မုဆိုး၏ အိပ်မက်
Vol. 7 Ch. 97
#ဘာသာပြန် = စနိုးဝှိုက်
ဘဝက တကယ်ကို ကောင်းမွန်တာပါ..။အမှန်တော့..လတ်တလော အခြေအနေမှာ ဘဝက အံ့ဩဖို့ကောင်းတယ်လို့တောင် ဆန်နီပြောလိုက်ချင်ပါတယ်..။
ကျိန်စာသင့်တဲ့ မြို့အလယ်မှာ ပိတ်မိနေပြီး..ဘေးပတ်လည်မှာလည်း..ဆိုးဝါးတဲ့ အပျက်အဆီးတွေ ကြောက်စရာကောင်းတဲ့ မွန်းစတားတွေသာ ဝန်းရံထားတယ် ဆိုတဲ့ အခြေအနေကို တစ်စုံတစ်ယောက်က တွေးကြည့်လို့ရနိုင်ပါတယ်..။ဒါက ဘဝကို ရှင်သန်ဖို့ တကယ်ကို ကောင်းမွန်တဲ့ နေရာတစ်ခု မဟုတ်ပါဘူး..။သို့ပေမယ့် သူ့အတွက်တော့..ဒီနေရာက နိဗ္ဗာန် ဘုံလေးတစ်ခု လိုပါပဲ..။
အံ့ဩသင့်ဖို့ ကောင်းစွာပဲ..ဆန်နီဟာ ဒီတွေ့ကြုံနေရတဲ့ အခြေအနေ တွေက သူ့အတွက် ကောင်းကောင်းသင့်တော်တယ် ဆိုတာကို ခံစားလိုက်ရပါတယ်..။သူ့မှာ ဘာတာဝန်မှ မရှိသလို..အနာဂတ်အတွက်လည်း..တွေးပူနေစရာ မလိုတော့ပေ..။ပိုပြီး အရေးကြီးတာက သူ လူသားတွေနဲ့ ထိတွေ့ဖို့လည်း မလိုအပ်တော့ပါဘူး..။
လူသားတွေက အမြဲတမ်းလိုလို အခြေအနေတွေကို ရှုပ်ထွေးပြီး ..ခက်ခဲအောင် လူပ်ချင်ကြပါတယ်..။သူ ဒီလူတွေကို စိတ်ကုန်နေပါပြီ..။
တစ်ယောက်တည်း နေနေတာကမှ ပိုပြီး ကောင်းမွန်ပါသေးတယ်..။သူ့အနေနဲ့ တစ်ယောက်တစ်ယောက်ကို..ဟန်ဆောင်ပြောဆိုစရာလည်း မလိုအပ်သလို..သူမလုပ်ချင်တဲ့ အရာကိုလည်း တွန်းအားပေးပြီး လုပ်စရာ မလိုအပ်ပေ..။
ဘဝမှာ ပထမဆုံး အနေနဲ့ ဆန်နီဟာ ကိုယ့်စိတ်တိုင်းကျ အတိုင်း နေခွင့်ရနေခဲ့ပါတယ်..။
ဒီအခြေအနေက အစစ်အမှန် ကမ္ဘာရဲ့ မြို့ပြင်မှာ သနားစဖွယ်နေနေခဲ့ရတဲ့ သူ့ဘဝထက်တော့ အပုံကြီးသာပါတယ်..။
သူ ဒီလို ပျော်ရွှင်နေမူ ရဲ့ အဓိက အချက်ကတော့ အရမ်းရိုးရှင်းပါတယ်..။ဒါက ဘာမျှော်လင့်ချက်မှ မရှိတာပါပဲ..။
မျှော်လင့်ချက်က ငြိမ်းချမ်းခြင်းရဲ့ အဓိက ရန်သူပဲ ဆိုတာကို ဆန်နီ ရှာဖွေတွေ့ရှိခဲ့ရပါတယ်..။အိမ်ပြန်ဖို့ အတွက် မျှော်လင့်ချက် သေးသေးလေး ရှိလာပြီဆိုရင်..စိုးရိမ်မူတွေ..ပူပန်မူတွေ ၊ ကပ်ဆိုးတွေက နောက်ကနေ သူ့ဟာသူ လိုက်ပါလာခဲ့တာပါ..။
သူ အရင်တုန်းက ဖြစ်ပျက်ခဲ့သလိုမျိုးပါပဲ..။
သို့ပေမယ့် မျှော်လင့်ချက် မရှိတဲ့ အခါမှာတော့ ရိုးရှင်းပြီး ပျော်ရွှင်ရပါတယ်..။သူ တကယ်ပဲ..ဘာမှ အများကြီး မတောင်းဆိုတော့ပေ..။
"မင်းကိုမင်း ဒီလိုအရာကို ဆက်တိုက် ပြောနေပြီဆိုတော့..မင်း တကယ်ယုံကြည်ထားပဲ ဖြစ်ရမယ် "
ဆန်နီ ပြုံးလိုက်တယ်...။
"ဘာကို ယုံကြည်ရမှာလဲ..။ဒါက အမှန်တရားပဲ "
အရိပ်ကတော့ သူ့ပုံစံကို ကြည့်ပြီး တိတ်တဆိတ်ပဲ ခေါင်းခါယမ်းလိုက်ပါတယ်..။လတ်တလောမှာ ဆန်နီက ကိုယ့်ကိုကို စကားပြောနေလေ့ ရှိပြီး..တစ်ခါတစ်လေ ဆိုရင်လည်း တစ်ယောက်တည်း..ငြင်းခုန်နေတတ်ပါသေးတယ်..။ဒါက အချိန်တွေ ကုန်ဆုံးဖို့ အကောင်းဆုံးနည်းလမ်းပါပဲ..။
ခနကြာတဲ့ အချိန်မှာတော့..သူက သူ့ရဲ့ လျိုဝှက် အခန်းကနေ ထွက်လာခဲ့တယ်..။သူ့ရဲ့ အခန်းက ပျက်ဆီးနေတဲ့ ဘုရားရှိခိုးကျောင်း တစ်ခုရဲ့ အပေါ်ဘက်နားမှာ ရှိတာပါ..။ဝင်ပေါက်က နတ်သမီးရုပ်ထုကြီးရဲ့ အနောက်ဘက်မှာ ရှိတာကြောင့် ဘယ်သူမှ မသိနိုင်ပါဘူး..။နတ်သမီးရဲ့ ပုခုံးပေါ်ကနေ ဘုရားကျောင်းထဲက အခြေအနေကို လှမ်းကြည့်လို့ရတဲ့ လသာဆောင် နေရာတစ်ခုလည်း သူ့မှာ ရှိနေပါသေးတယ်..။
လသာဆောင်က အောက်ဘက် ကြမ်းပြင်နဲ့ အရမ်းကို ဝေးကွာလွန်းတာကြောင့် သက်ရှိတစ်ကောင်ကောင်က ရုတ်တရက် တက်လာဖို့ ဆိုတာ မလွယ်ကူပေ..။သာမန်လူတစ်ယောက် ပြုတ်ကျရင် ကျိန်းသေ သေရမှာပါ..။
ဆန်နီဟာ ဒီလျိုဝှက်နေရာကို ..သူ့ကို တိုက်ခိုက်တဲ့ ခွေးသားကို ထောက်လှမ်းရင်းနဲ့..တွေ့ရှိခဲ့တာပါ..။သူ ဘုရားကျောင်းပျက် ထဲကို ခေါင်းမိုးကနေ ဝင်လာခဲ့တာဖြစ်ပြီး ဒီနေရာကို သတိထားမိခဲ့ပါတယ်..။
ဒီလို နဲ့ သူရယ် ဒီခွေးသားလေးရယ် ..အိမ်နီးချင်း ဖြစ်လာတာပါပဲ..။ဒီ ခွေးသားလေးက..ဒီနေရာရဲ့ အစောင့်အကြပ် သဘောမျိုးလိုဖြစ်နေခဲ့တာပါ..။သူက ဒီအထဲကို ဝင်လာရဲတဲ့ သက်ရှိတိုင်းကို သတ်ပစ်လေ့ရှိပါတယ်..။အင်အားကြီးတဲ့ အိပ်မက်ဆိုး သားရဲကြီးတွေက သူ့ကြောင့် သေဆုံးသွားကြတာကို ဆန်နီ မြင်တွေ့နေကြပါ..။
ဒါပေါ့ ဒီခွေးသားက အတော်လေးကို အင်အားကြီးတဲ့ အိပ်မက်ဆိုး သားရဲ တစ်ကောင်ပါပဲ..။
ဒီအကောင်က အနိမ့်ဆုံး နတ်ဆိုး အဆင့်လောက်ရှိတယ် ဆိုတာကို ဆန်နီ ကျိန်းသေ ပြောနိုင်ပါတယ်။
နတ်ဆိုးတစ်ကောင်နဲ့ ဘုရားကျောင်းပျက်ထဲမှာ နေရတာက အတော်လေး အဆင်ပြေလှပါတယ်..။အတွင်းထဲကို ဘယ်သားရဲမှ မလာနိုင်တာသေချာနေတာကြောင့် ဆန်နီ အေးအေးဆေးဆေး အိပ်နေယုံပါပဲ..။ဒါပေါ့ ဒီ သတ်ဖြတ်တဲ့ အိမ်နီးချင်း မမြင်အောင်တော့ သူ နေထိုင်ရပါသေးတယ်..။
အပေါ်ကနေပြီး သူ နတ်ဆိုးကို စိတ်ကြိုက်လေ့လာကာ လက်စားချေဖို့ အချိန်ကို စောင့်နေခဲ့တယ်..။သူ့ကို သေမတတ်ဖြစ်အောင်လုပ်သွားတဲ့ ဒီကောငိကြီးကို သူ သတ်ချင်နေခဲ့တာပါ..။ဒီခွေးသားက ကျိန်းသေ သေရပါလိမ့်မယ်..။
သို့ပေမယ့် အဲဲဒီမတိုင်ခင်တော့ ဆန်နီဟာ ပိုသန်မာလာဖို့ လိုအပ်ပါတယ်..။ပိုပိုပြီး သန်မာလာဖို့ပါ..။
ဘုရားကျောင်းရဲ့ အလင်းရောင် ကျနေတဲ့ နေရာကို လျောက်သွားရင်း သူ ခေါင်းမိုး အပေါက်ဆီကို တွယ်တက်သွားခဲ့တယ်..။
အပြင်ဘက်မှာတော့..ညအချိန်က ကမ္ဘာကြီးကို လွှမ်းမိုးနေခဲ့ပါပြီ..။
အခုက အမဲလိုက်ဖို့ အချိန်ပါပဲ..။
***
အရိပ်တစ်ခုက..ကျိန်စာသင့် မြို့ကြီးရဲ့ လမ်းကြားထဲမှာ လျောက်သွားနေခဲ့တယ်..။ဒီသားရဲက ..ရှည်လျားတဲ့ လက်မောင်းတွေ၊ ကြမ်းတမ်းတဲ့ လက်သည်းတွေနဲ့..ပုံပျက်နေတဲ့ ဦးခေါင်းတစ်ခု ရှိနေခဲ့ပါတယ်..။
ဒီ မွန်းစတားက အနည်းဆုံးတော့ ..နှစ်မိီတာ လောက်ရှည်ပါတယ်..။
ဒါက ဆန်နီ စောင့်မျှော်နေတဲ့ အခြေအနေပါပဲ..။
ဒီသားရဲကို..သွေးမိစ္ဆာ လို့ခေါ်ပြီး ကျိန်စာသင့် မြို့ထဲမှာ..အားအနည်းဆုံး သားရဲ အမျိုးအစားပါ..။ဒါက နိုးထမူ အဆင့်သာ ရှိပြီး ဥာဏ်ရည် သိပ်မဖွံ့ဖြိုးသေးတာကြောင့် တစ်ခြားသားရဲတွေထက် သတ်ရတာလွယ်ကူပါတယ်..။
ဒါပေါ့..သူများအသက်ကို သတ်ရတာက ဘယ်အရာမှတော့ မလွယ်ကူပါဘူး..။ဘာပဲဖြစ်ဖြစ် ..မေ့ပျောက်ကုန်းမြေပေါ်မှာ ရှိနေတဲ့လူသားတိုင်းက ပြောင်းလဲမူ အဆင့် သားရဲလေးတွေပါ..။
အဆင့်တူတယ် ဆိုပေမယ့်လည်း..သွေးမိစ္ဆာတွေက သူတွေ့ခဲ့ဖူးတဲ့ ကြေးခွံသားရဲတွေထက် ခွန်အားရော အမြန်နှုန်းရော ပိုသာပါတယ်..။
'သနားစရာပဲ..'
ဆန်နီက အိပ်မက်ဆိုးသားရဲ လမ်းလျောက်နေတာကို အရိပ်ထဲကနေ ကြာ့်နေရင်းပြောလိုက်တာပါ..။
သူ အရင်တုန်းက ဒီလို မွန်းစတားတွေကို အကြိမ်အနည်းငယ် သတ်ထားဘူးပါတယ်..။သူတို့ထဲက တစ်ကောင်နဲ့တွေ့တဲ့ အချိန်မှာ သူ ကျောက်တုံးကို ရထားခဲ့တာပါ..။
' သေဖို့အချိန်ရောက်ပြီ ရုပ်ဆိုးကောင်လေး '
သွေးမိစ္ဆာက ဘေးဘက်ကို လှည့်ကြည့်တော့မယ့် အချိန်မှာပဲ အသံတစ်ခုက သူ့ကို ဆွဲဆောင်သွားခဲ့တယ်..။ယင်းနောက် သူ ဂရုစိုက်စွာပဲ တစ်နေရာရာ ကို ကြည်နေလိုက်ပါတယ်..။
သွေးမိစ္ဆာရဲ့ ရှေ့မှာတော့..သာမန်ကျောက်တုံးလေး တစ်တုံးဟာ မြေကြီးပေါ်မှာ ရှိနေခဲ့တယ်..။
တစ်စက္ကန့်လောက် အကြာမှာတော့ ကျောက်တုံးလေးက စကားထပြောလာခဲ့ပါတယိ..။
"မင်းနောက်မှာ..."
သူက ယဥ်ကျေးသွာပြောလိုက်တာပါ..။
သားရဲကြီးဟာ ခနလောက် အေးခဲသွားပြီး လျင်မြန်လွန်းတဲ့ အရှိန်နဲ့ နောက်ကို လှည့်လိုက်တယ်..။
တစ်ခုခုက လေထဲမှာ အသံမြည်လာခဲ့ပြီး..သွေးမိစ္ဆာရဲ့ အပေါ်ပိုင်းဟာ သူ့ရဲ့ အောက်ဘက် အပိုင်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်..။ဒါတောင်မှ သားရဲကြီးက သေဖို့ ငြင်းဆန်နေပြီး လက်တွေလှုပ်နေပါသေးတယ်..။
"အရမ်းနှေးတယ်.."
ဆန်နီဟာ သန်းခေါင်ယံ အမြုတေကို ဝေ့ယမ်းလိုက်ပြီး သူ့ရဲ့ ဘက်တစ်ဖက်ကို ထပ်ဖြတ်လိုက်တယ်..။ပြီးတာနဲ့ ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး သားရဲကြီးရဲ့..ဦးခေါင်းကို..ထိုးချလိုက်ပါတယ်..။ဓားရဲ့ ထိပ်ဖျားက သူ့ရဲ့ ဦးခေါင်းထဲကို ဖောက်ဝင်သွားခဲ့တယ်..။
အရာအားလုံးက စက္ကန့်ပိုင်းလောက်ပဲ ကြာသွားခဲ့တာပါ..။အဲ့အချိန်မှာတော့ မွန်းစတားကြီးက မြေကြီးပေါ် လဲလျောင်းနေပြီး..ဆန်နီက ဓားကို ပြန်ဆွဲထုတ်ပြီးနေခဲ့ပါပြီ..။
မျှော်လင့်ချက်တွေနံ သူ ပြုံးပြီး စောင့်နေခဲ့တယ်..။
"လုပ်စမ်းပါ..ပြောလိုက်ပါဦး.."
သူ့ကို ပြန်ဖြေလိုက်သလိုပဲ အခိုက်အတန့်ဟာ တီးတိုးပြောလိုက်တယ်..။
[ သင်ဟာ နိုးထမူအဆင့် သွေးမိစ္ဆာကို သတ်လိုက်ပါပြီ ]
[ သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]
ဆန်နီ ပြုံးလိုက်ပြီး..
"အာ..ကြင်နာမူ အတွက်ကျေးဇူးပါ..။မင်းက တကယ်ကို ကောင်းမွန်တာပဲ "
သူ့ မျက်စိရှေ့က လေထဲမှာ အချက်အလက်တစ်ခု ပေါ်လာခဲ့တယ်..။သူသေချာကြည့်ပြီး ..ဖတ်လိုက်ပါတယ်..။
အရိပ် အပိုင်းအစ : [ 398 / 1000 ]
အပိုင်းအစ လေးရာ ပြည့် ဖို့ နှစ်ခုပဲ လိုတော့တာပါ..။ဒီရက်ပိုင်းတွေမှာ သူ့ရဲ့ တိုးတက်မူ က အတော်လေးကို မြန်နေခဲ့တယ်..။အစောပိုင်း ဒီမြို့အကြောင်းကို မသိတုန်းကတော့..ဆန်နီဟာ တစ်ပတ်လောက်မှ အပိုင်းအစ အနည်းငယ် ရခဲ့တာပါ..။
သူ သွေးတွေ အလွန်အကျွံထွက်ပြီး သေခါနီး အခြေအနေ ဖြစ်ခဲ့တာလည်း ခနခနပါပဲ..။
သို့ပေမယ့် အရာရာတိုင်းက ဖြည်းဖြည်းချင်း ပြောင်းလဲလာနေခဲ့တယ်..။သူ နောက်ဆုံးတစ်ကြိမ် သေမလိုဖြစ်ခဲ့တာက ဘယ်အချိန်ကလဲ ဆိုတာတောင် မမှတ်မိတော့ပါဘူး..။
'အာ...အရူး...ဒါက မင်းသေချာ စဥ်းစားကြည့်ဖို့ပဲ လိုတာလေ..ဟားဟား...'
သူ့ အတွေးတွေ အဆုံးသတ်သွားတဲ့ အခိုက်အတန့်မှာပဲ အဝေးတစ်နေရာကနေ ခြေသံတွေကို ကြားလိုက်ရပါတယ်..။