← Chapters

ညဘက် ခရီးလမ်း

Vol. 7 Ch. 92

ညဘက် ခရီးလမ်း

Vol. 7 Ch. 92

#ဘာသာပြန် = စနိုးဝှိုက်

အမှောင်ထု လွှမ်းမိုးနေသည့် အချိန်တွင်..သေးငယ်သည့် လှေလေး တစ်စီးသာ အနက်ရောင် ပင်လယ်ပြင်ထက်မှာ ရွေ့လျားနေခဲ့တယ်..။ဒီလှေက..နတ်ဆိုးရဲ့ အရိုးတွေနဲ့ ပြုလုပ်ထားခြင်းဖြစ်ပြီး လေထုရဲ့ တွန်းကန် အားကြောင့်..အားစိုက် ရွေ့လျားနေခဲ့တာပါ..။ကျယ်ပြန့်တဲ့ တိတ်ဆိတ်မူ ၊ အလင်းမရှိမူ တွေ အောက်မှာတော့..လှေလေးက..လှိုင်းလုံးတွေကို ဓားသွားလို ထိုးဖောက်ပြီး ရွေ့လျားနေခဲ့တယ်..။

ရေတွေနဲ့ တိုက်မိတာကြောင့် တစ်ချက်တစ်ချက် အရိုးအက်ကွဲ သံက လွဲလို့ တစ်ခြား ဘာသံကိုမှ ကြားရခြင်း မရှိပါဘူး..။

ဆန်နီကတော့..ကြေးခွံ လှေလေးရဲ့ ဦးတည်ချက်ကို ထိန်းချုပ်နေခဲ့တယ်..။သူက အနောက် အရပ်ကို ဦးတည်ထားခဲ့တာပါ..။ဒါပေါ့ ဒီမှာ လမ်းပြဖို့ ကြယ်တွေရော ၊ လရော မရှိတာကြောင့် ဦးတည်ချက်ကို သွားဖို့က အတော်လေးကို ခက်ခဲပါတယ်..။သို့ပေမယ့် သူ့စိတ်ထဲမှာ မှတ်မိနေတဲ့..​ကြက်သွေးရောင်..အမြင့်တစ်နေရာက..သူ့ကို ဦးတည်ချက် ရွေးချယ်ဖို့ အထောက်အကူဖြစ်စေပါတယ်..။

အနက်ရောင် ကောင်းကင်က အပေါ်တွင် ရှိနေပြီး အနက်ရောင် ရေများက အောက်တွင်ရှိနေခဲ့တယ်..။

သူတို့ရဲ့ အောက်မှာတော့..မရေမတွက်နိုင်တဲ့..ထိပ်လန့်စရာ သတ္တဝါ များစွာ ရှိနေခဲ့တာပါ..။အကြိမ်အနည်းငယ်လောက်..အရိပ်တွေဟာ လှေငယ်နားကို ကပ်လာတာကို ဆန်နီ ခံစားရပါတယ်..။လှေရဲ့ အသံက သူတို့ကို ဆွဲဆောင်သလိုဖြစ်နေခဲ့တာပါ..။တစ်ခုခု လုပ်ဖို့ ဘာစွမ်းဆောင်နိုင်စွမ်းမှ မရှိတာကြောင့်..သူက တိတ်တိတ် နေဖို့သာ တတ်နိုင်ခဲ့တယ်..။သူ လုပ်နိုင်တာကတော့ ကြောက်ရွံ့စွာနဲ့..ဒီသားရဲကြီးတွေ ပြန်လှည့်သွားဖို့ ဆုတောင်းနေရတာပါပဲ..။

ကံကောင်းစွာပဲ..ကံတရားက သူတို့ဘက်မှာ ရှိနေခဲ့ပါတယ်..။ဖြစ်နိုင်တာက..ဒီဆာလောင်နေတဲ့ သားရဲတွေအတွက် သူတို့က စားဖို့တောင်..အတော်သေးငယ်နေခဲ့သလိူပါပဲ..။

သူတို့ ထွက်ခွာလာပြီး နာရီအနည်းငယ် ကြာတဲ့ အခါမှာတော့..ဆန်နီဟာ သူ့စိတ်ထဲက..ဆွဲငင်နေတဲ့ ခံစားချက်က ပျောက်ကွယ်သွားသလိူ ခံစားလိုက်ရတယ်..။သူ့ရဲ့ အတွေးတွေက ဖြည်းညှင်းစွာပဲ..ရှင်းလင်းလာခဲ့ပါပြီ..။မေ့ပျောက်တတ်တဲ့..အခြေအနေကလည်း..တစ်မိနစ်တိုင်း ပြေပျောက်လာခဲ့ပါတယ်..။မကြာခင်မှာပဲ သူ့ခေါင်းထဲမှာ ဖန်ခွက်ကွဲကြေသလို အသံ ထွက်ပေါ်လာပြီး..နောက်ဆုံးကျန်နေသည့်..မသိစိတ် တစ်ချို့ဟာ ပျောက်ကွယ်သွားခဲ့တယ်..။

သူက စိတ်ဝိဥာဥ် စားသုံးသူရဲ့ လက်ထဲကနေ လုံးဝ လွတ်သွားခဲ့ပါပြီ..။

စိတ်သက်သာရာရ စွာပဲ ဆန်နီ အကူညီမဲ့စွာပြုံးလိုက်တယ်..။သို့ပေမယ့် သူ့ အပြုံးတွေက အတော်လေးကို အားနည်းနေခဲ့တာပါ..။

စိတ်ရှုပ်ထွေးမူ တွေ ပျောက်ကွယ်သွားပြီး ဖြစ်တာကြောင့်..သူ့ရဲ့ ပုံမှန်အတိုင်း ထက်မြက်မူတွေ ပြန်ပေါ့်လာခဲ့ပါတယ်..။အရာရာတိုင်းက ရှင်းလင်းလာခဲ့ပြီး..ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံးကို အာရုံစိုက်နိုင်လာသလို ခံစားလိုက်ရတယ်..။

ဒါက တကယ်ကို အံ့ဩစရာ ခံစားချက်မျိုးပါ..။သို့ပေမယ့်..သေချာနားလည်သွားတဲ့ အချိန်မှာ..သူတို့ရဲ့ လက်ရှိအခြေအနေက ဘယ်လောက်တောင် အန္တရာယ်များလဲ ဆိုတာကို သတိထားမိလိုက်တယ်..။

သူတို့က ကံတရားကို ပုံအပ်ပြီး ချောက်ကမ်းပါး အစွန်းမှာ ရောက်နေကြတဲ့ လူတွေပါ..။အနက်ရောင် ပင်လယ်ရေပြင်ထဲကို လက်လုပ်လှေလေးနဲ့ ..ဖြတ်ကျော်တယ် ဆိုတာက တကယ်ကို တကယ်ကို ရူးမိုက်တဲ့ အရာတစ်ခုပါပဲ..။

သို့ပေမယ့်..မေ့ဖျောက်တတ်တဲ့ နေရာကနေ စတင်ရတာကတော့ ဆိုးဝါးတဲ့အရာ မဟုတ်ပါဘူး..။လုံးဝကို ဆိုးဝါးတဲ့ ငရဲလို နေရာမှာတော့..အရူးသွပ်ဆုံးရွေးချယ်မူက..အကောင်းဆုံး ရွေးချယ်မူပဲ ဖြစ်နေခဲ့တာပါ..။

ဆန်နီ အံကို ကြိတ်ထားပြီး အမှောင်ထဲကို ကြည့်နေခဲ့တယ်..။

မိနစ် အနည်းငယ်ကြာပြီး နောက်မှာတော့..ကတ်စီ ရုတ်တရက် လှုပ်လာခဲ့ကာ..လှေကို ဖြည်းညှင်းစွာ ရွေ့လျားစေခဲ့တယ်..။သူမက မှော်တုတ်ချောင်းကို နစ်ဖီ ဆီ ကမ်းပေးလိူက်ပြီး..ဆန်နီ အနားကို တိုးလိုက်ပါတယ်..။

သူမ ဘာလိုချင်တာလဲ ဆန်နီ မခန့်မှန်းရသေးခင်မှာပဲ..သူမရဲ့ တင်းကြပ်တဲ့ ပွေ့ဖက်မူကို ခံစားလိုက်ရတယ်..။မျက်မမြင် မိန်းကလေးက သူမရဲ့ မျက်မှာကို သူ့ရင်ဘတ်ထဲ ထည့်ထားပြီးမျက်ရည် တွေ ဆက်တိုက် ကျဆင်းနေလာခဲ့တာပါ..။

ဆန်နီ အေးခဲသွားခဲ့တယ်..။သူ ဘာလုပ်ရမလဲ ဆိုတာတောင် မသိတော့ပါဘူး..။ကတ်စီက သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ငိုနေတာကို သူခံစားမိပါတယ်..။သူ အခြေအနေကို နားလည်ဖို့ ကြိုးစားနေတုန်းမှာပဲ..သူမက တီးတိုးပြောလာခဲ့တယ်..။

"ကျေးဇူးပါ...ကျေးဇူးပါ..."

ရှက်ရွံ့မူ တွေ ပြည့်နှက်စွာပဲ..ဆန်နီဟာ လည်ချောင်းရှင်းကာ..ဟန်ဆောင်လိုက်တယ်..။

"အာ...ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး..။နင့်ရဲ့ သတိပေးမူ ကြောင့်သာ မဟုတ်ရင် ငါတို့ အဲ့မှာ ပိတ်မိနေကြဦးမှာ.."

ယင်းနောက် သူ လက်ကို မြှောက်ကာ..ရှက်ရွံ့စွာပဲ သူမ ကျော်ပြင်ကို ပုတ်လိုက်ပါတယ်..။

သူတို့ နှစ်ယောက်လုံးဟာ..အတတ်နိုင်ဆုံး အသံကို တိုးအောင်ပြောနေခဲ့တယ်..။ဒါက အနက်ရောင် ရေထဲက သားရဲတွေကို ဆွဲဆောင်သလိုဖြစ်သွားမှာ စိုးလို့ပါ..။

ကတ်စီ မိနစ်အနည်းငယ် ကြာအောင် တိတ်တဆိတ် ငိုပြီးကာမှာ..နောက်ဆုံးမှာ သူ့ကို လွတ်ပေးလိုက်တယ်..။သူမရဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း ခန္တာကိုယ်ကို ရွှေ့ကာ တီးတိုးပြောလိုက်ပါတယ်..။

"ငါ တောင်းပန်ပါတယ်.."

သူမ ရဲ့ အသံက နည်းနည်းတော့ ထူးဆန်းနေခဲ့တယ်..။စိတ်ရှုပ်ထွေးစွာပဲ ဆန်နီ မျက်ခုံးပင့်တင်လိုက်မိပါတယ်..။

'သူမက ဘာအတွက်ကို တောင်းပန်တာလဲ.. '

"အာ..ငါလည်းတောငိးပန်ပါတယ်..။အစောတုန်းက နင့်ကို အတင်းအကြပ် ဆွဲခေါ်လာတာလေ.."

သူမ ပြုံးလိုက်ပြီး..နောက်ဆုံးကျန်နေတဲ့ မျက်ရည်တွေကို သုတ်ကာ..လှေရဲ့ အလယ်ပိုင်းကို ပြန်သွားလိုက်တယ်..။

ဆန်နီက တစ်ယောက်တည်း ပြန်ဖြစ်သွားခဲ့ပါပြီ..။

ဆန်နီ..လှေကို ထိန်းချုပ်ရင်းနဲ့ အတွေးထဲမှာ ပြန်နစ်မျော သွားခဲ့ပါတယ်..။သူ့ရဲ့ စိတ်ကရှင်းလင်းလာတာ နဲ့ အမျှ ..အရာတွေ အများကြီးကို..စဥ်းစားလို့ရလာခဲ့ပါတယ်..။

သူတို့နဲ့ စိတ်ဝိဥာဥ် စားသုံးသူတို့ရဲ့ အဖြစ်အပျက်က..အတော်လေး ဆိုးဝါးပေမယ့် တစ်နည်းအားဖြင့် ပြောရရင် ဆန်နီ အတွက် ကောင်းကျိုးတွေလည်း ရှိခဲ့ပါတယ်..။

ဒီတစ်ကြိမ် သူ ရလိုက်တဲ့ ပမာဏက မယုံကြည်နိုင်စရာပါပဲ..။သူက အံ့ဩစရာ လက်နက်အသစ် တစ်ခု ၊ အရိပ် အပိုင်းအစ တစ်ရာကျော်နဲ့ စွမ်းရည် အသစ်နှစ်ခုကို ရရှိခဲ့ပါတယ်..။

နတ်ဘုရား တောက်ပမူက ..အရင်တစ်ခေါက် မြင်ရတာထက် အတော်လေးကို တိုးတက်လာခဲ့ပါတယ်..။သို့ပေမယ့်..သူပိုပြီး စိတ်ဝင်စားမိတာက..ဆန်းကျယ်တဲ့ ဝီဗာ သွေး ပါပဲ..။တစ်နည်းအားဖြင့် ပြောရရင် သူ ဒီ စွမ်းရည်ကို အထင်သေးမိသလို တောင် ဖြစ်ခဲ့တယ်လို့ ခံစားရပါတယ်..။

သူ့ရဲ့ မူလ အရင်းအမြစ်ကလည်း လျိုဝှက်ချကိတွေ နဲ့ ပြည့်နှက် နေခဲ့တာပါ..။သူသောက်ခဲ့တဲ့ ဆားငန်ရေ ရဲ့ပိုင်ရှင် ဝီဗာ ဆ်ိုတာက ဘယ်သူလဲ..။အခိုက်အတန့် ကတောင် သီးသန့်ပြောရလောက်အောင် သူက ဘယ်သူဖြစ်နိုင်မလဲ..။သူ့ရဲ့ နတ်ဘုရား တွေနဲ့ ဆက်နွယ်မူက ဘယ်လိုလဲ..။သူခိုးငှက်ရဲ့ အသိုက်ကနေ သူရရှိခဲ့တဲ့ အစောပိုင်း မှတ်သားမူ ရဲ့..အမျိုးအစား နဲ့ အဆင့်ကို မဖော်ပြထားတာလဲ..။

မှတ်သားမူ တစ်ခုကို နိုးထမူ အဆင့် စွမ်းရည် ပေးထားတာက ဘယ်လိုဖြစ်နိုင်မှာလဲ..။

နောက်ဆုံး မေးခွန်းက သူ့ကို ပိုပြီး အတွေးနက်စေပါတယ်..။

သူ နစ်ဖီကို ကြည့်လိုက်ပြီး..တစ်ခုခုကို ဆုပ်ကိုင်မိဖို့ ကြိုးစားလိုက်တယ်..။

အရင်တုန်းကဆိုရင် သူမက သူသတိမထားမိလိုက်တဲ့ အရာတော်တော်များများကို ဖော်ထုတ်နိုင်ခဲ့ပါတယ်..။

ပထမဆုံးပြောရရင်..ကတ်စီရဲ့ နိုးထမူ အဆင့် ၆ ချပ်ဝတ်က..​​ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူမကို ပေးထားတယ် ဆိုတာကို ဆန်နီသိထားပြီးပါပြီ..။ဒါက ..သူ ပထမဆုံး အိပ်မက်ဆိုးမှာ သတ်ခဲ့ရတဲ့ တောင်ဘုရင် ထက် တစ်ဆင့်မြင့်တဲ့ နိုးထမူ အဆင့် သားရဲဆီက လာခဲ့တယ် ဆိုတာ အသိသာကြီးပါပဲ..။

အခုတော့..ပြောင်းလဲနေတဲ့..ကြယ်ပွင့် သူမရဲ့ အစစ်အမှန် နာမည်ကို ဘယ်လို ရခဲ့တာလဲ ဆိုတာကို သိရဖို့ ပိုပို နီးကပ်လာခဲ့ပါပြီ..။

All Chapters