မဖိတ်ခေါ်ထားတဲ့ ဧည့်သည်များ
Vol. 7 Ch. 98
#ဘာသာပြန် = စနိုးဝှိုက်
ဆန်နီဟာ သွေးမိစ္ဆာရဲ့ အလောင်းကို ကြည့်ပြီး နီးကပ်လာတဲ့ ခြေသံ တွေလာရာ ဘက်ကို လှည့်ကြည့်လိုက်ပါတယ်..။
ကျိန်စာသင့် မြို့ထဲမှာ ညဘက်ကြီး လျောက်သွားရဲရလောက်အောင် ဘယ်သူ့က ဒီလောက် သတ္တိကောင်းနေတာလဲ..။တကယ့်ကို ငမိုက်သား တစ်ယောက်ကပဲ ဒီလို တုံးအ တဲ့ အလုပ်မျိုးကိူ လုပ်မှာပါ..။သာမန်လူတွေက..လမ်းတွေထဲမှာ မရှိတော့ပါဘူး..။လူနည်းစုလောက်ကပဲ ဒီအချိန်မှာ သွားလာလှုပ်ရှားရဲတယ် ဆိုတာကတော့ ပြောစရာ တောင်မလိုတော့ပေ..။
အနက်ရောက် အရိပ်တစ်ခုက သန်းခေါင်ယံ အမြုတေရဲ့ ထိပ်ဖျားမှာ စီးဆင်းနေခဲ့တယ်..။သူက..မြေကြီးပေါ်ကို ပြန်ရောက်သွားပြီး ဆန်နီကို စိုက်ကြည့်နေခဲ့ပါတယ်..။
ဆန်နီ ပြန်ကြည့်လိုက်တယ်..။
"ဘာလဲ.."
အရိပ်ဟာ ခေါင်းခါယမ်းလိုက်ပြီး ဘာမှပြန်မဖြေခဲ့ပေ..။ဒါက သူ့ကို ထွက်သွားဖို့ တွန်းအားပေးနေတာပါပဲ..။
"ဘာပဲဖြစ်ဖြစ်..။အာ..ကြည့်ရတာတော့ ငါတို့ဆီကို ဧည့်သည်တွေ ရောက်လာပြီ ထင်တယ်..။ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ..။ဒီနေရာက အတော် ရှုပ်ထွေးတာပဲ.."
ပတ်ဝန်းကျင်ကို ကြည့်ကာ ဆန်နီ သက်ပြင်းချလိုက်တယ်..။သူ အလောင်းကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်ပြီး..ကူနယ်ကို ထုတ်လိုက်ပါတယ်..။အခု ချိန်မှာ အလုပ်သင့်ဆုံးအရာက ပုန်းနေဖို့ပါပဲ..။ဒီ ခြေသံတွေက ဘယ်လိုအရာမျိုးတွေကို ဖန်တီးနိုင်မလဲ ဆိုတာကို ဘယ်သူသိမှာလဲ..။ဒါက လူအုပ်စု တစ်စု ဖြစ်နိုင်သလို ခြေထောက်တွေ အများကြီးနဲ့ သားရဲတစ်ကောင် လည်း ဖြစ်နိုင်ပါတယ်..။ဒီတော့ ထိပ်တိုက် ရင်မဆိုင်တာ အကောင်းဆုံးပါပဲ..။
သို့ပေမယ့် သူ အမဲလိုက်တာက..မပြီးဆုံးသေးပေ..။သူက ယူသင့်တာကို ယူရဦးမှာပါ..။
"သွားကြည့်လိုက်စမ်း.."
အရိပ်ကို လွတ်ပြီးတာနဲ့ ဆန်နီ ဒူးထောက်ချလိုက်ပြီး အသားတွေကို စတင်လှီးဖြတ်လိုက်တယ်..။အရိပ်ရဲ့ အားဖြည့်မူ မရှိတာကြောင့် သွေးမိစ္ဆာရဲ့ အသားတွေကို လှီးရတာက မလွယ်ကူလှပါဘူး..။သို့ပေမယ့် ဒါတောင်မှ သူ ပထမဆုံး အမြုတေကို အလျင်အမြန် တွေ့လိုက်ရပါသေးတယ်..။တစ်ခု ထပ်ရှိသေးတယ်...။
အဲ့အချိန်မှာပဲ..အရိပ်ဟာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေကို တွေ့ရှိသွားခဲ့တယ်..။လူသား ခြောက်ယောက်က..အပြာရောင် မီးအိမ်နဲ့အတူပဲ ကျဥ်းမြောင်းတဲ့ လမ်းတွေ ထဲမှာ လျောက်နေခဲ့ကြတာပါ..။
သူတို့က အသားအရည်ကြမ်းတမ်း ကြပြီး သူတို့နဲ့ မကိုက်ညီတဲ့ ချပ်ဝတ်တွေကို ဝတ်ထားခဲ့ကြတယ်..။သူတို့ရဲ့ မျကိလုံးတွေကတော့ အေးစက်ပြီး မာကျောနေခဲ့ပါတယ်..။
ဆန်နီ မျက်ခုံးပင့်တင်လိုက်တယ်...။
"ဟင်...အိုးမိုင်....။သူတို့က တကယ်လူတွေပဲ..။ဂန်လောင် ရဲ့ လူမိုက်တွေက..ရဲတိုက်အပြင်ဘက်မှာ ညသန်းခေါင်ကြီး ဘာလုပ်နေကြတာလဲ.."
ဂန်လောင် ဆိုတာက ရဲတိုက်ရဲ့ ပိုင်ရှင်ဖြစ်ပြီး..ဒီနေရာကြီးရဲ့ ဘုရင်အဖြစ် ကိုယ့်ကိုကို ခံယူထားတဲ့ လူတစ်ယောက်ပါ..။မေ့ပျောက် ကုန်းမြေရဲ့ အိပ်စက်သူတွေတောင် သူ့ကို ရိုသေကြရပြီး..မဟုတ်ရင် နှစ်ဆ ပြန်ပေးဆပ်ကြရပါတယ်..။ဒါတောင်မှ သူက အသက်မရှည်ခဲ့ပေ...။
သန်းခေါင်းယံ အမြုတေနဲ့ ..ကြက်တူရွေး ကျောက်တုံးကို သိမ်းလိုက်ပြီး ဆန်နီဟာ ဒုတိယ အမြုတေကို ရှာဖို့ကိုသာ အာရုံစိုက်လိုက်တယ်..။ဒီလူကြီးလူကောင်းတွေ မရောက်လာခင်မှာ သူက ဒီနေရာကနေ ထွက်သွားချင်တာပါ..။
သို့ပေမယ့် အလင်းရောင် မီးအိမ်လေးက ရောက်လာတာ အတော်လေးကိာ မြနိပါတယ်..။
နောက်ဆုံးတော့ သူ တောက်ပနေတဲ့ ..အမြုတေကို တွေ့သွားခဲ့တယ်..။ဆန်နီ ဆုပ်ယူလိုက်ပြီး အလျင်အမြန်ပဲ ချပ်ဝတ်ထဲကို ထည့်လိုက်ပါတယ်..။ယင်းနောက် သူ ကူနယ်ကို မြေကြီးမှာ ချလိုက်ပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်တယ်..။
သို့ပေမယ့် ဒါက နောက်ကျသွားခဲ့တယ်..။ဒီလူတွေက သူ့ကို မြင်ပြီးသွားခဲ့ကြပါပြီ.။
"ဂရုစိုက် ..ရှေ့မှာ မွန်းစတား ရှိတယ်.."
ဆန်နီ နောက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ လက်နက်တွေ အများကြီး သူ့ကို ချိန်ရွယ်ထားတာကို တွေ့လိုက်ရတယ်..။ဒီအရာတွေက အချိန်မရွေး ထိန်းချုပ်မူက နေ လွတ်လာနိုင်တာကြောငိ့ သူ တုန်ရီနေတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။:
"အိုး အိုး..ကျေးဇူးပြုပြီး မတိုက်ခိုက်ပါနဲ့..။ကျူပ်က လူသားတစ်ယောက်ပါ..."
ဒါကို ပြောပြီးတာနဲ့ သူ ကိုယ့်ကိုကို ပြန်ကြည့်လိုက်တယ်..။
သူ့ရဲ့ ဖြူဖျော့တဲ့ အသားအရည် ၊ ညစ်ပတ်တဲ့ ဆံပင် ၊ သွေးတွေ အထပ်ထပ် စွန်းနေတဲ့ ချပ်ဝတ်အင်္ကျီက အိပ်မက်ဆိုး သားရဲနဲ့ မှားရင်လည်း မှားချင်စရာပါပဲ..။သူက တစ်ကိုယ်ရေ သန့်ရှင်းမူကို ဒီရက်တွေမှာ သိပ်ဂရုမစိုက်ခဲ့ပေ..။
လူလို ဘာသာစကား ပြောနေတာကြောင့် ဒီလူတွေ သူ့ကို ယုံကြည်ပေးကြမယ့်လို့ သူမျှော်လင့်ထားပါတယ်..။သူ့ရဲ့ လက်တွေကို မြှောက်ထားရင်း မတိုက်ခိုက်ချင်ကြောင့် ဆန်နီဖော်ပြနေခဲ့တယ်..။
တစ်ခြား အိပ်စက်သူ ခြောက်ယောက်လည်း ညအချိန်ကြီး နောက်ထပ် လူသားတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် အံ့ဩသင့်သွားတဲ့ ပုံပါပဲ..။သူတို့က ရှုပ်ထွေးစွာပဲ ညွှန်းကြားလိုက်တယ်..။
"မလှုပ်နဲ့ "
ဆန်နီ ဂရုစိုက်စွာပဲ ဘာမှ မလှုပ်ရှားပဲ နေနေခဲ့တယ်..။ဧည့်သည်တွေကတော့ အနားကို ရောက်လာပြီး သွေးမိစ္ဆာရဲ့ အလောင်းကို ကြည့်နေခဲ့တယ်..။
သူတို့ထဲက တစ်ယောက်ကတော့ အရပ်ပိုရှည်ပြီး တစ်ခြားသူတွေထက်လည်း..ပိုကောင်းမွန်စွာ ..ဝတ်ဆင်ထားခဲ့ပါတယ်..။သူက
ဆန်နီကို စူးရှတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီး..ခြေလှမ်း တစ်လှမ်း နှစ်လှမ်း အကွာကို လျောက်လာလိုက်တယ်..။
ဒီလူကြီးက ဆန်နီ ထက်တော့ အသက်အနည်းငယ်တော့ ပိုကြီးလောက်မှာပါ..။သူက အရပ်ရှည်ပြီး ကြွက်သားတွေလည်း အတော်သန်မာနေခဲ့တယ်..။အပြာရောင်မျက်လုံးများနဲ့ ..စူးရှတဲ့ အကြည့်တွေ့လည်း ရှိနေပါသေးတယ်..။သူ့ရဲ့ အတွေ့အကြုံနဲ့ မှတ်ဥာဏ် အရဆိုရင်တော့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်က မေ့ပျောက်ကုန်းမြေမှာ အနည်းဆုံး သုံးနှစ်လောက်တော့ ရှိနေလောက်ပါပြီ..။သူက ဒီထဲမှာရှိနေတဲ့ အိပ်စက်သူတွေထဲမှာ အတွေ့ကြုံအရှိဆုံးနဲ့ အသန်မာဆုံးပါပဲ..။
သိူ့ပေမယ့် ..သူက..ဂန်လောင်ရဲ့ စစ်တပ်မှာ ရာထူးသိပ်မမြင့်ဘူး ဆိုတာကတော့ သေချာပါတယ်..။မဟုတ်ရင် သူ့ရဲ့ လက်နက်က ဒီထက်ပိုပြီး..ကောင်းမွန်နေမှာပါ..။
ဒါတောင်မှ ဒီလူရဲ့ ပုခုံးပေါ်မှာရှိနေတဲ့ ကြီးမားတဲ့ ပုဆိန်ကြီးက အတော်ထက်မြက်ပုံ ပေါ်နေပါသေးတယ်..။ဒီဟာကြီးကို ကိူင်ပြီး ဆန်နီ ခေါင်းပေါ်ကို ပိုင်းချလိုက်ဖို့ဆိုတာ သူ့အတွက်..စက္ကန့်ပိူင်းလောက်ပဲ ကြာမှာပါ..။
"မင်းက ဘယ်သူလဲ..။မင်းက ဒီမှာ ဘာ သောက်ကျိုးနဲ တွေ လုပ်နေတာလဲ..."
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးကာမှ ဂရုတစိုက် ပြန်ဖြေလိုက်တယ်..။
"အာ..ကျွန်တော်က ဆန်းလပ်စ် ပါ..။ကျွန်တော် ဒီမှာနေပါတယ်.."
ခေါင်းဆောင်ဖြစ်သူဟာ မျက်လုံးကျဥ်းမြောင်းသွားခဲ့ပြီး..
"ဘာ....ဒီမှာနေတယ်..။မင်း ငါ့ကို အရူးလုပ်ချင်နေတာလား ကောင်လေး..။ဒီမြို့ထဲမှာ ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး.."
အဖွဲ့ထဲမှာ သံသယနဲ့ကြည့်နေတဲ့ တစ်ယောက်က လွဲပြီး တစ်ခြား အိပ်စက်သူ တွေလည်း ဒီလို တွေးမိကြတာပါပဲ..။အဲ့တစ်ယောက်က မျက်မှောင်ကျုတ်ကာ ရှေ့တက်လာပြီး မသေချာတဲ့ လေသံနဲ့ပြောလိုက်တယ်..။
"ခနလေး ခေါင်းဆောင်..သူအမှန်အတိူင်း ပြောနေတာဖြစ်မယ်..။ကျွန်တော်ကြားတာတော့ အပျက်အဆီးတွေကြားမှာ တစ်ယောက်တည်း နေနေတဲ့ အရူးတစ်ယောက် ရှိတယ်လို့ ကြားထားတယ်.."
အရပ်ရှည်ရှည် လူကြီးဟာ အံ့ဩသွားခဲ့တယ်..။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
သူ့ရဲ့ နောက်လိုက်က ဆန်နီကို ကြည့်ပြီး ပုခုံးတွန့်လိုက််ပါတယ်..။
"ကျွန်တော်ကြားတာတော့ သူ့ရဲ့ စွမ်းရည်က အရိပ်ထဲမှာ ပုံးကွယ်နိုင်တယ်တဲ့..။သူက ကြွက်တစ်ကောင်လို လျောက်သွားနေပြီး အဖွဲ့နဲ့ကွဲနေတဲ့..သားရဲတွေကို အမဲလိုက်တာ..။ကျွန်တော်လည်း သေချာတော့ မသိဘူး..ဒါပေမဲ့ ရဲတိုက်မှာ သူ့အကြောင်းတစ်ယောက်ယောက်က ပြောနေတာ.။ကျွန်တော်က သူတို့ လျောက်ပြောနေတာလို့ပဲ ထင်ထားတာ.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။အရူး ၊ ကောင်လေး ၊ ကြွက်
ဘာလို့ လူတိုင်းက သူ့ကို နာမည်အသစ်တွေပေးနေတာလဲ..။
အဲ့အချိန်မှာပဲ စကားပြောနေတဲ့ အိပ်စက်သူက နည်းနည်း ထပ်တွေးကာ ပြောလိုက်တယ်..။
"ကျွန်တော်ထင်တာတော့..သူက ဟိုခွေးမ , ပြောင်းလဲနေတဲ့ ကြယ်ပွင့်နဲ့ အတူရောက်လာတာ ဖြစ်မယ်.."
ဆန်နီ စိတ်အလိုမကျစွာ မျက်မှောငိကျုတ်လိုက်တယ်..။သူ အောက်ကို ငုံ့လိုက်ပြီး..သူ့အရိပ်ကို တီးတိုးပြောလိုက်ပါတယ်..။
"ဒီလူတွေက အတော်ရိုင်းစိုင်းတာပဲ...။အဲလို မထင်ဘူးလား.."
ဒါပေါ့..သူတိုးတိုးလေး ပြောတယ် ဆိုတာက ဒီနားမှာရှိတဲ့ လူအကုန်ကြားပါတယ်..။အိပ်စက်သူတွေဟာ သူ့ကို ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်ကြတယ်..။
ဆန်နီ ခေါင်းကို ငုံ့ထားရင်း မျက်လုံးပြူးကျယ်သွားခဲ့ပါတယ်..။သူက တစ်ခုခုကို အံ့ဩသင့်သွားတဲ့ အတိူင်းပါပဲ..။
"ဘာ..မင်းက ငါသူတို့အားလုံးကို သတ်လိုက်သင့်တယ်လို့ ထင်တာလား..။ငါပြောချင်တာက..ဒါက နည်းနည်း မလွန်ဘူးလား..။အနည်းဆုံးတော့ ငါ သူတို့ကို တောင်းပန်ဖို့ အခွင့်ရေး ပေးသင့်တယ်လေ.."
ခေါင်းဆောင်ဖြစ်သူဟာ ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ဒေါသထွက်စွာပြောလိုက်တယ်..။
"မင်းဘာတွေ ပြောနေတာလဲ ကြွက်လေး..."
ဆန်နီ သူ့ကို မကျေနပ်စွာ ကြည့်ပြီးပြောလိုက်တယ်..။
"ဟေး..ကျုပ်ဘော်ဒါနဲ့ စကားပြောနေတာ..။ကျေးဇူး ပြုပြီး ဝင်မပြောလို့ ရမလား..."
လူကြီးရဲ့ မျက်နှာပေါ်မှာ အန္တရာယ်များတဲ့ မပြုံးတစ်ခု ပေါ်လာခဲ့တယ်..။ဆန်နီ သက်ပြင်းချလိုက်ပြီး သူ့ဘက်ကို လှည့်ကာ ပြောလိုက်တယ်..။
"ကောင်းပြီလေ..ခင်ဗျားက ဒီလောက်ဖြစ်နေမှတော့လည်း..။ခင်ဗျားတို့က ကျုပ်ရဲ့ ချစ်လှစွာသော မိတိဆွေ နစ်ဖီ ကို အပြစ်ပြု မိလိုက်တာပဲ..။ဒီတော့ ခင်ဗျားတို့ သူမကို ဒီလို ခေါ်ခဲ့တာ အတွက် တောင်းပန် ဖို့ အခွင့်အရေး ပေးလိုက်မယ်...။ကောင်းပြီ...တကယ်လို့ ခင်ဗျားတို့ အသက်တွေကို ဒီနေရာမှာ မနှုတ်ဆက်ချင်ဘူးဆိုရင်ပေါ့.."
လူကြီးဟာ ဆန်နီကို စက္ကန့်အနည်းငယ် ကြည့်နေပြီးမှ ရုတ်တရက် ခေါငိးကို မော့ကာ ရယ်မောလိုက်တယ်..။
"အိုး..တကယ်မဆိုးဘူး..။မငိးတို့ကြားလိုက်လား ကောင်လေးတို့..။ဒီကောင်လေးက ငါတို့ကို အခွင့်ရေး ပေးမယ်တဲ့..။ဘယ်လောက် အံ့ဩဖို့ ကောင်းလိုက်လဲ..။ငါတို့ သဘောကောင်းပေးသင့်လား..။ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက ဦးနှောက်သိပ်မကောင်းဘူးမလား.."
တစ်ခြား အိပ်စက်သူ ငါးယောက်ကတော့ သူ့လောက် အာရုံမလာကြပေ..။သူတို့ထဲက တစ်ယောက်က ပုံမှန်ပြုံးလိူက်ပြီး..
"မဟုတ်ဘူး ခေါငိးဆောင်..။ကျွန်တော်ကတော့ သူ့ကို ဒီတိုင်း သတ်လိုက်သင့်တယ်လို့ ထင်တယ်နော်.."
ဆန်နီ ရဲ့ အကြောင်းကို သိနေတဲ့ အိပ်စက်သူဟာ ထပ်ပြီး သတိပေးလိုက်တယ်..။
"ခနလေး..ကောင်လေးတို့..သူက ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ လူ နော်..။မူလ အဖွဲ့ ကို သိတယ်မလား..။သူတို့က ဝင်္ကပါ ထဲမှာ နှစ်လကြာအောင် အသက်ရှင်ခဲ့တဲ့ လူတွေ..။ငါတို့ အထင်မသေးသင့်.."
သို့ပေမယ့် ခေါင်းဆောင်ဖြစ်သူဟာ ..ဖြတ်ပြောလိုက်တယ်..။
"ငါကြားတာတော့ သူတော်စင် နစ်ဖီက ရဲတိုက်ကို လာနေတုန်း အသုံးမဝင်တဲ့ ချီးတုံး နှစ်ကောင်ကို ခေါ်လာခဲ့ရတယ်တဲ့..။ဒီခွေးမက အားနည်းတဲ့လူတွေကို စောင့်ရှောက်ရတာ သဘောကျတယ်လေ..။သူမ ဘေးနားက မျက်မမြင် ကောင်မလေးဆိုရင် ချစ်စရာလေးပဲ..။ဒီတစ်ယောက်လည်း ဘာမှမထူးဘူးလို့ ငါထင်တယ်.."
ယင်းနောက် သူ ဆန်နီဘက်ကို လှည့်ကာ ပြုံးလိုက်တယ်..။
"ငါ ပြောမယ် ကြွက်လေး..။မင်းရဲ့ မှတ်သားမူတွေ အကုန်ပေးရင် မင်းအသက်ကို ရှင်သန်ခွင့်ပေးလိုက်မယ်.."
နိုးထသူတွေ သေသွားရင် မှတ်သားမူတွေကလည်း ပျောက်ကွယ်သွားမှာပါ..။သူတို့ရဲ့ မှတ်သားမူတွေကို ရနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ပိုင်ရှင်ကို လွှဲပြောင်းခိုင်းဖို့ပါပဲ..။သို့ပေမယ့် ဒီအတွက် ခြိမ်းခြောက်တာ..နိုပ်စက်တာက ကိစ္စမရှိပေ..။
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
"ဒီတော့ မတောင်းပန်တော့ဘူးပေါ့..."
အရပ်ရှည်ရှည် လူကြီးဟာ ပြုံးလိုက်ပြီး..
"ငါတော့ မထင်ဘူး.."
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"အိုး ကောင်းပြီလေ..မင်းတို့က ငါ့ရဲ့ မှတ်သားမူကို လိုချင်တာပေါ့..။ငါ့မှာနည်းနည်းတော့ရှိတယ်..။ဒီတစ်ခု ဆိုရင်ရော ဘယ်လိုလဲ.."
ဆန်နီ ကြက်တူရွေး ကျောက်တုံးကို ထုတ်ကာ ပြောလိုက်တယ်..။ဒါက ချက်ချင်းဆိုသလိူပဲ လက်ဝါးပေါ်ပေါ်လာခဲ့ပြီး ပုံမှန်အတိူင်းရှိနေခဲ့ပါတယ်..။
ခေါင်းဆောင်ဖြစ်သူဟာ မျက်မှောင်ကျုတ်လိုက်ပေမယ့် ဆန်နီရဲ့ မျက်နှာပေါ်ကနေ အကြည့်ကို မရွေ့လျားခဲ့ပါဘူး..။သူက ပုံမှန်အတိုင်းနေနေပေမယ့် အတော်လေးကို ဂရုစိုက်နေခဲ့တာပါ..။သူ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေက ..သတိမလွတ်ဖို့..သင်ကြားပေးထားပါတယ်..။
ခနအကြာမှာတော့ ကျောကိတုံးက စကားပြောလာခဲ့တယ်..။
"မင်း နောက်မှာ..."
ဒါက အခြေခံ အကျဆုံး လှည့်စားမူ တစ်ခုပါ..။
အရပ်ရှည်ရှည်နဲ့လူကြီးဟာ ပြုံးလိုက်ပြီး ဆန်နီရဲ့ မျက်လုံးတွေကိုသာ စိုက်ကြည့်နေခဲ့တယ်..။
"ငါက နောက်လှည့်ကြည့်မယ်လို့ မင်းတကယ် ထင်.နေ..."
သို့ပေမယ့် သူ စကားပြောလို့ မဆုံးခင်မှာပဲ..ကူနယ်ရဲ့ ဓားသွားက နောက်ကနေ ဝင်လာပြီး သူ့ဦးခေါင်းကို တစ်ချက်တည်း ထိုးဖောက်ဝင်သွားခဲ့ပါတယ်...။