ဘာလို့လဲ ဆိုတော့ ငါလုပ်ချင်လို့ပဲ ...
Vol. 7 Ch. 94
ဘာသာပြန် = စနိုးဝှိုက်
ဒီတစ်ကြိမ်မှာတော့ ဆန်နီ ရဲ့ ရင်ထဲမှာ အကြောက်တရားတွေ..စိတ်အားငယ် ခြင်းတွေ ရှိမနေတော့ပေ..။အဲဒီအစား..ခေါင်းမာပြင်းထန်တဲ့ နာကျည်းမူ တွေသာ ရှိနေခဲ့ပါတယ်..။သူက ဒီကမ္ဘာကြီးရဲ့ ဖိအား တွေအောက်မှာ နေနေရတာကို အတော်လေးကို ပင်ပန်းနေခဲ့ပါပြီ..။
သူတို့ရဲ့ ဘဝက သေးငယ်တဲ့ မျှော်လင့်ချက် လေးအတွက် နဲ့ အမြဲတမ်း ကြောက်ရွံ့မူတွေ ၊ အရာရာတိုင်းကို စွန့်ပစ်ဖို့ အဆင်သင့်ဖြစ်နေမူတွေနဲ့ နေခဲ့ရပါတယ်..။ဒီဟာတွေကလည်း နောက်ထပ် တစ်ရက်လောက်ဖြစ်ဖြစ် ရှင်သန်ခွင့်ရဖို့အတွက်ပါ..။အခုတော့ ထပ်ပြီး မလုံလောက်တော့ပေ..။
အဲဒီအစား..သူ့အနေနဲ့ ဒီကမ္ဘာကြီးမှာ သူ လုပ်ချင်တဲ့ အတိုင်းသာ လုပ်လိုက်ချင်ပါတယ်..။
သူက တိရစ္ဆာန် တစ်ကောင်ပုံစံမျိုးထက် လူတစ်ယောက် ပုံစံမျိုးပဲ ရှင်သန်ချင်တာပါ..။
လအနည်းငယ် ကုန်လွန်ပြီးနောက်မှာတော့..ဆန်နီဟာ သူတောင် မသိလိုက် စွာပဲ ..ပြောင်းလဲမူတွေ ဖြစ်ပေါ်နေခဲ့တယ်..။တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင် ..သူ့ရဲ့ အရင်တုန်းက ဘဝလမ်းကြောင်းကို သိပ်ကျေနပ်မူ မရှိတော့ပါဘူး..။အရင်တုန်းကဆိုရင် ..သူရှင်သန်ဖို့အတွက် အခြားအရာတွေ အားလုံးကို စွန့်လွတ်နိုင်ပါတယ်..။သူ သေမှာလား..ရှင်မှာလား ဆိုတာကသာ အဓိက ကျတဲ့ အရာတစ်ခုပါ..။သို့ပေမယ့် အခုတော့..သူ ဘယ်လိုရှင်သန်မှာလဲ ဆ်ိုတာက အရေးပါလာပါပြီ..။
သူ အစေခံတစ်ယောက်လို နေရမယ်ဆိုရင်..သခင် မရှိရင် ဘာများ အရေးပါဦးမှာလဲ...။
ဆန်နီ အံကို ကျိတ်ပြီး အနက်ရောင် ရေတွေထဲကို ငုံ့သွားလိုက်တယ်..။
အေးစက်တဲ့ ရေထုဟာ သူ့ကို ကြိုဆိုစွာပဲ ဖက်ထားခဲ့ပါတယ်..။သူ အမှောင်ထဲမှာ ဘာမှမမြင်ရတာေကြာင့် အရိပ်ရဲ့..အာရုံခံနိုင်စွမ်းကိုသာ မှီခိုထားခဲ့ရပါတယ်..။ဆားငံရည်တွေက..သူ့ရဲ့ လက်တွေ ၊ လည်ပင်းတွေက ဒဏ်ရာထဲတွေကို ဝင်ပြီး..ပြင်းထန်တဲ့ နာကျင်မူတွေကို ဖြစ်ပေါ်နေစေခဲ့တယ်..။သူ့ရဲ့ နာကျင်မူ ကို ..အာရုံစိုက်မထားပဲ..ဆန်နီဟာ ပိုပိုပြီး နက်အောင် ငုံ့ဆင်းသွားခဲ့ပါတယ်..။
ကြီးမားသည့် ငါးကြီးတွေဟာ..သူ့ဘေးနား ပတ်လည်မှာ ရွေ့လျားနေကြတာကို ဆန်နီ ခံစားမိနေပါတယ်..။တစ်ကြိမ် နှစ်ကြိမ်မက..သူ့ရဲ့ ခန္တာကိုယ်ကို တိမ်းရှောင်ပြီး သူတို့နဲ့ မထိအောင်လုပ်ရတဲ့ အချိန်တွေတောင် ရှိတာပါ..။
သို့ပေမယ့်..ကတ်စီကို တော့ သူ မတွေ့ရပေ..။သူ့ ရဲ့ အဆုတ်ဟာလည်း ..အကန့်အသတ်ကို စတင် ရောက်လာခဲ့တယ်..။
ဆန်နီ အောက်ကို ပိုပြီး ဆင်းလိုက်ပါတယ်..။
အောက်ဘက်မှာတော့..ရေဖိအားက..သူ့ရဲ့ လှုပ်ရှားမူကို စတင်သက်ရောက်လာခဲ့ပါပြီ..။သူ့ရဲ့ ခန္တာကိူယ်ကို..အရိပ်က အားဖြည့်ထားတာတောငိ..သူ့ရဲ့ တောင့်ခံနိုင်စွမ်းက အကန့်အသတ် ရှိပါတယ်..။သူ့မှာသာ ဝီဗာ ရဲ့ သွေးမရှိရင် အစောကတည်းက နစ်မွန်းနေပြီ လို့တောငိ..ဆန်နီ သံသယဖြစ်မိပါတယ်..။
ပိုပြီးဆိုတာက..သူက သူတို့ရဲ့လှေကို ဖျက်ဆီးသွားတဲ့ သားရဲ နဲ့ ပိူပိုပြီး နီးကပ်လာနေသလိူပါပဲ..။သူ ဒီအကောင်ကြီးကို မမြင်ရသေးပေမယ့်..သူ့ဘေးနားက ငါးကြီးတွေရဲ့ အခြေအနေကို ကြည့်ရသလောက်ကတော့ ဒီအကောင်ကြီးက သိပ်မဝေး တော့ပေ..။
ယင်းနောက် ဆန်နီ နောက်ဆုံးမှာ တစ်ခုခုကို သတိထားမိလိုက်တယ်..။
သိပ်မဝေး တဲ့နေရာ တစ်ခုမှာတော့ သေးငယ်တဲ့ အရိပ်တစ်ခုက ကြီးမားပြီး ကြောက်စရာကောင်းသည့် အရာကနေ ရုန်းကန်နေခဲ့ပါတယ်..။
ကတ်စီ..
သူ့ ခွန်အားတွေကို စုစည်းလိုက်ပြီး ဆန်နီ သူမ ဆီကို ကူးသွားလိုက်တယ်..။သူ အနားကို ရောက်လာတာနဲ့..ဘာတွေဖြစ်နေတာလဲ ဆိုတာကို ခံစားမိလိုက်ပါတယ်..။
ကတ်စီက အောက်ကို နစ်မြုပ်နေတာဖြစ်ပြီး သေးငယ်သည့် ငါးတစ်ကောင်က သူ့ ကိုယ်ဝန်းကျင်မှာ ရှိနေခဲ့တယ်..။သူမက ..လွတ်မြောက်အောင် ရုန်းကန် နေတုန်းဖြစ်ပေမယ့် သူမရဲ့ လှုပ်ရှားမူတွေကတော့ တစ်စက္ကန့်ချင်းစီတိုင်းမှာ ပိုပိုပြီး အားနည်းလာခဲ့ပါတယ်..။သူမက နစ်မွန်းနေခဲ့တာပါ..။
ဒေါသအပြည့်နဲ့...ဆန်နီ ..ရှေ့ကို တက်သွားလိုက်ပြီး..ငါးကြီးကို ဆူပ်ကိုင်လိုက်ပါတယ်..။
သူ့မှာသာ ရွေးချယ်စရာ ရှိမယ်ဆိုရင် ဒီအကောင်တွေကို လုံးဝ ထိမှာ မဟုတ်ပါဘူး..။သို့ပေမယ့် ရေအောက်မှာ တိုက်ခိုက်ရတာ က အတော်လေးကို လှည့်စားမူ များတာပါ..။တကယ်လို့ သူသာ ပြင်းထန်တဲ့..တိုက်ခိုက်မူလုပ်ချင်တယ် ဆိုရင်..အကူအညီတစ်ချို့ လိုအပ်ပါတယ်..။
ဆန်နီဟာ သန်းခေါင်ယံ အမြုတေကို ထုတ်လိုက်ပြီး..သားရဲကြီးရဲ့ ညာဘက်..ကတ်စီကို ရစ်ပတ်ထားသည့် နေရာကို ထိုးခွဲလိုက်တယ်..။သူ ဒီဓားချက်နဲ့ ပြင်းထန်တဲ့ ဒဏ်ရာ ရအောင် မလုပ်နိုင်ဘူးဆိုတာကို သိထားပြီးသားပါ..။
သို့ပေမယ့် သူ့ရဲ့ အံ့ဩစရာ ဓားသွားက..သားရဲကြီးကို လှီးဖြတ်နိုင်တဲ့ အထိ ထက် နေပါသေးတယ်..။ဒီဓားချက်ကြောင့် ဒဏ်ရာကနေ အနက်ရောင်သွေးတွေ ထွက်လာခဲ့တယ်..။
သားရဲကြီးဟာ တွန့်လိန်သွားခဲ့ပြီး..အတင်း လှုပ်ခါကာ..တိုက်ခိုက်သူကို လွင့်စင်သွားအောင် လုပ်လိုက်ပါတယ်..။ဆန်နီကတော့..သေချာဆုပ်ကိုင်ထားခဲ့ပြီး..သူ့ရဲ့ ဓားကို အပေါ်ဘက် ဆက်တိုက်တက်ကာ..အသားတွေကို ထိုးခွဲနေခဲ့တယ်..။
ဒီအကောင်ကြီးကို တစ်ချက်တည်းနဲ့ သတ်နိုင်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့ပေ..။ဘယ်လောက်ခွံအားပဲဖြစ်ဖြစ် ဒါကို လုပ်နိုင်မှာ မဟုတ်ပါဘူး..။ကံကောင်းချင်တော့ သူ့ရဲ့ ဓားကလည်း အတော်ကို ထက်နေခဲ့ပါတယ်..။
သူ့ရဲ့ အဆက်မပြတ် ထိုးခွဲနေတဲ့ ဓားချက်အောက်မှာတော့...သားရဲကြီးဟာ ထပ်ပြီး တောင့်မခံနိုင်တော့ပေ..။
များပြားလှသည့် သွေးတွေ ထွက်လာပြီးနောက်မှာတော့..နောက်ဆုံးတစ်ချက်နဲ့ အတူပဲ သားရဲကြီးဟာ ဇီဝိန်ချုပ်သွားခဲ့ပါတယ်..။
ဆန်နီဟာ နောက်ဆုံးမှာတော့ သူ့ရဲ့ အာရုံကို ကတ်စီ ဘက်ကို ပြန်လှည့်နိုင်ခဲ့ပါပြီ..။
မျက်မမြင် မိန်းကလေးက သတိလစ် သလိုဖြစ်နေခဲ့တယ်..။
သူ ..သူမကို အပေါ်ဆီ အမြန်ခေါ်သွားဖို့ လိုအပ်ပါတယ်..။
သားရဲ ရဲ့ ကျန်ရှိနေတဲ့ ခန္တာကိုယ်ကို တွန်းလိုက်ပြီး ဆန်နီဟာ ကတ်စီ ရဲ့ ခန္တာကိုယ်ကို ဆွဲထုတ်လိုက်တယ်..။
သူမ အားနည်းစွာ တုန့်ပြန်နေပေမယ့်..ဒါက မွန်းစတားကြီး မဟူတ်ပဲ သူ ဆိုတာကိုတော့ မသိခဲ့ပါဘူး..။မျက်မမြင် မိန်းကလေးကို သူ့ရင်ဘတ်နား ကပ်ပြီးတဲ့ နောက်မှာတော့..ဆန်နီဟာ သူ့စိတ်ထဲကို တစ်ခုခု လာရိုက်ခတ်တာကို ခံစားလိုက်ရတယ်..။
သူ့ရဲ့ အဆုတ်တွေက နာကျင်နေပြီဖြစ်ပြီး..အောက်စီဂျင် လုံးဝ မကျန်တော့ပါဘူး..။သူ့ရဲ့ ခန္တာကိုယ်က ဖြည်းဖြည်းချင်း အားနည်းလာပြီး..နာကျင်မူကို ခံစားနေခဲ့ရတယ်..။
ပြီးတော့ ..သူတို့က ရေမျက်နှာပြင်နဲ့ အတော်ဝေးဝေး မှာ ရှိနေခဲ့တာပါ..။
ပိုပြီးဆိုးတာက..ပင်လယ်ထဲမှာ ရှိနေတဲ့ သားရဲတွေက သူ့ရဲ့နေရာကို သိသွားကြပြီဖြစ်သည်..။မရေမတွက် နိုင်တဲ့ အသားစား ငါးကြီးတွေဟာ သူ့ဆီကို ဦးတည်ပြီး လာနေခဲ့ကြတယ်..။
ဆန်နီ ဒီအကောင်တွေကို ဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတာကို မသိပါဘူး..။
သို့ပေမယ့် ဘာပဲဖြစ်ဖြစ် သူ လက်လျော့မှာမဟုတ်ပေ..။
သူ့ရဲ့ လက်တစ်ဖက်က ကတ်စီကို သေချာဖက်ထားရင်း အပေါကို ပြန်တက်ပြီး ကူးလိုက်တယ်..။သားရဲကြီးတွေက ဆက်တိုက် နီးလာနေပြီး သူ့ရဲ့ လမ်းတွေ အားလုံးကို ပိတ်ထားခဲ့ပါတယ်..။ဆန်နီ အံကိုကြိတ်ထား ခဲ့ပြီး.....
နောက်ထပ် ခနအကြာမှာတော့ သူတို့ ပတ်ဝန်းကျင်က ရေတွေကရုတ်တရက် အနီရောင်ကို ပြောင်းလဲသွားခဲ့ပါတယ်..။
တောက်ပတဲ့ အလင်းရောင်တွေက ပင်လယ်ထဲကို ပျံ့နှံ့နေခဲ့တယ်..။အလင်းရောင်ရဲ့ ကျရောက်မူက ဆန်နီရဲ့ မျက်လုံးတွေကိူတောငိ ကျိန်းသွားခဲ့ပါတယ်..။
သားရဲကြီးတွေဟာ ဆိုးဝါးတဲ့ နာကျင်မူကြောင့် ရူးသွပ်စွာ လျောက်ပြေးလာခဲ့ကြတယ်..။
ဆန်နီကတော့ ဒီအခွင့်အရေးကို အလွတ်မပေးခဲ့ပါဘူး..။
သူ့ရဲ့ ခန္တာကိုယ်မှာ အားထပ်ထည့်လိုက်ပြီး အပေါ်ကို ကူးသွားခဲ့ပါတယ်..။နေရောင်ခြည် ကျဆင်းလာတာကြောင့် သူ ဒီအကောင်တွေရဲ့ ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြန်နေရပါပြီ..။သူ မြန်မြန်ပဲ ကူးခတ်နေခဲ့တယ်..။
ဒီလို အမြန်ကူးနေတာက အန္တရာယ်များတယ် ဆိုတာကို ဆန်နီသိပေမယ့် သူ့မှာရွေးချယ်စရာ မရှိပါဘူး..။ကတ်စီ ရော...သူရော ဘယ်သူမှ အသက်တစ်ချောင်း အပိုမပါကြပေ..။
သူတို့ လေကို လိုအပ်ပါတယ်..။
ဆန်နီဟာ သားရဲကြီးတွေကို ဖြတ်ကျော်လာနိုင်ခဲ့တယ်..။သူက ဆက်ပြီး မလုပ်နိုင်တော့မှာကို စိုးရိမ်နေခဲ့တာပါ..။သူ့ရဲ့ ကြွက်သားတွေ လှုပ်ရှားဖို့ အတွက်လည်း အောက်စီဂျင် လိုအပ်နေပါပြီ..။
နောက်ဆုံးမှာတော့ ဆန်နီဟာ အပေါ်ကို တက်လာနိုင်ခဲ့တယ်..။အဆုံးစွန်သော နာကျင်မူနဲ့အတူပဲ သူ အသက်ကို အငမ်းမရ ရူလိုက်ကာ..အဆက်မပြတ် ချောင်းဆိုးနေခဲ့တယ်..။
သူ လက်ကို သေချာဆုပ်ကိုင်ထားခဲ့ပြီး ကတ်စီဟာလည်း ဆုပ်ကိုင်ထားခဲ့တယ်..။သူမရဲ့ ရင်ဘတ်က နိမ့်ချည် မြင့်ချည်နဲ့ လေကို ရူသွင်းနေခဲ့ပါတယ်..။လေက ဒီလောက်တန်ဖိုးရှိလိမ့်မယ်လို့ ဆန်နီ အရင်က မသိခဲ့ပါဘူး..။
သူတို့ လုပ်နိုင်ခဲ့ပါပြီ..။
ဆန်နီ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။အရှေ့ဘက်ရဲ့..ကောင်းကင်ယံ ထက်မှာတော့..နေရောင်ခြည်က စတင် ထွက်ပေါ် လာခဲ့ပါပြီ..။
ကြီးမားသည့် လက်ကြီး တည်ရှိတဲ့ နေရာကို တစ်ချက်ကြည့်လိုက်ပြီး..ဆန်နီဟာ..ကတ်စီ ရဲ့ ပုခုံးကို ဆွဲပြီး ရေကူးကာ ခေါ်သွားလိုက်ပါတယ်..။