်ဗျား မရောင်းခင် အဖမ်းခံရလိမ့်မယ်။ ကျွန်တော်က အခု ဘင်းမြို့တော် စက်ယန္တရား စက်ရုံနဲ့ အလုပ် လုပ်နေတာ။ ဒါပေမယ့် အဲ့ဒီစက်ရုံက ဘင်းမြို့တော် စက်ယန္တရား ကော်ပိုရေးရှင်း လိမိတက်အနေနဲ့ နာမည် ပြောင်းလိုက်တယ်။ ကျွန်တော့်ရဲ့အဖေက အဲ့ဒီကုမ္ပဏီမှာ ၁၀ရာခိုင်နှုန်း ရှယ်ယာပိုင်တယ်။ တကယ်လို့ ခင်ဗျား စိတ်ဝင်စားရင် သုံးနှစ်အတွင်း ငါးဆယ်ရာခိုင်နှုန်း ပြန်ရမယ်လို့ ကျွန်တော် အာမခံတယ်”

ဖူကွမ်းကျန်းက ခေါင်းကို အောက်ချလိုက်ကာ အတွေးနက်နက် တွေးလိုက်တော့သည်။ နိုင်ငံပိုင် လုပ်ငန်းများနှင့် လုပ်ငန်းအတူတူ လုပ်ရခြင်းက ပြဿနာ အချို့ ရှိပေသည်။ သူက တောင်ပိုင်းရှိ နိုင်ငံပိုင် လုပ်ငန်းများ၏ ခေါင်းဆောင် အများအပြားနှင့် တွေ့ခဲ့ဖူးသည်။ ပြီးနောက် ထိုခေါင်းဆောင်များက အလွန် ရှေးရိုးဆန်ကာ စီမံခန့်ခွဲသည့် အရည်အချင်းများလည်း ကင်းမဲ့နေသည်။ သူတို့နှင့် အလုပ်လုပ်ကိုင်ပါက သူ့အနေဖြင့် ကောင်းကျိုး ရနိုင်ပါမည်လား။

သို့သော် ယခုအခါ စက်ရုံတွင် အဆင့်မြင့် နည်းပညာနှင့် စက်ယန္တရားများကို ဆိုဗီယက် ပြည်ထောင်စုမှ ရရှိခဲ့ပြီး စျေးကွက်ကို အလွယ်တကူ ချုပ်ကိုင်နိုင်၏။ ထပ်ပြောရလျှင် ဖုန်းယွီသည် အလွန် စွမ်းဆောင်ရည်ရှိသူ ဖြစ်သည်။ သူ၏ အဖေပင် ယင်းကုမ္ပဏီတွင် ရှယ်ယာ ဆယ်ရာခိုင်နှုန်း ရှိသည်။ ဤရင်းနှီးမြှုပ်နှံမှုက ကောင်းမွန်မည်ဖြစ်သည်။ ထို့အပြင် ဖုန်းယွီပြောသည့် အချက်သည်လည်း မှန်ကန်နေပေ၏။ တရုတ်အစိုးရ၏ နောက်ခံ မရှိပါက ကိစ္စတော်တော်များများကို လုပ်ရာတွင် အခက်အခဲတွေ့မည်ပင် ဖြစ်သည်။

“မစ္စတာဖုန်းအနေနဲ့ ကျွန်တော့ကို အဲ့ဒီမှာ ဘာကြောင့် ရင်းနှီးမြှုပ်နှံစေချင်ရလဲ ဆိုတာ ပြောလို့ရမလား”

ဖူကွမ်းကျန်းက ဖုန်းယွီကို ကြည့်နေသည်။ သူက ဖုန်းယွီအနေဖြင့် သူ့အား ဘာမှမပြောဟု ခံစားနေရသည်။

“တကယ်တော့ ကျွန်တော့်အနေနဲ့ လူတွေကို ဆက်သွယ်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားကို ရင်းနှီးမြှုပ်နှံ ချင်လားလို့ မေးရတာက ခင်ဗျားက ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်လေ။ ကျွန်တော် ဒီစက်ရုံမှာ မကြိုက်တဲ့ အချက် တော်တော်များများ ရှိတယ်။ ငွေကြေး စီမံခန့်ခွဲမှုတွေက ရှုပ်ပွနေပြီး စီမံခန့်ခွဲမှု စနစ်တွေကလည်း နောက်ပြန်ဆွဲနေတယ်။ စက်ရုံရဲ့ခေါင်းဆောင်တွေက ရှေးရိုးဆန်တယ်။ မြို့တော် အစိုးရကလည်း စက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေကို နှောင့်ယှက်တယ်။ ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆိုရင် သူတို့တွေ အားလုံးက ဒီအရာကို တစ်နှစ်အတွင်း ပြောင်းလဲ နိုင်တယ်လို့ ကျွန်တော် ယုံကြည်တယ်။

“ကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင်က ဆုံးဖြတ်ချက် ချနိုင်တယ်လေ။ ဘယ်အရာက သူတို့ကို ခင်ဗျား နားထောင်နိုင်အောင် လုပ်နိုင်မှာလဲ”

“တကယ်လို့ ကျွန်တော်က အကြီးဆုံး ရှယ်ယာရှင် ဆိုရင်ရော”

ဖုန်းယွီက ဖူကွမ်းကျန်းကို မေးခွန်းဖြင့် ပြန်ပြောလိုက်သည်။

“မင်းက ရင်းနှီးမြှုပ်နှံမှုတွေကို ထည့်ထည့်ပြီး အခြား ရှယ်ယာရှင်တွေကို အားနည်းအောင် လုပ်မလို့လား”

ဖူကွမ်းကျန်း၏ မျက်နှာက ပြောင်းလဲသွားသည်။ ရှယ်ယာများကို အားနည်းအောင် ပြုလုပ်ခြင်း အဓိပ္ပါယ်က သူ၏ ရှယ်ယာများ ပို၍ အားနည်းလာခြင်းပင် ဖြစ်သည်။ ယင်းက သူရင်းနှီးမြှုပ်နှံလိုသည့် အချက်လား။ ဖုန်းယွီကို ကူညီရန်အတွက်လား။

“ခင်ဗျားဆက်ပြီး ရင်းနှီးမြှုပ်နှံလို့ ရပါတယ်။ တကယ်လို့ ခင်ဗျားမှာ ရန်ပုံငွေ လုံးဝ မရှိဘူးဆိုရင် ခင်ဗျားရဲ့ အဖေဆီက ချေးလို့ရတယ်လေ။ အဲ့ဒီရှယ်ယာတွေကို ဆက်စပ်ပစ္စည်းအဖြစ် ပေးမယ်ဆိုရင် သူက ခင်ဗျား လိုချင်တဲ့ ငွေတွေကို ချေးပေးမှာပေါ့။ ခင်ဗျားအနေနဲ့ ဒီစက်ရုံက ရလာမယ့် အကျိုးအမြတ်တွေကိုလည်း မမေ့သင့်ဘူးနော်”

“တရုတ်က စိုက်ပျိုးရေး နိုင်ငံတစ်ခု ဆိုတာလည်း မင်းသိသင့်တယ်။ ပြီးတော့ စိုက်ပျိုးရေး စက်ပစ္စည်းတွေ အတွက် စျေးကွက်က အလွန်ကြီးတယ်။ အဲ့ဒီအပြင် ကျွန်တော့်အနေနဲ့ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ဖို့ အတွက်ပဲ ပိုက်ဆံတွေကို သုံးမှာမဟုတ်ဖူး။ ကျွန်တော်က အဆင့်မြင့် စက်ပစ္စည်းတွေနဲ့ အခြားသော နည်းပညာတွေကို ရင်းနှီးမြှုပ်နှံဖို့အတွက် သုံးမှာ။ သူတို့တွေက ကျွန်တော့်ကို ငြင်းမှာမဟုတ်ဘူး။ ပြီးတော့ ဒီစက်ပစ္စည်းတွေနဲ့ နည်းပညာတွေက တရုတ်ပြည်မှာရှိတဲ့ အရာတွေထက် ဆယ်နှစ်လောက် ‌ရှေ့ရောက်တယ်လေ။ စက်ရုံအနေနဲ့ ဆယ်နှစ်အတွင်း ဘယ်လောက်ရနိုင်မလဲ။ ခင်ဗျား သင်္ချာကောင်းကောင်း တွက်တတ်ပါတယ်။

ဖူကွမ်းကျန်းအား ဖုန်းယွီ၏ လှပသည့် ပုံရိပ်အောက်တွင် ယစ်မူးနေသည်ဟု ခံစားမိသည်။ သူက တစ်ခဏတာ တွန့်ဆုတ်ခဲ့ပြီး မေးလိုက်သည်။

“မစ္စတာဖုန်း၊ ကျွန်တော့်ကို စဉ်းစားဖို့ ရက်အနည်းငယ်လောက် ပေးနိုင်မလား”

ဖုန်းယွီက နားလည်သည်။ ဖူကွမ်းကျန်းက သူ့မိသားစုနှင့် ပထမဆုံး ဆွေးနွေးရန် လိုအပ်ပေသည်။

“အော့ဖ်ကော့စ်၊ သေချာတာပေါ့။ နှစ်သစ်ကူးမတိုင်ခင် ကျွန်တော့်ဆီ ပြန်လာခဲ့နော်”

***

All Chapters