← Chapters

ဟောင်ကောင် စီးပွားရေးသမား အပိုင်း ၂

Vol. 7 Ch. 97

ဟောင်ကောင် စီးပွားရေးသမား အပိုင်း ၂

Vol. 7 Ch. 97

“စာတန်းကို အမြင့်ကနေ တွဲလောင်းချထား။ ဘာကြောင့် အလံက ခေါက်နေရတာလဲ။ ထောင့်တွေမှာ သစ်ရွက်တစ်ရွက် ရှိတယ်။ မြန်မြန်သွားပြီးတော့ လှဲလိုက်ချေ။ ဟောင်ကောင်က သူဌေးကြီးက မကြာခင် ရောက်တော့မှာ။ သူက နိုင်ငံခြား ဧည့်သည် တစ်ယောက်ပဲ။ ပြီးတော့ လူတိုင်းက သူ့ကို တကယ်ကို ကြိုဆိုရမယ်။ ငါတို့ ကုမ္ပဏီရဲ့ပုံရိပ် မြို့တော်အစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ ပုံရိပ်တွေကို ကျဆင်းစေလို့ မဖြစ်ဘူး။ မင်းတို့တွေ ဒါတွေအကုန်လုံး မှတ်ထားကြ။ အထွေထွေမန်နေဂျာ စီစဉ်ထားမှုနဲ့ ပတ်သက်ပြီး ဘာများ ညွှန်ကြားစရာ ရှိပါသေးသလဲ”

လီမင်တက ပတ်ပတ်လည်ကို ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။

“အဆင်ပြေပါတယ်။ ကန်တင်းမှာ စီစဉ်ထားမှုရော ဘယ်လိုလဲ”

“စီစဉ်ထားပြီးပါပြီ။ ကျွန်တော်တို့တွေက တောကလိုက်လို့ရတဲ့ ဟင်းတွေ ချက်ထားပါတယ်။ ဟောင်ကောင်က သူဌေးကြီးက တချို့တွေဆို လုံးဝစားဖူးမှာ မဟုတ်ပါဘူး”

“ကောင်းတယ်။ တကယ်လို့ ငါတို့တွေ အောင်မြင်တယ်ဆိုရင် မင်းအမှတ်ရမယ်”

အနက်ရောင် Seten ကားသည် စက်ရုံ၏ ဝင်ပေါက်တွင် ပေါ်လာသည်။ ထိုကားပေါ်လာခြင်းက အလွန်ကြီးကျယ် ခမ်းနားလှပေ၏။ ကား၏ရှေ့တွင် မတ်တပ်ရပ်နေသည် နတ်မိမယ်ပျိုလေးများလည်း ရှိပေသည်။ လူအများစု ခံစားရသည်က ယင်းကားသည် ဇိမ်ခံကားဖြစ်ပြီး အမှတ်တံဆိပ်ကိုလည်း တစ်ခါမျှ မတွေ့ဖူးပေ။ ထိုကားက Mercedes BenZ လည်းမဟုတ်၊ BMW လည်း မဟုတ်ပေ။

Seten ကားက ရပ်သွားပြီ။ ပြီးနောက် ယာဉ်မောင်းသူက အနောက်ခန်းရှိ ဧည့်သည်တံခါးကို ဖွင့်ပေးလိုက်သည်။

အနက်ရောင် ကုတ်အင်္ကျီ အဝိုင်းပုံဦးထုပ် အဖြူရောင် လည်ပတ်နှင့် တိုက်ချွတ်ထားသည့် သားရေဖိနပ်တို့ဖြင့် ကားထဲမှ လူတစ်ယောက် ထွက်လာသည်။

“အဲ့ဒီတစ်ယောက်က မန်နေဂျာလီလား”

လီမင်တက ရှေ့ကို မြန်မြန်ဆန်ဆန်ဖြင့် တိုးလာကာ သူ၏လက်အစုံဖြင့် ဖူကွမ်းကျန်း၏ လက်ကိုကိုင်ကာ နှုတ်ဆက်လိုက်သည်။

“ကျွန်တော်က ဘင်းမြို့တော် စက်ယန္တရား ကော်ပရေးရှင်း လိမိတက်ရဲ့ လီမင်တပါ။ ကျွန်တော်တို့တွေက စက်ရုံကို ရင်းနှီးမြှုပ်နှံမယ်ဆိုတာနဲ့ ကြိုဆိုဖို့ ရောက်နေတာပါ”

“အခုတစ်ခေါက်က လာလည်ရုံပါပဲ။ ကျွန်တော် ရင်းနှီးမြှုပ်နှံဖို့ မဆုံးဖြတ်ရသေးပါဘူး”

ဖူကွမ်းကျန်းက ပြောလိုက်သည်။ သူ၏ ကန်တိုးနစ်အသံ မန်ဒရင်းက လီမင်တကို အဆင်မပြေ ဖြစ်စေသည်။ သို့သော် လီမင်တက ရွေးချယ်စရာ မရှိပေ။

ထိုကားက တစ်ပတ်ရစ် Rolls Royce ကားဖြစ်ကာ ဖုန်းယွီက သူ့အတွက် သိမ်းထားခဲ့ခြင်း ဖြစ်ပေသည်။ ဖုန်းယွီက ဖူကွမ်းကျန်းကို သူ၏ Rolls Royce ကားကို ငှားခွင့်ပေးတာ ဖြစ်သည်။ သို့သော် ဒါရိုက်ဘာက ဖူကွမ်းကျန်း၏ လူဖြစ်သည်။ ကားမောင်းသမားသည် တောင်ပိုင်းက ဖြစ်သော်ငြား မှန်ဒရွင်း တရုတ်စာကို အနည်းငယ် သိသည်။ သူက ဖူကွမ်းကျန်း၏ ဘာသာပြန်သူလည်း ဖြစ်ပေ၏။

ဤရင်းနှီးမြှုပ်နှံမှု နှင့်ဆိုလျှင် ဖူကွမ်းကျန်း အနေဖြင့် သူ၏ပုံရိပ်ကို မြင့်မြင့်ထားရန် လိုကြောင်း ဖုန်းယွီက ပြောသည်။ သူက များစွာသော စိတ်ဝင်စားမှုကို မပြပေ။ သူ့အနေဖြင့် များများ ပြနိုင်ပါက ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမှုအတွက် စိုးရိမ်စရာ မရှိပေ။ အကောင်းဆုံး အခြေအနေကို သူရရှိရပေမည်။

သူ၏ ဝတ်စားပုံအရဆိုလျှင် တောင်ပိုင်းဆိုလျှင် အဆင်ပြေမည် ဖြစ်ပေသည်။ သို့သော် ဘင်းမြို့တော်သည် အရှေ့မြောက်ပိုင်းဖြစ်ကာ နိုဝင်ဘာလတွင် ဖြစ်နေသည်။ အပူချိန်သည် -10℃ ထက် ပိုနည်းပေသည်။ ကားထဲမှ ထွက်လိုက်သည်နှင့် သူသိမ့်သိမ့် တုန်သွားတော့သည်။

သူ့အနေဖြင့် အတွင်းတွင် အဝတ်အစား အနည်းငယ်ကို ထပ်ဝတ်ခဲ့သင့်ပေသည်။ သူက စိတ်ထဲတွင် လှျို့ဝှက် ကျိန်ဆဲလိုက်သည်။ ဘင်းမြို့တော်ကို ဆောင်းရာသီကျ မလာဘူး။ အရမ်းအေးတယ်။

“အဲ့ဒါက တူတူပါပဲ။ မစ္စတာဖူ လည်ပြီးတာနဲ့။ ကျွန်တော်တို့ရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံချင်လိမ့်မယ်။ မစ္စတာဖူ ဒီလမ်းပါ။ ကျွန်တော် စက်ရုံအနှံ့ကို ခေါ်သွားပါမယ်။ ကျွန်တော်တို့မှာ ဆိုဗီယက် ပြည်ထောင်စုက အဆင့်မြင့် စက်ပစ္စည်းတွေ အဆင့်မြင့်ဆုံး နည်းပညာတွေနဲ့ ကျွန်တော်တို့ကို လမ်းညွှန် ပြသပေးနေတဲ့ ကျွမ်းကျင်ပညာရှင်တွေ ရှိတယ်။ ကျွန်တော်တို့က နိုင်ငံအတွင်းမှာ အကောင်းဆုံးပဲ”

လီမင်တက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

ဖူကွမ်းကျန်းသည် သူ၏ခေါင်းကို မတ်မတ်မော့ထားသည်။ သူက ပတ်ဝန်းကျင်ကို ပုံမှန်အတိုင်း ကြည့်ရှုနေသယောင်ပင်။ သို့သော်သူသည် စက်ရုံအား ဂရုတစိုက် စစ်ဆေးကြည့်ရှု နေခြင်းပင် ဖြစ်ပေ၏။

သူတွေးထင်ထားသည်ထက် ကွဲပြားသည့် အရာတစ်ခု ရှိပေသည်။ ယင်းစက်ရုံက အလွန်ကြီးကာ ကျစ်လျစ်ပေသည်။ သို့သော် သူသည် စာတမ်းများနှင့် အလံများကို တွေ့သည့်အခါ သူ့အနေဖြင့် ဤနေရာက သူ့အား ကြိုဆိုရန် ရှင်းထားခြင်း ဖြစ်မှန်းသိပေသည်။

ဖူကွမ်းကျန်းသည် ကြိုဆိုရေး အခမ်းအနားများကို စိတ်ဝင်စားမှု မရှိပေ။ သူ့အနေဖြင့် ဖုန်းယွီပြောသလို စက်ပစ္စည်းများနှင့် နည်းပညာများက ဆိုဗီယက် ပြည်ထောင်စုမှ အစစ်အမှန်ဖြစ်လျှင် သူသည် ယင်းစက်ရုံ၌ ရင်းနှီးမြှုပ်နှံမည် ဖြစ်ပေသည်။

“မစ္စတာဖူ ကြည့်ပါဉီး။ ဒီထုတ်လုပ်တဲ့ လမ်းကြောင်းက အခုလေးတင် တပ်ဆင်ပြီး ချိန်တွယ်ပြီးတာ။ ဒီအလုပ်ရုံမှာရှိတဲ့ အရာတွေ အားလုံးက အသစ်တွေကြီးပဲ။ ဒါက ဒစ်ဂျစ်တယ် CLC စက် အဲ့ဒီစက်က အင်ဂျင်အစိတ်အပိုင်းတွေနဲ့ ရှုပ်ထွေးတဲ့ ဘတက်ပဲယားယင်းတွေကို ထုတ်ပေးနိုင်တယ်။ ဒီအလုပ်သမားတွေက အဲ့ဒီမှာ အလုပ်လုပ်ကြတာ။ ဆူညံသံဆို နည်းနည်းပဲ ရှိတယ်။ စွမ်းဆောင်ရည် မြင့်ပြီး တရုတ်နိုင်ငံမှာတော့ သေချာပေါက် အကောင်းဆုံးပဲ”

ဖူကွမ်းကျန်းက ခေါင်းညိတ်လိုက်သည်။ ထိုနေရာက သူထင်ထားသလို ဆူညံမနေပေ။ ပြီးနောက် အလုပ်ရုံများကလည်း ကျယ်ဝန်းနေသည်။ စက်ရုံက နေရာအကျယ်ကြီး တစ်ခုစာ နေရာယူထားသည်။ ထိုကဲ့သို့သော ကျယ်ဝန်းသည့် စက်ရုံမျိုး ဟောင်ကောင်တွင် မရှိပေ။ သို့သော် ဟောင်ကောင်သည်လည်း ပထမနေရာတွင် စက်မှုလုပ်ငန်း လုပ်ကိုင်ပြီး မြို့တော်တစ်ခု မဟုတ်ပေ။

ဖူကွမ်းကျန်းက အချို့သော အလုပ်သမားများကို နိုင်ငံခြားသား တစ်ယောက်က လမ်းညွှန်မှုကို တွေ့လိုက်ရသည်။ ဖုန်းယွီသူ့အား ပြောသွားသည့် စက်ယန္တရား အင်ဂျင်နီယာ ကျွမ်းကျင်သူဘဲ ဖြစ်ရမည်မဟုတ်လော။

“မစ္စတာဖူ ဒီဘယ်ရာရင်းက အခုလေးတင် ဆောက်လုပ်ထားတာ။ ဒီမှာပစ်ချက် လုံးဝမရှိဘူး။ ကျူစီကို တစ်ရာရာခိုင်နှုန်း အပြည့်နဲ့ အောင်လိမ့်မယ်”

ဖူကွမ်းကျန်းသည် ယင်းအရာများကို စိတ်ဝင်စားခြင်း မရှိပေ။ သူအာရုံစိုက်သည်က အဆင့်မြင့် စက်ပစ္စည်းများနှင့် နည်းပညာများသည် ဆိုဗီယက် ပြည်ထောင်စုမှလားဆိုသည့် အရာပင်ဖြစ်ပေသည်။ သူကုမ္ပဏီသို့ လာရောက်သည့် ရည်ရွယ်ချက် ပြီးမြောက်သွားပြီ ဖြစ်ပေသည်။ သို့သော် သူ့အနေဖြင့် ဆက်လက် ဟန်ဆောင်ရန် လိုသေးသည်။ သူ့အနေဖြင့် ဤကုမ္ပဏီကို ရင်းနှီးမြှုပ်နှံဖို့ အသေအချာ စဉ်းစားသည်ဟု ပြသသည့် အနေဖြင့် စက်ရုံတွင် အနည်းဆုံး တစ်နာရီ နေရမည်ဖြစ်ပေသည်။ သို့သော် သူစိတ်ဝင်စားခြင်းရှိသည့် အရာများကို မပြသသည့် နေရာတွင် ကြာကြာနေလိုစိတ် မရှိပေ။

ထို့ပြင် စက်ရုံအတွင်းရှိ လေထုကလည်း အလွန် ဆိုးရွားပေသည်။ ဖူကွမ်းကျန်းက လက်ကိုင်ပဝါကို သုံးကာ သူ့ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားသည်။ သူလမ်းလျှောက်နေသည့် အချိန်တွင်ဖြစ်၏။ သူသည် လီမင်တ ပြသသော ပြီးသည့်ထုတ်ကုန်များကို လက်နှင့်တောင် မတို့ပေ။ ယင်းထုတ်ကုန်များက ဆီရွှဲနေသည်။ သူ့အနေဖြင့် ယင်းအရာများကို လက်ဖြင့်ကိုင်တွယ်လိုခြင်း မရှိပေ။

ဖူကွမ်းကျန်းသည် OCD အချို့ ရှိပေသည်။ သူသည် တစ်နေ့တွင် ရေနှစ်ခါချိုးပြီး လက်ကိုလည်း ခုနစ်ကြိမ် ရှစ်ကြိမ်ထက် ပိုဆေးပေသည်။ အကယ်၍ သူ့လက်က ဆီများဖြင့် ပေကျံသွားလျှင် ထိုအရာက ဆေးချရန် ခက်ခဲပေမည်။ အကယ်၍ ဆီများကို ဆေးချနိုင်ရင်တောင် အနံ့က ကျန်နေမှာပဲ ဖြစ်သည်။ သူ့အနေဖြင့် ယင်းအနံ့ဖြင့် အိပ်နိုင်မည်မဟုတ် စားနိုင်မည်မဟုတ်ပေ။

သို့သော် ယခုတွင် ဖူကွမ်းကျန်းက မထွက်သွားနိုင်သေးပဲရှိသည်။

လီမင်တက သူပြောသည့် အရာများတွင် ပိုပြီး စိတ်လှုပ်ရှားလာသည်။ သူက ဟောင်ကောင်မှ သူဌေးကြီး တစ်ယောက်က သူ၏ခေါင်းကို ငုံ့ပြီး သူ့အနေဖြင့် ဤစက်ရုံအား ကျေနပ်သည့်ပုံ ပြနေသည်။

ဖူကွမ်းကျန်း၏ အဆင်မပြေမှုကို သတိပြုမိသည့်သူက ယမ်းဒါရိုက်တာ ဖြစ်ပေသည်။ ပြီးနောက် သူက လီမင်တကို တီးတိုးပြောလိုက်၏။

“အထွေထွေ မန်နေဂျာ ဟောင်ကောင်သူဌေးက သူ့ရဲ့နှာခေါင်းကို လက်ကိုင်ပဝါနဲ့ ဖုံးထားတယ်။ သူစက်ရုံရဲ့ အနံ့အသက်ကို မကြိုက်လို့လား မသိဘူးနော်။ ဘာကြောင့် သူ့ကို ကျွန်တော်တို့ရဲ့ အတိတ်က အောင်မြင်မှုတွေကို ပြသဖို့အတွက် ရုံးခန်းကို မခေါ်ရတာလဲ”

လီမင်တက ဖူကွမ်းကျန်းကို ကြည့်လိုက်ပြီး ရုံးဒါရိုက်တာ ပြောနေသလို ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဂုဏ်ကျက်သရေရှိတဲ့ အောင်မြင်မှုတွေ ထားတဲ့ ရုံးခန်းလား။ ဤအကြံသည် မဆိုးပေ။ ထိုကုမ္ပဏီသည် အရင်က ဘေးမြို့တော် စက်ယန္တရားစက်ရုံ ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သည့် ဆုများလည်း ရရှိခဲ့ပေသည်။ ယင်းဆုများက ဤဟောင်ကောင် စီးပွားရေးသမားကို ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ပေသည်။

“မစ္စတာဖူက အလုပ်ရုံတွေကို ဆက်လက်ကြည့်ချင်တုန်းလား။ ဒါမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အတိတ်က အောင်မြင်မှုတွေကို ရှုစားဖို့အတွက် ဘာကြောင့်ရုံးခန်းကို မသွားရမလဲ”

“ဖူကွမ်းကျန်းက ခေါင်းညိတ်လိုက်သည်။ ကောင်းပြီ ငါအဲ့ဒါတွေကို ကြည့်ချင်တယ်”

ဖူကွမ်းကျန်းသည် သူတို့ ရုံးအဆောင်ကို ဝင်သည့် အခါတွင်လည်း သူ့လက်ကိုင်ပဝါကို ကိုင်ထားသည်။ လီမင်တက ကုမ္ပဏီ၏ အသက်သမိုင်းကြောင်းနှင့် အောင်မြင်မှုများကို စတင် မိတ်ဆက်ကာ ရှင်းပြပေးတော့သည်။ ဤဆုများသည် မြို့တော်အစိုးရက ပေးသည့် ဆုများဖြစ်ပြီး ယင်းဆုများသည် ပြည်နယ်အစိုးရက ပေးသည့်ဆုများ ဖြစ်ပေသည်။

လီမင်တသည် အတိတ်က အောင်မြင်မှုများကို ပြသသည့် အချိန်တွင် သူအလွန် ဂုဏ်ယူနေ၏။ ဤဆုတံဆိပ်များ ရရှိသည့် အချိန်အများစုက သူတာဝန် ထမ်းဆောင်နေသည့် အချိန်ဖြစ်သည်။ သူက သူ့ကြောင့်သာ စက်ရုံအနေဖြင့် ဤဆုများကို ရကြောင်းပြောလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် လီမင်တက ပြောတာ မပြီးသေးပေ။ ပြီးနောက် ဖူကွမ်းကျန်းသည် သည်းမခံနိုင်တော့ပေ။ သူက လီမင်တကို ဖြတ်ပြောလိုက်သည်။

“အထွေထွေမန်နေဂျာလီ ကျွန်တော်အနေနဲ့ ငွေရေးကြေးရေး အစီရင်ခံစာကို ကြည့်ရှုနိုင်လား”

လီမင်တသည် နှလုံးခုန် ရပ်သွားသလားပင်။ ကုမ္ပဏီ၏ ငွေရေးကြေးရေး ကိစ္စရပ်များက မရှုပ်ထွေးသော်ငြား ရှင်းလင်းမှု မရှိပေ။ ပြန်လည် ဖွဲ့စည်းသည့် အချိန်တွင် မရွှေ့မပြောင်းနိုင်သော ငွေများ၏ ဈေးနှုန်းက မြင့်မားခဲ့ပေသည်။ ဖုန်းယွီတောင် ယင်းအချက်ကို ပြသခဲ့ပေသည်။ ဟောင်ကောင် စီးပွားရေးသမားသည် ယင်းကို သတိပြုမိပေသည်။

“ကျွန်တော်တို့ရဲ့ ကုမ္ပဏီရဲ့ ငွေရေးကြေးရေးက အစီအစဉ်တိုင်းကျပြီး ကျွန်တော်တို့မှာ ပိုလျှံပါတယ်။ မရွေ့မပြောင်းနိုင်တဲ့ ငွေတွေက မြေရယ်၊ စက်ရုံရယ် စက်ယန္တရားရယ်နဲ့ နည်းပညာတွေပါ။ အဲ့ဒါတွေကို ကြည့်ရှုဖို့မလိုပါဘူး”

“တကယ်ကြီးလား။ မရွှေ့မပြောင်းနိုင်တဲ့ ငွေတွေရဲ့ တန်ဖိုးက အနည်းငယ် မြင့်ရမှာ မဟုတ်ဘူးလား။ တကယ်လို့ ငါရင်းနှီးမြှုပ်နှံမယ်ဆိုရင် ငါ့အနေနဲ့ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပြောဆိုခွင့် ရှိမလား”

ဖူကွမ်းကျန်းက ရိုးရိုးသာ မေးလိုက်သည်။

“သေချာတာပေါ့။ ကျွန်တော်တို့က အစုရှယ်ယာရှင် ကုမ္ပဏီတစ်ခုပဲ။ အစုရှယ်ယာရှင် အားလုံးက ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များကို စောင့်ကြည့်ဖို့ အခွင့်အရေး ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရှယ်ယာရှင် တစ်ယောက်တောင် ယင်းကိစ္စရပ်တွေကို စောင့်ကြည့်ဖို့အတွက် တစ်ယောက်ယောက်တောင် ခေါ်ထားလိုက်သေးတယ်”

လီမင်တက ပြောလိုက်သည်။

ချီးပဲ။ ဘာကြောင့် ဟောင်ကောင်သူဌေးက ငွေရေးကြေးရေး ကိစ္စတွေကို ပြောနေတာလဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံရမယ်။ တကယ်လို့ မြို့တော်အစိုးရကို ပိုက်ဆံ ပြန်မပေးနိုင်ဘူးဆိုရင် သူ့အနေဖြင့် မြို့တော်အစိုးရ ခေါင်းဆောင်များ၏ ကျင်ခြင်းကို ခံရမည် ဖြစ်ပေသည်။

***

All Chapters