အခန်း (၁၀၂)
Vol. 7 Ch. 102
ခေတ်မရှိတော့သည့် ကုန်တင်ကားများ
စာသင်နှစ်တစ်ခု ပြီးဆုံးခါနီး အချိန်တွင်ဖြစ်သည်။ ဖုန်းယွီသည် သူ၏စာပေ လေ့လာမှုတွင် အာရုံစိုက်နေသည်။ သူ့အတွက် ကံကောင်းသည်က ပထမနှစ်က အရမ်းမခက်ခဲပေ။ ပြီးနောက် လီန၏အကူအညီနှင့် ဖုန်းယွီသည် ကျန်သည့် အတန်းဖော်များအား အမီလိုက်နိုင်ခဲ့သည်။
ဖုန်းယွီ အိမ်ပြန်ရောက်သည့် အချိန် ညအခါတွင် ကီရီလန်ကိုထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရခဲ့သည်။
“အစ်ကိုကီ ကျွန်တော်အတွက် ဘာသတင်းကောင်းတွေများ ရှိလို့လဲ။ ဒီလအတွက် ကုန်ပစ္စည်းတွေ ပိုမှာမှာလား”
ကီရီလန်ကို ခေါ်သည့်အချိန်တိုင်း ဖုန်းယွီသည် ကောင်းမွန်သည့် ခံစားချက် ဖြစ်နေသည်။ ကံကောင်းစေသည့် ကံတရားက သူတို့နှစ်ယောက်ကို ခေါ်ဆိုခဲ့သည့်အတွက် ပျော်ရွှင်မှု ဖြစ်ပေါ်စေခဲ့သည်။
“ငါ့ရဲ့ချစ်ညီလေးဖုန်း ငါဒီလမှာ ကုန်ပစ္စည်းတွေ အများကြီး ထပ်မှာမှာပါ။ ဒါပေမဲ့ ငါ့မှာ အခြားအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ မင်းအနေနဲ့ ခေတ်မရှိတော့တဲ့ ကုန်တင်ကားတွေကို လိုချင်လား။ အဲ့ဒီ ကုန်တင်ကားတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းက အသန့်ကြီးပဲ။ ငါမင်းကို တစ်ဝက်ဈေးနဲ့ ရောင်းပေမယ်”
ကုန်တင်ကားလား။ ဆိုဗီယက်ဂတ်စ် ကုန်တင်ကားလား။
ဖုန်းယွီသည် ကုန်တင်ကား တစ်သုတ်မှာရန် တွေးခဲ့ဖူးသည်။ သူ့အဖေ၏ စက်ရုံက သယ်ယူပို့ဆောင်ရေးတွင် အများအပြား သုံးနေရပြီး ဘင်းမြို့တော်၏ သယ်ယူပို့ဆောင်ရေး ကုန်တင်ကား၏ လိုအပ်ချက်ကလည်း မေ့နေသည်။ လက်ရှိတွင် သယ်ယူပို့ဆောင်ရေး ကုမ္မဏီ တည်ထောင်ပါက သူ့အတွက် အကျိုးအမြတ် ရမည်ပင်။
“အရေအတွက်ကရော ဘယ်လောက်လဲ။ ရှစ်ဆယ်ရာခိုင်နှုန်း အသန့်ဆိုတာ သေချာရဲ့လား”
“အနည်းဆုံး အစီးငါးဆယ်။ အများဆုံး အစီးရှစ်ဆယ်။ အဲ့ဒါတွေ အကုန်လုံးက မနှစ်တုန်းက ထုတ်ထားတာ။ အဲ့ဒီကားတွေကို စစ်ဘက်ဆိုင်ရာ အသုံးပြုဖို့အတွက် ထုတ်ထားတယ်။ ပြီးတော့ အဲ့ဒါတွေက သုံးတာ ခပ်ရှားရှားပဲ။ သူတို့တွေက ခွင့်ပြုမောင်းနှင်ထားတဲ့ ကာလတောင် မပြီးသေးဘူး။ ဒါပေမဲ့ အချို့အကြောင်းပြချက်ကြောင့် နောက်နှစ် နှစ်သစ်ကူးကျရင် အဲ့ဒီကားတွေက ခေတ်မရှိတော့ဘူး”
ဟ ဒီလူတွေက တကယ်အရှက် မရှိတာပဲ။ 1987မှာ ထုတ်လုပ်ပြီး အသုံးမပြုတော့ဘူး။ ခေတ်မရှိတော့တာ မြန်လှချည်လား။
“အစ်ကိုကီ ကျွန်တော်အစ်ကိုနဲ့ အချိန်အကြာကြီး လက်တွဲ အလုပ်လုပ်ချင်ပါတယ်။ တကယ်လို့ အစ်ကိုအနေနဲ့ အဲ့ဒါလုပ်တာက အန္တရာယ် များလိမ့်မလား။ တကယ်လို့ အစ်ကိုအနေနဲ့ ပိုက်ဆံလိုတယ်ဆိုရင် ကျွန်တော်အနေနဲ့ အစ်ကိုကို ချေးပေးမှာပေါ့။ ကျွန်တော် အတိုးမယူပါဘူး”
ဖုန်းယွီသည် ကီရီလန်ကိုကို ဒုက္ခမရောက်စေချင်ပေ။ နောက်နှစ်နှစ်အတွင်း ဆိုဗီယက် ပြည်ထောင်စုနှင့် တင်ပို့ရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။ ယခုနည်းပါးသည့် အမြတ်အစွန်းတွေအတွက် သူတို့သည် အနာဂတ်အတွက် အန္တရာယ်ကြီးကြီးမားမား ရင်းနှီးမြုပ်နှံမှုတောင် ဖြစ်သွားစေနိုင်သည်။
ကီရီလန်ကိုနှင့် ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်ခြင်းက လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ပြီးနောက် အခြားသူများအတွက် ထိုအရာက ပိုတောင် ခက်ခဲပေမည်။
“ဟဟဟဟ ဖုန်းမင်းပြောတဲ့ အရာက ငါ့ကိုအရမ်း ပျော်ရွှင်စေတာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်က ငါမဟုတ်ဘူး။ အဲ့လူက အီဗနိုဗစ်လေ။ သူက ပိုက်ဆံအချို့လိုလို့ မင်းဆီ ဆက်သွယ်ခိုင်းတာ။ ဒီကားတွေက ငါးဆယ်ကီလိုမီတာ လောက်တောင် မမောင်းရသေးဘူး ဆိုတာကို ငါအာမခံတယ်။ ပြီးတော့ အခြေအနေကလည်း အကောင်းအတိုင်းပဲ”
အီဗနိုဗစ်သည် အရင်ပြီးခဲ့သည့် တစ်ခေါက်က ကီရီလန်ကို နှင့်အတူ တရုတ်ပြည်လာသည့် လူများထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏အဖေက ဆိုဗီယက်စစ်တပ်၏ အမြင့်ပိုင်းရာထူးတွင်ရှိကာ ကီရီလန်ကို အဖေထက် ရာထူးမြင့်ပေသည်။ အန္တရာယ်များကို ယူခြင်းက ကီရီလန်ကို မဟုတ်သည်ကို ဖုန်းယွီ သိရှိပြီးနောက် စိတ်သက်သာရာ ရသွားသည်။ ယင်းကုန်တင်ကားများသည် ငါးဆယ်ကီလိုမီတာ အောက်တောင် မောင်းရသေးပေ။ ခွင့်ပြုသက်တမ်းလည်း မကျော်လွန်သေးပေ။
“ကောင်းပြီ။ ကျွန်တော်အဲ့ဒီ ကုန်တင်ကားအကုန်လုံး ယူမယ်။ ဒီလိုဆိုရင်ရော နောက်ထပ် ရက်အနည်းငယ်ကျရင် မြစ်တွေက ခဲတော့မှာ။ ကုန်တင်ကားတွေ အနေနဲ့ အဲ့ဒီလမ်းကြောင်းပေါ် မောင်းသလိုပဲ။ တကယ်လို့ ကုန်တင်ကားတွေ မောင်းဖို့ခွင့်ပြုတဲ့ကာလ ကျော်လွန်သွားရင် ကျွန်တော် တခြားနည်းလမ်း စဉ်းစားပါ့မယ်။ အခုလက်ရှိတော့ ရောက်အောင်သာ ပို့ပေးပါ။ အစ်ကိုအနေနဲ့ တခြားအကြံဉာဏ် ပေးစရာ တစ်ခုခုများ ရှိသေးလား။ ကျွန်တော်ပြောချင်တာက စက်မှုလုပ်ငန်းသုံး ပစ္စည်းတွေ”
“ရေခဲတဲ့ ကွန်ပရက်ဇာ ဆိုရင်ရော ဘယ်လိုလဲ။ အဲ့ဒီအရာက လက်ရှိမှာ အရမ်းဈေးချိုတယ်။ ပြီးတော့ အဲ့ဒီအတွက် ဈေးကွက်မရှိသေးဘူး။ မင်းအဲ့ဒါကို တောင်ပိုင်းမှာ ရောင်းတယ်ဆိုရင် ရောင်းနိုင်တယ်။ ပြီးတော့ အရည်အသွေးကလည်း မဆိုးဘူး”
သူ၏အရင်ဘဝတွင် ဖုန်းယွီသည် ဆိုဗီယက်ပြည်ထောင်စုမှ ထုတ်လုပ်သည့် ရေခဲကွန်ပရက်ဇာများသည် နောက်အနှစ်ငါးဆယ်ထိ ကောင်းကောင်း အလုပ်လုပ်ကြောင်း သတင်းစားထဲတွင် ဖတ်ဖူးသည်။ ထိုအရာက မည်သည့်အချိန်မှ ပျက်စီးခြင်း မရှိပေ။
“အဲ့ဒီကွန်ပရက်ဇာတွေက အရမ်းဈေးကြီးလား”
“သေချာပေါက် ဈေးမကြီးဘူး။ ငါနောက်ကျရင် ခေါ်ဈေးကို ပို့လိုက်မယ်။ မင်းအနေနဲ့ အဲ့ဒီပစ္စည်းတွေကို ရေခဲသေတ္တာ ဒါမှမဟုတ်ဘူးဆိုရင် ရေခဲစက် သေးသေးလေးတွေမှာ တပ်ဆင်နိုင်တယ်။ မင်းအနေနဲ့ ဆုံးရှုံးမှာမဟုတ်ဘူး”
ကီရီလန်ကိုသည် စီးပွားရေးလုပ်ရာတွင် ပိုပိုကောင်းလာသည်။ သူသည် မည်သည့်ထုတ်ကုန်များက တရုတ်ပြည် ဈေးကွက်တွင် နှစ်သက်သည့် အရာဖြစ်ပြီး မည်သည့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများက ဆိုဗီယက်ပြည်ထောင်စုတွင် နယ်မြေကျော်ကြားမည်ကို သိပေသည်။
“ကောင်းပြီ ကျွန်တော့်ကို ဈေးပို့ပေးလိုက်။ ပြီးတော့ ကျွန်တော် ဘယ်လောက် ယူမယ်ဆိုတာ ဆုံးဖြတ်မယ်။ ကျွန်တော့်ကို စက်ယန္တရား စက်ပစ္စည်းတွေအတွက် ကူရှာပေးပါဉီး။ နှစ်သစ်ကူးပြီး နောက်ကျရင် အဲ့ဒီအရာကနေပြီးတော့ ကျွန်တော်တို့တွေ များများရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိလာလိမ့်မယ်”
ဖုန်းယွီသည် ကီရီလန်ကိုအတွက် ကောင်းမွန်သည့် ပုံရိပ်တစ်ခုကို သူ့ခေါင်းထဲတွင် ချန်ထားပေသည်။ အကယ်၍သူသည် ယင်းနည်းပညာများနှင့် ထုတ်လုပ်သည့် စက်ပစ္စည်းများကို လက်ရှိတွင် မစဉ်းစားခဲ့ပါက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ထိုကဲ့သို့သော ကုန်သွယ်မှုများက စိန်ခေါ်မှုများနှင့် ပိုကြုံရမည်ပင်။
“ဖုန်းငါ့မှာ ပြဿနာတစ်ခုတော့ ရှိတယ်။ တကယ်လို့ ငါတို့တွေ အနေနဲ့ အဲ့ဒီကုန်တင်ကားတွေကို မြစ်ကနေပြီးတော့ တရုတ်နိုင်ငံကိုဝင်ရင် စာရွက်စာတမ်း ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာအချို့ ရှိလိမ့်မယ်။ အဲ့ဒီအရာအတွက် ငါ့အနေနဲ့ စစ်ဖက်ဆိုင်ရာ ရထားတွဲကို အသုံးပြုရင်တောင် အဲ့ဒီအချိန်ကျ အဲ့ဒီကားတွေက မင်းအတွက် ဒုက္ခကြီးကြီးမားမား တွေ့လိမ့်မယ်”
ဖုန်းယွီသည်လည်း ယင်းကိစ္စက ဒုက္ခတွေ့နိုင်သည်ဟု ခံစားမိသည်။ အရင်ကသူသည် ကီရီလန်ကို စီစဉ်ပေးခဲ့သည့် သယ်ယူပို့ဆောင်ရေးကို အသုံးပြုခဲ့သည်။ သူတို့အနေဖြင့် စစ်ဖက်ဆိုင်ရာသုံး ရထားတွဲကို ပစ္စည်းများ တင်ပို့ရန် သုံးခဲ့သည့် အတွက်ကြောင့် စာရွက်စာတမ်းကိစ္စ စီစဉ်ရသည်မှာ အလွန်နည်းပေသည်။ သို့သော် ယခုတစ်ခေါက်တွင်တော့ ဒုက္ခရှိမည်ပင်။ အထူးသဖြင့် အခွန်များ ဖြစ်ပေ၏။ အခွန်များက နည်းပါးသည့် ပမာဏမဟုတ်ပေ။
“ကျွန်တော်တခြားနည်းလမ်း စဉ်းစားလိုက်ပါဉီးမယ်။ ကျွန်တော်ကို ဈေးနှုန်းအရင် ပို့ပေးခဲ့ပါ”
ကုမ္မဏီသို့ ပြန်သွားပြီးနောက် ဖုန်းယွီက ရုံးခန်းတွင် ကြက်သေသေဖြင့် ထိုင်နေတော့သည်။ ဝူကျီကန်းသည် အခြားသော ပြည်နယ်မှ ပြန်လာကာစ ရှိသေးသည်။ သူသည် လျောင်ပြည်နယ်မှ စက်ရုံများထဲမှ တစ်ခုသည် သံမဏိရည်ချက်ဖို့ကို ရှာနေကြောင်း ကြားခဲ့သည်။
သံမဏိအရည် ချက်ဖို့လား။ ထိုအရာက ဈေးမချိုပေ။ လျောင်ပြည်နယ်တွင် ရှိသည့် ယင်းစက်ရုံမှာ ငွေသုံးချင်ပုံ ရပေသည်။ ထိုစက်ရုံက ဘင်းမြို့တော်ရှိ စက်ယန္တရား စက်ရုံထက်တော့ ပိုကောင်းပေသည်။ သံမဏိ အရည်ချက်ဖို့သည် ထုထည်နှင့် အပူချိန်အားဖြင့် ဈေးအမျိုးမျိုး ကွဲပေသည်။ ထိုအရည်ချက်ဖို၏ စရိတ်သည် ရူပယ်ငါးသန်းမှ သန်းသုံးဆယ်ထိ ရှိသည်။ တရုတ်ပြည် အနေဖြင့် ယင်းကဲ့သို့ အမျိုးအစား သံမဏိအရည် ချက်ဖို့ကို မထုတ်လုပ်နိုင်ပေ။ အမေရိကန် ပြည်ထောင်စု သို့မဟုတ် ဥရောပနိုင်ငံများသာ ယင်းနည်းပညာကို ပိုင်ဆိုင်ကြသည်။
“ကျီကန်း ရက်အနည်းငယ်လောက် အနားယူလိုက်ဉီး။ မင်းအလုပ် ကြိုးစားခဲ့ပြီ။ မနက်ဖြန်ကျရင် ငါနဲ့အတူ မြို့တော်ဆီ လိုက်ခဲ့ပေး။ ငါတို့ယဉ်စုအတွက် တင်သွင်းဖို့ ထောက်ခံချက်တွေ ရယူရမယ်”
“ယဉ်စု ဘာယဉ်စုလဲ”
ကျီကန်းက သိချင်စိတ် များနေသည်။ ကုမ္မဏီအနေဖြင့် တင်သွင်းကုန်များကို အများအားဖြင့် ရထားလမ်းမှ ပို့တာဖြစ်သည်။
ဖုန်းယွီကသူ့အား အကျဉ်းချုပ် ရှင်းပြလိုက်ပြီး သူကပြောလိုက်သည်။ ဖုန်းယွီကသူ့ကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီး ဝူကျီကန်းက ပြန်ပြောသည်။
“ဒါရိုက်တာဖုန်း ကျွန်တော်မှာ အကြံတစ်ခုရှိတယ်။ ဒါပေမဲ့ အဲ့ဒီအကြံက အလုပ်ဖြစ် မဖြစ်တော့ ကျွန်တော်လည်း မသေချာဘူး”
“ပြောပါဉီး”
“ကျွန်တော်တို့အနေနဲ့ ကီရီလန်ကိုကို ကျွန်တော်တို့ ပစ္စည်းတွေကို ပို့ဆောင်ဖို့အတွက် လော်ဂျစ်စတစ်(ထောက်ပံ့ပို့ဆောင်ရေး) ကုမ္မဏီကို ထောင်လိုက်လို့ ရတယ်မလား။ ဒီနည်းလမ်းက ကျွန်တော်တို့ အနေနဲ့ ပစ္စည်းတွေအတွက်ပဲ အခွန်ပေးရမှာ။ ယဉ်စုအတွက် ပေးရမှာ မဟုတ်တော့ဘူး။ ယဉ်စုက ဒီကိုရောက်လာပြီဆိုရင် ကျွန်တော်တို့ အနေနဲ့ ကီရီလန်ကိုကို IOU လက်မှတ်ထိုးဖို့ တောင်းဆိုရမယ်။ အဲ့ဒီမှာသူက ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ပိုင်ပြီး ကျွန်တော်တို့ကို ပေးစရာ မလိုဘူးလို့ ဖော်ပြထားရမယ်။ ကျွန်တော်တို့အနေနဲ့ ဒီကုန်တင်ကားအစုကို သူ့ကို ပေးချေရမဲ့ အထဲက အကြွေးအဖြစ် သတ်မှတ်လို့ရမယ်။ ဒီနည်းလမ်းနဲ့ ကျွန်တော်တို့အနေနဲ့ အခွန်တောင် ပေးဖို့မလိုတော့ဘူး”
ဖုန်းယွီက အံ့သြမှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ့အနေဖြင့် ယင်းကဲ့သို့သော အကြံမျိုး မည်ကဲ့သို့ ရလာသနည်း။
ဤနည်းလမ်းသည် သူ၏အရင်ဘဝတွင် မြေယာဈေးကွက်တွင် အများဆုံး အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။ တရားဝင် စာရွက်စာတမ်းများ ပြုလုပ်ရန်အတွက် ရက်အနည်းငယ်သာ အချိန်ယူရပြီး အခွန်များတောင် ရှောင်နိုင်သည်။
“ကျီကန်း မင်းကတကယ် အကူအညီရတာပဲ။ တကယ်လို့ ဒီကိစ္စပြီးသွားခဲ့ရင် မင်းအနေနဲ့ ဆုငွေယွမ်တစ်သောင်းရမယ်”
“အဲ့လောက်အများကြီး မလိုပါဘူး”
ဝူကျီကန်း၏အပြုံးသည် နားနှစ်ဖက်တောင် တက်ချိတ်တော့မည်ပင်။
“အဲ့ဒါအတည်ပဲ မင်းကုမ္မဏီအတွက် အများကြီးကို ချွေတာခဲ့နိုင်တယ်။ ပြီးတော့ မင်းရသင့်တယ်။ ကောင်းပြီ ဒီနေ့မင်းအလုပ် နားလို့ရတယ်”
ပိုင်ရှင်တစ်ယောက် အနေဖြင့် ကန့်သတ်ထားသည့် ဘောင်မှ တွေးခေါ်နိုင်စွမ်း ရှိသည့် လက်အောက်ငယ်သားအပေါ် တွန့်တိုမနေနိုင်ပေ။ ထိုနည်းလမ်းက ယင်းလက်အောက်ငယ်သားကို ကုမ္မဏီအတွက် ပိုပြီးကောင်းအောင် အလုပ်လုပ်နိုင်စေပြီး ကုမ္မဏီအမြတ် များများရရန်အတွက် ကူညီရန် ဆန္ဒရှိပေမည် ဖြစ်သည်။
ညနေခင်းတွင် လီရှစ်ချင်က ကီရီလန်ကို ပို့လိုက်သည့် ရေခဲကွန်ပရက်ဇာ ဈေးနှုန်းကို ယူထားလိုက်သည်။ ဖုန်းယွီက ဈေးနှုန်းကို ကြည့်ပြီးနောက် အမှန်တကယ်ပင် ကီရီလန်ကို ပြောသည့်အတိုင်း ဈေးနှုန်းက နည်းနေသည်။ အကယ်၍သူသည် ထိုကွန်ပရက်ဇာများကို တောင်ပိုင်း သို့မဟုတ် ရေခဲသေတ္တာ ထုတ်လုပ်သည့် စက်ရုံများကို ရောင်းချပါက သူ့အနေဖြင့် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း အကျိုးအမြတ် ရရှိမည်ပင်။
ဖုန်းယွီသည် ချက်ချင်းပင် ကီရီလန်ကိုကို ခေါ်လိုက်ပြီး ရေခဲနေသည့် မြစ်အနေဖြင့် မည်မျှကုန်သယ်ဆောင် နိုင်မည်ဆိုတာကို မေးလိုက်သည်။ ဖုန်းယွီက ထိုကုန်တင်ကားများကို ကွန်ပရက်ဇာ အများဆုံးရအောင် ထိန်းသိမ်းသင့်ပေသည်။ သူသည် ကုန်တင်ကား အားလုံးကို လိုချင်သည်။ ထို့နောက် သူက ကီရီလန်ကိုကို အခွန်ရှောင်ရန် နည်းလမ်းပြောပြကာ ကီရီလန်ကိုကို လော်ဂျစ်စတစ် ကုမ္မဏီမှတ်ပုံတင်ရန် တောင်းဆိုလိုက်သည်။ ကွန်ပရက်ဇာ၏ ဈေးနှုန်းကို အရင်လွှဲမည်ဖြစ်ပြီး ကုန်တင်ကားများ၏ ဈေးနှုန်းကို အခြားအကောင် သို့မဟုတ် တခြားသော ပစ္စည်းများဖြင့် လဲလှယ်နိုင်ပေသည်။
သူတို့သည် သူတို့၏ အစီအစဉ်အား ဆွေးနွေးပြီးနောက် ဖုန်းယွီသည် လီရှစ်ချင်ကို လော်ဂျစ်စတစ် ကုမ္မဏီ တည်ထောင်ရန်အတွက် နည်းလမ်းများအား မေးလိုက်သည်။
လော်ဂျစ်စတစ် ကုမ္မဏီက လီရှစ်ချင်က အနည်းငယ် စိုးရိမ်လာသည်။ လော်ဂျစ်စတစ် ကုမ္မဏီကို လည်ပတ်လျှင် အမြတ်ရမည် မဟုတ်ပေ။ ထိုအရာကို ရင်းနှီးမြုပ်နှံမှုအဖြစ် စဉ်းစားနိုင်ပေသည်။
လွန်ခဲ့သည့်နှစ်က ထုတ်လုပ်ခဲ့သည် ခေတ်မမှီသည့် ကုန်တင်ယဉ်စုကို သူတို့ ပို့ဆောင်ခြင်းကြောင့် ဖုန်းယွီက သူ့ကိုပြောပြခဲ့သည်။ မျှော်လင့်ထားသည့် အတိုင်းပင် လီရှစ်ချင်က အလွန် ထိတ်လန့်သွားသည်။
ဖုန်းယွီအနေဖြင့် ဆိုဗီယက်ပြည်ထောင်စု စစ်တပ်အရာရှိ၏ ဒုတိယမြောက် မျိုးဆက်သည် ထိုသို့ လုပ်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ လီရှစ်ချင်မှ လွဲ၍ဖြစ်သည်။(လီရှစ်ချင်၏ အဖေက အရင်က စစ်သားပါ) သို့သော် မည်သူ့အား ဂရုစိုက်ရမည်နည်း။ သူတို့များများ လုပ်ရက်လေ ထိုအရာက ဖုန်းယွီအတွက် ကောင်းလေဖြစ်သည်။ အကယ်၍ သူတို့သာ လိမ်ရင် သို့မဟုတ် အမြောက်များကို ရောင်းခဲ့ပါက ဖုန်းယွီသည်လည်း ဝယ်ခဲ့မည်ပင်။
စာရေးဆရာမှတ်စု ဆိုဗီယက် ပြည်ထောင်စုထုတ် ဂတ်စ်ကုန်တင်ကားများသည် လုံကျန်းပြည်နယ်တွင် ကုန်ပစ္စည်းများနှင့် လူများကို ပို့ဆောင်ရေးအတွက် အသုံးပြုကြသည်ကို မှတ်သားထားရန်။
***