← Chapters

အနက်ရောင် ဒီရေ

Vol. 7 Ch. 93

အနက်ရောင် ဒီရေ

Vol. 7 Ch. 93

သိသာစွာပဲ..နစ်ဖီက..ဆန်နီ လိုပဲ မဖြစ်နိုင်လောက်တဲ့ အရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့တာပါ..။အိပ်စက်သူ တစ်ယောက်က..နိုးထမူအဆင့်နတ်ဆိုးကို အနိုင်ယူနိုင်ခဲ့တယ် ဆိုတာကတင် မယုံနိုင်စရာ ကောင်းနေခဲ့ပါပြီ..။သို့ပေမယ့်..နိုးထမူအဆင့်..နတ်ဆိုးထက် ပိုမြင့်သည့် သားရဲကို သတ်နိုင်ခြင်းက..ပြီးပြည့်စုံတဲ့ မယုံနိုင်စရာ ကောင်းမူတစ်ခုပါ..။

'သူမ ရဲ့ စွမ်းရည် အရည်အသွေးက..နေရာမျိုးစုံ သုံးလို့ ရနေတာ အံ့ဩစရာ မရှိတော့ဘူး '

အခုတော့..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ စွမ်းရည်ကလည်း သူလိုပဲ..နတ်ဘုရား အဆင့်ဆိုတာကို သူသေချာသလောက် နီးပါးဖြစ်နေခဲ့ပါပြီ..။ဒါကြောင့်ပဲ..သူမရဲ့ စွမ်းရည်က..ရန်သူကို ဖျက်ဆီးလို့ ရသလို ကုသပေးလို့လည်း ရနေခဲ့တာပါ..။

'နတ်ဘုရား အဆင့် စွမ်းရည် တွေ ပိုင်ဆိုင်ထားတဲ့ အိပ်စက်သူ နှစ်ယောက် အိပ်မက်ကမ္ဘာထဲမှာ တွေ့ဖို့ ဆိုတာက..ဘယ်လောက်အထိ ဖြစ်နိုင်ချေရှိလဲ..'

ဖြစ်နိုင်ချေက သုည အထိတောင် ကပ်နေပါပြီ..။ကြည့်ရတာတော့ ဒါက မခန့်မှန်းနိုင်တဲ့ အရာတစ်ခုကြောင့်ပါပဲ..။[ ကံစီမံရာ ] ကံတရားစမ်းကြောင်းတွေကို ပြောင်းလဲနိုင်တဲ့ စွမ်းရည် ။

ဆန်နီ ..ကြက်သီးမွှေးညှင်းထသလို တောင် ခံစားလိုက်ရတယ်..။

သူ့ရဲ့ စွမ်းရည်တွေက..ဆိုးဝါးတဲ့ အရာတွေရော..မယုံနိုင်စရာ ကောင်းချီး ပေးမူ တွေရော..တစ်ပြိုင်တည်း ယူဆောင်ပေးနိုင်ပါတယ်..။အစပိုင်းတုန်းက ကြည့်လိုက်ရင်တော့..သူနဲ့ နစ်ဖီ နဲ့ တွေ့ဆုံမူက ဒီတိုင်း သမာရိုးကျ အရာလေးတစ်ခုပါ..။ဒါပေမဲ့..ဒီအရာကို

[ ကံစီမံရာ ] ဆိုတဲ့ စွမ်းရည်ကသာ ဖန်တီး ပေးလိုက်တာ ဆိုရင်..အဆုံးမှာ အဆိုးဆုံး ကပ်ဆိုးတွေဖြစ်ပေါ်လာပါ လိမ့်မယ်..။

ဘာပဲဖြစ်ဖြစ်..သူမ ရဲ့ နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ ..အစစ်အမှန် နာမည်က..ပျက်ဆီးစေတဲ့ ကြယ်ပွင့် ပါပဲ..။

နစ်ဖီ ရဲ့ ဓားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခိုက်အတန့်လေးက အချိန်ခနလေးပဲ..ဆိုပေမယ့်..သူ့ရဲ့ စိတ်ထဲမှာတော့ အခုထိ လတ်ဆတ်နေပါသေးတယ်..။

ပြီးတော့..သူမ ထပ်ပြီး ဖော်ထုတ်ခဲ့တဲ့ အရာလည်း ရှိနေခဲ့တယ်..။

သူမက .. [ ဆားငန် ရေစက် ] ကို သိနေခဲ့ပြီး...သူမက မကြည့်ပဲနဲ့တောင် ဒါက " မျိုးနွယ် အမှတ်အသား " လို့ တန်းပြောနိုင်ခဲ့ပါတယ်..။ဒီအခြေအနေကို ကြည့်ရင်...နစ်ဖီက..ဆန်နီ အပါအဝင် ကျန်တဲ့ အိပ်စက်သူတွေ ထက် အခိုက်အတန့် အကြောင်းကို ပိုသိနေတယ်လို့..ဆိုလိုတာပါ..။ကြည့်ရတာတော့..အဆင့်မြင့်တဲ့ အိပ်စက်သူတွေမှာ တစ်ခြားလူတွေကို မသိစေချင်တဲ့..လျိုဝှက်ချက်တွေ ရှိနေတဲ့ပုံပါပဲ..။

သူမ သူ့ကို ပြောပြခဲ့တဲ့..နာမည်သုံးခုကလည်း နောက်ထပ် လျို့ဝှက်ချက် တစ်ခုဖြစ်နေနိုင်ပါတယ်..။ပြီးတော့..သူမ ပြောခဲ့တဲ့..ဘယ် နယ်ပယ် ကလဲ ဆ်ိုတာကရော ဘာကိုပြောတာလဲ..။ဒီ နယ်ပယ် တွေ ဆိုတာကရော ဘာတွေလဲ..။

မေးခွန်းတွေ အများကြီးပဲ...

ဆန်နီဟာ..မေ့ပျောက်သည့် ကုန်းမြင့်မှာ..ရရှိခဲ့တဲ့ အချက်အလက်တွေ အကုန်လုံးကို စုစည်းပြီး နာရီ အတော်ကြာအောင် တွေးတော နေခဲ့တယ်..။

အရိုး လှေ လေးကတော့..အနက်ရောင် ရေပြင်ပေါ်မှာ ဆက်တိုက် ရွေ့လျားနေရင်း အနောက်ဘက် မိုးကုတ်စက်ဝိုင်းနဲ့တောင် နီးကပ်လာခဲ့ပါပြီ..။

မကြာခင်မှာပဲ..သူဟာ..ညအချိန်က ကုန်ဆုံးဖို့ နီးကပ်လာပြီ ဆိုတာကို ခံစားလိုက်ရတယ်..။မျှော်လင့်ချက် အလင်းရောင်လေးက ဆန်နီ ရဲ့ ရင်ထဲမှာ ပေါက်ဖွားနေခဲ့တယ်..။

သို့ပေမယ့်..နောက်ဆုံးမှာတော့..သူတို့ရဲ့ ကံကောင်းချင်းတွေက..အဆုံးသတ်သွားခဲ့ပါတယ်..။

***

ကပ်ဆိုးတစ်ခုက မထင်မှတ်စွာပဲ ရောက်ရှိလာခဲ့ပြီး..သူတို့တွေကို..စိတ်ရှုပ်ထွေးမူ တွေဖြစ်ပေါ်လာစေခဲ့တယ်..။ဒီတစ်ကြိမ်မှာတော့ ဆန်နီက..လှေ ဆီကို ဘယ်အရာကမှ နီးကပ်လာတယ် လို့ မခံစားခဲ့ရပါဘူး..။အန္တရာယ်က..ဘယ်ကမှန်းမသိ ပေါ်ထွက်လာခဲ့ပြီး သူ့အတွက်..တုန့်ပြန်ချိန်တောင် မရဖြစ်ခဲ့တာပါ..။

တစ်စက္ကန့်လေးအတွင်းမှာပဲ..အနက်ရောင် ရေတွေက တည်ငြိမ်ပြီး ရှင်းလင်းနေခဲ့တာပါ..။နောက်တစ်စက္ကန့်မှာတော့..သူတို့အောက်က ရေတွေဟာ ဆူပွက်လာခဲ့ပြီး..တစ်ခုခုက တိုက်လိုက်သလို လှေကို လာရိုက်ခတ်လာခဲ့တယ်..။

ဆန်နီ အတတ်နိုင်ဆုံး ခုန်ဖို့ လုပ်လိုက်ပေမယ့် လှေတစ်ခုလုံး ဘေးဘက်ကို ပြင်းပြင်းထန်ထန် တိမ်းမှောက်သွားခဲ့တယ်..။သူ ပြုတ်ကျသွားတဲ့ အချိန်မှာတော့..သတ္တုချင်း တိုက်သံလို တွန့်ကြေသည့် အသံတွေကို ကြားနေခဲ့ရပါတယ်..။ယင်းနောက် သူ့ပါးစပ်နဲ့ကို ဆားငန်ရေတွေ လှိမ့် ဝင်လာခဲ့တယ်..။

သူ လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့..နစ်ဖီဟာ လှေဦးထိပ်မှာရပ်နေရင်း..သူမရဲ့ ငွေရောက် ဓားကိုထုတ်ကာ..လက်ချောင်းများစွာရှိတဲ့ ငါးကြီး တစ်ကောင်ဆီကို ဦးတည်သွားလိုက်တယ်..။သို့ပေမယ့်..သူမမှာ အမြင်အာရုံ မရှိတာကြောင့်..နောက်ထပ် အန္တရာယ်တစ်ခု ရှိနေတာကို မမြင်ရပါဘူး..။နောက်ထပ် ငါးကြီးတစ်ကောင်က..သူမရဲ့ ခန္တာကိုယ်ကို ရစ်ပတ်လိုက်တယ်..။

ယင်းနောက် သူမက အော်ချိန်တောင် မရလိုက်ပဲ..ရေအောက် အနက် ထဲကို ဆွဲခေါ်သွားခံလိုက်ရပါတယ်..။ပြန်တက်လာဖို့ မျှော်လင့်ချက် ဆိုတာ မရှိတော့ပေ..။ကျန်ရှိနေခဲ့တာဆိုလို့..ကြီးမားသည့် ငါးကြီး၏ ခန္တာကိုယ်ထဲမှာ စိုက်လျက်သားရှိနေခဲ့တဲ့ ဓားသွားပါပဲ..။

ဆန်နီရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားခဲ့တယ်..။

'မ ..မ ...မ ...မဖြစ်နိုင်တာ...'

ယင်းနောက် ​အရိုးလှေ လေးက တစ်စစီ ဖြစ်သွားခဲ့ပြီး အနက်ရောက် ရေတွေကြားထဲကို ရောက်သွားခဲ့ပါပြီ..။

အဲ့အချိန်မှာပဲ..ဆန်နီဟာ..သူ ခံစားလိုက်ရတဲ့ အေးစက်မူကြောင့် ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ့အရိပ်ကို ခန္တာကိုယ်ကို လှည့်ပတ်စေပြီး ရေမျက်နှာပြင်ပေါ်ကို ပြန်ရောက်ဖို့ ကြိုးစားကူးခတ်လိုက်ပါတယ်..။မကြာခင်မှာပဲ..သူ အပေါ်ကို ရောက်လာပြီး..မျှော်လင့်ချက် ရှိမယ့် အရာ တစ်ခုခုကို ရှာလိုက်တယ်..။

သို့ပေမယ့်..ဘာမှရှာမတွေ့တဲ့ မပြင်..လှိုင်းလုံးတွေနဲ့ ရွေ့လျားနေကြတဲ့ ငါးကြီးတွေကိုသာ တွေ့လိုက်ရပါတယ်..။

သို့ပေမယ့်...

သိပ်မဝေးတဲ့နေရာတစ်ခု..မှာ..ပုံသဏ္ဍာန် မသေချာတဲ့ အရာတစ်ခုက ရေပေါ်မှာ ပေါ်နေတာ ဆန်နီ သတိထားမိလိုက်တယ်..။ဆန်နီ..မျက်လုံးကို အာရုံစိုက်ပြီး ဒီအရာကို မြင်ဖို့ ကြိုးစားလိုက်ပါတယ်..။ယင်းနောက် သူ နှလုံးခုန်သွားခဲ့တယ်..။

မီတာ တစ်ရာကျော်လောက်မှာတော့..ကြီးမားတဲ့ ကျောက်တုံးတာဝါကြီး က ရေမျက်နှာပြင်ပေါ်မှာ ရှိနေခဲ့တာပါ..။သူ့ရဲ့ ထိပ်ပိုင်းကတော့ ကောင်းကင်ကြီးတစ်ခုလုံးကိူ လက်နဲ့ ဆုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ အတိုင်းပါပဲ..။တကယ်လို့ ဆန်နီသာ အခြေအနေတွေကို မသိထားရင် သက်ရှိအရာတစ်ခုလို့တောင် ထင်မိမှာပါ..။

သို့ပေမယ့် ဒါတွေက အခုချိန်မှာ အရေးမကြီးပေ..။အခုလက်ရှိ အခိုက်အတန့်မှာ အသက်ရှင်ဖို့က အရေးကြီးဆုံးပါပဲ..။

ဆန်နီဟာ သူ့ ခန္တကိုယ်က ကြွက်သားတိုင်းကို အားစိုက်ထုတ်ပြီး ..ငါးကြီးတွေကို ရှောင်ရှားကာ..လက်ပုံစံကျောက်တုံးဆီကို မြန်နိုင်သမျှ မြန်မြန် ကူးခတ်လိုက်ပါတယ်..။

သိူ့ပေမယ့် အဲဲဒီအချိန်မှာပဲ သူ ရုတ်တရက် ရပ်တန့်လိုက်တယ်..။ပြီးတာနဲ့ နောကိပြန်ကြည့်လိုက်ပါတယ်..။

အနက်ရောင် ဒီရေတွေရဲ့ အပေါ်မှာတော့..ပျက်ဆီးနေတဲ့ လှေရဲ့ အပိုင်းအစ တွေပဲ မျောနေခဲ့တာပါ..။နစ်ဖီကို..သားရဲကြီးတစ်ကောင်က အောက်ထဲကို ဆွဲယူသွားတာ သူမြင်လိုက်ပေမယ့်..ကတ်စီကတော့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေထဲမှာ..လွတ်မြောက်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်..။

သူ သူမကို မရှာဖွေကြည့်ပဲနဲ့တော့ ဒီတိုင်း မထွက်သွားနိုင်ခဲ့ပေ..။

' ...ဒါမှမဟုတ်ရင် ..ငါ ...'

မကောင်းတဲ့ အတွေးတစ်ခုက ဆန်နီရဲ့ စိတ်ထဲကို ပေါ်လာခဲ့တယ်..။ဘာပဲဖြစ်ဖြစ်..သူ ရှင်သန်ဖို့ အတွက်က လက်ရှိအချိန်မှာ အရေးကြီးဆုံးအရာ တစ်ခုပါ..။အခု ချိန်မှာ အရာရာတိုင်းက..အနှောက်အယှက်တွေချည်းပါပဲ..။

'ဘာလို့ မင်းကိုယ့်အတွက်ကို ခနလောက် မတွေးကြည့်တာလဲ..။မင်းရဲ့ အဖိုးတန်တဲ့..ဘဝကို..ဒီ အသုံးမဝင် တဲ့ မိန်းကလေး အသက်ရှင်နေသေးလား ဆိုတာ သိရဖို့အတွက် စွန့်စားတော့မလို့လား '

သူ တွေဝေနေခဲ့တယ်..။

'အရိုးသားဆုံး ဆိုရင် ..သူမက ဘာမှမဟုတ်တဲ့ ဝန်ထုပ်ဝန်ပိုး ပဲ..။တစ်နေ့မှာ..သူမက မင်းကိုပါ ဆွဲချသွားလိမ့်မယ် ဆိုတာကို မင်းအမြဲတမ်း သိနေခဲ့တာပဲ '

ဟုတ်ပါတယ်..။သူ့ စိတ်ထဲမှာ အမြဲတမ်း ဒီလို ရှိနေခဲ့တာပါ..။ဒါပေမဲ့...

'ဒါပေမဲ့ ဘာဖြစ်လဲ..။အခု မင်းက သေအံ့ဆဲဆဲ ဖြစ်နေတာ သောက်ရူး ရဲ့...။အခုပဲ..ထွကိပြေးတော့..."

သူက ဘာအတွက် တွေဝေနေရတာလဲ..။ဒါက သူ့ရဲ့ လွတ်မြောက်ဖို့အတွက် အခွင့်အရေးတစ်ခုပါ..။သူ့ရဲ့ တစ်ခုတည်းသော အခွင့်အရေးတောင်ဖြစ်နိုင်ပါတယ်..။သူ ရှင်သန်မှ ရမှာပါ..။

မဖော်ပြနိုင်လောက်တဲ့..နောင်တရတဲ့ ခံစားချက်တွေနဲ့ အတူပဲ..ဆန်နီဟာ အသက်ကို ရူသွင်းလိုက်တယ်..။

ယင်းနောက် သူ အံကိုကြိတ်ပြီး ရေငုတ်လိုက်ကာ..သူတို့လှေ ပျက်ဆီး သွားခဲ့တဲ့ နေရာကို ပြန်ကူးခတ်သွားခဲ့ပါတယ်..။

'မင်းဘာလုပ် နေတာလဲ...။မင်း သောက်ဦးနှောက် လွတ်သွားတာလား '

သူ အနက်ရောက် ရေထဲမှာ ဘာမှမမြင်ရပေမယ့် သူ့ရဲ့ အရိပ်ကတော့ ခံစားနိုင်စွမ်းရှိပါတယ်..။တကယ်လို့ သေဆုံးတာ ၊ ရေအောက်ကို ဆွဲခေါ်သွားခံ ရတာသာ မဟုတ်ရင် ကတ်စီ ရဲ့ တည်ရှိမူကို အာရုံခံကြည့်ဖို့ သူ့မှာ အခွင့်အရေးရှိပါတယ်..။

'အရူး..သူမက ထိုက်တန်လို့လား..။မင်း ဘာလို့ ဒီလိုတွေလုပ်နေတာလဲ '

သိသာစွာပဲ..သူ့ကို အနှောက်ယှက် ပေးနေတဲ့ မသိစိတ်ကို အတတ်နိုင်ဆုံး လျစ်လျူရူထားခဲ့တယ်..။သူ့စိတ်ထဲမှာတော့..အဖြေက ရှင်းလင်းနေခဲ့ပြီးပါပြီ..။

'ဘာဖြစ်လို့လဲ ဆိုတော့...ငါ ဒီလိုလုပ်ချင်လို့ပဲ '

All Chapters