← Chapters

ဝမ်တုန့်ကျွင်းနှင့် ဖက်တီးမလေး

Vol. 7 Ch. 104

ဝမ်တုန့်ကျွင်းနှင့် ဖက်တီးမလေး

Vol. 7 Ch. 104

“မင်း စာပြန်လေ့လာတာ ဘယ်လိုလဲ၊ မနက်ဖြန်ကျရင် နောက်ဆုံးစာမေးပွဲနော် ”

ဝမ်တုန့်ကျွင်းက ဖုန်းယွီကို ကြည့်ကာ နုံးချိစွာ မေးလိုက်သည်။

“မဆိုးပါဘူး၊ ငါက အဆင်ပြေမှာပဲလေ၊ မင်းကို ကြည့်လိုက်ဦး၊ မင်းမှာ ယုံကြည်ချက်ရှိပုံ မရဘူး၊ ဒီတစ်ခေါက်ရော မင်းအဆင့် ဘယ်လောက်တက်မယ်လို့ မျှော်မှန်းထားလဲ ”

ဖုန်းယွီက မျက်တောင်ပင့်ကာ ဝမ်တုန့်ကျွင်းကို မေးလိုက်သည်။

“မင်း စာမေးပွဲတိုင်းမှာ အဆင့်တွေ တိုးလာမယ်လို့ မပြောခဲ့ဘူးလား၊ ပြီးတော့ အထက်တန်းပြီးတာနဲ့ ထိပ်တန်း ကျောင်းသားတွေထဲမှာ တစ်ယောက် ဖြစ်မှာရောပဲလေ ”

“ငါ နောက်ဆုံး ဆယ်ယောက်ထဲကနေ လွတ်မယ်လို့တော့ သေချာပေါက် ယုံကြည်တယ်၊ ဒါပေမဲ့ ငါ့အနေနဲ့ ကျောင်းရဲ့အလယ်ပိုင်းအဆင့် ဆယ်ခုထဲမှာ ဝင်မနေရင် ငါ ဘာလုပ်သင့်လဲ ”

ဝမ်တုန့်ကျွင်းက စိုးရိမ်သည့် အကြည့်ဖြင့် ပြောလိုက်သည်။

ဖုန်းယွီက စိတ်ဝင်တစားမေးလိုက်၏။

“ဦးလေးဝမ့်က ဒီစာသင်နှစ်မှာ မင်းကို အလယ်အလတ်ထဲ ဝင်စေချင်တာလား ”

“မဟုတ်ပါဘူး၊ တကယ်လို့ ငါ အတန်းရဲ့ နောက်ဆုံးပိတ် ဆယ်ယောက်ထဲမှာ ပါနေရင်တောင် ငါ့အနေနဲ့ တက္ကသိုလ်ကို သွားနိုင်တဲ့ အခွင့်အရေး ရှိတယ်၊ အဲ့တာက ငါ့ရဲ့မိဘတွေကြောင့် မဟုတ်ဘူး၊ ဒါပေမဲ့ တစ်စုံတစ်ယောက်ကြောင့် ”

ဝမ်တုန့်ကျွင်းက ပြောရင်း ဦးတည်ရာ တစ်ချက်ကို ခိုးကြည့်လိုက်သည်။

‘ချီးပဲ၊ ဒီအရူးက ငါ့ကောင်မလေးကို ကြည့်နေတာလား ’

ဖုန်းယွီက ဒေါသထွက်သွားသည်။ ဝမ်တုန့်ကျွင်းသည် လက်ရှိတွင် လီနကို ကြည့်နေသည်။ သို့သော် သူက စိတ်တည်ငြိမ်အောင် ထားကာ တွေးလိုက်သည်။ ဝမ်တုန့်ကျွင်းသည် ယင်းသို့သော လူမျိုးမဟုတ်ပေ။ ထပ်ပြောလျှင် သူသည် လီနအကြောင်း ကောင်းကောင်းသိကာ လီနသည် လွယ်လွယ်နှင့် သူမ၏နှလုံးသားကို မပြောင်းတတ်ပေ။

‘မဟုတ်မှလွဲရော ဝမ်တုန့်ကျွင်းက ဖက်တီးလေးကို ကြိုက်တာလား ’

ဖုန်းယွီ မျက်လုံးပြူးသွားပြီး ဝမ်တုန့်ကျွင်းကို ကြည့်လိုက်သည်။

‘ဒါမှ တကယ့် ဝမ်တုန့်ကျွင်းပဲ၊ ပြီးတော့ ကြောင်သူတော် ကြွက်သူခိုးမဟုတ်ပေ ’

သူ၏ခေါင်းကို တံခါးနှင့် ဘန်းခနဲ တိုက်လိုက်သင့်ပေသည်။

ဝမ်တုန့်ကျွင်းသည် ဒေါသမထွက်ပေ။

“ဘာကြောင့် ငါ့ကို စိုက်ကြည့်နေရတာလဲ ”

“မင်း ဖက်တီးလေးကို ကြိုက်နေတာလား ”

ဖုန်းယွီက ဝမ်တုန့်ကျွင်းအတွက် စိတ်မကောင်းသလို ခံစားလိုက်ရသည်။ လီနနှင့်သူ အပြင်ထွက်သည့် အချိန်တိုင်း ဖက်တီးလေးလည်း လိုက်ပါလာသည်။ ပြီးနောက် ဖုန်းယွီသည် ဝမ်တုန့်ကျွင်းကို သူမနှင့် အဖော်ပြုရန် ခေါ်ရသည်။ သို့သော် သူ့အနေဖြင့် ဝမ်တုန့်ကျွင်းသည် ဖက်တီးလေးကို ကြိုက်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ ဤအရာက အလွန်ရယ်စရာကောင်း၏။

“ဘာကြောင့်လဲ၊ ဘာလို့ ဖက်တီးလေးလဲ၊ အဲ့တာ အရမ်း မလေးစားရာ ကျတယ်နော်၊ သူ့နာမည်က ကျန်းဟန် ”

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ၊ အဲ့တာဆိုတော့ မင်းက ကျန်းဟန်ကို ကြိုက်တာလား၊ ဘာကြောင့် နောက်အတန်းက အလှဆုံး မိန်းကလေးကို လိုက်တာ ရပ်လိုက်လဲဆိုတာ ငါ မအံ့ဩတော့ဘူး၊ မင်း ကျန်းဟန်အတွက် စာတောင် ပိုကြိုးစားနေတာလား၊ ဒါပေမဲ့ ကျန်းဟန်က အရမ်းဝတယ်လို့ မင်းမတွေးမိဘူးလား ”

ဖုန်းယွီအား ပြောစဉ် သူသည် သူ့လက်အား သေးငယ်သည့် လက္ခဏာပြုကာ ပြောလိုက်သည်။ ဖုန်းယွီက ဟားခနဲ ရယ်ချင်နေသည်။ သို့သော် မရယ်မိအောင် ထိန်းထားရ၏။

“ဘာ ဝတာလဲ၊ ငါလည်း ငယ်ငယ်တုန်းက ဝတာပဲ၊ အခု ငါပိန်သွားပြီ မဟုတ်ဘူးလား၊ ကျန်းဟန်က သူ ဆောင်းရာသီ အားလပ်မှာ အနည်းဆုံး ၁၀ကီလိုဂရမ်ကျအောင် လုပ်မယ်လို့ ပြောတယ် ”

“ကောင်းပြီ၊ မင်း ကံကောင်းပါစေ၊ မင်း ရလဒ်တွေ မြှင့်မယ်လို့ ယုံကြည်ချက်ရှိတာ အံ့ဩစရာ မရှိပါဘူး၊ ကျန်းဟန်က မင်းရဲ့လေ့လာမှုကို ကူညီပေးမယ်ဆိုရင် မင်းရဲ့ရလဒ်တွေက မြင့်လာမယ်ဆိုတာ သေချာပေါက်ကို ယုံကြည်နေတယ်၊ မင်းတို့နှစ်ယောက်က တော်တော်လေးတော့ လိုက်ဖက်သား၊ မင်းက အားကစား ကော်မတီက၊ ပြီးတော့ သူမက စာပေကော်မတီက ”

‘၁၀ ကီလိုလျော့မှာလား၊ တကယ်လို့အဲ့တာသာ ဖြစ်ခဲ့ရင် ကျန်းဟန်က ဝနေဦးမှာ၊ အခုတောင် သူမက ၈၀ကီလိုပဲ ’

“မင်းအနေနဲ့ သူက ဆောင်းရာသီ အားလပ်ရက် အတွင်းမှာ ၁၀ကီလိုကျမယ်လို့ ထင်လား ”

ဝမ်တုန့်ကျွင်းက မေးလိုက်သည်။

“တစ်လ အတွင်းတော့ အဲ့ဒါက မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ တစ်နှစ်ဆိုရင်တော့ ဖြစ်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထား သူမက မင်းအတွက် ဝိတ်ချမှာ ”

ဖုန်းယွီက ဝမ်တုန့်ကျွင်း၏ နောက်ကျောကို ပုတ်ရင်း “မင်း ပြောင်းလဲနိုင်မယ်ဆိုတာ ငါ သိပါတယ် ”

ကျန်းဟန်သာ ဝိတ်မကျပါက ဝမ်တုန့်ကျွင်းသည် မသက်မသာဖြစ်သလို ခံစားရပြီး နောက်ဆုံးတွင် သူတို့နှစ်ယောက်၏ ဆက်ဆံရေး ပျက်သွားမည့်ပုံ ပေါ်သည်။ သို့သော် ဖုန်းယွီသည် ကျန်းဟန်၏ ဝိတ်ချသည့် အစီအစဉ် အောင်မည်ဆိုတာကို မယုံကြည်ပေ။

ဖုန်းယွီ၏ စာပေလေ့လာမှုက ဆိုးရွားသည်ဟု စဉ်းစား၍ မရနိုင်ပေ။ သူသည် သူ၏ရုရှားစာတွင် အမှတ်ပြည့်ရပြီး သူ၏ ဘာသာစကားများမှ ရသည့်အမှတ်က ကောင်းမွန်သည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ သူ၏သင်္ချာသည်လည်း အဆိုးကြီး မဟုတ်ပေ။ သို့သော် ကျန်သည့် ဘာသာရပ်များ ဖြစ်သည့် ဓာတုဗေဒ၊ ရူပဗေဒ အစရှိသဖြင့် ဘာသာရပ်များကို သူက ရရုံသာရှိသည်။ သူ၏မှတ်ဉာဏ်က အတော်ကောင်းသည်။ ထို့ကြောင့် သူ၏သမိုင်းကြောင်းနှင့် မှတ်သားရန် လိုအပ်သည့် ဘာသာရပ်များက သူ့အတွက် ပြဿနာတစ်ရပ် မဟုတ်ပေ။ သူ့အနေဖြင့် အဆင့် ၁၀ အတွင်း ဝင်ရန်က ကိစ္စမရှိပေ။ စာမေးပွဲအတွက် ဆိုလျှင် ဖုန်းယွီတွင် ပြဿနာမရှိပေ။

နောက်ဆုံး စာမေးပွဲတွင် အထက်တန်း ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်မှ ကျောင်းသားများသည် ခိုးယူခြင်းမှ ကာကွယ်ရန် အတွက် အတူတကွ ထိုင်ကြရသည်။

ဖုန်းယွီသည် သူ၏အားအနည်းဆုံး ဘာသာရပ် နှစ်ခုဖြစ်သည့် ဇီဝဗေဒနှင့် ဓာတုဗေဒ အပါအဝင် ပထမဆုံးဖြေသည့် ဘာသာရပ်များကို ကောင်းကောင်း ဖြေဆိုခဲ့သည်။ ဖုန်းယွီသည် သူ၏နောက်ဆုံး မေးခွန်းလွှာဖြစ်သည့် နိုင်ငံရေးကို ဖြေဆိုပြီးနောက် အကြောဆန့်လိုက်သည်။ ယခုအချိန်တွင် သူသည် ကောင်းမွန်သည့် ရလဒ်ရပြီး သူ၏မိဘများကို ကောင်းမွန်သည့်အဖြေ ပေးနိုင်မည်ပင်။ သူကိုယ်တိုင် မေးရမည်ဆိုလျှင် ဖုန်းယွီသည် အခြားသူများအပေါ် သူကိုယ်တိုင်သာ ပိုင်ဆိုင်ချင်ပေသည်။

သူတို့အားလုံး စာမေးပွဲခန်းမမှ ထွက်လာသည့် အချိန်တွင် အပြုံးများဖြင့် ပီတဖြာနေသည့် ဝမ်တုန့်ကျွင်းကို ဖုန်းယွီ တွေ့လိုက်ရသည်။ ဤအရူးက စာမေးပွဲတွင် ကောင်းကောင်း ဖြေနိုင်သည်လား။ မဖြစ်နိုင်ပေ။ သူ၏ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များသည် အခြားသော ဘာသာရပ်များလောက် မဆိုးပေ။ ဘာကြောင့် ယခုအချိန်တွင် သူ အလွန် ယုံကြည်ချက် ရှိနေရသနည်း။

“ငါ မင်းကို ပြောမယ်၊ ငါ ဒီတစ်ခေါက် ထိပ်တန်းဆယ်ယောက်ထဲမှာ ပါနိုင်တယ် ”

ဝမ်တုန့်ကျွင်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

ဖုန်းယွီက သူ၏နဖူးကို ကိုင်ကာ ပြောလိုက်သည်။

“မင်းမှာ အဖျားလည်း မရှိပါဘူး၊ ပေါက်ကရတွေ မပြောနဲ့တော့ ”

ဝမ်တုန့်ကျွင်းသည် ဖုန်းယွီ၏လက်ကို ဖယ်ထုတ်ကာ ပြောလိုက်သည်။

“ဘယ်သူက ပေါက်ကရတွေ ပြောနေလို့လဲ၊ ငါ မင်းနဲ့အတူတူ ထိုင်လို့ ငါ့ရဲ့ ရုရှားဘာသာရပ်မှာ တော်တော် တိုးတက်လာတယ်၊ ငါ့ရဲ့သင်္ချာ၊ ဓာတုဗေဒနဲ့ ရူပဗေဒအမှတ်တွေက မင်းထက် ပိုကောင်းတယ်၊ သမိုင်းနဲ့ ကျန်တဲ့ ဘာသာရပ်တွေကတော့ ပြောစရာမလိုဘူး၊ ငါ လူကောင်း တစ်ယောက်နဲ့တွေ့ခဲ့တယ် ”

“ဘာ အဓိပ်ပာယျလဲ ”

“အရူးကောင် ငါက တတိယနှစ် ကျောင်းသားနဲ့ အတူတူ ထိုင်ခဲ့ရတာ၊ သူက ဝိဇ္ဇာကျောင်းသား၊ သူက ငါ မဖြေနိုင်တဲ့ မေးခွန်းတွေကို ဖြေနိုင်တယ်၊ သူ သူ့ရဲ့စာမေးပွဲ မေးခွန်းလွှာတွေ ဖြေပြီးတော့ ငါ့ရဲ့ အဖြေလွှာတွေကို ကြည့်ပြီး ပြန်လေ့ကျင့်ပေးတယ်၊ သူက ပြောတယ်၊ သူက သမိုင်း၊ ပထဝီဝင်၊ နိုင်ငံရေး အစရှိတဲ့ ဘာသာရပ်မှာ အမှတ်ပြည့်တဲ့ ”

“ချီးပဲ ”

ဖုန်းယွီက ပြောစရာ စကားမဲ့သွားသည်။ အဘယ့်ကြောင့် ဤအရူး၏ကံက လွှတ်ကောင်းနေရသနည်း။ သူသည် တတိယနှစ် ထိပ်တန်းကျောင်းသားနှင့် အတူတူထိုင်ခဲ့ရပြီး သူ၏အဖြေများကိုတောင် ကူဖြေပေးလိုက်သေးသည်။ အကယ်၍ ဝမ်တုန့်ကျွင်းသာ ထိုဘာသာရပ်များတွင် အမှတ်ပြည့်ရပါက သူ့အနေဖြင့် တကယ်ပင် ထိပ်တန်း ဆယ်ယောက်ထဲ ဝင်မည်ပင်။

“ကောင်းပြီ၊ ဒီတစ်ခေါက်တော့ မင်းလိုချင်သမျှ အကုန်ယူထားပေါ့၊ နောက်စာသင်နှစ်ကျရင် မင်းဘယ်လို ဖြစ်မယ်ဆိုတာ ပြမယ် ”

“သွားကြရအောင်၊ ဒီနေ့ ငါတို့တွေ ယဉ်ကျေးမှု နန်းတော်မှာ ရုပ်ရှင်သွားကြည့်ရအောင်၊ ငါ လက်မှတ်ဖိုးရှင်းမယ် ”

ယခုတစ်ခေါက်တွင် လျိုခွင်သည် ရုပ်ရှင်ကြည့် လိုက်ပေသည်။ မနက်ဖြန်သည် ဆောင်းရာသီ ကျောင်းပိတ်ရက် အစဖြစ်ပြီး ဖုန်းယွီသည် ပြန်သွားသည်။ သူသည် သူတို့အား ကြိုပို့မည် ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် သူတို့ဒေသများကို ပြန်ရန်အတွက် လက်မှတ်ဝယ်ရန် မလွယ်ပေ။ ယနေ့တွင်သူတို့ နောက်ကျတဲ့အထိ နေနိုင်သည်။

လျိုခွင်သည် တကယ်ပင် ထက်မြက်သည့် ကျောင်းသားတစ်ယောက် ဖြစ်သည်။ အမှတ်(၃) အထက်တန်း ကျောင်းတွင်တောင် သူသည် သူ့အတန်းတွင် ထိပ်ဆုံး ကျောင်းသားဖြစ်ပြီး အတန်း အားလုံးပေါင်းတွင် အဆင့်သုံးရသည်။ သူသည် ဆရာ၊ ဆရာမများနှင့် မိဘများက ချီးမွမ်းကြသည့် ကျောင်းသားကောင်း တစ်ယောက်ဖြစ်သည်။ သေချာသည်မှာ ကျောင်းသားများနှင့် မိဘများသည်လည်း ဖုန်းယွီနှင့် ဝမ်တုန့်ကျွင်းအကြောင်း ပြောပေသည်။ သို့သော် ထိုအရာများက ကောင်းမွန်သည့် အရာများ မဟုတ်ပေ။ ဖုန်းယွီသည် အတန်းပျက်ပြီး သူ၏မိဘများက မြေအောက်ဂိုဏ်းများနှင့် အလုပ်လုပ်နေသည့် ကောလာဟလများ ရှိသည်။ ဝမ်တုန့်ကျွင်းသည် အမြဲပင် ဘတ်စကတ်ဘောကွင်းတွင် ဘတ်စကတ်ဘော ကစားနေသည်။ ထိုသို့သော ကျောင်းသားများက တက္ကသိုလ်ကို ဝင်နိုင်မည်လော။ ထိုမိဘများက သူတို့၏ သားသမီးများကို သူတို့နှင့် မပေါင်းရန် တားမြစ်ကြသည်။ မဟုတ်ပါက သူတို့အနေဖြင့် သူတို့ကလေး၏ ခြေထောက်များကို ချိုးမည်ပင်။

ယဉ်ကျေးမှု နန်းတော်တွင် ဖုန်းယွီနှင့် လီနက အတူတူထိုင်ကြသည်။ ဖုန်းယွီက လီန၏လက်ကို ကိုင်ထားသည်။ လီနသည် ဖုန်းယွီကို မငြင်းပေ။ သို့သော် ရုပ်ရှင်ရုံ အမှောင်ထဲတွင်တော့ ရှက်သွေးဖြာနေသည်။ သူသည် ရုပ်ရှင်တွင် ကောင်းကောင်း အာရုံမစိုက်နိုင်ဘဲ စိုးရိမ်တကြီး ဖြစ်နေသည်။ သူမက ဖုန်းယွီ သူမဘက် လှည့်လာပြီး အကြင်နာပေးမည်ကို ကြောက်ရွံ့နေ၏။ ထိုအခါ သူမ ဘာလုပ်ရမည်နည်း။ ခုခံရမည်လော။

သို့သော် သူမအတွက် ကံမကောင်းသည့် အရာက ရုပ်ရှင်အဆုံးထိတိုင် ဖုန်းယွီက ဘာမှမလုပ်ပေ။ လီနသည် အနည်းငယ် စိတ်ပျက်သွားသည်။ သူမ၏ ကျောင်းဆောင်တွင် တစ်စုံတစ်ယောက်ကို သူမ၏ရည်းစားက အကြင်နာပေးခြင်း ရှိသည်။

ဝမ်တုန့်ကျွင်းနှင့် ကျန်းဟန်က အတူတူ ထိုင်နေသည်။ သို့သော် သူသည် ကျန်းဟန်၏လက်ကို မကိုင်ပေ။ ကျန်းဟန်သည် ဝမ်တုန့်ကျွင်း၏ ပခုံးပေါ်သို့ မှီနေသည်။ ယင်းက ဝမ်တုန့်ကျွင်း၏ နှလုံးခုန်သံကို မြန်စေ၏။ သူသည် သူ့အနေဖြင့် ကျန်းဟန်ကို ကြည့်လေလေ၊ ပိုချောလာလေလေဟု ခံစားရသည်။

ထောင့်တစ်ထောင့်တွင် အထီးကျန်စွာ ထိုင်နေသူက လျိုခွင်ဖြစ်ပြီး ရုပ်ရှင်ကို အားပါးတရ ကြည့်နေသူ တစ်ယောက်လည်း ဖြစ်ပေသည်။ ရုပ်ရှင်ပြီးနောက် သူသည် ရုပ်ရှင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အခြားသူများနှင့် ဆွေးနွေးရန် ကြိုးပမ်းသည်။ သို့သော် တခြားသူများက ရုပ်ရှင်ကို အာရုံသိပ်မရောက်ပေ။ ထို့အတွက် သူတို့တွင် ဘာမှ ပြောစရာမရှိပေ။ ဖုန်းယွီက လျိုခွင်အတွက် တစ်ယောက်ယောက် ရှာပေးရမည်ဟု ခံစားရပေသည်။ သူ့အနေဖြင့် သူကိုယ်တိုင် ရည်းစား ရှာနိုင်သည့် အရည်အချင်း ရှိပုံမပေါ်ပေ။

ကျန်းဟန်၏ အိမ်အပြင်တွင် ဝမ်တုန့်ကျွင်းသည် နှုတ်ဆက်ချင်၊ မနှုတ်ဆက်ချင်ဖြင့် သူမကို နှုတ်ဆက်လိုက်ရသည်။ ဖုန်းယွီသည်လည်း ငေးငိုင်နေသည်။ ထိုအရာက ဆောင်းရာသီ အားလပ်ရက် ဖြစ်သည်။ ဖုန်းယွီက လီနကို မတွေ့ရသည့် ရက်များတွင် သူက လုံးဝ သူမကို မေ့နေသည်။ သို့သော် သူ၏စိုးရိမ်မှုက ယခုတွင်တော့ ရှိနေသည်။ အကြောင်းမှာ ဝမ်တုန့်ကျွင်းနှင့် ကျန်းဟန်၏ အားလပ်ရက်တွင် ခွဲရမည့်ပုံကို ကြည့်နေရသည့်အတွက် ဖြစ်သည်။

တကယ်ကြီးကိုပဲ… ။

***

All Chapters