← Chapters

အခန်း (၁၀၃)

Vol. 7 Ch. 103

အခန်း (၁၀၃)

Vol. 7 Ch. 103

ဖုန်းယွီသည် မြို့တော်ကို စာရွက်စာတမ်းကိစ္စ မသွားလုပ်ရသေးခင် စက်ယန္တရား စက်ရုံမှ ဖုန်းခေါ်ဆိုမှု တစ်ခုကို ရခဲ့ပြီး ထိုအကြောင်းအရာက အခြားနေရာများမှ စီးပွားရေးသမားများ ရောက်ရှိခြင်းနှင့် ပတ်သက်ပြီး ဆယ်နာရီတွင် အစည်းအဝေး ရှိခြင်းပင်ဖြစ်သည်။

ဖုန်းယွီသည် စက်ယန္တရားစက်ရုံ၏ အရောင်းပိုင်းတွင် ဝင်ရောက် နှောင့်ယှက်ခြင်း မပြုပေ။ အကြောင်းမှာ သူတို့၏ အရောင်းလမ်းကြောင်းများသည် ဖုန်းယွီ မျှော်မှန်းထားသည်ထက် ပိုနေသည့်အတွက် ဖြစ်သည်။ သူတို့၏ ရောင်းချသူများတောင် ရောင်းချသည့် နေရာများသို့ သွားရန် မလိုအပ်ပေ။ သူတို့သည် ဖုန်းများသာ ခေါ်ဆိုကြသည်။ နိုင်ငံခြားမှ စီးပွားရေး လုပ်ငန်းရှင်သည် စက်ရုံသို့လည်း မကြာခဏ လာကြသည်။

လီမင်တသည် သူ၏ဝန်ထမ်းများကို အခြားသူများအား စက်ယန္တရား စက်ရုံသည် လက်ရှိတွင် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံး လယ်ယာသုံး စက်ပစ္စည်းများကို ထုတ်လုပ်နေကြောင်း ပြောရန် ညွှန်ကြားထားသည်။ ဒီဇိုင်းနှင့် အရည်အသွေးက သာမန်ထက်ပိုသည်။ သို့သော် ဈေးနှုန်းကတော့ အနည်းငယ် မြင့်ပေ၏။

စီးပွားရေး လုပ်ငန်းရှင်များက ယင်းထုတ်ကုန်များသည် သူတို့အတွက် အမြတ်များ ရရှိမည်ကို သိသည့်အတွက် အပြေးလာကြသည်။ ထိုအရာကို စက်ယန္တရား ကုမ္မဏီ၏ ကြီးမားသည့် သဘောတူညီချက် အဖြစ် စဉ်းစား၍ရပြီး ဖုန်းယွီကို အစီအရင်ခံရန်အတွက် လိုအပ်သည့်အတွက်ပင်။

တခြားတစ်ဖက်တွင် ဖူကွမ်းကျန်းက ယင်းကိစ္စများနှင့် ပတ်သက်၍ မနှောင့်ယှက်ပေ။ သူသည် စစ်ဆေးကြည့်ရှုရန်နှင့် ငွေရေးကြေးရေးများကို စစ်ဆေးရန်အတွက် လူတစ်ယောက်ကို ငှားရမ်းထားသည့်အတွက် စိတ်မပူပေ။ ထပ်ပြောရလျှင် ဖုန်းယွီသည်လည်း ထိုနေရာတွင် စက်ရုံနှင့် ပတ်သက်သည့် ကိစ္စများကို ဂရုစိုက်နေသည်။

ဖုန်းယွီသည် စက်ယန္တရား စက်ရုံ၏ တိုးတက်မှုကို သွားကြည့်ချင်ခဲ့သည်။ အကယ်၍ ပြဿနာရှိပါက သူက ချက်ချင်းပင် ထောက်ပြမည်ပင်။ ယင်းစိုးရိမ် ထောက်ပြမှုသည် ကုမ္မဏီ၏ အနာဂတ်အတွက်ပင်။

ယခုတစ်ခေါက်တွင် စက်ယန္တရားစက်ရုံ၏ အဓိကထုတ်ကုန်မှာ မြေလှန်စက်ပင်ဖြစ်သည်။ ထိုအရာတွင် အပိုအစိတ်အပိုင်းများလည်း ပါဝင်သည်။ ယင်းထုတ်ကုန်သည် နွေဦးရာသီတွင် အလွန်ကျော်ကြားမည် ဖြစ်ပေသည်။ အစည်းအဝေး ခန်းမတွင် စက်ယန္တရား စက်ရုံ၏ ခေါင်းဆောင်များ အားလုံးသည် ပျော်ရွှင်မှုကြောင့် အပြုံးများကိုယ်စီ တောက်ပနေသည်။ ယမန်နေ့က သူတို့သည် နမူနာများကို ပြသခဲ့ပြီးနောက် သူတို့သည် ဝယ်ယူသူများ၏ ထောက်ပံ့မှုကို ရခဲ့သည်။ သူတို့၏ ရောင်းလွန်းသည် ကောင်းမည်ပင်။ သူတို့၏ ရောင်းရသည့် ပမာဏမှာ ကောင်းမည့်ပုံပင် ဖြစ်သည်။

“လူတိုင်း ကျွန်တော်တို့တွေက ဈေးနှုန်းအကြောင်းကို ဆွေးနွေးမှာပါ။ ပထမဦးဆုံး ရောင်းချသူတွေရဲ့ဈေးနှုန်း ပြီးတော့မှ လက်ကားဈေးနှုန်းပါ။ တကယ်လို့ ခင်ဗျားတို့မှာ အကြံဉာဏ် ပေးစရာရှိရင် လွတ်လွတ်လပ်လပ် ပြောနိုင်တယ်။ ရှိရင်ကျေးဇူးပြုပြီး ပြောပေးပါ”

လီမင်တ၏ စိတ်ထဲတွင် ဈေးနှုန်းရှိပေသည်။ သို့သော် ထိုသို့ပြောရခြင်းက ဒီမိုကရေစီ နည်းလမ်း ကျစေရန်သာ ဖြစ်ပေသည်။

ရှေးယခင်က ထိုလက်အောက်ငယ်သားများသည် ငြင်းပယ်ခြင်း သို့မဟုတ် ဒွိဟဖြစ်စေသည့် အဖြေများကို ပေးခြင်းမပြုကြပေ။ အဆုံးတွင် လူတိုင်းက လီမင်တ ကမ်းလိုက်သည့် စာရွက်ထဲရှိ ဈေးအတိုင်း သတ်မှတ်ကြသည်။ သို့သော် ယနေ့တွင် ကွဲပြားခြားနားပေသည်။ သူမေးပြီးနောက် တစ်ယောက်ယောက်က ထပြော၏။

“ကျွန်တော်အထင် ကျွန်တော်တို့တွေက လက်ကားဈေးကို မှတ်နိုင်တယ်။ ဒါပေမဲ့ လက်လီဈေးကိုတော့ သတ်မှတ်စရာ မလိုဘူး။ အခုလက်ရှိမှာ လက်ရှိဈေးကွက်ရဲ့ တိုးတက်မှုနှုန်းကလည်း အရမ်းမြန်ဆန်နေတယ်။ ပြီးတော့ တကယ်လို့ ကျွန်တော်တို့အနေနဲ့ လက်လီဈေး သတ်မှတ်လိုက်မယ် ဆိုရင် အထူးသဖြင့် တကယ်လို့ ကျွန်တော်တို့ လက်လီဈေးကို အရမ်းမြင့်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဈေးကွက်ရာခိုင်နှုန်းကို များများ ဖမ်းယူဖို့အတွက် ခက်ခဲသွားလိမ့်မယ်”

ဖုန်းယွီက လီမင်တကို ကြည့်ကာ ပြောလိုက်သည်။

လီမင်တသည် ဖုန်းယွီကို မပျော်မရွှင်ဖြင့် ကြည့်ကာပြောလိုက်၏။

“ဖုန်းလေး မင်းဈေးကွက် အကြောင်းကို နားမလည်ပါဘူး။ ငါတို့ရဲ့ စက်ပစ္စည်းတွေရဲ့ အရည်အသွေးက ပိုကောင်းပြီးတော့ ပိုအကြမ်းခံတယ်။ အသေအချာပဲ ငါတို့တွေဈေးကို မြင့်မှရမယ်”

ဖုန်းယွီက သူ၏ခေါင်းကို ခါလိုက်ကာ

“အထွေထွေမန်နေဂျာလီ ကျွန်တော်အနေနဲ့ ဒီလက်ကားဈေးနှုန်းက အလွန်မြင့်တယ်လို့ ခံစားနေရတယ်။ ကျွန်တော်တို့အတွက် အခုအလိုအပ်ဆုံးက ဘာအရာလဲ။ အဲ့ဒါကဈေးကွက်ပဲ။ ကျွန်တော်တို့က တရုတ်တစ်နိုင်ငံလုံးကို ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေကို ပို့နိုင်ခဲ့တယ်ဆိုရင် ဝယ်ယူသူတွေရဲ့ စိတ်ထဲမှာ ဘင်းမြို့တော် စက်ယန္တရား ကုမ္မဏီရဲ့ အမှတ်တံဆိပ်က နေရာယူထားမှာ။ ကျွန်တော်တို့တွေ အခုလက်ရှိမှာ အနည်းငယ် ဆုံးရှုံးတာက တန်တယ်။ ထပ်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့တွေက အရင်ကဈေးပဲ သုံးရင်တောင်မှ ကျွန်တော်တို့တွေက ရမဲ့အမြတ်က မနည်းဘူး။ ကျွန်တော်တို့တွေအနေနဲ့ ဒီဈေးနှုန်းကို ထပ်မြင့်ဖို့မလိုဘူး”

လီမင်တသည် ဘာမှမပြောပေ။ သို့သော် အရောင်းဌာန၏ အရာရှိချုပ်ကို ကြည့်လိုက်သည်။ အရောင်းဌာန၏ အရာရှိချုပ်က ချက်ချင်းပင် ခွန်းတုံ့ပြန်လိုက်သည်။

“ဖုန်းလေး မင်းအနေနဲ့ ငါတို့စက်ယန္တရား စက်ရုံက ငွေမလိုဘူးလို့ တွေးနေတာလား။ မင်းအနေနဲ့ နည်းပညာက ငွေမလိုဘူးလို့ တွေးတာလား။ တကယ်လို့ ငါတို့ဈေးနှုန်း အတူတူပဲဆိုရင် အမြတ်ကတော့ ရမယ်။ ဒါပေမဲ့ ငါတို့ရဲ့ ကုန်ကျစရိတ်ကို ဘယ်တော့မှ ပြန်ကာမိမှာလဲ”

ဖုန်းယွီက တိတ်တိတ်သာ နေလိုက်သည်။ လူတိုင်းက သူ့အား ဆန့်ကျင်မည့်ပုံပင်။ သူမည်သို့ပင် ပြောပြော ရလဒ်က ကွဲပြားမည် မဟုတ်ပေ။ သူတို့ကို လုပ်ချင်တိုင်းသာ လုပ်ခွင့်ပေးရမည်။ သူတို့တွင် အမှတ်တံဆိပ်နှင့် ပတ်သက်သည့် အတွေးအခေါ်မျိုး မရှိကြချေ။ အကယ်၍ အမှတ်တံဆိပ်ကို ဝယ်ယူသူ သို့မဟုတ် စားသုံးသူများ၏ စိတ်ထဲတွင် ခိုင်မာသည့် တစ်နေရာ ယူထားပါက စားသုံးသူ သို့မဟုတ် ဝယ်ယူသူများသည် ကောင်းမွန်သည့် အရည်အသွေး အကြမ်းခံသည်ဟု မှတ်ယူကြမည် ဖြစ်သည်။ ပြီးနောက် ထိပ်တန်း အမှတ်တံဆိပ် ဖြစ်သွားပြီး ဈေးနှုန်းကိုလည်း မြင့်တင်နိုင်သည်။ သူတို့ပိုတောင် အမြတ်ရနိုင်သေးသည်ပင်။

မေ့လိုက်တော့။ ဖုန်းယွီသည် သူတို့ကိုရှင်းပြရန် ပျင်းသည်။ ဖုန်းယွီအနေဖြင့် နောက်တစ်နှစ် နှစ်နှစ်အတွင်း အဓိကရှယ်ယာရှင် ဖြစ်လာသည့်အခါ သူတို့အနေဖြင့် ဆက်ပြီး ခေါင်းမာ နိုင်ဉီးမလားဆိုတာ သိချင်မိသည်။

“ကန့်ကွက်မဲ့သူ ရှိသလား။ မရှိရင် ဒီဈေးကအတည်ပဲ။ အရောင်းဌာန အရာရှိချုပ်က ရောင်းချသူတွေကို နောက်ပိုင်းမှာ စာချုပ်နဲ့ ချုပ်ဆိုလိမ့်မယ်။ ဒီကုန်ပစ္စည်းတွေ ရောင်းပြီးသွားပြီဆိုရင် လူတိုင်းလူတိုင်း အပိုစုကြေးရမယ်။ အဲ့ဒီစုကြေးက ယွမ်တစ်ရာထက် နည်းမှာမဟုတ်ဘူး”

လူတိုင်းက လက်ခုပ်တီးနေသည်။ ဖုန်းယွီကတော့ မတီးပေ။ ယွမ်တစ်ရာအား ကြီးမားသည့် အပိုစုကြေးငွေအဖြစ် စဉ်းစားသည်လော။ နှစ်သစ်ကူးပြီးနောက် ငွေကြေးဖောင်းပွမှုနှုန်း မြင့်လာပါက သူတို့အနေဖြင့် သူတို့၏ပိုက်ဆံများသည် တန်ဖိုးမရှိကြောင်း သိသွားမည်ပင်ဖြစ်သည်။

နေ့လယ်ခင်းတွင် ဖုန်းယွီသည် စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားတွင် ရှိခဲ့သည်။ စက်ပစ္စည်းများသည် သူမျှော်မှန်းထားသည် ထက်တောင် ပိုပြီးနာမည် ကျော်ကြားနေသည်။

ထိုစီးပွားရေး လုပ်ငန်းရှင်များသည် ပိုက်ဆံအလကား ရသလိုမျိုး ပြုမူနေကြသည်။ တစ်နာရီခန့်မပြည့်သေးခင် စီးပွားရေးလုပ်ငန်း ပညာရှင် အယောက် နှစ်ဆယ်ကျော်က စာချုပ်ချုပ်ဆိုပြီး ဖြစ်သည်။ သူတို့ထဲမှ တစ်ဝက်က အခြားပြည်နယ်များမှ ဖြစ်ပေ၏။

ဖုန်းယွီသည် အရောင်းဌာန၏ အရာရှိချုပ်ကို စာချုပ်များ၏ စုစုပေါင်း တန်ဖိုးအကြောင်း သဘောရိုးဖြင့် မေးလိုက်သည်။ ပြီးတော့သူက အထက်စီး ဆန်ဆန်ဖြင့် ယွမ်ရှစ်သန်းခန့် ရှိကြောင်း ပြန်ဖြေသည်။

ဟွန်း ဒီကလေးက သူ့မှာ ဆိုဗီယက်ပြည်ထောင်စုနဲ့ အဆက်အသွယ်ရှိတိုင်း ငါတို့ကို တင်နိုင်မယ်လို့ ထင်နေတာလား။ ငါ့အနေနဲ့ စက်ပစ္စည်းတွေ ရောင်းချတဲ့ နေရာမှာ သူ့ထက်တောင်မှ ပိုကောင်းသေးတယ်။

ယွမ်ရှစ်သန်းလား။ ပုံစံအရတော့ ဂုဏ်ယူဖွယ်ရာပဲ။ အရောင်းဌာန၏ အရာရှိချုပ်သည် မဆိုးပေ။ ကုန်ကျငွေနှင့် ရောင်းချသူစရိတ်ပေါ် မူတည်ပြီး အခွန်များကို နုတ်လိုက်ပြီးနောက် အမြတ်သည် 20% ရှိမည်ဖြစ်ကာ ယွမ်တစ်သန်းနီးပါး အမြတ်ကျန်ပေသည်။ သို့သော်ယင်းက ကနဦးပင်ဖြစ်သည်။ အကယ်၍ သူတို့သည် အရောင်းလမ်းကြောင်းများကို ထပ်မံတိုးချဲ့ပြီး စက်ရုံအနေဖြင့် သူ၏ထုတ်လုပ်မှုကို တိုးမြင့်ပါက အမြတ်ယွမ် ဆယ်သန်းကျော်ရန်က ပြဿနာတစ်ရပ် မဟုတ်ပေ။ ယင်းက မြေလှန်စက်နှင့် သူ၏အစိတ်အပိုင်းများပင် ဖြစ်ပေသည်။ နောက်ပိုင်းတွင် အင်ဂျင်နှင့် ထွန်စက်များ ပြုလုပ်ပါက အမြတ်သည် ထိုထက်ပင် များမည်ပင်။

ထိုအရာက ဖုန်းယွီအတွက် ကောင်းမွန်သည့်အရာ ဖြစ်သည်။ စက်ယန္တရား စက်ရုံ ဖွံ့ဖြိုးမှုမြန်လေ ဖုန်းယွီအတွက် ပိုကောင်းလေဖြစ်ပေသည်။

လီမင်တသည် အလွန် ဂုဏ်ယူတတ်သည့်သူဖြစ်ပြီး အမြင့်ကို တက်ချင်သည့်သူဖြစ်သည်။ ကုမ္မဏီ၏စွမ်းဆောင်မှု ပိုကောင်းပါက သူသည် နောက်နှစ်တွင် ရာထူးတိုးခံရမည်ဖြစ်ပြီး မြို့တော်အစိုးရသည် ကုမ္မဏီအတွက် အထွေထွေ မန်နေဂျာတစ်ယောက် ခန့်အပ်မည်ပင်။ လီမင်တ မရှိသည့် အချိန်တွင် ကျန်သည့် သူများသည် ထိုမျှစည်းလုံးမှု ရှိမည်မဟုတ်ပေ။ ယင်းက ဖုန်းယွီအတွက် ကုမ္မဏီကို လက်လွှဲယူရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပေသည်။

ယင်းစက်ယန္တရား စက်ရုံသည် အစိုးရအရာရှိများ၏ လက်ထဲတွင်ရှိကာ မြို့တော်အစိုးရကို သိသာထင်ရှားသည့် အခွန်ပမာဏကို ပေးရသည်။ သို့သော် ထိုအရာများက ဖုန်းယွီ၏လက်ထဲတွင် ဖြစ်ပါက အခွန်များသည်လည်း ဆယ်ဆကျော် များမည်ပင်။

ဖုန်းယွီသည် အခြားသူများကို အလကား ကူညီပေးတတ်သည့် အကျင့်မရှိပေ။ နည်းပညာများကို အသုံးပြုကာ ကုမ္မဏီ၏ ရှယ်ယာကို ဝယ်ခဲ့သည်။ ထိုကသူ့၏ အစီအစဉ်မှ အစိတ်အပိုင်းပင် ဖြစ်သည်။ သူသည် ကုမ္မဏီကို အောင်မြင်မှု အရသာကို ခံစားစေချင်သည်။ ပြီးနောက် သူ့အနေဖြင့် နည်းပညာများကို အသုံးပြုပြီး သူ၏ရှယ်ယာကို တိုးမြင့်ကာ တခြားသူများ၏ ရှယ်ယာအား တဖြည်းဖြည်းချင်း ဖျောက်ဖျက်မည်ပင်။

ဥပမာအနေဖြင့် ဖုန်းယွီသည် ယခုရေခဲ ကွန်ပရက်ဇာ အတွက်ကို စက်ယန္တရား စက်ရုံနှင့် အလုပ်လုပ်နိုင်သည်။ သူသည် ကုမ္မဏီကို ရေခဲသေတ္တာနှင့် ရေခဲသိုလှောင်ခန်းများ ထုတ်ရန်အတွက် အလုပ်ရုံအသစ် ဆောက်ချင်သည်။ ထိုကွန်ပရက်ဇာများကို ပုံမှန်အတိုင်း ရောင်းချခြင်းထက် အမြတ်များမည်ပင်။

သို့သော် ဖုန်းယွီက လီမင်တအား ပူးပေါင်း ဆောင်ရွက်မှုအကြောင်း ပြောသည့်အခါ သူက ငြင်းလိုက်သည်။ ရေခဲသေတ္တာနှင့် ရေခဲသိုလှောင်ကန့်လား။ ထိုအရာများက မည်သို့ ရောင်းရမည်နည်း။ ယခုလက်ရှိတွင် ဆောင်းရာသီဖြစ်ပြီး အကယ်၍ နွေရာသီ ရောက်လျှင်တောင် အရှေ့မြောက်ဒေသတွင် ရောင်းအား မကောင်းပေ။

“မင်းအနေနဲ့ တောင်ပိုင်းမှာ ရောင်းမယ်လို့ ပြောမလို့လား။ ဒါပေမဲ့ အဲ့ဒီမှာ ရေခဲသေတ္တာ စက်ရုံတွေက ရှိပြီးသား”

လီမင်တသည် ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိပေ။ ပြီးနောက် ဖုန်းယွီက အလွန် စိတ်ပျက်သွားသည်။ သို့သော် သူသည် နည်းလမ်းများ ရှိသေးသည်။ စက်ပစ္စည်း စက်ရုံသည် ဖုန်းယွီနှင့် အလုပ်မလုပ်တာ ကြာပြီဖြစ်သည်။ စက်ပစ္စည်းစက်ရုံ၏ ငွေရေးကြေးရေး အခြေအနေက လက်ရှိတွင် ပိုကောင်းမွန် လာသော်လည်း မည်သူက ငွေပိုမလိုချင်ဘဲ နေမည်နည်း။

ဖုန်းယွီက ယင်းအစီအစဉ်အား ပြောရုံသာရှိသေးသည်။ စက်ပစ္စည်းစက်ရုံက ချက်ချင်းပင် သဘောတူလိုက်သည်။ ထိုအရာက ယခင်အခေါက် အတိုင်းပင်။ စက်ပစ္စည်း စက်ရုံသည် ထုတ်ရုံသာထုတ်ကာ ထိုက်ဟွ ကုန်သွယ်ရေးကို ကပ်မည်ဖြစ်သည်။ အမှတ်တံဆိပ်သည် စက်ပစ္စည်းစက်ရုံ မဟုတ်ပေ။ စက်ရုံအတွက် အမြတ်သည် ရေခဲသေတ္တာ တစ်လုံးအတွက် အနည်းဆုံး ယွမ်တစ်ရာပင်ဖြစ်ပေသည်။

ဖုန်းယွီသည် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။ ဖုန်းယွီအနေဖြင့် စက်ယန္တရား စက်ရုံကို ယင်းပစ္စည်းများက သူတို့အထင်သေးဖြင့် ကြည့်ခဲ့သည်။ ပြီးနောက်သူသည် ယင်းပစ္စည်းများကို အောင်မြင်မှုရအောင် လုပ်နိုင်စွမ်းရှိကြောင်း သိစေချင်သည်။ အနာဂတ်တွင် ဖုန်းယွီသည် စက်ယန္တရား စက်ရုံတွင် မည်သည့်ပူးပေါင်း ဆောင်ရွက်မှုမျိုး တင်သွင်းသည့်အခါ သူတို့အနေဖြင့် သူ့အား ငြင်းဆိုရဲမည် မဟုတ်တော့ပေ။

***

All Chapters