← Chapters

အမှီလိုက်ခြင်း

Vol. 7 Ch. 99

အမှီလိုက်ခြင်း

Vol. 7 Ch. 99

#ဘာသာပြန် = စနိုးဝှိုက်

အစောကတည်းက..ဆန်နီက သူ့ရဲ့ သုံးမြောင့်ချွန်းလေးကို အလောင်းဘေးနားမှာ ရည်ရွယ်ချက် ရှိရှိ ချထားခဲ့တာပါ..။ကျောက်တုံးက စကားစပြောတာနဲ့ သူက ..မမြင်ရတဲ့ ကြိုးကို ဆွဲလိုက်ပြီး..ကူနယ်ကို သူ့ဘက်ဆီ ပြန်ခေါ်လိုက်တယ်..။အရပ်ရှည်ရှည် ခွေးသားလေးက သူလာနေတဲ့ လမ်းကြောင်းနဲ့ ကွက်တိပါပဲ..။

[ သင် သတ်လိုက်ပါပြီ ]

အမဲလိုက် အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူက ကျောက်တုံးရဲ့ စကားကို အမှန်တကယ်ပဲ နားထောင်လိုက်သင့်တာပါ..။

[ ...သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ.. ]

အိပ်စက်သူ တွေ မတုန့်ပြန်နိုင်သေးခင်မှာပဲ ဆန်နီက ထပ်ပြီး လှုပ်ရှားလိုက်တယ်..။အရိပ်က သူ့ခန္တာကိုယ်ကို အစောကတည်းက ရစ်ပတ်ပြီး ပ်ိုမြန်ဆန်အောင် အားဖြည့် ပေးထားခဲ့ပါတယ်..။သူ သန်းခေါင်ယံ အမြုတေကို ထုတ်လိုက်ပြီး အနီးဆုံးမှာရှိနေတဲ့ ရန်သူရဲ့ လက်မောင်းကို ခုတ်ပိုင်းလိုက်တယ်..။

ဓားက ချက်ချငိးပဲ သူ့ ချပ်ပ်ဝတ်တန်ဆာ ရဲ့ လျစ်ဟာနေတဲ့ ကြားကွက်တိကို ဝင်သွားခဲ့တယ်..။

ဆန်နီ အတွက်တော့ ဒီလူတွေက အရမ်းကို နှေးကွေးပြီး ဘာနည်းစနစ် မှ လည်း မရှိကြပါဘူး..။သူက သန္တာဝင်္ကပါကို ဖြတ်သန်းလာပြီးကတည်းက ဒီလူတွေထက် တိုက်ပွဲ အတွေ့ကြုံ ပိုပြီး ကောင်းမွန်နေပြီးပါပြီ..။ထပ်ပြောရရင် သူ့ရဲ့ ဓားပညာကလည်း ပြောင်းလဲ နေတဲ့ကြယ်ပွင့် ကိုယ်တိုင်သင်ပေးထားတာပါ..။

ပြီးခဲ့တဲ့ သုံးလလုံး သူ မြို့ထဲမှာ တစ်ယောက်တည်း အမဲလိုက်နေတာက ပိုပြီးတောင် တိုးတက်လာစေပါသေးတယ်..။ဆန်နီ ရဲ့ ပုံစံက လွယ်ကူ တဲ့ ပစ်မှတိလိုဖြစ်နေပေမယ့် အမှန်တော့..အဲလိုမဟုတ်ပေ..။

သို့ပေမယ့် ငါးယောက်လုံးကို တစ်ပြိုင်တိုက်ခိုက်ရလောက်တဲ့ အထိ သူ မမိုက်မဲသေးပါဘူး..။လူတွေက အိပ်မက်ဆိုး သားရဲတွေထက် ပိုပြီး အားနည်းပေမယ့်..သူတို့ကို အန္တရာယ်အဖြစ် သတ်မှတ်နိုင်တာက ခန့်မှန်းမရနိုင်တဲ့ အသိဥာဏ် ကြောင့်ပါ..။

မင်းနားမလည်နိုင်တဲ့ အရာကို အတင်းဝင်တိုးနေရင် သေခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်..။

သူ့ရဲ့ အသာစီးရရှိမူ ပြီးသွားတဲ့ အချိန်မှာတော့ ဆန်နီ နောက်ပြန်ဆုတ်ဖို့ ဆုံးဖြတ်လိုက်တယ်..။

ယင်းနောက် သူ နောက်ကို လှည့်ကာ ခုန်လိုက်ပြီး ထွက်ပြေးသွားခဲ့ပါတယ်..။ဒီနေရာမှာ အရာအားလုံး မြင်နိုင်နေတဲ့ လူက်ို နောက်ကနေ လိုက်ဖို့ဆိုတာက မလွယ်ကူလှပါဘူး..။ဒါကြောင့် သူလွတ်မြောက်ဖို့ အခွင့်အရေးက အများကြီးရှိပါတယ်..။

သို့ပေမယ့် ..ကူနယ်ကတော့ ဆန်နီရဲ့ လက်ကောက်ဝတ် နဲ့ ချိတ်ဆက်နေဆဲပါ..။သူက ..ခေါင်းဆောင်ရဲ့ ဦးခေါငိးကို ဖောက်ထွက်ပြီးတာနဲ့ လမ်းကြောင်းပြောင်းပြီး မြေကြီးပေါ် ပြန်ကျကာ ပြန်ခုန်တက်လာခဲ့ပါတယ်..။

"အဲ့ခွေးသားလေး ကိုလိုက်..။သူက ငါတို့အကြီးအကဲ ကို သတ်သွားတာ "

အိပ်စက်သူတွေဟာ ဒေါသတကြီးနဲ့ ဆန်နီရဲ့ နောက်ကို လိုက်လိုက်ကြတယ်...။

'ဘယ်လောက် ဇွဲကောင်းတဲ့ ခွေးသားတွေလဲ..'

လက်မောင်းပြတ်နေတဲ့ ငနဲ တောင်မှ သူ့ရဲ့ လက်ကစီးကျနေတဲ့ သွေးတွေကို အတတ်နိုင်ဆုံး ထိန်းပြီး နောက်ကနေ ပြေးလိုက်နေခဲ့ပါတယ်..။

မြို့ထဲရဲ့ ဒီနေရာတွေက ဆန်နီရဲ့ ..အမဲလိုက်တဲ့ နေရာတွေပါ..။ဒါကြောင့် ဘယ်နေရာမှာ ဘာရှိလဲ ဆိုတာကို သူ ကောင်းကောင်းသိပါတယ်..။အရိုးသားဆုံးပြောရရင် ဒီလူတွေ ဘာတွေးနေကြတာလဲ ဆိုတာတောငိ သူမသိတော့ပါဘူး..။သူသာ ရှေ့ကနေ လမ်းတွေကို သေချာ ရွေးချယ်ပေးနေတာ မဟုတ်လို့ရှိရင် သူတို့တွေ အစောကတည်းက..ကျရှုံးမူအဆင့် သားရဲ ရှေ့ကို ရောက်နေလောက်ပါပြီ..။

တစ်ခုခုကတော့ မူမမှန်တော့ပေ..။ဂန်လောင် ရဲ့ လူတွေက လူဆိုးလူမိုက် တွေ ဆိုပေမယ့် သူတို့က အတွေ့အကြုံရှိတဲ့ အမဲလိုက် သူတွေပါ..။သူတို့က မြို့တွင်းထဲမှာဆိုကြောက်ရွံ့ကြပြီး ရဲတိုက် အပြင်ဘက်မှာ ဘယ်လိုပြုမူရမလဲ ဆိုတာကို သိကြပါတယ်..။

မဟုတ်ရင် သူတို့အကုန်လုံး သေနှင့်နေတာ ကြာပါပြီ..။

ဒါကို တွေးမိတော့ သူတို့ ညဘက်ပြီး မြို့ထဲမှာ လျောက်သွားနေတာကလည်း အတော်လေးကို ရှားပါတယ်..။

ဒီအရူးတွေက..တကယ့် အမဲလိုက်တဲ့သူတွေရော ဟုတ်ရဲ့လား..။မဟုတ်ရင် သူတို့ ဘယ်ကိုသွားနေကြတာလဲ..။

ဆန်နီ သူတို့ထဲက တစ်ယောက်ကို အရှင်ထားပြီး စစ်မေးဖို့ စဥ်းစားလိုက်ပေမယ့် ..ငြင်းပယ်လိုက်တယ်..။အရိုးသားဆုံးပြောရရင် သူ သိပ်ပြီး မသိချင်ပါဘူး..။လူသားတွေရဲ့ အလုပ်က သူ့မျက်လုံးထဲမှာ စိတ်ဝင်စားဖို့ မကောင်းတာ ကြာခဲ့ပါပြီ..။

သူ့မှာ ပိုပြီး စိတ်ဝင်စားစရာတွေ ရှိပါတယ်..။

နောက်ဆုံးတော့ သူ့ရဲ့ ပန်းတိုင်ကို ရောက်လာတာနဲ့ ဆန်နီ ခြေလှမ်းတွေကို နှေးကွေးလိုက်ပြီး ထိပ်လန့်ချင်ယောင် ဆောင်လိုက်တယ်..။

အိပ်စက်သူ ငါးယောက်ကတော့ နောက်တစ်ကြိမ် သူတို့သားကောင်ကို မိသွားခဲ့ပြန်ပါပြီ..။ဒီ ကလေးက..ကြီးမားတဲ့ အဆောက်အဦးပျက်ကြီးရဲ့ ဝင်ပေါက်ရှေ့မှာ မျက်နှာဖြူဖျော့ပြီး..တွေဝေနေခဲ့တယ်..။ကြည့်ရတာတော့ သူက ဘယ်ကိုပြေးရမလဲဆိုတာကို မသိတော့တဲ့ ပုံပါပဲ..။

ဆန်နီ ချက်ချင်းပဲ..ဆုံးဖြတ်ချက်ပြတ်သားတဲ့ အမူအရာနဲ့ အဆောက်အဦးထဲ ဝင်သွားခဲ့တယ်..။

"မင်း ပြေးစရာ မြေမရှိတော့ဘူး ကြွက်လေး.."

ဆန်နီ ရဲ့ ဓားကြောင့် လက်တစ်ဖက် ပြတ်သွားတဲ့လူက ပြောလိုက်တာပါ..။

သတ်ဖြတိလိုစိတ်တွေ အပြည့်နဲ့ အိပ်စက်သူတွေက အဆောက်အဦးထဲကို နောက်ကနေ လိုက်ဝင်လာခဲ့တယ်..။

သိူ့ပေမယ့် သူတို့ အထဲကို ဝင်လိုက်တာနဲ့ ထိပ်လန့်နေတဲ့ ကောင်လေးကို မတွေ့ရတော့ပါဘူး..။သူတို့တွေ့နေရတဲ့ တစ်ခုတည်းသော အရာက ကြမ်းပြင်ပေါ်မှာ ရှိနေတဲ့ ကျောက်တုံးလေး တစ်တုံးပါ..။

တစ်တစ်ဖက်ပြတ်နေတဲ့ လူဟာ တစ်ခုခုမှားနေတာကို သတိထားမိသွားတာနဲ့..ကျောက်တုံးက စကားပြောလာခဲ့တယ်..။

"....မင်းတို့ အသက်တွေကို နှုတ်ဆက်လိုက်တော့..."

စက္ကန့် အနည်းငယ်အကြာမှာတော့ ကြီးမားတဲ့ ပုံရိပ်တစ်ခုက အမှောင်ထဲကနေ ထွက်လာခဲ့ပါတယ်..။

လူကြီးရဲ့ မျက်လုံးဟာ ပြူးကျယ်သွားပြီး ထိပ်လန့်မူတွေ ပေါ်လာခဲ့ပါတယ်..။

ဒီသားရဲကြီးက နှစ်မီတာကျော်လောကိ ရှည်လျားပါတယ်..။သူ့ရဲ့ အကာအကွယ်ကလညိး မာကျောတဲ့ စတီးတွေလို ဖြစ်နေခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းက အတော်ကို ထိပ်လန့်ဖို့ ကောငိးပြီး ဘယ်သူမှ ကြာကြာမကြည့်နိုင်ကြပါဘူး..။

အနက်ရောင် သူရဲကောင်း ရဲ့ ဦးခေါင်း အဆောင်းမှာတော့ ကွေးညွှတ်တဲ့ ဦးချိုတွေ ရှိနေခဲ့တယ်..။မျက်နှာရဲ့ ရှေ့ပိုင်းမှာတော့ အနီရောင် မီးတောက်နှစ်ခုက အံ့ဩစွာပဲ တောက်လောင်နေခဲ့ပါတယ်..။

အိပ်စက်သူ မတုန့်ပြန်နိုင်သေးခင်မှာပဲ ကြီးမားတဲ့ အနက်ရောင် ဓားကြီးက အပေါ်ကနေ ကျလာခဲ့တယ်..။ဒီဓားချက်က သူ့ရဲ့ ခန္တာကိုယ်နဲ့ ဦးခေါင်းကို နှစ်ပိုက်းပြတ်ထွက်သွားပြီး..သူ့ရဲ့ အရိုးတွေ ၊ ချပ်ဝတ်တွေတောင် တောင့်မခံနိုင်ခဲ့ပါဘူး..။

သွေးတွေက ကြမ်းပြင်ပေါ်မှာ အိုင်သွားခဲ့တယ် .။

ဘုရားကျောငိးပျက်ရဲ့ လေသာဆောင် နားမှာ ရှိနေတဲ့ ဆန်နီဟာ တိုက်ခိုက်နေတာတွေကို ထိုင်ပြီး ကြည့်နေခဲ့ပါတယ်..။

"ဟင်..ဒီခွေးသားလေးက ဒီတကယ်ကို စိတ်မကြည်ဖြစ်နေတဲ့ ပုံပဲ..။ကောင်းပြီလေ..ပျော်လိုက်ပါဦး.."

အချိန်ခနကြာပြီးနောက်မှာတော့ အော်ဟစ်သည့် ပဲ့တင်သံတွေက စတင်ပြီး ပျောက်ကွယ်သွားခဲ့ပါတယ်..။သူ သက်ပြင်းချပြီး ကြမ်းပြင်ပေါ်လဲ နေတဲ့ အလောင်းတွေကို ရေတွက်ကြည့်လိုက်တယ်..။

အများစုက အပိုင်းအစတွေ ဖြစ်နေတာကြောင့် ရေတွက်ရတာက မလွယ်ကူလှပါဘူး..။

ဘယ်သူမှ လွတ်မြောက်မသွားဘူးဆိုတာကို သေချာသွားတဲ့ အချိန်ကျမှ ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။

"လူ ခြောက်ယောက်...သူတို့ရဲ့ ပျောက်ကွယ်မူကိုသတိထားမိကြမှာ မဟုတ်ဘူး.။အထူးသဖြင့် သူတို့က မကောင်းတဲ့ လူတွေဖြစ်နေရင်ပေါ့..။ဟင်း..ငါဘာလို့ ကိုယ့်ကိုကို ဒုက္ခပေးသလို ခံစားနေရတာလဲ.."

All Chapters