← Chapters

အခန်း (၁၀၅)

Vol. 7 Ch. 105

အခန်း (၁၀၅)

Vol. 7 Ch. 105

သူတို့၏ဒေသ ပြန်သည့်အခါ ဖုန်းယွီသည် လီနကို နှုတ်ဆက်ရန် တွန့်ဆုတ်နေသည်။ ထို့အပြင် သူ၏မိသားစုသည် မြို့ရှိတိုက်ခန်းကို ပြောင်းသွားကြသည်။ သူတို့ရွာရှိ အိမ်သည် အချိန်အနည်းငယ်ကြာ လစ်လပ်နေ၏။

ထပ်ပြောရလျှင် သူ၏အချစ်ဆုံး သူငယ်ချင်း ဝမ်တုန့်ကျွင်းသည် မြို့ကို ပြောင်းသွားသည်။ အကြောင်းမှာ သူ၏ဖခင်သည် မြို့ပေါ်ရှိ ဒေသ၏ စိုက်ပျိုးရေးဌာနသို့ ပြောင်းရသည့် အတွက်ပင်။ ဖုန်းယွီသည် ရွာမှ ထွက်ရခြင်းအတွက် မည်သည့် စိတ်ခံစားချက်မှ မရှိပေ။ မည်သို့ပင် ဖြစ်စေကာမူ သူ၏အရင်ဘဝတွင် သူသည် သူ၏အိမ်နီးချင်းဟောင်းများနှင့် ဆယ်စုနှစ်ကြာအောင် ဆက်သွယ်မှု မရှိပေ။ သူသည် ရွာအပေါ်တွင် ခံစားချက် အများအပြားမရှိပေ။

သို့သော် ဒေသတွင် ဖုန်းယွီသည် အနားယူရန် အချိန်မရှိပေ။ သူသည် အစားအစာ ထုတ်လုပ်ရေး စက်ရုံကို သွားကြည့်ရသည်။ ထုတ်လုပ်မှုသည် ကောင်းမွန်ပြီး စက်ရုံတစ်လျှောက် လှည့်လည် ကြည့်လိုက်သည်။ သူ၏အလုပ်သမားများသည် အန္တရာယ် ကင်းစေသည့် အစီအရင် အရံအတားများကို ဖောက်ဖျက်ခြင်း မရှိဟု သူသတိပြုမိသည်။ ထိုအရာက ဖုန်းယွီကို ကျေနပ်စေသည်။

စက်ရုံတွင် မီးလောင်လွယ်သည့် ပစ္စည်း အများအပြားရှိသည်။ အကယ်၍ တစ်ခုခုဖြစ်ပါက မီးသတ်ဌာန အနေဖြင့် သူတို့စက်ရုံကို အချိန်မီ မကယ်တင်နိုင်ပေ။ အကယ်၍ မီးသာ တကယ်ဖြစ်ခဲ့ပါက စက်ရုံနှင့် ထိုက်ဟွ အမှတ်တံဆိပ်သည် မြောင်းထဲသို့ ရောက်သွားမည်ပင်။

သူ၏အရင်ဘဝတွင် နာမည်ကြီး ဆောင်းဦးဝက်ပေါင်ခြောက် အမည်ရှိ တံဆိပ်တစ်ခု ရှိခဲ့သည်။ သူ၏ရောင်းအား အကောင်းဆုံး အချိန်တွင် တစ်နှစ်တွင် သန်းပေါင်းရာချီ အမြတ်ရသည်။ ထိုအရာက ၁၉၉၂ အစောပိုင်းတွင် ဖြစ်ပြီး ထိုခေတ်အခါက သန်းပေါင်းရာချီကို လွန်စွာ များပြားသည့် ပမာဏဟု စဉ်းစား၍ ရနိုင်ပေသည်။ သူတို့၏စက်ရုံတွင် မီးလောင်ခဲ့သည်။ သူတို့၏ ဆုံးရှုံးနစ်နာမှု ယွမ်သန်းလေးရာ မကျော်စေချင်သည့်အတွက် သူတို့သည် မီးမြှိုက်ထားသော ဝက်သားများကို ဝက်ပေါင်ခြောက် အဖြစ် ပြောင်းခဲ့သည်။ ထို့ကြောင့် သူတို့၏ ဝက်ပေါင်ခြောက်တွင် မီးခိုးနံ့ပါသည်။ ပြီးနောက် သူတို့နှင့် ပြိုင်ဘက်များသည် ဆောင်းဦးဝက်ပေါင်ခြောက်က မီးသင်္ဂြိုဟ်စက်နှင့် အလုပ်လုပ်ပြီး လူ့အသားများကို သူတို့၏ ဝက်ပေါင်ခြောက်တွင် သုံးသည်ဟု ကောလာဟလ လွှင့်ကြသည်။ ဆောင်းဦးဝက်ပေါင်ခြောက်၏ အမှတ်တံဆိပ်သည် ညချင်းပင် လုံးဝဥဿုံ ပျက်စီးသွားပေသည်။

ယခုလက်ရှိတွင် တရုတ်ပြည်၏ ဝက်ပေါင်ခြောက် စျေးကွက်ကို နေရာယူထားသူမှာ ဆောင်းဦးဝက်ပေါင်ခြောက် ဖြစ်သည်။ သို့သော် ယင်းက ယာယီသာ ဖြစ်သည်။ ဗေဒင်ဆရာကို အကြံပေးအဖြစ် အသုံးပြုသည့် လုပ်ငန်းအနေဖြင့် မည်သို့ အောင်မြင်နိုင်မည်နည်း။

ဆိုဗီယက် ပြည်ထောင်စုတွင် ယင်းကဲ့သို့သော နည်းပညာဖြင့် စက်ပစ္စည်း မရှိသည်မှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။ သူတို့ထုတ်လုပ်သည့် အူချောင်းများသည် တရုတ်၏ ဝက်ပေါင်ခြောက်ထက် လုံးဝကွဲပြားသည်။

ဖုန်းယွီသည် ဝက်ခြံအနေဖြင့် အောင်မြင်ပြီး ကောင်းကောင်း လည်ပတ်နိုင်မည့် အကြောင်းအရင်းသည် ဝက်ပေါင်ခြောက် ဝယ်လိုအား အများကြီး ရှိနေသေးသည့် အတွက်ပင်။ အကယ်၍ သူ့လက်ထဲတွင် ထုတ်လုပ်သည့် စက်ပစ္စည်းများ ရှိပါက ဖုန်းယွီအနေဖြင့် အရှေ့မြောက် စျေးကွက်တွင် အလွယ်တကူ ရယူနိုင်မည်ကို ယုံကြည်ချက် ရှိပေသည်။ ဝက်ပေါင်ခြောက်အတွက် အမြတ်မှာ အနည်းဆုံး ၁၀ ရာခိုင်နှုန်းဖြစ်ပြီး အကယ်၍ သူသာ တစ်နှစ်လျှင် ဝက်ပေါင်ခြောက် သန်းတစ်ရာကို ရောင်းရပါက အမြတ်သည် ဆယ်သန်း ဖြစ်ပေမည်။

ယခုလက်ရှိတွင် လုပ်ဆောင်ရမည့် အဓိကတာဝန်သည် ဝက်ခြံအား တိုးချဲ့ရန် ဖြစ်ပေသည်။ ယခုအချိန်တွင် ဖုန်းယွီအနေဖြင့် သူ၏ဝက်များအတွက် အမှတ်တံဆိပ် ထားရှိရန် လိုအပ်သည်ဟု တွေးမိသည်။ ဥပမာအနေဖြင့် သူ၏ အရင်ဘဝတွင် ရွှမ်းဝေ့ အေးခဲလတ်ဆတ် ဝက်သားအမည်ရှိ အမှတ်တံဆိပ် တစ်ခု ရှိခဲ့သည်။ သူတို့သည် တရုတ်တစ်ပြည်လုံးတွင် စတိုးဆိုင်ပေါင်း များစွာ ရှိသည်။ ယင်းကုမ္ပဏီက ဝက်သား ရောင်းချခြင်းဖြင့်ပင် တစ်နှစ်လျှင် ယွမ်ဆယ်ဘီလီယံ ရနိုင်သည်။ ဖုန်းယွီသည် အခြားသူများနှင့် ယှဉ်လျှင် စီမံခန့်ခွဲမှု သိပ်မကောင်းပေ။ သို့သော် သူ့တွင် အနာဂတ်မှ ဉာဏ်ပညာများ ရှိပေသည်။ သူသည် အရှေ့မြောက် စျေးကွက်ကို ပိုင်ဆိုင်ရန်အတွက် လုံးဝပြဿနာရှိမည် မဟုတ်ပေ။

ဖုန်းမိသားစုသည် ဝက်ခြံကို အမည်ပေးရန်အတွက် အငြင်းပွားမှုများ ဖြစ်နေသည်။

“မင်း ဘာအကြောင်း ပြောလိုက်တာလဲ၊ ဝက်တွေကလည်း အမှတ်တံဆိပ်လိုတာလား ”

ဖုန်းယွီသာ သူ့သားမဟုတ်ပါက ဖုန်းရှင်းထိုက်သည် သူ့အား အိမ်အပြင်သို့ နှင်ချလိုက်ပြီ ဖြစ်သည်။ ထိုအရာက ဝက်များသာ ဖြစ်သည်။ ဝက်များတွင် အမှတ်တံဆိပ်ကို မည်သို့ အသုံးပြုသနည်း။ အမှတ်တံဆိပ်နှင့်ဆိုလျှင် ဝက်များသည် ထပ်ပြီး ဝက်ဖြစ်မည် မဟုတ်ပေလော။

“အဖေ ကျွန်တော်တို့ရဲ့ ကြော်ငြာတွေကို သတင်းစာရော၊ တီဗီမှာရော ကြော်ငြာပြီး ကျွန်တော်တို့ ပဲပိစပ်ဆီအတွက် ဂရမ်းဒင်းကို ရခဲ့တယ်၊ ရောင်းအားကလည်း ဂွတ်ဆီစက်ရုံထက်တောင် ပိုကောင်းလာတယ်၊ သကြားလည်း ထိုနည်း၎င်းပဲ၊ တကယ်လို့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်ကို သုံးပြီး ကျွန်တော်တို့ သကြားတွေကို ထုတ်ခဲ့တယ်၊ ပြီးတော့ ကျွန်တော်တို့ မျှော်မှန်းထားတာထက် အမြတ်တွေ ရခဲ့တယ်၊ ဝက်တွေလည်း အဲ့လိုပဲ ဖြစ်မှာ၊ အမှတ်တံဆိပ်နဲ့ဆိုရင် ဘယ်သူမဆို ဝက်ဝယ်တဲ့ အချိန်တိုင်း ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်က သူတို့ပထမဦးဆုံး တွေးတဲ့ အမှတ်တံဆိပ်ပဲ ဖြစ်မှာ ”

ဖုန်းရှင်းထိုက်က သူ့ခေါင်းကို ကုတ်လိုက်သည်။ ဖုန်းယွီပြောသလို ဖြစ်မည်ဆိုပါက အဘယ့်ကြောင့် ဝက်များကို နာမည်အသုံးမပြုဘဲ နေမည်နည်း။ ဖုန်းယွီက ထိုက်ဟွဟူသည် နာမည်ကို သုံးမည်ဆိုပါက သူ့အနေဖြင့် တစ်ချက် ကြမ်းကြမ်း ရိုက်လိုက်မည်ပင်။

“အဲ့တာဆိုရင် ငါတို့ရဲ့ဝက်သားတွေအတွက် ဘယ်နာမည်က ကောင်းလဲ၊ ငါ မင်းကို အခုသတိပေးလိုက်မယ်နော်၊ မင်း နတ်ပြည်မှ စစ်သူကြီးဆိုတဲ့ဟာကို ထပ်မပြောရင် ကောင်းလိမ့်မယ်၊ အရင်တစ်ခေါက်က မင်း အဆုံးကာရန်တူ နှစ်ကြောင်း ကဗျာရေးတုန်းက လက်ထောက် လယ်တောတာဝန်ခံက ဒုတိယအပိုဒ်ကို ဆိုလိုက်ပြီး သူ တွေးတောသွားလို့ ဆေးရုံတောင် တင်လိုက်ရတယ် ”

ဖုန်းရှင်းထိုက် ထိုသို့ ပြောလိုက်သည့် အချိန်တွင် သူ ရယ်လုနီးပါးပင်။ သူ့အနေဖြင့် ကာရန်တူနှစ်ကြောင်းတူ ကဗျာအကြောင်း သိပ်မစဉ်းစားပေ။ သို့သော် ကာရန်တူ နှစ်ကြောင်း ကဗျာ၏ ဝက်ခြံပုံကို မြင်သည့်အခါ သူက ရုတ်တရက် ဒုတိယကာရန်ဖြစ်သည့် ကမ္ဘာပေါ်မှဝက် ဆိုသည်ကို ထွက်မိသွားသည်။ ယင်းက ကျွန်တော်သည် ဝက်တစ်ကောင် ဖြစ်သည်နှင့် အဓိပ္ပာယ်တူတူပင်။

သူ့ပတ်ပတ်လည်ရှိ လူများက ဟားတိုက်ရယ်ကြပြီး လက်ထောက်အရာရှိရွီ၏ သွေးက ရုတ်တရက် ဆောင့်တိုးကာ မူးမေ့လုနီးပါး ဖြစ်သွားသည်။ ထိုအချိန်မှ စပြီး သူ့အနေဖြင့် ထိုဝက်ခြံကို ဘယ်တော့မှ ခြေမချတော့ပေ။ ထိုအရာက ဖုန်းရှင်းထိုက်ကို ဒုက္ခပေးရာမှ အနည်းငယ် လျော့သွားပေသည်။

“ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ ဝက်တွေကို ငယ်ရွယ်ပြီး ပျော်ရွှင်သောလို့ ပေးရင် မကောင်းဘူးလား ”

ဖုန်းယွီက သိချင်စိတ်ဖြင့် အကြံဉာဏ် ပေးလိုက်သည်။ ‘ငယ်ရွယ်ပြီး ပျော်ရွှင်သောဝက်ခြံ ’ အသံသည် ပျော်ရွှင်ဖွယ်ကောင်းပြီး လွယ်ကူစွာ မှတ်နိုင်သည်။

“ငယ်ရွယ်ပြီး ပျော်ရွှင်ဖွယ် ကောင်းသောလား၊ ဘယ်လို ရူးချင်စရာကောင်းတဲ့ နာမည်ကြီးလဲ၊ မရဘူး ”

ဖုန်းရှင်းထိုက်သည် အနာဂတ်ရှိ နာမည်ကျော်ကြားသည့် တီဗီရုပ်သံ ဇာတ်လမ်းတွဲ၏ နာမည်ကို မသိပေ။ သူက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

ဖုန်းယွီက အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော် သူသည် သူ၏ဝက်ခြံ အမှတ်တံဆိပ်အတွက် နာမည်ပေါင်း များစွာ စဉ်းစားသည်။ သူစဉ်းစား၍ ရသည့် နာမည်များကို မသုံးနိုင်ပါက သူ့အနေဖြင့် အရင်ဘဝရှိ အခြား အမှတ်တံဆိပ်၏ နာမည်ကို သုံးမည်ပင်။

“နှစ်ဆအကျိုးကျေးဇူးဆိုရင်ရော ဘယ်လိုလဲ၊ အဲ့တာက ဦးစားပေးပြီး စျေးသက်သာတယ် ”

“ငါတို့တွေက ဝက်ရောင်းနေတာ၊ ဘာလို့ စျေးနှုန်း သင့်တင့်လျောက်ပတ်တဲ့ အကြောင်း ပြောနေတာလဲ၊ မင်းရောင်းတဲ့ အခြားအရာတွေကလည်း တခြားလူတွေထက် အမြဲတမ်း စျေးများနေတာ၊ မရဘူး ”

“အဲ့တာဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ ဒေသနာမည်ရော၊ ဥပမာအနေနဲ့ ကျွန်တော်တို့ရဲ့ဒေသ ”

“မရဘူး၊ ငါတို့ရဲ့ဒေသရဲ့ နာမည်က အရမ်း အတိတ်နိမိတ် ကောင်းတာ မဟုတ်ဘူး၊ ထပ်ပြီးပြောရရင် ငါတို့ရဲ့ဒေသရဲ့ နာမည်ကို အာဇာနည်တစ်ယောက်ရဲ့ နာမည်ကို မှည့်ထားတာ၊ ဘယ်လိုလုပ် အာဇာနည်ရဲ့နာမည်ကို ဝက်တွေမှာ သုံးမှာလဲ ”

ဖုန်းရှင်းထိုက်က ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။

ဖုန်းယွီက ပြောလိုက်သည်။ သူ့အနေဖြင့်လည်း ယင်းနာမည်က မသင့်လျော်ဟု ခံစားရသည်။

“အဲ့တာဆိုရင် ဘင်းမြို့တော် ဝက်ခြံဆိုရင်ရော၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အဓိကစျေးကွက်ကလည်း ဘင်းမြို့တော်ပဲလေ ”

“ငါတို့ရဲ့ဝက်ခြံက ဘင်းမြို့တော်မှာ ရှိတာမဟုတ်ဘူး၊ ဘာလို့ ငါတို့တွေက ဘင်းမြို့တော်ဝက်ခြံလို့ အမည်ပေးရမှာလဲ ”

ဖုန်းရှင်းထိုက်သည် ဖုန်းယွီ အကြံဉာဏ် ပေးသမျှ နာမည်အားလုံးကို ငြင်းဆိုသည်။

“အဲ့တာဆိုရင် ထျန်ဖုန်းလို့ ပေးရင်ရော ”

စစ်သူကြီး ထျန်ဖုန်းသည် ဝက်နာမည်ဖြစ်ပြီး သူသည် နတ်ပြည်တွင် စစ်သူကြီးဖြစ်စဉ်က စစ်သူကြီး ထျန်ဖုန်းဟု အမည်ရခဲ့သည်။ ထိုနာမည်က တိုပြီး ရိုးရှင်းသည်။ မည်သူမဆို ယင်းကို ကြားပါက ဝက်ရောင်းမည်မှန်း သိနိုင်ပေသည်။

ဖုန်းယွီက သာမန်သာ ပြောလိုက်သည်။

သူသည် သူ့အဖေ၏ ငြင်းဆိုမှုကို စောင့်ဆိုင်းနေသည်။ ပြီးနောက် သူက ရွှေရောင်ဂုံးဟု ထပ်ပြီး အကြံဉာဏ် ပေးမည်ပင်။ ဂုံးဆိုသည့်အသံက ဆူညံသည့် အသံဖြစ်ပြီး ရွှေရောင်ဂုံးသည် ချမ်းသာခြင်းနှင့် ကျန်းမာခြင်း ရောက်ရှိလာသည့် အမှတ်သင်္ကေတ ဖြစ်ပေသည်။ သူ့အဖေသည် ယင်းနာမည်ကို သဘောကျမည်ပင်။ သို့သော် ဖုန်းယွီအနေဖြင့် သူ့အဖေက ထျန်ဖုန်းဟူသည့် အမည်ကို ကြိုက်မည်မှန်း မမျှော်လင့်ခဲ့ပေ။

ဖုန်းရှင်းထိုက်က သူ့မိန်းမဘက်လှည့်ကာ မျက်တောင် ခတ်ပြသည်။

“မိန်းမ ဒီနာမည်ကို ဘယ်လိုထင်လဲ ”

“ထျန်ဖုန်းဝက်ခြံလား၊ အဲ့နာမည်က တကယ်ပဲ သင့်လျော်လို့လား ”

သူမက ငိုချင်သယောင် ဖြစ်သွားသည်။ အဖေနှင့် သားသည် အချိန်အတော်ကြာ ဤနာမည် တစ်ခုရရန် ငြင်းခုန်ခဲ့သည်လော။

“ကန့်ကွက်မှု မရှိတော့ဘူးဆိုရင် နာမည်က အဲ့တာ ဖြစ်သွားပြီ၊ မနက်ဖြန်ကစပြီး ဘင်းမြို့တော်မှာ အမှတ်တံဆိပ် တင်သွင်းဖို့ တစ်ယောက်ယောက်ကို ပြောလိုက်မယ်၊ ကျွန်တော့်အနေနဲ့ ထျန်ဖုန်းဝက်တွေက ဘင်းမြို့မှာ နာမည်အကြီးဆုံး ဖြစ်မယ်လို့ အာမခံတယ် ”

ဖုန်းယွီက ပြောလိုက်သည်။ သူသည် အလွန်ကို ကျေနပ်နေသည်။ ပြီးနောက် သူ့အနေဖြင့် ရွှေရောင်ဂုံးဟူသည့် နာမည်ကိုလည်း အသုံးပြုရန်မလိုပေ။ သို့သော် ထျန်ဖုန်းဟူသည့် နာမည်ကလည်း မဆိုးပေ။ ဖုန်းယွီလည်း သူကိုယ်တိုင် နှစ်ခြိုက်ပေ၏။

စိုက်ပျိုးရေး ဌာနရှိအရာရှိချုပ်က ဖုန်းရှင်းထိုက်ကို ကြည့်ကာ ပြောစရာ စကားမဲ့နေသည်။ လူအိုဖုန်း ဘာလုပ်နေသနည်း။ အဘယ့်ကြောင့် သူ၏ဝက်ခြံကို ထျန်ဖုန်းဝက်ခြံဟု အမည်ပြောင်းသနည်း။ လွန်ခဲ့သည့် အချိန်က တံခါးပေါ်တွင် နှစ်လုံးစပ်ကဗျာရှိပြီး ထိုအချိန်က လူအများကို ပြောစရာ စကားမဲ့သွားစေသည်။ သူ့အနေဖြင့် ထိုအရာများကို လက်ထောက်အရာရှိရွီကို စိတ်ကုန်သည့် အတွက် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်သည်လော။

“အရာရှိချုပ် ဒါက စည်းမျဉ်းစည်းကမ်းတွေနဲ့ မငြိစွန်းဘူးမလား၊ ကျွန်တော်တို့တွေက ဒီနာမည်ကို ပေးပြီး ပျော်ရွှင်နေကြတာ၊ ကျွန်တော်တို့တွေက အဲ့ဒီအကြောင်းကို လေးလေးနက်နက် တွေးထားတယ် ”

အရာရှိချုပ်က နောက်ကို လှန်ကာ ဟားတိုက်ရယ်လိုက်သည်။ လေးလေးနက်နက် အတွေးလား။ ဖုန်းရှင်းထိုက်က ဒီအတိုင်းနာမည်ကို ပေးမယ်ဆိုရင် ဘယ်လိုနာမည်တွေ ထွက်လာမလဲ။ ဝက် ဝက် ဝက် လား။ မစ္စတာသန်မာတဲ့ဝက်လား။

တကယ်တမ်းကျတော့ ဖုန်းယွီသည် ပိုကောင်းသည့် နာမည်တစ်ခုကို စဉ်းစားခဲ့သည်။ စစ်သူကြီးဝက် ဖြစ်သည်။ သို့သော် ယင်းနာမည်က တရုတ်ပြည်၏ ခေါင်းဆောင်များ၏ နာမည်တစ်ခုနှင့် အသံတူပြီး သူက လူအများသည် ယင်းနာမည်က အရာရှိကို စော်ကားခြင်း ဖြစ်မည်ကို သူကြောက်ရွံ့သည်။

“လူအိုဖုန်း ဘာကြောင့် ဝက်ခြံရဲ့နာမည်ကို အရင်နာမည် ဝက်ခြံလို့ မထားရတာလဲ၊ ဘာကြောင့် ထျန်ဖုန်းဆိုတဲ့ နာမည် ပေးမှရမှာလဲ ”

အရာရှိချုပ်က မေးလိုက်သည်။

“အရာရှိချုပ် ဝက်တွေကလည်း အမှတ်တံဆိပ် လိုတယ်၊ ကျွန်တော်တို့ရဲ့ ပဲပိစပ်ဆီနဲ့ သကြားကို ကြည့်၊ ကျွန်တော်တို့ရဲ့ အရောင်းက ကောင်းတယ်၊ ဘာကြောင့်လဲဆိုတော့ အမှတ်တံဆိပ်ကြောင့်လေ၊ ဒီဝက်တွေကလည်း အတူတူပဲ၊ ဒါက နာမည်ရှိတဲ့ ထုတ်ကုန်နဲ့ နာမည်မရှိတဲ့ ထုတ်ကုန်ရဲ့ ကြီးမားတဲ့ ကွာခြားချက်ပဲ၊ အမှတ်တံဆိပ်တွေက စားသုံးသူရဲ့ယုံကြည်မှုကို ပေးစွမ်းတယ် ”

ဖုန်းရှင်းထိုက်သည် ယမန်နေ့က ဖုန်းယွီဆီမှ သင်ထားသည့်အရာအားလုံးကို ပြောပြလိုက်သည်။

“အမှတ်တံဆိပ်လား၊ အဲ့တာဆိုရင် ဘာကြောင့် ငါတို့ဒေသရဲ့နာမည်ကို မသုံးရတာလဲ ”

အရာရှိချုပ်သည် ဖုန်းရှင်းထိုက်ထံမှ အချို့သော အကျိုးကျေးဇူးများ ရရန်မျှော်လင့်နေသည်။ အကယ်၍ ထိုက်ဟွ အဆင့်မြင့် ဟင်းချက်ဆီက သူတို့ဒေသ၏ နာမည်ကို သုံးပါက သူတို့၏ လူမှုအသိုက်အဝန်းကိုလည်း ကြော်ငြာရာ ရောက်ပေသည်။

“အာဇာနည်သူရဲကောင်း တစ်ယောက်ရဲ့ နာမည်ကို ဝက်ခြံမှာ သုံးမလို့လား၊ ထျန်ဖုန်းက ပိုကောင်းတဲ့ နာမည်ပဲ၊ အရာရှိအနေနဲ့ ဒီနာမည်ကို ကြားတာနဲ့ ဒီဝက်တွေက နတ်ဘုရား ဝက်တွေလို့တောင် သိလိမ့်မယ်၊ အိုး ဟုတ်သားပဲ၊ နှစ်သစ်ကူးကျရင် ကျွန်တော်တို့ရဲ့ ဝက်ခြံက စိုက်ပျိုးရေး ဌာနမှာရှိတဲ့ ဆင်းရဲတဲ့မိသားစုတွေကို ကူညီဖို့ ဝက်ဆယ်ကောင် လှူဒါန်းပါမယ် ”

ဖုန်းရှင်းထိုက်က ဖုန်းယွီ သင်ပေးထားသည့် စကားများကို သုံးကာ ပြောလိုက်ပြန်သည်။ မျှော်မှန်းထားသည့် အတိုင်းပင် အရာရှိချုပ်က ထိုအရာကို ကြားပြီးနောက် သူသည် မည်သည့် ငြင်းဆိုချက်မှ ထပ်မလုပ်တော့ပေ။

ထိုနေ့မှ စပြီး တရုတ်ပြည်၏ နာမည်အကျော်ကြားဆုံး ထျန်ဖုန်းဝက်သားက မွေးဖွားခဲ့ပြီ။

***

All Chapters