← Chapters

ဟောင်ကောင် စီးပွားရေးသမား အပိုင်း-၁

Vol. 7 Ch. 96

ဟောင်ကောင် စီးပွားရေးသမား အပိုင်း-၁

Vol. 7 Ch. 96

ဖူကွမ်းကျန်းက ထိုက်ဟွကုန်သွယ်ရေးမှ ထွက်သွားပြီးနောက် သူ့အိမ်ကို ဖုန်းခေါ်ဆိုရန် စာတိုက်ရုံးသို့ တန်းသွားလိုက်သည်။ သူက ဤကိစ္စကို သူ့အဖေနှင့် ဆွေးနွေးရန် လိုသည်ဟု ခံစားမိသည်။ သူ့အဖေက သူ့အား မနှစ်သက်သော်လည်း အလုပ်ကိစ္စနှင့် ပတ်သက်လျှင် သူ့အဖေကသူ့ကို လမ်းညွှန်နည်းပြမှု အချို့ ပေးသည်။

ဖူကွမ်းကျန်းထံမှ အခြေအနေများကို ကြားရပြီးနောက် ဖူရုံကျင်းက ပျော်ရွှင် အားတက်သွားသည်။ သူသည် သူ၏အကြီးဆုံးသားကို ကောင်းကောင်း ဆက်ဆံသည်။ သို့သော် ဖူကွမ်းကျန်းသည်လည်း သူ့သားဖြစ်သည်။ အဘယ့်ကြောင့် သူ့အား ဂရုမစိုက်ဘဲ နေမည်နည်း။ ဖူကွမ်းကျန်းသည် ဖူရုံကျင်း စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း မလိုက်ပေ။ သူသည် သူ့ထံမှ ရင်းနှီးမြှုပ်နှံမှု အကြောင်း သင်ခဲ့သော်လည်း စိတ်ဝင်စားမှု မရှိပေ။ ထိုအစားသူက ရှေးဟောင်းပစ္စည်းများနှင့် မကျွမ်းမကျင်ဘဲနှင့် ငွေများကို ဖြုန်းတီးရသည်ကို နှစ်ခြိုက်ပေသည်။

ကံကောင်းချင်တော့ ဖူကွမ်းကျန်းသည် ယခုတွင် သင်ခန်းစာ ရရှိလိုက်ခြင်းက သူ၏အမြတ် သူဆုံးရှုံးထားတာကို နည်းပါးသွားစေသည်။ သို့သော် ဖူရုံကျင်းက ရှေးဟောင်းပစ္စည်း စီးပွားရေးက အလွန် အန္တရာယ်များသည်ဟု ခံစားမိသည်။ သို့သော် နှစ်လခန့် ကြာပြီးနောက် ဖူကွမ်းကျန်းက ဗြိတိသျ တစ်ပတ်ရစ်ကားများကို စတင် ရောင်းချပေသည်။ အမြတ်ကလည်း မဆိုးလှပေ။

ဤစီးပွားရေးက ဖူရုံကျင်း၏ စိတ်ဝင်စားမှုကို ရရှိစေသည်။ သူ့သားသည် တရုတ်ပြည်တွင် လုပ်နိုင်စွမ်းရှိသည့် လူအချို့နှင့် ရင်းနှီးသိပါက ဖုမိသားစု တစ်ခုလုံးအတွက် အကျိုးရှိပေလိမ့်မည်။

ဖူရုံကျင်းက ဘင်းမြို့တော် စက်ယန္တရား ကော်ပိုရေးရှင်း လိမိတက်ကို တစ်ခါမှမကြားဖူးပေ။ သို့သော် သူ့သားပြောပုံ အရဆို ယင်းစက်ရုံသည် ဆိုဗီယက် ပြည်ထောင်စု၏ အဆင့်မြင့်ဆုံး စက်ယန္တရား ပစ္စည်းများနှင့် နည်းပညာများကို အသုံးပြုကာ စက်ရုံတွင် ဆိုဗီယက်ပြည်ထောင်စုမှ ကျွမ်းကျင်သူများလည်း ရှိသေးသည်။ သို့အတွက် ယင်းစက်ရုံတွင် ရင်းနှီးမြှုပ်နှံမှုက တန်ကြေးရှိမည်ပင်။

သို့သော် ဖူရုံကျင်းကို ပျော်ရွှင်စေရသည့် အကြောင်းအရင်းမှာ ဖူကွမ်းကျန်းက ဖုန်းယွီဆိုသည့် တစ်ယောက်နှင့် ရင်းနှီးသည်ကို တွေ့ရှိသည့် အချက်ပင်ဖြစ်သည်။ အထက်ကျောင်းကို တက်ရောက်နေဆဲ ဆယ်ကျော်သက် တစ်ယောက်သည် တရုတ်ဆိုဗီယက် ကုန်သွယ်ရေးကို လုပ်ကိုင်နိုင်ပြီး ဆိုဗီယက် ပြည်ထောင်စု၏ အဆင့်မြင့် နည်းပညာနှင့် စက်ပစ္စည်းများတောင် သူ့လက်တွင် ရှိနေသေးသည်။ ထိုအရာများက တရုတ်အစိုးရ လွယ်လွယ်ကူကူနှင့် ရနိုင်သည့် အရာများ မဟုတ်ပေ။ သူ၏နောက်တွင် အာဏာရှိသူ တစ်ယောက်ယောက် သေချာပေါက် ရှိမည်ပင်။

ဖုန်းယွီနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ခြင်းက ယခုလက်ရှိ သူ့သားရသည့် အမြတ်များထက် ပိုကောင်းသည်ဟု ဖူရုံကျင်း ခံစားရပေသည်။ သူ့သားအနေဖြင့် ထိုသို့ လုပ်နိုင်စွမ်းရှိသည့် သူငယ်ချင်း တစ်ယောက်ကို ရှာတွေ့သည့်အတွက် သူဝမ်းသာနေသည်။ သူက သူ့သားအား ရင်းနှီးမြှုပ်နှံရန် အတွက် ပိုက်ဆံပေးလိုက်သည်။ ရူဘယ်သုံးသန်းသာ ဖြစ်ပေသည်။

ဖူကွမ်းကျန်းက သူ့အဖေသည် ရင်းနှီးမြှုပ်နှံရန် အတွက် ပိုက်ဆံများကို ပေးမည်ဟု ကြားသိရသည့်အခါ သူ့အနေဖြင့် အခြားသူငယ်ချင်းများထံမှ ပိုက်ဆံချေးငှားရန် မလိုပေ။ ဖူကွမ်းကျန်းက အပျော်လွန်နေသည်။ ထိုနည်းလမ်းဖြင့် သူသည် ဖုန်းယွီနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ငြိမ်သည့် ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နိုင်ရုံသာမက ပိုပြီး အရေးကြီးသည်က သူ့လက်ထဲတွင် ပိုက်ဆံ ကျန်ရှိနေသေးသည်ပင် ဖြစ်သည်။ သူသည် သူ၏ရှေးဟောင်းပစ္စည်း ဈေးကွက်ကိုတောင် ဆက်လက်လုပ်ကိုင် နိုင်သေး၏။

…

လီမင်တသည် ရက်အနည်းငယ်ကြာ ခေါင်းကိုက်နေသည်။ ဖုန်းယွီစက်ရုံကို ရောင်းချခဲ့သည့် စက်ပစ္စည်းများက အလွန် ကောင်းမွန်ပြီး သူတို့ဆီတွင်ရှိသော စက်ပစ္စည်းများထက် ပိုပြီးအဆင့် မြင့်ပေသည်။ သူတို့က နည်းပညာ အချက်အလက်များကို သုတေသန ပြုလုပ်သည့်အခါ ယင်းနည်းပညာများက တရုတ်ပြည်ထက် အနည်းဆုံး ဆယ်နှစ်ခန့် စောနေပေသည်။ ဆိုဗီယက် ပြည်ထောင်စုမှ ကျွမ်းကျင်သူများက သူတို့အား ပစ္စည်းတပ်ဆင်ခြင်းနှင့် ချိန်ညှိခြင်းများ ပြုလုပ်ပေးကာ သူတို့၏ စက်အိုစက်ဟောင်းများကိုလည်း ပြန်လည် ပြုပြင် ပေးသည်။

သို့သော် ပြန်လည် ဖွဲ့စည်းခြင်း စနစ်ဖြစ်ကာ သူ့အားကြားက ခံရစေသည်ပင်။ အစက သူသည် မြို့တော်အစိုးရ ခေါင်းဆောင်များအား မပြောင်းလဲနိုင်သည့် ပုံသေတန်ဖိုးကို မြှင့်တင်ရန် ပြောခဲ့ပြီး ဖုန်းယွီ၏ ရှယ်ယာရာခိုင်နှုန်းကို လျော့ချရန် ကြံစည်ခဲ့သည်။ ပြန်လည် ဖွဲ့ဆည်းပြီးနောက် ပိုက်ဆံများက မြို့တော်အစိုးရထံ ပြန်ရောက်ခဲ့သည်။ ထပ်ပြောရလျှင် စက်ရုံမှ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် ကူးပြောင်းသော်လည်း သူသည် အထွေထွေ မန်နေဂျာရာထူး ဖြစ်နေဆဲ ဖြစ်သည်။ ယင်းက သူ့အတွက် ရန်ပုံငွေများကို လွှဲပြောင်းရန်အတွက် လွယ်ကူပေသည်။

သို့သော် သူလုံးဝ မျှော်လင့်ထားသည်က ဖုန်းယွီသည် ငွေရေးကြေးရေး အရာရှိတစ်ဦးကို ခေါ်ဆောင်လာကာ စာချုပ်တွင် အချက်တစ်ချက်တောင် ထည့်လိုက်သေးသည်။ ယင်းအချက်အလက်တွင် ငွေရေးကြေးရေး ကိစ္စနှင့်ပတ်သက်ပြီး ပမာဏများပါက ဖုန်းရှင်းထိုက် သို့မဟုတ် ဖုန်းရှင်းထိုက်၏ ကိုယ်စား တာဝန်ပေးအပ်ခြင်း ခံရသူ၏ ခွင့်ပြုခြင်း လိုအပ်ပေသည်။ သူ့အနေဖြင့် တစ်ခါလျှင် ယွမ်ထောင်ချီသာ လွှဲနိုင်သည်။ သူ့အတွက် အစိုးရ၏ ရင်းနှီးမြှုပ်နှံငွေ ထုတ်ခြင်းက ဘယ်လောက်အချိန် ယူရမည်နည်း။ မည်သူမဆို ကွဲပြားခြားနားချက်ကို ချက်ချင်းပင် မြင်နိုင်ပေသည်။ သူကဒုက္ခကြီးကြီး တွေ့နေသည်။

လက်ရှိတွင် မြို့တော်အစိုးရက သူ့အားရင်းနှီး ရန်ပုံငွေများ ရရှိရန် ပြန်လိုက်နေသည်။ ပြီးနောက် လီမင်တသည် ကျန်းရွေ့ချင်ထံသွားပြီး အကူအညီ တောင်းရသည်။ သို့သော် ကျန်းရွေ့ချင်က သူ့အား ကိုယ်တိုင် အဖြေရှာရန် တောင်းဆိုလိုက်သည်။ ပထမနေရာတွင် ကျန်းရွေ့ချင်သည် အကြံဉာဏ်ကို သူ့ဆီမှရသည့် အတွက်ပင် ဖြစ်၏။

ကျန်းရွေ့ချင် အနေဖြင့် သူကိုယ်တိုင်လည်း ဖုန်းယွီသည်ထိုမျှ ဉာဏ်ထက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ပြီးနောက် သူတို့အသုံးပြုမည့် နည်းလမ်း အတွက်လည်း ကြိုတင်ပြင်ဆင် ထားသည်။ ယခုတွင် သူသည်လည်း အခက်တွေ့နေသည်။ သူကမြို့တော်ဝန်ကို ရန်ပုံငွေများကို ထည့်ကာ စက်ရုံကိုမြို့တော်သို့ ပြန်ပေးမည်ဖြစ်ကြောင်း ကတိပေးထားသည်။ သူက ရန်ပုံငွေများ တစ်လအတွင်း ထွက်နိုင်မည်ဟု တွေးခဲ့သည်။ နှစ်ဆုံးပိုင်းခွဲချိန်တွင် ဖြစ်၏။ သို့သော် ယခုတွင် မြို့တော်ဝန်က ထိုငွေများကို အရေးတကြီး လိုအပ်လာပြီး နှစ်ပတ်တောင် မစောင့်နိုင်ပေ။ တစ်လအတွင်း ပြီးအောင် လုပ်ရပေမည်။

ကျန်းရွေ့ချင်က လီမင်တရုံးခန်းထဲသို့ ပြန်ဝင်လာသည့် အချိန်တွင် စဉ်းစားနေဆဲပင် ဖြစ်သည်။

“လူကြီးလီ ဘာတွေဖြစ်နေလို့လဲ”

ကျန်းရွေ့ချင်က မပျော်မရွှင် ဖြစ်နေသည်။ သူသည်သူ့ကို အဖြေရှာရန် ကူညီခိုင်းသည်။ လီမင်တ သူ့ရုံးခန်းကို လာခြင်းက အကျိုးထူးမည် မဟုတ်ပေ။ စက်ယန္တရား စက်ရုံအပြင် အခြားသော ကိစ္စရပ်များအား ကိုင်တွယ်ရန်လည်း ရှိသေးပေသည်။

“မြို့တော်ဝမ်ကျန့် ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က ကျွန်တော်တို့ စက်ရုံမှာ ရင်းနှီးမြှုပ်နှံချင်တယ်လို့ သတင်းရထားတယ်။ မြို့တော်ဝန် အနေနဲ့ ကျွန်တော်တို့တွေ သူတို့ကို ရှယ်ယာရောင်းသင့်တယ်လို့ ထင်လား။ ဒီနည်းလမ်းနဲ့ ကျွန်တော်တို့တွေက မြို့တော်အစိုးရကို ယွမ်သန်းနှစ်ဆယ် ပြန်ပေးနိုင်တယ်”

“ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်လား။ သူ့မှာကြီးမားတဲ့ ငွေကြေးနောက်ခံ ရှိလား။ သူက ဘယ်လောက် ရင်းနှီးမြှုပ်နှံမှာလဲ”

ကျန်းရွေ့ချင်က စိတ်အား တက်ကြွသွားသည်။ လက်ရှိတွင် တရုတ်နိုင်ငံက ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံသည့် လူများကို ပထမဦးစွာ ဆွဲဆောင်ပြီး ထို့နောက် တခြားသော နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများပင် ဖြစ်သည်။ ဘင်းမြို့တော်သည် ဟောင်ကောင်မှ မည်သည့်ရင်းနှီး မြှုပ်နှံမှုမှ မရသေးပေ။ ပြီးနောက် ဤအရာက သူတို့အတွက် ရှေ့ပြေး စမ်းသပ်မှုပင် ဖြစ်ပေမည်။

လီမင်တက အခက်တွေ့စွာဖြင့် ပြန်ဖြေလိုက်သည်။

“အမ် ကျွန်တော် အဲ့ဒါတော့ မရှာဖွေရသေးဘူး။ အဲ့ဒီစီးပွားရေး လုပ်ငန်းရှင်က စက်ယန္တရား စက်ရုံကို နေ့လယ်ခင်းပိုင်းမှာ လာလည်မယ် ပြောတယ်။ သူစက်ရုံကို လာလည်ပြီးတဲ့နောက် ကျွန်တော် ရှာလိုက်ပါမယ်”

“ကောင်းပြီ။ အဲ့ဒါဆို မင်းဘာစောင့်နေသေးတာလဲ။ သွားပြီးတော့ စီစဉ်မှုတွေ ပြုလုပ်လိုက်တော့လေ။ သူသေချာပေါက် ရင်းနှီးမြှုပ်နှံမှရမယ်”

လီမင်တ ကျန်းရွေ့ချင် ရုံးခန်းမှ ထွက်သွားပြီးနောက် ကျန်းရွေ့ချင်သည် ချက်ချင်းပင် မြို့တော်ရုံးခန်းကို ဤကိစ္စအား တင်ပြလိုက်သည်။ ယင်းက သတင်းကောင်းဖြစ်ပြီး သူကိုယ်တိုင် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပါက သူသည် အမှတ်ရသည်ပင် ဖြစ်သည်။ ပြီးနောက် ထိုက မှားယွင်းသည့် အရွေ့မဟုတ်ပေ။

“မစ္စတာဖုန်း ကျွန်တော်နဲ့တူတူ မလိုက်ခဲ့ဘူးလား။ ခင်ဗျားလည်း ကုမ္ပဏီရဲ့ ရှယ်ယာရှင်တစ်ယောက် မဟုတ်ဘူးလား”

ဖုကန်းကျွင်း နားမလည်နိုင် ဖြစ်နေသည်။

ဖုန်းယွီက သိုဝှက်စွာ ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားနဲ့အတူ မလိုက်တော့ပါဘူး။ ပြီးတော့ ခင်ဗျားအနေနဲ့ ကျွန်တော့် အကြောင်းကို မပြောမိတာ ပိုကောင်းမယ်။ အထူးအရေးကြီးတာက သူတို့ကို ကျွန်တော်က စက်ရုံမှာ ရင်းနှီးမြှုပ်နှံဖို့ လွှတ်လိုက်တဲ့လူလို့ မပြောနဲ့နော်။ မဟုတ်ရင် သူတို့တွေက ခင်ဗျားကို ရင်းနှီးမြှုပ်နှံခွင့် ပေးမှာမဟုတ်ဘူး”

“ဘာကြောင့်လဲ”

ဖုန်းယွီက သူ့ခေါင်းကိုညွှန်ပြကာ ပြောလိုက်သည်။

“ဘာကြောင့်လဲဆိုတော့ မတူညီတဲ့ အတွေးအခေါ်တွေနဲ့ အမြင်တွေကြောင့်ပဲ။ သူတို့တွေက ငါ့ကို သတိထားနေကြတယ်။ တကယ်လို့ ဒီဟောင်ကောင်က သူတို့နဲ့ အလုပ်လုပ်တယ် ဆိုရင်ရော သူတို့အနေနဲ့ ကျွန်တော်ကို စက်ပစ္စည်းနဲ့ နည်းပညာတွေကို သူတို့ကို ပေးတဲ့လူတစ်ယောက် အနေနဲ့ဘဲ တွေးကြမှာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက တရုတ်ပြည်လေ။ သူတို့တွေနဲ့ အလုပ်လုပ်ရမှာ။ မဟုတ်ဘူးဆိုရင် နောက်ပိုင်းမှာ ပြဿနာတွေ ရှိလာလိမ့်မယ်”

ဖူကွမ်းကျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“တကယ်လို့ ငါတို့နှစ်ယောက်ပေါင်းရဲ့ ရှယ်ယာက ငါးဆယ်ရာခိုင်နှုန်းထက် မနည်းဘူးဆိုရင် ငါတို့တွေက နောက်ဆုံး ဆုံးဖြတ်ခွင့်ရတဲ့….. ”

“စိတ်မပူပါနဲ့။ ဒါက ယာယီပါပဲ။ ပြီးတော့ အဲ့ဒါက ကျွန်တော်တို့ရဲ့ အကျိုးအမြတ်ကို ထိခိုက်မှု မရှိပါဘူး။ တရုတ်နိုင်ငံရဲ့ ပေါ်လစီတွေကလည်း နောက်နှစ် အနည်းငယ်မှာ ဖြေလျော့ ပေးတော့မှာ။ ပြီးတော့ အဲ့ဒီအခါကျရင် ကျွန်တော်တို့ရဲ့ အကြောင်းအရာတွေကို လှုပ်ရှားနိုင်ပြီလေ။ ခင်ဗျားအနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်မယ်ဆိုရင် နောင်တရလိမ့်မယ်”

ဖုန်းယွီက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

ဖူကွမ်းကျန်းက သူ့အဖေသူ့အား ဘာပြောသည်ကို နားလည်သေးသည်။ သူကဖုန်းယွီကို ကြည့်လိုက်ကာ

“မဟုတ်ဘူး။ မင်းပြောသလိုမျိုးပဲ ဒီစက်ရုံက ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တယ်။ ငါမင်းကို ယုံကြည်တယ်။ တကယ်တော့ ဒီနေ့ နေ့လယ်ခင်းကို လူထုအတိုင်း သွားကြည့်မလို့။ ငါဒီစက်ရုံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတာ ပိုသေချာချင်လို့”

မည်သို့ အကြောင်းအရာများ ဖြစ်စေကာမူ ဖူကွမ်းကျန်းသည် ဆုံးရှုံးမည် မဟုတ်ပေ။ ထိုရင်းနှီးမြှုပ်နှံ ငွေများက သူ့အဖေ ပေးထားခြင်းဖြစ်ပြီး သို့သော် သူ့နာမည်အောက်တွင် ဖြစ်သည်။ အကယ်၍ ဤအရာက ဆုံးရှုံးသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်လျှင်တောင် သူသည် သူ့တွင် ယွမ်သန်း နှစ်ဆယ်နီးပါး ရှိနေသေးသည်။ အဆိုးဆုံး အခြေအနေတွင်တောင် သူသည် သူ့ရှယ်ယာများကို ရောင်းနိုင်ပေသည်။ ထိုငွေများနှင့်ဆိုလျှင် သူက ထိပ်တန်း ရှေးဟောင်းပစ္စည်း ရောင်းချသူ ဖြစ်လာမည်ပင်။

ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။ ဖူကွမ်းကျန်းသည် သူ့ကို အလွန် ယုံကြည်ကတည်းက အနာဂတ်တွင် သူနှင့်အတူ ပိုက်ဆံ ရှာဖွေရမည် ဖြစ်ပေသည်။

“ငါမင်းကို ကတိပေးတယ်။ ဒီရင်းနှီးမြှုပ်နှံမှုအတွက် နောင်တရမှာ မဟုတ်ဘူး”

***

All Chapters