ကြယ်အလင်း
Vol. 7 Ch. 95
ဘာသာပြန် = စနိုးဝှိုက်
ဆန်နီဟာ..သူ့ရဲ့ အကန့်အသတ် အဆုံးစွန်ကို ရောက်နေပြီီလို့ ခံစားလိုက်ရတယ်..။ဒီရက် ပိုင်းမှာ သူက ကိုယ့်ကို အများကြီး ခိုင်းစေခဲ့တာပါ..။နောက်ဆုံးတစ်ခေါက် သူ အိပ်ခဲ့တာက ဘယ်အချိန်လဲ ဆိုတာတောင် သူ မသိတော့ပါဘူး..။
ဒါက..ဝိဥာဥ် စားသုံးတဲ့..အပင်ပေါ်တက်ပြီး ထူးခြားတဲ့ အသီးကို မစားသုံးခင် အချိန်အထိ ဖြစ်နိုင်ပါတယ်..။
အဲ့အချိန်တုန်းက..သူက ဝီဗာ ရဲ့သွေးကြောင့် နိပ်စက်ခံခဲ့ရပြီး..နာရီပေါင်းများစွာကြောင်..စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ခံရမူကို လည်း တောင့်ခံခဲ့ရပါသေးတယ်..။နောက်ဆုံးမှာတော့ သူတို့ လက်လုပ်လှေကို အသုံးပြုပြီး ထွက်ပြေးနိုင်ခဲ့ကြတယ်..။သို့ပေမယ့်..ပင်လယ်ထဲက သားရဲတွေကြောင့် လှေဖျက်ဆီးခံခဲ့ရပြီး..တိုက်ပွဲဖြစ်ပွားကာ..နစ်မြုပ်လု နီးပါး ဖြစ်ခဲ့ရတာပါ..။
သူ့ရဲ့..စိတ် နဲ့ ခန္တာကိုယ်က..လုံးဝကို အားအင် ကုန်ခမ်းနေခဲ့ပါပြီ..။
ဒါတောင်မှ..ဆန်နီဟာ..ခေါင်းမာစွာပဲ..ကတ်စီ နဲ့အတူ..ကြီးမားတဲ့ လက်ပုံစံ ကျောကိတုံးကြီး ဆီကို ကူးခတ်လာခဲ့ပါသေးတယ်..။
အနက်ရောင် ရေတွေကတော့ သူတို့ ပတ်ဝန်းကျင်မှာ ရှိနေဆဲဖြစ်ပြီး..တစ်ချက်တစ်ချက် ကျောက်တုံးနဲ့ ရိုက်ခတ်သံကို ကြားနေခဲ့ရတယ်..။မြင့်မားတဲ့ လှိုင်းလုံးတွေက..အိပ်စက်သူ နှစ်ယောက်ကို အရုပ်ကလေး တွေ အလား ခြိမ်းခြောက်နေခဲ့ပါတယ်..။သူတို့ကို..ဆန့်ကျင်ပြီး ရုန်းကန် နေရတာက အတော်လေးကို ခက်ခဲတာပါ..။
ဒါတောင် သူက ဆက်ပြီး ရှေ့ဆက်နေခဲ့တယ်..။
မနက်ခင်းကို ရောက်ချိန်နီးလာနေပြီ ဆိုပေမယ့် သူတို့ဘေးနားမှာက အေးစက်တဲ့ ရေထုက ရှိနေတုန်းပါပဲ..။အချိန်တိုင်းမှာ မထင်မှတ်ထားတဲ့ အန္တရာယ်တွေက ကျရောက်လာနိုင်ပါတယ်..။
အနည်းဆုံးတော့..အလင်းရောင်ကို ကြောက်ရွံ့ကြတဲ့..ငါးကြီးတွေကတော့ မရှိကြတော့ပါဘူး..။
ဆန်းကျယ်စွာပဲ..ဆန်နီဟာ..ကျောက်တုံးကြီးရှိတဲ့နေရာကိုပြန်ရောက်လာနိုင်ခဲ့တယ်..။
ကတ်စီကို တွဲပြီးတာနဲ့..သူမကို ကျောက်တုံးပေါ် အရင်တင်လိုက်ကာ..သူက နောက်ကနေ လိုက်တက်လိုက်ပါတယ်..။မကြာခင်မှာပဲ..သူတို့က လက်ဖဝါးကြီးရဲ့ အလယ်နေရာကို ရောက်သွားခဲ့ကြတယ်..။
အချိန်အတော်ကြာအောင် သူတို့နှစ်ယောက်စလုံး စကားမပြောနိုင်ခဲ့ကြပါဘူး..။ဆန်နီ လုပ်နိုင်တဲ့..အရာဆိုလို့..ခံစားချက်မဲ့စွာ လဲလျောင်းနေတာပါပဲ..။
သူ့စိတ်ထဲမှာလည်း ဘာအတွေးမှ ရှိမနေခဲ့ပေ..။သူကိုယ်တိုင်လည်း ဘာမှ မတွေးချင်တာကြောင့် ဒါက အဆင်ပြေပါတယ်..။တကယ်လိူ့ သူသာ အတင်းဆက်ပြီး ကြိုးစားမယ်ဆိုရင်..ဘာဖြစ်ပျက်ခဲ့တာလဲ ဆိုတာ.....
'တော်လိုက်တော့ '
ပြန်ပြီး မှတ်မိနေလို့ရော ဘာထူးမှာလဲ..။သူ ပြောင်းလဲနိုင်တဲ့ အရာက ဘာမှ မရှိပေ..။
အနက်ရောင် ဒီရေတွေ ကျောက်တုံးကို လာရောက် ရိုက်ခတ်သည့် အသံက..သူ့ကို ညအချိန် မကုန်သေးဘူးဆိုတာကို သတိပေးနေခဲ့ပါတယ်..။
ဆန်နီ မျက်လုံးတွေကို ဖွင့်လိုက်ပြီး..သူတို့ရဲ့ လက်ရှိအခြေအနေကို နားလည်ဖို့ ကြိုးစားလိုက်တယ်..။
သူတို့ ရောက်နေတဲ့ နေရာက ..လှိုင်းလုံးတွေရဲ့ အထက်မှာရှိပြီး ကြီးမားတဲ့ ကျောက်တုံး လက်မကြီးရဲ့ အောက်ခြေကတော့ ရေတွေနဲ့ထိနေခံ့ပါတယ်..။လက်ဝါးကြီးကတော့ နေရာလွတ်သိပ်ပြီး မရှိပေ..။အကြမ်းအားဖြင့် ဒါက ..မေ့ပျောက်တဲ့ ကုန်းမြင့်ရဲ့ တစ်ဝက်လောက်ပဲ ရှိတာပါ..။
ကောင်းကင်ပေါ် ထိုးတက်နေတဲ့..လက်ချောင်းတွေက..လက်တစ်ယောက် နေဖို့ အတွက် သင့်တော်ပေမယ့်..ကောင်းကင်ပေါ်ကို အရမ်း မတ်နေတာကြောင့် အပေါ်ကို တက်ဖို့အတွက် မသင့်တော်လှပါဘူး..။
'ငါတို့ ရေတွေနဲ့ ဝေးတဲ့ နေရာမှာ နေဖို့လိုတယ် '
ဒီအတွေးနဲ့ အတူပဲ ဆန်နီ ခက်ခက်ခဲခဲ ထကာ..ကတ်စီ ရဲ့ ပုခုံးကို ပုတ်လိုက်တယ်..။
"ကတ်စီ ..မတ်တတ်ရပ်..။ငါတို့ အပေါ်ကို တက်မှဖြစ်မယ် "
သူ့ရဲ့ အသံက အက်ကွဲနေခဲ့တယ်..။
မျက်မမြင်မိန်းကလေးက..ခေါင်းမော့လာခဲ့တယ်..။သူမရဲ့ အသားအရည် ကတော့ ဖြူဖျော့ နေခဲ့ပါတယ်..။
" ဆန်နီ လား..."
သူ ခေါင်းညိမ့်လိုက်တယ်..။
"အင်း ငါပဲ.. "
သူမက အံ့ဩသင့်နေတုန်းပါပဲ..။ကတ်စီ ရဲ့ စိတ်တွေက မစုစည်းနိုင်သေးဘူးဆိုတာကို ဆန်နီ မြင်နေခဲ့ရပါတယ်..။ဒါကြောင့် သူမရဲ့ ခြေထောက်ကို သိမ်မွေ့စွာ ပုတ်လိုက်တယ်..။
"လာပါ..ဒါက မီတာ အနည်းငယ်လောက်ပဲ ရှိတာ.."
သူမ တွေဝေနေခဲ့တယ်..။
"ဘာဖြစ်ခဲ့တာလဲ..။ငါ အသံတစ်ခု ကို အရင်ကြားလိုက်ပြီး..တစ်ခုခုက ငါ့ကို ဆွဲခေါ်သွားခဲ့တာ..."
သူ အံကို ကြိတ်ပြီး သူ့အသံကို ပုံမှန်အတိုင်းဖြစ်အောင်ကြိုးစားလိုက်တယ်..။
"ငါတို့ကို..ပင်လယ် သားရဲတစ်ကောင်က တိုက်ခိုက်သွားခဲ့တာ..။လှေက ပျက်စီးသွားပေမယ့်..ငါ နင့်ကို ရှာတွေ့ခဲ့ပြီး ဒီကို ခေါ်လာခဲ့တာပဲ..။ဒီနေရာက ရေနဲ့ သိပ်ပြီးမဝေးဘူး..ဒီတော့...."
ကတ်စီ ပြောလိုက်တယ်..။
" သူမ...သူမ...."
ဆန်နီဟာ သူမရဲ့ မေးခွန်းကို ပြန်မဖြေချင်တာကြောင့်..အမြန်ဖြတ်ပြောလိုက်တယ်..။
"လာ နောက်က လိုက်ခဲ့..။ငါတို့ အမြင့်ကို ရောက်ရင် နားလို့ရပြီ "
ဆန်နီ မျက်မမြင် မိန်းကလေးကို ဦးဆောင်ပြီး ကျောက်တုံးလက်ကြီးရဲ့ လက်ညိုးအောက်ခြေနားကို ခေါ်သွားလိုက်ပါတယ်..။ဒီနေရာက လက်ချောင်းပေါ်ကို မတက်ဘူးဆိုရင် အမြင့်ဆုံးနေရာပါပဲ..။အေးစက်တဲ့ ကျောက်တုံးပေါ်မှာထိုင်ပြီး..အနက်ရောင် ရေပြင်တွေကို ကြည့်နေခဲ့တယ်..။
သူ့ မျက်လုံးတွေကတော့ အေးစက်ပြီး..ဘာခံစားချက်မှ ရှိမနေခဲ့ပါဘူး..။
ကတ်စီကတော့ သူ့ဘေးနားမှာ တိတ်တဆိတ်ရှိနေခဲ့တယ်..။သူမရဲ့ ဖြူဖျော့တဲ့ မျက်နှာပေါ်မှာတော့..ဆန်နီ မဖြေချင်တဲ့ မေးခွန်းတစ်ခုကို မေးချင်နေတဲ့ပုံဖြစ်ပေါ်နေခဲ့ပါတယ်..။
နောက်ဆုံးတော့ သူမ အားတင်းလိုက်ပြီး တိီးတိုးမေးလိုက်တယ်..။
"ဆန်နီ...နစ်က ဘယ်မှာလဲ "
သူ ဘာမှ ပြန်မဖြေချင်တာကြောင့် တိတ်ဆိတ်ပြီးသာ နေနေခဲ့တယ်..။
တုံးအစွာပဲ..သူသာ ထုတ်ပြောလိုက်ရင် ဒီအရာက အမှန်တကယ်ဖြစ်လာမှာကို စိူးရိမ်နေခဲ့တာပါ..။သို့ပေမယ့် သူပြန်မဖြေရင်လည်း ဒါပ အလိမ်အညာ တစ်ခုလိုဖြစ်နေပါလိမ့်မယ်..။
' ငါ မဖြေနိုင်ဘူး. '
အချိန်ခနလောက်ကြာပြီး နောက်မှာတော့..ရင်းနှီးတဲ့ ဖိအားတစ်ခုက သူ့စိတ်ထဲကို ဝင်လာခဲ့တယ်..။ဖိအားက ပိုပိုသန်မာလာပြီး..သူ့ခေါင်းတစ်ခုလုံး ချာချာလည်လာသလို ခံစားလိုက်ရပါတယ်..။
'မပြောဘူး....'
ယင်းနောက် ထိုးဖောက်တဲ့ နာကျင်မူ တစ်ခုက..ဝင်ရောက်လာခဲ့တယ်..။ဆန်နီ ခေါင်းမာစွာပဲ..တောင့်ခံနေခဲ့ပါတယ်..။သူ ကြာနိုင်သမျှ ကြာအောင် တောင့်ခံနေပြီး နောက်ဆုံးမှာတော့..မျက်ရည်တွေ ဆက်တိုက် ကျဆင်းလာကာ..သူ့ ခန္တာကိုယ်တစ်ခုလုံး ဝေဒနာကြောင့် တုန်လှုပ်လာခဲ့တယ်..။
သို့ပေမယ့် သူ့ကို ဒီခါးသက်တဲ့ စကားတွေကို ပြောဖို့ တွန်းအားပေးနေတုန်းပါပဲ။
"သူမ ...သူမက...."
သူ့ စကားအဆုံးမသတ်နိုင်သေးခင်မှာပဲ..အသံတစ်ခုက သူ့ကို ဆွဲဆောင်သွားခဲ့တယ်..။ဒါက အောက်ဘက် နက်မှောင်နေတဲ့ ရေလှိုင်းတွေထဲကနေ လာခဲ့တာပါ..။
ဆန်နီ နှလုံးခုန်သံ မြန်သွားခဲ့တယ်..။
ပင်လယ်ရေနဲ့ အနီးဆုံးနေရာ ဖြစ်တဲ့..ကြီးမားတဲ့..လက်မကြီးရဲ့ အနားမှာတော့..အဖြူရောင် လက်တစ်ချောင်းဟာ..ကျောက်တုံးမှာကို တွယ်တက်လာခဲ့တယ်..။
ယင်းနောက်..ပုံရိပ်တစ်ခုက..ကျောက်တုံးလက်ကြီး ပေါ်ကို သူ့ဟာသူ ကုတ်တွယ်ပြီး တက်လာခဲ့ပါတယ်..။
သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ..။
တစ်ခုခု လွဲမှားနေတာကို ခံစားလိုက်မိတာကြောင့်..ဆန်နီ ခေါင်းကို လှည့်ပြီး မေးလိုက်တယ်..။
"ဆန်နီ..ဘာဖြစ်လို့လဲ..."
သူ တုန်ရီသွားခဲ့ပြီး..ဝမ်းနည်းမူ အပြည့်နဲ့ တီးတိုးပြောလိုက်တယ်..။
" နစ်ဖီ ပဲ...."
ဖော်မပြနိုင်လောက်တဲ့ အပြုံးတစ်ခုက..မျက်မမြင် မိန်းကလေးရဲ့ မျက်နှာမှာပေါ်လာခဲ့တယ်..။
"နစ်လား...သူမ အဆင်ပြေရဲ့လား.."
ဆန်နီ..သူမ ပြောတာကို ပြန်မဖြေနိုင်ခဲ့ပေ..။
မဟုတ်ဘူး...နစ်က အဆင်မပြေဘူး..။
အမှန်တော့..သူမ အသက်ရှင်နိုင်သေးရဲ့လား ဆိုတာကို တောင် သူမသိပါဘူး..။
ကြယ်အလင်း ချပ်ဝတ်က ..တစ်စစီ ပျက်စီးနေပြီ ဖြစ်ပြီး သူမရဲ့ အသားတွေတောင် ပေါ်နေခဲ့တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ ခန္တာကိုယ်မှာတော့..ပြင်းထန်တဲ့ ဒဏ်ရာတစ်ခု ရှိနေခဲ့တယ်..။ဆန်နီ ဟာ သူမ ခန္ဓာကိုယ်က နံရိုးတွေ ကျိုးကြေနေတာကို မြင်နေရတယ်..။သူမရဲ့ ခြေထောက်ကနေလည်း သွေးတွေ တလဟော စီးဆင်းနေခဲ့ပါတယ်..။
သူ မျက်လုံးကိုတောင် ပိတ်ထားချင်နေမိတယ်..။
သူမရဲ့ ပေါင်မှာလား..အသားစ တွေ ပဲ့ထွက်နေပြီး..ကျွမ်းကျင်တဲ့ အသားအစအန တွေက..ပေါင်နဲ့ဆက်နေရုံလေးတင် ရှိပါတော့တယ်..။သူမရဲ့ ညာဘက် လက်မောင်းကလည်း အတော်လေးကို ဒဏ်ရာ ရထားခဲ့တာပါ..။ဒါက ကျိုးကြေ ပျက်ဆီးနေပုံရပြီး..အတော်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ ပုံပါပဲ..။
သူမရဲ့ မျကိနှာကလည်း သိပ်ပြီး အခြေအနေ မကောင်းပဲ..။နစ်ဖီ ရဲ့ မျက်လုံး တစ်လုံးက မရှိတော့ပါဘူး..။သူမရဲ့ ပါးတွေကလည်း ကော်ဖတ်စားသလို တောင်ဖြစ်နေခဲ့တယ်..။သူမရဲ့ပါးကနေ သွေးတွေ ဆက်တိုက်ထွက်နေကာ..သွားတွေကလည်း ..တော်တော်များများ မရှိတော့ပါဘူး..။
သူမရဲ့ ပုံစုံက အတော်လေးကို ထိပ်လန့်ဖို့ကောင်းပြီး..နှလုံးကွဲကြေ ဖို့ကောင်းပါတယ်..။
ဒီပုံစံ အတိုင်းသားဆိုရင် ..ပြောင်းလဲနေတဲ့ ကြယ်ပွင့်က သေတော့မှာပါ..။
"ဆန်နီ..နင် ဘာလို့ ပြန် မဖြေတာလဲ..."
သူ ကတ်စီကို ကြည့်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ထားခဲ့တယ်..။သူက ပြန်မဖြေဖို့ အတွက် နောက်တစ်ကြိမ် ဖိအားကို တောင့်ခံနေခဲ့တာပါ..။ပြင်းထန်တဲ့ နာကျင်မူကြောင့် သူ့ရဲ့ အမြင်အာရုံတွေတောင် ဝေးဝါးလာခဲ့တယ်..။
အဲ့အချိန်မှာတော့..နစ်ဖီ ဟာ ရှေ့ကို လျောက်လာခဲ့တယ်..။သူမရဲ့ ခြေထောက်တွေက ပျော့ခွေနေပြီး ဒူးထောက်လျက်သား ကျသွားခဲ့ပါတယ်..။သွေးတွေကတော့ ကျောက်တုံးပေါ်မှာ အိုင်နေခဲ့ပါပြီ..။ဆိုးဝါးတဲ့ ညဥ်းညူမူကြီးက နောက်ဆုံးတော့ သူမဆီကနေ ထွက်လာခဲ့တယ်..။
ဆန်နီကတော့..သူ့အတွက် အဆိုးဝါးဆုံး အိပ်မက်ဆိုးထဲကို ရောက်သွားသလိုတောင် ခံစားလိုက်ရပါတယ်..။သူ အော်ဟစ်လိုက်ချင်ပေမယ့် သူ့ရဲ့ အသံတွေက ထွက်မလာခဲ့ပေ..။နက်ရှိုင်းတဲ့ နာကျင်မူက သူ့ ရဲ့ ရင်ထဲမှာ ရှိနေခဲ့တာပါ..။
သူ ဒီနေရာမှာ ရှိမနေချင်ဘူး..။သူ ဒီအခြေအနေကြီးကို မကြည့်ချင်ဘူး..။
ဒါတောင်မှ သူ့ရဲ့ အကြည့်ကို တစ်ခြားနေရာဆီကို မလွှဲနိုင်ခဲ့ပေ..။
ဒါကြောင့်ပဲ...နစ်ဖီ ရဲ့ မျက်လုံးထဲမှာ အဖြူရောင် မီးတောက်နှစ်ခု လောင်ကျွမ်းလာတာကို သတိပြုမိလိုက်တာပါ..။အလင်းရောင် က ပိုပိုပြီး တောက်ပလာကာ..သူမရဲ့ မျက်လုံးကနေတဆငိ့..ပါးစပ်တွေ ၊ ဒဏ်ရာတွေ ဆီကို ရောက်ရှိသွားခဲ့တယ်..။သူမရဲ့ နှလုံးသား နေရာမှာလည်း ကြယ်မီးတောက်ကလေးက..လောင်ကျွမ်းနေသလိုပါပဲ..။သူမရဲ့ အရည်ပြားတွေအောက်မှာ..အဖြူရောင် မီးတောက်တွေ တောက်လောင်နေခဲ့တယ်..။
ဒီအလင်းရောင်တွေက ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ သွေးတွေထဲမှာ ပြည့်နှက်နေပြီး..အဖြူရောင် မီး စီးကြောင်းတွေဖြစ်ပေါ်စေခဲ့ပါတယ်..။
ဆန်နီ အံ့ဩမှင်သက်စွာ ကြည့်နေတုန်းမှာပဲ..ဒီ မီးတောက် တွေဟာ သူမရဲ့ အသွေးအသား တွေကို ပြန်လည် ပြုပြင်ပေး လာခဲ့တယ်..။ဖြည်းညှင်းစွာပဲ..သူမရဲ့ အသားတွေ ၊ ကလီစာ တွေ ၊ အရိုးတွေက သူ့ရဲ့ နဂိုမူလ ပုံစံ အတိုင်း ပြန်လည် ထွက်ပေါ်လာနေခဲ့ပါတယ်..။
အစားထိုးစရာ မရှိတဲ့ နေရာမှာဆိုရင်..ဒီမီးတောက်တွေက ခန္တာကိုယ်ကို ပိုပြီး သန်မာလာအောင် ပုံဖော်ပေးနေခဲ့တာပါ..။
ဆိုးဝါးတဲ့ အော်သံကြီးနဲ့ အတူပဲ..နစ်ဖီ ဟာ သူ့ရဲ့ ကျိုးကြေနေတဲ့ လက်ကို ခန္တာကိုယ်နဲ့ ဝေးရာကို တွန်းပို့လိုက်တယ်..။မကြာခင်မှာပဲ..ဒါက..အကောင်းပကတိ ပြန်ဖြစ်သွားခဲ့ပါတယ်..။
ဆန်နီက..သူမ ခန္တာကိုယ်ပေါ်က ဆိုးဝါးတဲ့ ဒဏ်ရာကြီးတွေက..မီးတောက်ကြောင့် ပြန်လည်ကောင်းမွန်နေတာကို မြင်နေခဲ့ရတယ်..။
မကြာခင်မှာပဲ..ဒဏ်ရာတွေ အားလုံးဟာ ပျောက်ကင်းသွားပြီး..သူမရဲ့ ..နှင်းလို အဖြူဖွေးတဲ့ အသားအရည်ကို..တွန့်ကြေနေတဲ့ ချပ်ဝတ်အပေါက်တွေကနေ မြင်တွေ့လိုက်ရပါတယ်..။
နစ်ဖီ ခေါင်းကို မော့ပြီး သူတို့ကို ကြည့်လိုက်ပေမယ့် ဘာမှ မမြင်ရပေ..။သူမ ဘာကိုမှ မမှတ်မိတော့ပါဘူး..။သူမရဲ့ နားလည်နိုင်စွမ်းတွေ အားလုံးကို မီးတောက်က..ဖျက်ဆီးသွားခဲ့တာပါ..။
ယင်းနောက် အင်မော်တယ် မီးတောက် ကလန် ရဲ့ နောက်ဆုံး မျိုးဆက်ဟာ..သူမရဲ့ မျက်လုံးတွေကို ပိတ်ပြီး မြေကြီးပေါ်လဲလျောင်းကာ အသိစိတ် ပျောက်ဆုံးသွားခဲ့ပါတယ်...။
နောက်ဆုံးတော့ အရှေ့ဘက် မိုးကုတ်စက်ဝန်းကနေ..နေရဲ့ အလင်းရောင်က ပေါ်လာခဲ့တယ်..။
အာရုံတက်ချိန် ရောက်လာခဲ့ပါပြီ..။
***
အဆုံးမှာတော့ နစ်ဖီဟာ..နှစ်ရက်လောက်အထိ သတိလစ်နေခဲ့တယ်..။
တတိယမြောက်နေ့မှာတော့ သူမက မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကြည့်ရင်း ..ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပါတယ်..။
သူမရဲ့ မျက်နှာကတော့..ပုံမှန်အတိုင်း လိုပဲ..တည်ငြိမ်စွာရှိနေခဲ့တယ်..။
သို့ပေမယ့်..သူမရဲ့ အကြည့်က ဆန်နီ အပေါ်ရောက်တဲ့ အချိန်မှာတော့ အနည်းငယ် တွန့်သွားခဲ့တယိ..။ဆန်နီကတော့..ကျောက်တုံးလက်ကြီးရဲ့ လက်ညိုး ထိပ်ပေါ်မှာ ထိုင်နေခဲ့တာပါ..။
ပြောင်းလဲ နေတဲ့ ကြယ်ပွင့်ဟာ မျက်မှောင်ကျုတ်ပြီး သူမကိုယ် သူမ ပြန်ကြည့်လိုက်တယ်..။သူမရဲ့ ချပ်ဝတ်က စုတ်ပြဲ နေပြီး သူမရဲ့ ရှက်ရွံ့စရာ အစိတ်အပိုင်းတွေ ပေါ်နေတာကို တွေ့နေရပါတယ်..။
"နင်ဘာလို့ ပြုံးနေတာလဲ..."
ဆန်နီ သူမကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။
"နင့် နောက်ကို ကြည့်လိုက်..."
ခနလောက် ကြာအောင် အချိန်ဆွဲနေပြီးမှ နစ်ဖီဟာ သက်ပြင်းချလိုက်ပြီး အနောက်က အရာကို သိချင်စွာ လှည့်ကြည့်လိုက်တယ်..။
သူမရဲ့ နောက်ကျောမှာတော့..သန္တာ ချိုင်းဝှမ်းကြီးရဲ့ အပေါ်မှာ ကျယ်ပြန့်တဲ့ အနက်ရောင် ကုန်းမြေကြီး တစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်..။
သူ့ရဲ့ အပေါ်မှာတော့..ကြီးမားတဲ့ အညိုရောင် ကျောက်တုံးတာဝါကြီးတွေ နဲ့ တည်ဆောက်ထားတဲ့ မြို့နံရံကြီးတွေ ရှိနေခဲ့ပါတယ်..။သူ့ကို ကြည့်ရတာ အတော်ကို ရှေးဟောင်းကျပြီး..အနက်ရောင် ပင်လယ်ကြီးရဲ့ တိုက်စားမူကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် တောင့်ခံနိုင်ခဲ့တဲ့ ပုံပါပဲ..။
သူတို့ လုပ်နိုင်ခဲ့ပြီ..။
လူသားတွေရဲ့ ရဲတိုက်ကို ရှာတွေ့ခဲ့ပါပြီ..။
[ ပထမတွဲပြီး၏ - အရိပ်၏ သားတော် ]