← Chapters

ဝိဥာဥ် လက်နက်များ

Vol. 7 Ch. 104

ဝိဥာဥ် လက်နက်များ

Vol. 7 Ch. 104

#ဘာသာပြန် = စနိုးဝှိုက်

အချိန်ကို ထပ်ပြီး မဖြုန်းတော့ပဲ..ဆန်နီဟာ ဝိဥာဥ် ပင်လယ်ထဲကို ဝင်သွားခဲ့တယ်..။

သူက စိတ်လှုပ်ရှားနေပေမယ့်..ဝိဥာဥ် ပင်လယ်ကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေခဲ့ပါတယ်..။ဘာမှမရှိတဲ့ ရေပြင်က အတော်လေး တိတ်ဆိတ်နေပြီး..ကောင်းကင်ပေါ်မှာတော့ အရိပ်အမြုတေက ကြယ်တစ်ပွင့်လို လွင်မြောနေခဲ့ပါတယ်..။သေးငယ်တဲ့ ဂြိုလ်လေးတွေက သူ့ရဲ့ ဘေးနားမှာ လည်ပတ်နေခဲ့တယ်..။

တိတ်ဆိတ်တဲ့ အရိပ်တွေက ရှိနေဆဲဖြစ်ပြီး..အမှောင်ထုရဲ့ ထောင့်စွန်းနားမှာ ခံစားချက်မဲ့စွာ ရပ်နေကြပါတယ်..။အရင်ကနဲ့ နှိုင်းယှဥ် ရင် သူတို့ရဲ့ အရွယ်အစားက သိသိသာသာပဲ ကြီးလာခဲ့တာ တွေ့ရတယ်..။ဆန်နီရဲ့..ရန်သူအရေအတွက် စုဆောင်းမူကလည်း အံ့ဩစရာပါပဲ..။သူတို့ကို ဖြတ်သွားတဲ့ အချိန်မှာတော့..သူ တစ်ကောင် ပြီး တစ်ကောင် ကြည့်လိုက်ရင်း..အရင်က ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲတွေကို ပြန်အမှတ်ရနေခဲ့ပါသေးတယ်..။

ဒါက သူ့ရဲ့ အကုသိုလ်တွေကို..ကိုယ်စားပြုတဲ့ ကိုယ်ပိုင် ပြတိုက်တစ်ခုလိုပါပဲ..။

"ခနလေး...အကုသိုလ်လား..။ဘာလို့ အကုသိုလ် လဲ"

အဲ့အချိန်မှာပဲ..ဆန်နီ ရပ်လိုက်မ်ိတယ်..။သိပ်မဝေးတဲ့ နေရာမှာတော့..ကြောက်စရာ သားရဲကြီးတွေ ကြားထဲမှာ ရှိနေတဲ့ ခပ်ပိန်ပိန် အရိပ်တစ်ခုက သူ့ကို ခံစားချက်မဲ့တဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့ပါတယ်..။

ဒီအရိပ်က..ဆန်နီထပ် သိပ်ပြီး အသက်မကြီးတဲ့ လူငယ်လေး တစ်ယောက် ရဲ့ အရိပ်ပါ..။သူက..ရဲတိုက်ရဲ့ အပြင်ဘက်မှာ နေထိုင်ပြီး တစ်ခြားလူတွေလိုပဲ အသက်..ရှငိသန်ဖို့ ရုန်းကန်ခဲ့ရပါတယ်..။အဲ့တုန်းက...အဲ့တုန်းက.....

ဆန်နီ အဝေးကိုကြည့်လိုက်တယ်..။

"ငါ့ကို အဲလိုမကြည့်နဲ့..။အဲတာ မင်းရဲ့ အမှားပဲ အရူး..။မင်း ငါ့ကို ဒီမေးခွန်းတွေ မမေးခဲ့သင့်ဘူး..."

သူ့လက်နဲ့ သတ်ခဲ့တဲ့ လူသုံးယောက်ထဲမှာ ဒီတစ်ယောက်ကပဲ..ဆန်နီကို ခံစားချက် တစ်မျိုးဖြစိပေါ်စေတာပါ..။ဘာလို့လဲ ဆိုတော့ ဒါက တိုက်ပွဲကြောင့် မဟုတ်သလို..ပုဂ္ဂိုလ်ရေးဆိုင်ရာ..တွေကြောင့်လည်း မဟုတ်ခဲ့ပါဘူး..။ဒီတစ်ယောက်က..ဒီတစ်ယောက်က သွေးအေးအေးနဲ့..အဆုံးသတ်သွားခဲ့တာပါ..။

ဒါကလည်း သူ ရဲတိုက်ကနေ ထွက်လာခဲ့တဲ့ အကြောင်းပြချက် တွေထဲက တစ်ခုပါပဲ..။

ဆန်နီ မျက်နှာမဲ့သွားခဲ့တယ်..။

"ငါ့ကို ကြည့်နေတာ ရပ်လိုက်လို့ပြောနေတယ်လေ..။ဒီတိုင်း သေနေလိုက်ပြီး..ငါ့ကို အနှောက်ယှက် လာမပေးနဲ့..."

သူ ဒေါသထွက်စွာပဲ အကြည့်ကိုလွှဲလိုက်တယ်..။မကြာခင်မှာပဲ..သူက သွေးမိစ္ဆာ ၊ အမဲလိုက်အဖွဲ့ ခေါင်းဆောင် နဲ့ ​ကျောက်တုံး သူတော်စင်တို့ ​ရဲ့ အရိပ်တွေ ဘေးနားကနေ ဖြတ်လျောက်လာခဲ့တယ်..။

ကျောက်တုံး မွန်းစတား ရဲ့ ပုံရိပ်ကို မြင်လိုက်တဲ့ အချိန်မှာတော့ ဆန်နီ ခုနက အဖြစ်အပျက်ကို မေ့သွားပြှး ပြုံးလိုက်မိတယ်။ဘာပဲဖြစ်ဖြစ် သူက ထပ်တူညီ မူကို ကြည့်ဖို့အတွက် ဒီကို လာခဲ့တာပါ..။

သူ့ရဲ့ အမိန့်ပေးမူ အောက်မှာ ရှိနေတဲ့ နောက်ထပ် ထပ်တူညီမူ တစ်ခုကို ရလိုက်တာက တကယ်ကို အံ့ဩစရာပါပဲ..။သစ္စာရှိတဲ့ ကြေးခွံသားရဲ တစ်ကောင်ကလည်း အရင်တုန်းက ဆန်နီကို အတော်လေး အကူညီ ပေးခဲ့ပါတယ်..။နတ်ဘုရားအဆင့် စွမ်းရည် နဲ့..ပြိုင်ဘက်ကင်း စွမ်းဆောင်နိုင်စွမ်း တွေ ရှိနေတယ် ဆိုရငိတောင် ဆန်နီရဲ့ အဆင့်က အခုအှ အိပ်စက်သူ ပဲ ရှိနေသေးတာပါ..။ဒါက ထပ်တူညီမူထက် ..တစ်ဆင့်တောင် နိမ့်ကျပါတယ်..။

အရင်က ကြေးခွံသားရဲဆိုတာက..ဒီတိုင်း သားရဲ တစ်ကောင်သာ ဖြစ်ပြီး ကျောက်တုံးသူတော်စင်ကတော့..မွန်းစတား တစ်ကောင်ပါ..။သူမရဲ့ လုပ်နိုင်စွမ်းတွေက ဆန်နီ ထင်ထားတာ ထက်တောင် အများကြီး ပိုပါသေးတယ်..။

ဒီလို အစေခံမျိုးရှိနေတာက မဖြစ်နိုင်တဲ့..အရာတွေကို ဖြစ်နိုငအောင်..ပြုလုပ်နိုင်စွမ်းရှိပါတယ်..။သို့ပေမယ့် ဆန်နီက ပိုပြီးတောင် လုပ်ချင်ပါသေးတယ်..။သူပရဲ့ စွမ်းဖည် အသစ်က ဘယ်လိုတွေ စွမ်းဆောင်နိုင်စွမ်းရှိနေမလဲ ဆိုတာကို သူက စောင့်နေခဲ့တာပါ..။

မကြာခင်မှာပဲ..သူက သူ့ရဲ့ အရိပ်အမြုတေ ဖြစ်တဲ့ အနက်ရောင် နေရဲ့ အောက်ကို ရောက်လာခဲ့ပြီး မှတ်သားမူ ဂြိုလ် အလင်းရောင်လေးတွေကို ကြည့်နေခဲ့တယ်..။

အခုဆိုရင် ကိုးခု တောင် ရှိနေခဲ့ပါပြီ..။

သူ အမြဲတမ်းလိုလို အသုံးပြုနေခဲ့တာက ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ၊ သန်းခေါင်ယံ အမြုတေ ၊ လုပ်ကြံမူ ဆူးချွန် ၊ သာမန် ကျောက်တုံး နဲ့ အဆုံးမရှိတဲ့ စမ်းချောင်း တို့ပါ..။

သူ တစ်ခုချင်းစီကို ထုတ်ယူလိုက်ပြီး မှတ်သားမူ ဘေးနားမှာ ရှိနေတဲပ..အချက်အလက် ဇယားကို ဖတ်ကြည့်လိုက်ပါတယ်..။

သူ က ကြမ်းတမ်းတဲ့ အကာအကွယ် ဖြူးကောင်ကို အနိင်ယူပြီးတဲ့ အချိန်မှာ အသုံးဝင်တဲ့ ကူနယ်ကို ရရှိခဲ့တာပါ..။ဒီအရာက ဆန်နီရဲ့ ခန္တာကိုယ်ကို အရိုးထဲထိ ထိခိုက်မူတွေ ၊ အပေါက်တွေ များစွာ ဖြစ်ပေါ်စေခဲ့ပေမယ့်လည်း ဆုလာဒ်ကတော့ ထိုက်တန်ခဲ့ပါတယ်..။

မှတ်သားမူ : [ လုပ်ကြံမူ ဆူးချွန် ]

မှတ်သားမူဘအဆင့် : နိုးထမူ

သတ်မှတ်ချက် : ll

မှတ်သားမူ အမျိုးအစား : လက်နက်

မှတ်သားမူ ဖော်ပြချက် : [ ဒီ ပျံသန်းနေတဲ့ သုံးမြှောင့် ဆူးချွန်းလေးဟာ..ငယ်ရွယ်တဲ့ အလှအပ တစ်ခုလိုပဲ ခန့်မှန်း၍ မရပေ..]

မှတ်သားမူ အခြေအနေ : [ သစ္စာဖောက်မူ၏ နှင်းဆီ ]

အခြေအနေ ဖော်ပြချက် : [ လုပ်ကြံမူ ဆူးချွန်သည် အသုံးပြုသူနှင့်အတူ အမြင်ရသည့် ကြိုးတစ်ချောင်းနှင့် ဆက်သွယ်နေမည်..။ဒီကြိုးက သန်မာပြီး..သစ္စာမဲ့သော သံယောဇဥ် ကဲ့သို့ စိတ်ဖြင့် ဆက်နွယ်နိုင်သည်]

ဖော်ပြချက်ကို ပထမဆုံးဖတ်ပြီးတဲ့ နောက်မှာတော့ ဆန်နီဟာ..အခိုက်အတန့်က သူချစ်ရတဲ့ တစ်စုံတစ်ယောက်ရဲ့ စွန်ပစ်ခံရမူကို ..ကြုံခဲ့ရတာလား လို့တောင် သိချင်သွားခဲ့ပါတယ်..။အချက်အလက် ဇယားက..လက်တွေ့ဘဝက ကြည့်ရင် အတော်လေး ခါးသက်တာပါ..။

နောက်တစ်ခုက..အန္တရာယ် အများဆုံး မှတ်သားမူ ဖြစ်တဲ့ စကားပြောတဲ့ ကျောက်တုံးပါ..။

မှတ်သားမူ : [ သာမန်ကျောက်တုံး ]

အဆင့် : နိုးထမူ

သတ်မှတ်ချက် : l

အမျိုးအစား : အရာဝတ္တု

ဖော်ပြချက် : [ သာမန်ကျောက်တုန်းတစ်တုံးဖြစ်သည်]

မှတ်သားမူ အခြေအနေ : [ မရှိ ]

အခြေအနေ ဖော်ပြချက် : [စကားလုံးများက ဓားသွားထက်ပင် ထက်မြက်သည်..။ကျောကိတုံးက စကားလုံးတွေထက် ပို၍ ထက်မြက်၏ ]

ရယ်စရာ အချက်က ဒီ သာမန်ကျောက်တုံးက အသံပေါင်းများစွာကို..လိုက်ပြီး ပြုလုပ်နိုင်ပါတယ်..။ဒါတောင်မှ သူက လိမ်ညာလို့ မရတဲ့လူရဲ့ လက်ထဲကို ရောက်လာပါသေးတယ်..။အခုတော့ သူက ကမ္ဘာနှစ်ခုကြားထဲမှာ..အရိုးသားဆုံး မှတိသားမူ ဖြစ်နေခဲ့ပါပြီ..။

ဒါကြောင့် ဆန်နီ သူ့ရှေ့မှာ စကားတစ်ခွန်း မပြောခင်မှာ နှစ်ခါလောက် ပြန်စဥ်းစားနေရပါတယ်..။

သူ တစ်ချက်လောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့ နောက်ဆုံးမှတ်သားမူက သူ့အတွက် အဖိုးအတန်ဆုံး တောင်ဖြစ်နိုင်ပါတယ်..။ဒါက ကတ်စီ သူ့ကို နှုတ်ဆက်လက်ဆောင် အဖြစ်ပေးခဲ့တဲ့..လှပတဲ့ ဖန်ပုလင်းလေးပါ..။

မှတ်သားမူ : [ အဆုံးမရှိတဲ့ စမ်းချောင်း ]

မှတ်သားမူ အဆင့် : ပြောင်းလဲမူ

သတ်မှတ်ချက် : lV

အမျိုးအစား : အရာဝတ္တု

ဖော်ပြချက် : [ အချစ်ကြီးတဲ့ နတ်ဆိုးတစ်ကောင်ဟာတစ်ချိန်တုန်းက ဒီ ဖန်ပုလင်းရှိ ကြီးမားသည့် မြစ်ကြီးထဲတွက် အကျဥ်းချခံထားခဲ့ရသည်။ဒါက လှပတဲ့ ဝိဥာဥ် လေး အတွက် သူ၏ လက်ဆောင်ဖြစ်၏ ]

မှတ်သားမူ အခြေအနေ : [ ရေ လက်ဆောင် ]

အခြေအနေ ဖော်ပြချက် : [ ဒီပုလင်းသည်..ရေမရှိသည့် သဲကန္တာရ ထဲရှိ ပန်းပွင်များကို ပွင့်လန်းစေရန် ပင် လုံလောက်သည့် ရေပါရှိသည် ]

ဒီတစ်ခုကတောပ အတော်လေးကို ကဗျာ ဆန်တာပါ..။ကြည့်ရတာတော့ အခိုက်အတန့် က မှတ်သားမူတိုင်းအတွက် ဒီလို ဖော်ပြချကိတွေ ထည့်ပေးလိုက်သလိုပဲ..။ဒါတွေက အမှန်တကယ်ပဲ လေးနက်မူ ရှိရဲ့လားဆိုတာကို ဆန်နီ မပြောနိုင်တော့ပေ..။

သက်ပြင်းချလိုက်ပြှီး အဆုံးမရှိတဲ့ စမ်းချောင်း ပါဝင်တဲ့ ဂြိုလ်လေးကို အပေါ်ပြန်တင်လိုက်ကာ လှမ်းကြာ့်လိုက်တယ်..။

နောက်ထပ် မှတ်သားမူ လေးခုက အရမ်းကြီး အသုံးမဝင်ပါဘူး..။သူတို့ထဲက တစ်ခု က အရမ်းကြီးမားတဲ့ ဒိုင်းကာ ကြီးတစ်ခု ဖြစ်ပြီး ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ထက်တောက် ဆိုးဝါးပါတယ်..။နောက်တစ်ခုက ဖန်မျက်လုံးဖြစ်ပြီး အဆုံးမရှိတဲ့ အနီရောင် အလင်းတန်းတွေကို ထုတ်ပေးနိုင်ပါတယ်..။နောက်တစ်ခုက သူ ပထမဆုံးရရှိခဲ့တဲ့ ငွေရောင် ခေါင်းလောင်းပါ..။

ကျန်တဲ့အရာတွေကလည်း သူ လမ်းဘေးက အားနည်းတဲ့..မွန်းစတားတွေကို သတ်ရင်းရခဲ့တာတွေ ပါဝင်ပါတယ်..။သူ နောက်တစ်ခါ ရဲတိုကိကို သွားရင်သူ့အတွက် သင့်တော်တဲ့အရာတွေနဲ့ ဒီဟာတွေကို လဲလှယ်ရမှာပါ..။

မှတ်သားမူ တွေကို မေ့ထားလိုက်ရင် ဆန်နီဟာ..သူ့ခေါင်းအထက်မှာ တစ်ခုတည်း လွင့်​မျောနေတဲ့ အတောက်ပဆုံး ဂြိုလ်တစ်ခုကိုကြည့်လိုက်တယ်..။

ဒါက အသစ်ရရှိထားတဲ့ ထပ်တူညီမူပါ..။

သူ စိတ်နဲ့ ထိန်းချုပ်လိုက်ပြီး.. ဒီ ဂြိုလ်လုံး အနက်ရောင် ရေပြင်ကို ကျလာမယ့် အချိန်ကို စောင့်နေခဲ့တယ်..။သူ က ဖြည်းဖြည်းချင်း မှိန်လာခဲ့ပြီး ကျောက်တုံးပုံစံ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။

ဒီ တိတ်ဆိတ်နေတဲ့ ဝိဥာဥ် ပင်လယ်ကြီးထဲမှာတော့ ကျောက်တုံး သူတော်စင်က ရုပ်ထုတစ်ခုလိုပါပဲ..။သူမက အနီးစပ်ဆုံးတော့ အရပ်အမြင့်က ဆန်နီ လောက်ပဲ ရှိပါတယ်..။

သူမရဲ့ ခန္တာကိုယ် အချိုးအစားက လူသားလို ရှိနေခဲ့တယ်..။သူမရဲ့ အညိုရောင် အရောင်အဆင်းနဲ့..ကျောက်တုံးပုံစံ အရည်ပြားတွေကြောင့်သာ မဟုတ်ရင် ဆန်နီက အိပ်စက်သူနဲ့တောင် မှားနိုင်လောက်ပါတယ်..။ထပ်ပြောရရင် သူက သူမရဲ့ ဂုဏ်ယူစရာ အနက်ရောင် အကာအကွယ်နောက်က ခန္တာကိုယ်ကို သေချာ မမြင်ရပါဘူး..။

ဒီထူးဆန်းတဲ့ သားရဲရဲ့ သဘာဝက အတော်လေးကို ဆန်းကျယ် နေခဲ့တာပါ..။

All Chapters