← Chapters

သီးသန့် နေထိုင်သူ

Vol. 7 Ch. 96

သီးသန့် နေထိုင်သူ

Vol. 7 Ch. 96

#ဘာသာပြန် = စနိုးဝှိုက်

"နိုးထတော့..ဆန်းလပ်စ် ! မင်းရဲ့ အိပ်မက်ဆိုးက ..."

"ပါးစပ် ပိတ်ထားလိုက်..."

နွေးထွေးစွာ အိပ်နေရင်းနဲ့ပဲ..ဆန်နီ အံကို ကြိတ်ထားကာ..မျက်လုံးကို ခေါင်းမာစွာ ဆက်ပိတ်ထားခဲ့တယ်..။သူက ကိုယ်ပိုင်အိပ်ယာ လေးနဲ့ အတူပဲ နွေးထွေးစွာ အိပ်နေခဲ့တာပါ..။ကမ္ဘာကြီးရဲ့ ပြသနာ တွေ အကုန်လုံးက အခုဆိုရင် သိပ်ပြီး မလေးနက်တော့ပါဘူး..။

အချိန်ခနလောက်တော့..တိတ်ဆိတ်သွားခဲ့တယ်..။

' ဒီလိုမှပေါ့ '

" နိုးထတော့ ဆန်းလပ်စ် ! မင်းရဲ့ ..."

' ချီးပဲ. '

သူ့ စောင်အောက်ထဲက လက်တစ်ဖက်ကို ထုတ်လိုက်ပြီး ..ဆန်နီဟာ မှတ်သားမူ တစ်ခုကို ထုတ်လိုက်တယ်..။ချက်ချင်း ဆိုသလိုပဲ..သစ်ရွက်ပုံစံ တြိဂံ ..ချွန်းလေးတစ်ခု လက်ထဲမှာ ပေါ်လာခဲ့ပါတယ်..။ယင်းနောက် သူ လှည့်တောင်မကြည့်ပဲ အသံလာရာကို ပစ်လွှတ်လိုက်တယ်..။ဒီအရာက..ပစ်မှတ်ကို လွှဲချော်သွားပြီး နံရံကို ထိမှန်ပြီးသာ ပြုတ်ကျသွားခဲ့ပါတယ်..။

သို့ပေမယ့် အစောက ထွက်လာနေတဲ့ အသံကတော့ ရပ်တန့်သွားခဲ့ပါပြီ..။

ဆန်နီ သက်ပြင်းချလိုက်တယ်..။ဒါက အတော်လေးကို နောက်ကျနေခဲ့ပါပြီ..။နောက်ဆုံးမှာတော့ သူ နိုးထ လာခဲ့တယ်..။

အဝေးတစိနေရာမှာတော့ လှိုင်းလုံးတွေဟာ..မြို့ရဲ့ နံရံကို ..စတင်ပြီး ရိုက်ခတ်နေခဲ့ကြတယ်..။ညအချိန် ရောက်လာပြီ ဆိုတော့ သူ့အတွက် အိပ်ယာထ ဖို့ အချိန်ပါပဲ..။

မျက်လုံးတွေကို ဖွင့်ပြီး ဆန်နီ ထထိုင်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်..။

သူ့ အခန်းက အတော်လေးကို လှပပြီး ကျယ်လည်း ကျယ်ပြောတာပါ..။အခန်းရဲ့ ကျောက်တုံးနံရံတွေကို ရှုပ်ထွေးတဲ့ ဒီဇိုင်းတွေ နဲ့ ပုံဖော်ထားပြီး..လေထုကို ထည်ဝါအောင် ဖန်တီးထားခဲ့ပါတယ်..။အသုံးအဆောင် တွေကို လည်း ဖြူဖျော့တဲ့ သစ်သားနဲ့ ပြုလုပ်ထားခဲ့တယ်..။ဒီသစ်သားတွေကို ဆန်နီ နေရာအနှံ့ကနေ ကိုယ်တိုင် ရှာဖွေထားခဲ့တာပါ..။

ဒီအခန်းမှာ ပြတင်းပေါက်မရှိပါဘူး..။သို့ပေမယ့်..ဟိုနား ဒီနားကနေ ဝင်ရောက် လာတဲ့ အလင်းရောင် တစ်ချို့တော့ ရှိနေပါသေးတယ်..။စိတ်မကောင်းစွာပဲ..ဒီအခန်းထဲမှာ ရှိနေသင့်တဲ့..စနစ်တကျ ပြုလုပ်ထားတဲ့ မှန် ကတော့..အစောကတည်းက ပျက်ဆီးသွားခဲ့ပါပြီ..။

ဆန်နီ ဒါကို စိတ်မရှိခဲ့ပေ..။ဒီနေရာက သူ အရမ်းကြိုက်ရတဲ့ လျိုဝှက် အခန်းတစ်ခုပါ..။

အမှောင်ထု က သူ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပါပဲ..။

သန်းဝေစွာ ပဲ သူ မတ်တတ်ရပ်လိုက်ပြီး..နောက်ဆုံးကျန်ရှိနေသေးတဲ့..အိပ်ချင်စိတ်ကို..ပယ်ဖျောက်လိုက်တယ်..။သူ့ရဲ့ ရှည်လျားပြီး..ညစ်ပတ်နေတဲ့ ဆံပင်တွေက အရှေ့ကို ရောက်နေတာကြောင့် အနောက်ဘက်ကို ပြန်ပို့လိုက်ပါတယ်..။

' မနက်စာ...ဖန်တီး လိုက်ရအောင် '

ဒါပေပဲ့ ပထမဆုံး လုပ်ရမယ့် အရာရှိတယ်..။

ဆန်နီ လက်ကို လှုပ်ရှားလိုက်တဲ့ အချိန်မှာ..သူ့ရဲ့ လက်ကောက်ဝတ်ကို မမြင်ရတဲ့ ကြိုးနဲ့ ဆက်သွယ်ထားတဲ့..သုံးမြောင့်ပုံစံ ကူနယ် လေးဟာ လေထဲကို ပြန်တက်လာပြီး..သူ့လက်ထဲ ပြန်ရောက်လာခဲ့ပါတယ်..။ဒါက ဆန်နီ အတော်ကြာအောင် လေ့ကျင့်ထားခဲ့ရတဲ့ လှည့်စားချက် တစ်မျိုးပါပဲ..။အစောတုန်းက ဆိုရင် ဒီအရာကို လေ့ကျင့်ရင်း သူ့လက်ချောင်းတွေတောင် ဆုံးရှုံးတော့မလို ဖြစ်ခဲ့ရပါသေးတယ်..။

သူ ဘာမှ မရှိတဲ့..နံရံတစ်ခု ဆီကို လျောက်သွားလိုက်ပြီး..ကူနယ် နဲ့ ကျောပ်တုံးကို ..သေးငယ်တဲ့ ခြစ်ရာလေးတစ်ခု ဖန်တီးလိုက်တယ်..။ဘေးပတ်လည် မှာလည်း ဒီလို တူညီတဲ့ ခြစ်ရာလေးတွေ သေသပ်စွာ ရှိနေပါသေးတယ်..။

ဆန်နီ..ဒီ ရွံစရာ ကောင်းတဲ့ မြို့ကို ရောက်နေတာက..လေး လလောက်တောင် ရှိနေခဲ့ပါပြီ..။

ဒီအတောအတွင်းမှာ မဖြစ်အပျက်တွေ တော်တော် များများလည်း ဖြစ်ပျက်သွားခဲ့ပါသေးတယ်..။

***

ကတ်စီ ရဲ့ အမြင်တွေက..အမှန်အတိုင်း ဖြစ်လာခဲ့တယ်..။အနောက်ဘက် အတော်ဝေးဝေးမှာတော့..သူတို့က ကျယ်ပြန့်ပြီး နံရံတွေနဲ့ ကာရံထားတဲ့ မြို့ကြီးတစ်မြို့ကို တွေ့ခဲ့ကြရပါတယ်..။ဒီမြို့ကြီးထဲက လမ်းကြားတွေမှာတော့..သားရဲတွေဟာ သွားလာနေကြတယ်..။မြို့ရဲ့..အလယ်ခေါင်မှာတော့ တောင်ကုန်းကြီးတစ်ခု ရှိနေပြီး ဒီတောင်ကုန်းကြီးပေါ်မှာတော့ ရဲတိုက်ကြီးတစ်ခု ရှိနေပါသေးတယ်..။

ဒီရဲတိုက် ထဲမှာတော့ လူတွေပြည့်နေခဲ့တယ်..။သို့ပေမယ့် ဒီလူတွေက သူတို့ မျှော်လင့်ထားသလို တက်ရောက်သူ တွေ မဟုတ်ကြပါဘူး..။အဲဒီ အစား သူတို့က ဒီအတိုင်း..သာမန် အိပ်စက်သူ လေးတွေပါ..။

ဘာလို့လဲ ဆိုတော့ ဒီရဲတိုက်မှာက..အပြင်ကိုထွက်မယ့် ထွက်ပေါက် မရှိလို့ပါပဲ..။

လူသား တစ်ရာကျော်လောက်။ဒီလို ငရဲတမျှ ကြမ်းတမ်းတဲ့..မေ့ပျောက် ကုန်းမြေကြီးထဲကနေ ..ခွန်အားကြောင့်ပဲဖြစ်ဖြစ် ကံတရား ကြောင့်ပဲ ဖြစ်ဖြစ်..ရှင်သန်လာကြတဲ့ လူတွေက..ဒီနေရာမှာ အိမ်ပြန်ဖို့ မျှော်လင့်ချက် မရှိစွာပဲ..စုပြုံနေကြတာပါ..။ဒီနေရာက ဘာမှမဟုတ်ပဲ ဒီတိုင်း မျှော်လင့်ချက် သင်္ချိုင်းတစ်ခုပါပဲ..။

သူ ရဲတိုက်ကို ပထမဆုံး စရောက်တဲ့ အချိန်ကို ပြန်တွေးမိလိုက်တဲ့ အချိန်မှာတော့..ဆန်နီ အကူညီမဲ့စွာပဲ ကျယ်လောင်စွာ ရယ်မောလိုက်တယ်..။အိုး...သူ ဘယ်လို အရူးကို တွေ့ခဲ့ရတာလဲ..။မျှော်လင့်ချက်တွေ နဲ့ ပြည့်နေတဲ့..လူသားတွေကိုပါ...။အဲဒီ မျှော်လင့်ချက်တွေက အခု ဘယ်ကို ရောက်သွားတာလဲ ..ဟမ် ။

သူ ကျေနပ်စွာ ရယိမောလိုက်ပြီး..ခါးကို ကိုင်းကာ ဒူးကို လှမ်းရိုက်လိုက်တယ်..။

"အိုး..ဒါက ရယ်စရာပဲ..။တကယ်ကောင်းတယ် ဆန်နီ..။မင်း ဒါကို ဘယ်လို တွေးလဲ..ကောင်းလေး ဟမ်..."

အရိပ်ဟာ ​သူပြောတာကို ပြန်ပြီး မတုန့်ပြန်ခဲ့ပေ..။သူ့ရဲ့ တိတ်ဆိတ်မူကပဲ ဆန်နီကို ပိုပြီး သဘောကျစေခဲ့ပါတယ်..။

အရိုးသားဆုံးပြောရရင် သူက အစောကတည်းက နည်းနည်း ထူးဆန်းလာခဲ့တာပါ..။ဖြစ်နိုင်တာက သူ မြို့ထဲမှာ တစ်ယောက်တည်းပဲ နေနေလို့လည်း..ဖြစ်နိုင်ပါတယ်..။သူ ကံဆိုးတဲ့ အခိုက်အတန့်ပြီးကတည်းက ရဲတိုက်က နေ ထွက်ခွာလာခဲ့ပြီး အခြေအနေက သိပ် မကောင်းဖြစ်နေခဲ့ပါတယ်..။ကောင်းပြီ..ဒါက ကိစ္စတော့ မရှိပါဘူး..။

သူရောက်ပြီး တတိမြောက် အပတ်မှာပဲ..အဲ့ခွေးသားလေးတစ်ကောင်က သူ့ ရင်ကို ခွဲ တော့မလို ဖြစ်သွားခဲ့တာပါ..။ဆန်နီလည်း ရွေးချယ်စရာ မရှိတော့ပဲ..အူတွေ ထွက်ကျလာမှာစိုးရိမ်တာကြောင့် လက်နဲ့ တားထားခဲ့ရပါတယ်..။သူထွက်လာပြီးနောက်မှာတော့..လဲလျောင်းရာ နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး..လှုပ်ရှားဖို့ အားနည်းစွာ ရက်အနည်းငယ် ရှိနေခဲ့တယ်..။အဲ့တုန်းက သူ့ကို ကူညီမယ့်လူ ဘယ်သူမှ တောင် ရှိမနေခဲ့ပဲ သေဖို့ အချ်ိန်ကိုသာ စောင့်နေခဲ့ရတာပါ..။

' အချိန် ကောင်းတွေပဲ.. '

ဘာပဲဖြစ်ဖြစ် သူ ရှင်သန်ခဲ့ပါတယ်..။

ကူနယ်ကို ပြန်သိမ်းလိုက်ပြီး..ဆန်နီဟာ..ပျက်ဆီးနေတဲ့ စာကြည့်ခန်းထဲက ..စာပွဲတစ်လုံးဆီကို လျောက်သွားလိုက်တယ်..။ယင်းနောက် အလယ် တည့်တည့်မှာ ရှိနေတဲ့ အညိုရောကိ ကျောက်တုံးကို ကြည့်လိုက်ပါတယ်..။

မင်း ဒါကို ဘယ်လောက်ပဲ ကြည့်ကြည့် ဒါက သာမန်ကျောက်တုံး တစ်လုံးပဲ..။သို့ပေမယ့် ဆန်နီ ရဲ့ အကြည့်က သူ့အပေါ်ကို ရောင်သွားတာနဲ့ ကျောက်တုံးက စကားထပြောလာခဲ့ပါတယ်..။

'ထတော့လေ ဆန်းလပ်စ် ...မင်းရဲ့ အိပ်မက်ဆိုးက ပြီးသွားပြီ '

ဒီကျောက်တုံးက သူ့ရဲ့ ..တန်ဖိုးအရှိဆုံး မှတ်သားမူ တစ်ခုပါ..။ဒီကျောက်တုံးရဲ့ အကူအညီတွေကိုလည်း သူ အများကြီး ယူထားပြီးပါပြီ..။သို့ပေမယ့် ဒီသာမန် ကျောက်တုံးလေးရဲ့..မတူညီတဲ့ အသံမျိုးစုံကို ထုတ်ပေးနိုင်စွမ်းက တကယ်ကို တန်ဖိုးဖြတ်မရတာပါပဲ..။

အခုတော့ သူက ဆန်နီရဲ့ ကိုယ်ပိုင် အသံကို ပြန်ပြောနေခဲ့တာပါ..။

" နိုးထတော့လေ ..."

' မင်းက တကယ်မုန်းစရာ ကောင်းတဲ့ အရာလေးပဲ '

ဒီကျောက်တုန်းကို..ပြန်သိမ်းလိုက်ပြီး..ဆန်နီဟာ..စားပွဲပေါ်က အဝတ်စ ကို ဖယ်ရှားလိုက်တယ်..။အောက်ဘက်မှာတော့..ငွေရောင် ပန်းကန်ထဲတစ်ချပ်နဲ့ သားရဲ အသားတွေကို တွေ့လိုက်ရပါတယ်..။

ဒီ သားရဲတွေကို သူ ကိုယ်တိုင် အမဲလိုက်ထားခဲ့တာပါ..။ဒါက လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး.။ဆန်နီ သိသလောက် ဆိုရင်တော့ ..မြို့ထဲမှာ သားရဲတွေကို တစ်ယောက်တည်း အမဲလိုက်နိုင်တာက သူ အပါအဝင် လူအနည်းစုလောက်ပဲ ရှိတာပါ..။အကြောင်းပြချက်ကတော့ ဒီနေရာက အိပ်မက်ဆိုးသားရဲ အများစုက ကျရှုံးမူ အဆင့်တွေဖြစ်ပြီး..အားနည်းတဲ့ လက်တစ်ဆုပ်စာလောက်ကတော့ ပုန်းကွယ်နေကြပါတယ်..။

ကျရှုံးမူ အဆင့် သားရဲတွေကို အမဲလိုက်ရလောက်တဲ့ အထိ ဘယ်သူကမှ မရူးသွပ်ကြပေ..။ဒါကြောင့် အမဲလိုက် အဖွဲ့တွေဟာ အတွေအြကြုံရှိတဲ့ လမ်းပြတွေ နဲ့ ပူးပေါင်းပြီး ဒီလို သားရဲတွေကို ရှောင်ကွင်းသွားကြတာပါ..။

သို့ပေမယ့် ဆန်နီအတွက်ကတော့ နိုးထမူ အဆင့် သားရဲတွေကို အမဲလိုက်ရတာ အတော်လေးကို လွယ်ကူပါတယ်..။သူက ညဘက်မှာသာ အမဲလိုက်ပြီး..အရိပ်တွေကို အသုံးပြုကာ ကိုယ့်ကိုကို မမြင်ရအောင် လုပ်ထားခဲ့ပါတယ်..။သူသာ ကျရှုံးမူ အဆင့် သားရဲတွေကို မတိုက်ခိုက်ချင်ဘူးဆိုရင် တိုက်ခိုက်စရာ မလိူအပ်ပါဘူး..။

အချိန်အများစုကတော့....

ဒီအခြေအနေကြောင့် သူ ဆာလောင်မူကို မခံစားရပေ..

ဆန်နီ ပြုံးလိုက်ပြီး ..ကျေနပ်တဲ့ လေသံနဲ့ ရွေတ်လိုက်ပါတယ်..။

" အာ...ဘဝက တကယ်ကောင်းမွန်တာပဲ "

All Chapters