← Chapters

ထိုက်ဟွ စက်ရုံ၏ အနာဂတ် တိုးတက်မှု အစီအစဉ်

Vol. 7 Ch. 98

ထိုက်ဟွ စက်ရုံ၏ အနာဂတ် တိုးတက်မှု အစီအစဉ်

Vol. 7 Ch. 98

အရာအားလုံးက ဖုန်းယွီ မျှော်မှန်းထားသလို ဖြစ်ခဲ့သည်။ လီမင်တသည် ရှယ်ယာများကို ရောင်းချင်သည်။ သို့သော် ဖူကွမ်းကျန်းကို သူတို့၏ ငွေရေးကြေးရေးဆိုင်ရာ အစီရင်ခံစာများကို မပြရဲပေ။

ဖူကွမ်းကျန်းက သူ၏အဖေနှင့် အခြေအနေကို ပြောဆို ဆွေးနွေးခဲ့သည်။ သူတို့က လက်ရှိအချိန်တွင် အရှုံးကို လက်ခံနိုင်သည်။ အကယ်၍ ဤကုမ္ပဏီ အနေဖြင့် ဆက်လက်ဖွံ့ဖြိုးလျှင် သူတို့၏ ရင်းနှီးမြှုပ်နှံမှုကို နှစ်နှစ်အတွင်း ရရှိနိုင်ပြီး အကျိုးအမြတ်ကို အနည်းဆုံး နောက်ထပ် ဆယ်နှစ်ကြာထိ ရရှိမည်ဖြစ်ပေသည်။

ထို့ပြင် သူသည် ဖုန်းယွီနှင့်လည်း ရင်းနှီးချင်သည်။ ဖူရုန်ကျင်းနှင့် ဖူကွမ်းကျန်းသည် ဖုန်းယွီနှင့် သူတို့၏ ဆက်ဆံရေးတွင် အလွန် အရေးထားပေသည်။ ဖူကွမ်းကျန်းက ငါးစာမိသကဲ့သို့ တမင်တကာ ဟန်ဆောင်လိုက်သည်။ ပြီးနောက် ကုမ္ပဏီ၏ စုစုပေါင်းရှယ်ယာ 16% အတွက် ယွမ်သန်းနှစ်ဆယ် ရင်းနှီးမြှုပ်နှံလိုက်သည်။ သူသည် လက်ရှိတွင် ကုမ္ပဏီ၏ ဒုတိယမြောက် ရှယ်ယာ အများဆုံး ပိုင်ဆိုင်သူ ဖြစ်ပေသည်။

ဖုန်းယွီ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည့် အရာအချို့လည်း ရှိသည်။ သူ့အနေဖြင့် ဖူကွမ်းကျန်းသည် ထိုမျှအများအပြား ရင်းနှီးမြှုပ်နှံမည်ဟု ထင်မထားပေ။ ပြီးနောက် သူ့အား ရှယ်ယာအများ ပေးမည်ဟုလည်း မမျှော်လင့်ခဲ့ပေ။

အနီးကပ် ကြည့်ရှုလျှင် မြို့တော်အနေဖြင့် ဆုံးရှုံးမှုအား မခံစားရပေ။ ဖူကွမ်းကျန်း၏ ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုရသည် သို့မဟုတ် ဖူကွမ်းကျန်းသည် ကုမ္ပဏီကို နည်းပညာများကို ပေးသည်ပင် ဖြစ်စေကာမူ သူတို့နှစ်ယောက်၏ အစုရှယ်ယာ အချို့သည် အလွန်နည်းပေသည်။ တခြားတစ်ဖက်တွင် မြို့တော်အစိုးရသည် အဆင့်မြင့် နည်းပညာများနှင့် ယွမ်သန်းနှစ်ဆယ်ကို တစ်ပြားမှ ထုတ်စရာမလိုဘဲ ရခဲ့သည်။

မြို့တော်အတွင်းရှိ ကျွမ်းကျင်သူများ၏ အစိုးရဆို အစုရှယ်ယာ 74% နှင့် ဆိုလျှင်တောင် မြို့တော်အစိုးရ၏ အမြတ်က ယမန်နှစ် အမြတ်ထက် နှစ်ဆကြီးမည် ဖြစ်သည်။ ထို့ပြင် အစိုးရသည် အဓိက ရှယ်ယာရှင်ဖြစ်ပြီး ကုမ္ပဏီသည် အခွန်များကို ပေးဆောင်ရန် လိုအပ်ပေသည်။ စက်ရုံချဲ့ထွင်ခြင်းက အလုပ်အကိုင်များကိုလည်း ဖန်တီးပေးပေသည်။ ယင်းက မြို့တော်အစိုးရ၏ ကြီးမားသည့် အပေးအယူပင် ဖြစ်ပေသည်။

ဖူကွမ်းကျန်းသည် သူ၏ငွေအားလုံးကို ဤရင်းနှီးမြှုပ်နှံမှုတွင် သုံးစွဲခဲ့သည်။ သူ၏ဖခင်က သူ့အား ဟောင်ကောင်ဒေါ်လာ ဆယ်သန်းပေးပြီး သူ့အမေကလည်း သူ့သားကို ငွေကြေးထောက်ပံ့သည်။ သူတို့၏ ကူညီမှုကြောင့် မဟုတ်လျှင် သူ့အနေဖြင့် တစ်ပတ်ရစ်ကားများ အတွက် ငွေပေးချေစရာတောင် ရှိတော့မည် မဟုတ်ပေ။

လက်ရှိတွင် စက်ရုံ၏ ပိုင်ဆိုင်မှုသည် ယွမ်သန်းသုံးဆယ် ကျော်ပြီဖြစ်သည်။ ထိုအရာက ဖုန်းယွီကို အလွန် ပျော်ရွှင်စေသည်။ နောက်ထပ် နှစ်နှစ်တွင် ဖုန်းယွီသည် ဆိုဗီယက် ပြည်ထောင်စု၏ အဆင့်မြင့် ကိရိယာနှင့် နည်းပညာများ ပြန်လည် ရောင်းချသည့် စီးပွားရေးကို လုပ်မည်ဟု ရည်ရွယ်ထားသည်။ သူသည် မော်တာစက်ရုံနှင့် ဖေ့စက်ရုံကို ဤအကြောင်း လျှို့ဝှက်ပြောထားပေသည်။ သူသည် လက်ရှိတွင် သူတို့ထံမှ အဆက်အသွယ် ရရှိရန် စောင့်စားရုံသာ ရှိတော့သည်။

အမှာစာများ ရရှိသည့် အချိန်တွင် သူသည် ကီရီလန်ကိုနှင့် အမြတ်များရရန် လုပ်ဆောင်နိုင်ပေသည်။ ထို့ပြင် သူသည် တရုတ်ပြည်၏ နည်းပညာ သတ်မှတ်ချက်များကို မြင့်တင်နိုင်ပြီး ခေါင်းဆောင်များထံမှ ကောင်းမွန်သည့် အမည်များ ရရှိမည်ဖြစ်ပေသည်။

ယခုလက်ရှိ အချိန်တွင် ဖုန်းယွီသည် သူ့ဖခင်၏ အစားအစာ ထုတ်လုပ်သည့် စက်ရုံတွင် ကူညီနေသည်။ လက်ရှိတွင် ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီက လောင်ကျန်းပြည်နယ်တွင် အလွန်နာမည် ကျော်နေသည်။ လင်းပြည်နယ်မှ မေးမြန်းမှုများတောင် ရှိပေသည်။

ရောင်းချမှုက ပုံမှန်ဖြစ်လာသည်။ ယာယီပင် ထုတ်လုပ်သည့် နှုန်းသည် ရောင်းချသည့်နှုန်းထက် အနည်းငယ် ပိုမြင့်လာသည်။ နိုင်ငံခြားမှ တင်သွင်းသည့် ထုတ်လုပ်ရေး လမ်းကြောင်း အသစ်များလည်း မလိုအပ်သေးပေ။ နှစ်သစ်ကူးပြီးနောက် ဆိုဗီယက်ပြည်ထောင်စု၏ စက်ယန္တရား ဈေးနှုန်းက အောက်ထိ ကျသွားမည် ဖြစ်ပေသည်။ ထိုသို့သော နည်းပညာနှင့် စက်ပစ္စည်း အမျိုးအစားများက လွယ်လင့်တကူ ရနိုင်ပေ၏။

တိရစ္ဆာန်အစာများကြောင့် သကြားများလည်း ထုတ်လုပ်နေသည်။ ဖုန်းယွီသည် သကြား ထုတ်လုပ်ခြင်းထံမှ အမြတ်များများ ရမည်ဟု မမျှော်လင့်ထားပေ။ ဖုန်းယွီက တိရစ္ဆာန်အစာများ ရောင်းချခြင်းက ပိုပြီးအမြတ် ရလိမ့်မည်ဟု ခံစားရသည်။ အထူးသဖြင့် ဝက်စာများ ဖြစ်ပေသည်။

တရုတ်နိုင်ငံ၏ လူဦးရေနှင့် ဝင်ငွေသည်လည်း လျင်မြန်စွာ တိုးတက်လာသည်။ သို့သော် နေ့စဉ်သုံး ကုန်များ၏ လိုအပ်ချက် အထူးသဖြင့် လယ်ယာမှထွက်သည့် ပစ္စည်းများသည် ဝယ်လိုအားကို မဖြည့်ဆည်း နိုင်သေးပေ။ အကြောင်းမှာ နိုင်ငံအနေဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က စက်မှုလုပ်ငန်း တိုးတက်မှုတွင် အာရုံစိုက်သည့် အတွက်ပင်ဖြစ်သည်။

ဆိုဗီယက် ပြည်ထောင်စုလောက် အခြေအနေ မဆိုးဝါးသော်ငြား စက်မှုလုပ်ငန်း တိုးတက်မှုတွင် အာရုံစိုက်သည့်အတွက် အစိုးရအနေဖြင့် အချို့သော လယ်ယာထုတ်ကုန် လုပ်ငန်းများ၏ တိုးတက်မှုကို လျစ်လှျူရှုထား ရပေသည်။

ယခုတွင် လယ်ယာ အရေအတွက်ကလည်း များပြားလာသည်။ သို့သော် လယ်ယာထွက် စက်ပစ္စည်းများတွင်တော့ အာရုံစိုက်မှု မရှိသေးပေ။ ဥပမာအနေဖြင့် ဝက်သား လိုအပ်ချက်သည် သူ၏ဝယ်လိုအားနှင့် လုံလောက်မှု မရှိသေးပေ။ လူများက ပိုက်ဆံရှိလာသည်။ သို့သော် သူတို့အနေဖြင့် ဝက်သားကို မဝယ်ယူနိုင်ကြသေးပေ။ မြို့တော်များတွင် ဝက်သား ရောင်းချခြင်းလည်း မလတ်ဆတ်သည့် ဝက်များပင် ဖြစ်ပေသည်။

ဖုန်းယွီနေထိုင်သည့် ဒေသတွင် ကြက်ခြံနှင့် ဝက်ခြံ ရှိသည်။ သို့သော် ယင်းခြံများက ရုန်းကန်နေရသည်။ မနှစ်က ကြက်ခြံက ပိတ်လိုက်ရသည်။ လယ်ယာစိုက်ပျိုးသည့် ဒေသနှင့် လယ်ယာစိုက်ပျိုးသည့် ရွာများ အတူတူပင်ဖြစ်သည်။ သို့သော် ကွဲပြားသည့် တစ်ခုမှာ လယ်ယာဒေသများသည် ပိုခေတ်မီပြီး စက်ပစ္စည်းများကို ပိုအသုံးပြုကြပေသည်။ ကျေးလက်ဒေသတွင် နေထိုင်သည့် လူတိုင်းက အချို့သော တိရစ္ဆာန်များကို သူတို့ကိုယ်တိုင် မွေးမြူကြပေသည်။

အိမ်ထောင်စုတိုင်းသည် ကြက်၊ ဘဲ၊ ဝက်၊ နွား သို့မဟုတ် သိုးကို မွေးမြူကြသည်။ တရုတ်နှစ်သစ်ကူးတွင် သူတို့က ထိုသားကောင်များအတွက် သားသတ်သမားများ ဖြစ်သွားကြပေသည်။ ထိုအကြောင်းပြချက်ကြောင့် လူများစွာက လယ်တောတွင် နေရခြင်းသည် မြို့များတွင် နေရခြင်းထက် ပိုကောင်းသည်ဟု ပြောကြပေသည်။

ဒေသတွင် ကြက်နှင့် ဝက်ခြံများမှ ရောင်းချရန် နည်းလမ်းမရှိပေ။ အကြောင်းမှာ အိမ်ထောင်စုတိုင်းက သူတို့ကိုယ်တိုင် တိရစ္ဆာန်များ မွေးမြူထားသည့် အတွက်ပင်ဖြစ်သည်။ သူတို့သည် မြို့များတွင် ရောင်းချရန် စဉ်းစားကြသည်။ သို့သော် ဖြန့်ဖြူးသည့် လမ်းကြောင်းများကို တည်ဆောက်ရန်က လွယ်ကူသည့် အရာမဟုတ်ပေ။

ဖုန်းယွီက သူ၏အရင်ဘဝကို သတိရသွားသည်။ တရုတ်နိုင်ငံ၏ အချမ်းသာဆုံး လူများစာရင်းတွင် တစ်ယောက်ရှိပေသည်။ ထိုဇယားတွင် ပေါ်လာသည့် လူများမှ အနည်းစုသည် ဝက်စာ ရောင်းချသည့် လုပ်ငန်းမှ ဖြစ်ပေသည်။ 1990 နှစ်များတွင် သူ၏ဝက်စာက တရုတ်တစ်နိုင်ငံလုံးတွင် ရောင်းချပြီး သူက ထိုအရာမှ ကံကောင်းမှု ရရှိခဲ့ပေသည်။

ဖုန်းယွီက သူ့အဖေ၏ စက်ရုံသေးသေးသည် တရုတ်နိုင်ငံတွင် အကောင်းဆုံးဖြစ်ရန် မမျှော်လင့်ထားပေ။ သို့သော် အနည်းဆုံးတော့ လောင်ကျန်းပြည်နယ် သို့မဟုတ် အရှေ့မြောက် ဒေသတွင် အကောင်းဆုံး စက်ရုံတော့ ဖြစ်သင့်ပေသည်။

သေချာသည်မှာ ယခုလက်ရှိ လုပ်ရမည်က ပစ္စည်းလက်ကျန် အများကြီးရှိနေသည့် သကြားများကို ရောင်းချရန်ပင် ဖြစ်ပေသည်။

ဖုန်းယွီသည် ဘင်းမြို့တော် အစားအသောက် ဌာန၏ ခေါင်းဆောင်နှင့် ထိုက်ဟွအစားအစာ ထုတ်လုပ်သည့် စက်ရုံမှ ထုတ်ကုန်များကို သူတို့၏ဆိုင်များတွင် ရောင်းချရန် ဆွေးနွေးနေသည်။

“အရာရှိကျောက် အရာရှိအနေနဲ့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက ဘယ်လောက်နာမည် ကျော်လည်းဆိုတာ သိပါတယ်။ အခုဘင်းမြို့တော်ရဲ့ ဈေးကွက်မှာ တစ်ဆယ်ရာခိုင်နှုန်းက ကျွန်တော်တို့ ရခဲ့ပြီးပါပြီ။ ပြီးတော့ အဲ့ဒီအရေအတွက်ကလည်း ဆက်ပြီး မြင့်တက်နေဆဲပါ။ နောက်နှစ်တွင် သုံးဆယ်ရာခိုင်နှုန်းထိတောင် ရောက်နိုင်ပါတယ်။ တကယ်လို့ ကောင်းကောင်း စီမံခန့်ခွဲနိုင်မယ်ဆိုရင် ငါးဆယ်ရာခိုင်နှုန်း ကြွယ်ဝမယ်လို့ ကျွန်တော် ယုံကြည်ချက် အပြည့်ရှိပါတယ်”

ဖုန်းယွီက လှည့်ဖြားလိုက်ခြင်းပင် ဖြစ်ပေသည်။ ထိုက်ဟွစက်ရုံ၏ လက်ရှိ ထုတ်လုပ်သည့်နှုန်း နှင့်ဆိုလျှင် ပြည်နယ်တွင်းရှိ စက်ရုံများအားလုံးကို ထုတ်ကုန်များ ဖြန့်ဖြူးခြင်းနှင့်ဆိုလျှင် သူတို့အနေဖြင့် ဘင်းမြို့တော်၏ ဈေးကွက်ကို ဆယ်ရာခိုင်နှုန်းနီးပါး ရရှိနိုင်ပေသည်။ အခြားသော ဒေသများရှိ ရောင်းအားသည်လည်း မြင့်တက်နေပြီး ရောင်းချမှုကို ရပ်တန့်၍မရပေ။ သို့မဟုတ်ရင် ထိုအရာက သူတို့၏အမြတ်အပေါ် သက်ရောက်မှုများ ရှိပေသည်။ ယခုအချိန်က သူတို့၏အမှတ်တံဆိပ် ယုံကြည်မှု ရရန်ဖြစ်သည့် အချိန်ပင်။

သို့သော် ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီ၏ နာမည်ကျော်ကြားမှုသည် အစားအသောက် ဌာနအတွက် အန္တရာယ်တစ်ခု ဖြစ်လာခဲ့သည်။ သူတို့အနေဖြင့် ပဲပိစပ်စက်ရုံ အသေးလေးက ဈေးကွက်ကို ဖမ်းဆုပ်နိုင်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ ပိုအရေးကြီးသည်က အစားအသောက် ဌာနသည် များစွာသည့် အခက်အခဲများနှင့် မကြာသေးခင်က ရင်ဆိုင်ရသည်။ ခေါင်းဆောင်များ အပါအဝင် လူများစွာက ဓာတုပစ္စည်းဖြင့် ညှစ်ထုတ်သည့် ဆီထုတ်သည့် နည်းလမ်းသည် စားသုံးရန် သင့်သည်လောဟု သူတို့အား မေးခြင်းပင်ဖြစ်ပေသည်။

လက်ရှိတွင် ဈေးကွက် စီးပွားရေး စနစ်ဖြစ်သည်။ ပြီးနောက် အစိုးရ အနေဖြင့် ပုဂ္ဂလိကပိုင် စက်ရုံများကို လည်ပတ်ခွင့် ပေးထားသည်။ အစားအသောက် ဌာနအနေဖြင့် ဖုံးယွီအား ဆီကို ရောင်းချခြင်း ရပ်တန့်ရန် သို့မဟုတ် ထုတ်လုပ်မှု လျော့ချရန်အတွက် ထုတ်လုပ်မှု နည်းလမ်း ပြောင်းလဲရန် မတောင်းဆိုနိုင်ပေ။ သူတို့ အနေဖြင့်လည်း ဓာတုပစ္စည်းဖြင့် ဆီစစ်ထုတ်သည့်နည်းမှ ရိုးရာနည်းသို့ မပြောင်းလဲနိုင်ပေ။

ထို့ကြောင့် သူတို့အနေဖြင့် ဤနည်းလမ်း အတိုင်းသာ သွားရုံရှိတော့သည်။ ထို့ကြောင့် သူတို့အနေဖြင့် နည်းလမ်း တစ်လမ်းသာ ရှိတော့သည်။ ထိုက်ဟွကုမ္ပဏီမှ အဆင့်မြင့်ဆီများကို သမဝါယမဆိုင်များတွင် ရောင်းချခြင်းမှ ရပ်တန့်ပြီး သူတို့ကိုယ်တိုင် စတိုးများတွင် ရောင်းချစေခြင်းပဲဖြစ်သည်။ ဤအကြံဉာဏ်ကို မြို့တော်အစိုးရမှ ပေးခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ထိုက်ဟွကုမ္ပဏီ၏ ကိုယ်စားလှယ်သည် ဆယ်ကျော်သက် တစ်ယောက်ဖြစ်ပြီး သူက ဤနေရာကို ထိုအကြောင်း ဆွေးနွေးရန် ရောက်လာခြင်း ဖြစ်ပေသည်။ ထိုအတွက်ဆိုလျှင် သူကျောင်းမှာ ရှိနေမည် မဟုတ်လော။ အရာရှိကျောက်သည် ဆယ်ကျော်သက် တစ်ယောက်ကို ကိုင်တွယ်ရန် လွယ်ကူမည်ဟု တွေးခဲ့သည်။ သို့သော် သူမှားယွင်းသွားခဲ့သည်။ ထိုကလေးက အစားအသောက် ဌာနအနေဖြင့် သူ၏သကြားကို ကြော်ငြာရန် အကူအညီ လာတောင်းသည်။ အစားအသောက် ဌာနအနေဖြင့် သူတို့၏ ကိုယ်ပိုင်ထုတ်ကုန် မဟုတ်သည့် စက်ရုံသေးလေးမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ကြေညာနိုင်မည်နည်း။

သို့သော် ဖုန်းယွီက သူတို့အနေဖြင့် သူ့တောင်းဆိုချက်များအား မလိုက်လျောပါက သူ့အနေဖြင့် အစားအသောက် ဌာနစတိုးဆိုင်များ သို့မဟုတ် သမဝါယမ ဆိုင်များတွင် သူ၏ ထုတ်ကုန်များကို ရောင်းခွင့်ပေးမည် မဟုတ်ပေ။ သူသည် သူ၏ ထုတ်ကုန်များကို ဆိုင်သေးလေးများသို့ ဖြန့်ဝေမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ မြို့တော်တွင် ဆိုင်သေးများက များများလာပြီး မှိုလိုပေါက်လာသည်။ ဆိုင်သေးလေးများ၏ အရေအတွက်သည် အစားအသောက်ဌာန စတိုးဆိုင်များနှင့် သမဝါယမ ဆိုင်များထက်တောင် များပေသည်။

အရာရှိကျောက်က လက်ရှိတွင် သတိပြုမိသည့် အနေအထားတွင် ရှိသည်။ တစ်ဖက်တွင် သူသည် ထိုက်ဟွအဆင့်မြင့် ဆီရောင်းချရန် အတွက် အခွင့်အရေး ရချင်သည်။ သို့သော် တစ်ခြားတစ်ဖက်တွင် သူ့အနေဖြင့် ဖုန်းယွီ၏ ခက်ထန်သည့် တောင်းဆိုချက်များကို မလိုက်လျောနေပေ။ ဆွေးနွေးမှုက မည်သူ့ဘက်မှ မလိုက်ဘဲ တည့်တည့်တွင်သာ ရှိနေတော့သည်။

“စာရေးဆရာမှတ်စု အဓိက ရှယ်ယာရှင် တန်ဖိုးသည် စုစုပေါင်း ရှယ်ယာ၏ သုံးပုံပုံ နှစ်ပုံဖြစ်သည်။ 51% မဟုတ်ပေ”

ဘာသာပြန်မှတ်စု

ကျွန်တော်၏ နားလည်မှု အရဆိုလျှင် ၅၁ ရာခိုင်နှုန်းက အဓိက ရှယ်ယာရှင်ဖြစ်ပါသည်။ သို့သော် ၃ ပုံ ၂ ပုံ ပိုင်ရမည် ဆိုသည့် အချက်ကား တရုတ်နိုင်ငံ၏ နိုင်ငံပိုင် လုပ်ငန်းများတွင် ဖြစ်နိုင်ပါသည်။

***

All Chapters