ရှင်းလင်းတဲ့ သိစိတ်
Vol. 7 Ch. 100
#ဘာသာပြန် = စနိုးဝှိုက်
အနက်ရောင် သူရဲကောင်းဟာ သူသတ်ခဲ့တဲ့ အလောင်းကောင်တွေကို ကြည့်ရင်း..မိနစ်အနည်းငယ် လောက် ငြိမ်နေခဲ့တယ်..။သွေးတွေကတော့..သူ့ရဲ့ ဓားသွားကနေ တစက်စက် ကျနေခဲ့ပါတဟ်..။ဒီရက်စက်တဲ့ သားရဲကြီးရဲ့ အတွေးတွေက အတော်လေးကို ဆန်းကျယ်တာပါ..။အရိုးသားဆုံးပြောရရင် သတ်ဖြတ်တဲ့ သားရဲကြီးက အာရုံခံစားနိုင်စွမ်းတွေ ရှိလားဆိုတာကို ဆန်နီ မသိပါဘူး..။
ဒီ ကျိန်စာသင့် မြို့ကြီးမှာ နေထိုင်ကြတဲ့ သားရဲတွေက အတော်ကို ထူးဆန်းကြတာပါ..။
များသောအားဖြင့်..အဆင့်မြင့်တဲ့ အိပ်မက်ဆိုး သားရဲ တွေက မြင့်မားတဲ့ ဥာဏ်ရည်ကို ပိုင်ဆိုင်ကြပြီး..လူသားတွေနဲ့တောင် နှိုင်းယှဥ်နိုင်ကြပါတယ်..။သူတို့က တစ်ခါတစ်လေ ကျော်လွန်နေတာမျိုးတောင် ရှိနိုင်တာပါ..။သို့ပေမယ့် ဒီစည်းမျဥ်းက ဒီနေရာမှာတော့..သိပ်ပြီး အသုံးမဝင်ပေ..။
ဆန်နီ လေ့လာကြည့်သလောက်တော့..ဒီ ပျက်ဆီးနေတဲ့ မြို့ကြီးကို အပိုင်းနှစ်ပိုင်းခွဲခြား ထားပါတယ်..။ပထမ အုပ်စုက ဒီမြို့ထဲကို နံရံတံတိုင်းကြီးရဲ့ အပြင် က လာကြတဲ့ သားရဲတွေပါ..။ဒီအရာတွေက..အိပ်စက်သူတွေလိုမျိုး..အခိုက်အတန့်ရဲ့ စည်းမျဥ်းတွေ ကို ခံစားကြရပ့တယ်..။
ဒုတိယ အုပ်စုကတော့ မတူညီတော့ပါဘူး..။ဒီသားရဲတွေကို အရင်တုန်းက နေထိုင်ခဲ့ကြတဲ့ သက်ရှိတွေက ဖန်တီးသွားခဲ့တာလား လို့တောင် သူသံသယဖြစ်မိပါတယ်..။သူတို့က အတော်လေးကို ပိုပြီး အန္တရာယ်များတာပါ..။သူတို့ ရဲ့ ခွန်အား နဲ့ အပြုအမူတွေက ဘယ်လိုမှ ကို တရားနည်းလမ်း မကျပါဘူး..။
အနက်ရောင် သူရဲကောင်းကလည်း ဒီလို သားရဲတွေထဲမှာ ပါဝင်ပါတယ်..။ဒါကြောင့်ပဲ ဆန်နီက သူ့ရဲ့ အပြုအမူတွေကို ခန့်မှန်းရ ခက်ခဲနေခဲ့တာပါ..။
အချိန်အများစုမှာ..သူက ဘုရားကျောငိးထဲ ဝင်လာရဲ တဲ့ သက်ရှိ အကုန်လုံးကို သတ်ဖြတ်ပါတယ်..။
ဒါက သူ ဟိုအရူးတွေကို သတ်သလိုပါပဲ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..ဘာကိုမှ ဂရုမစိုက်တော့ကာ မျက်လုံးကို မှိတ်လိုက်တယ်..။သူက ညဘက် အပြင်ကို ထပ်မထွက်ခင်..ခနလောက် အသက်ဝအောင် ရူဖို့ကြိုးစားနေတာပါ..။
ခနအကြာမှာတော့ ခြေသံကြီးတွေကို ကြားလိုက်ရတာကြောင့်.. ဒီခွေးသားလေး စတင်ပြီး ကင်းလှည့်နေပြီ ဆိုတာကို သူသိလိုက်ပါတယ်..။
'တကယ့် အစောင့်ကောင်းပဲ...'
သူ့ကို အနှောက်ယှက်ပေးမယ့် အရာ ဘာတစ်ခုမှ မရှိပေမယ့်လည်း..ဆန်နီဟာ..ထူးဆန်းစွာပဲ အနားယူဖို့ ခက်ခဲနေခဲ့တယ်..။သူ့ရဲ့ အတွင်းစိတ်ထဲက စကားပြောနေခဲ့တာပါ..။
'အာ..ဆန်နီ မင်းတစ်ခုခု မေ့နေတာမဟုတ်ဘူးလား.."
သူ မျက်မှောက်ကျုတ်လိုက်တယ်..။ဘာများ မေ့စရာ ရှိလို့လဲ..။သူက အပြင်ကို မထွက်ခင် အသက်ကို ဝအောင် ရူနေခဲ့တာပါ..။ပြီးတော့..သူ ဒီ အမဲလိုက်သူတွေရဲ့ ပိုင်ဆိုင်မူတွေကို ယူဖို့ အချိန်ကောင်းကို စောင့်ရပါဦးမယ်..။
' မင်း လူ ၆ ယောက်တောင် သတ်ခဲ့တာ နောင်တမရဘူးလား.."'
ဆန်နီ ဒီမေးခွန်းကြောင့် ကြောင်အသွားခဲ့တယ်..။သူ သိချင်စွာ တွေးကြည့်လိုက်တဲ့ အချိန်မှာတော့ အဖြေက' နိုး 'ပါ..။သူ လုံးဝ နောင်တမရပါဘူး..။
လူသားတွေကို သတ်တာ ဒါက သူ့ရဲ့ တတိယမြောက် အကြိမ်ပါ..။ပထမဆုံး အကြိမ်တုန်းက အိပ်မက်ဆိုး ထဲမှာ ဖြစ်ပြီး အဲတာကလည်း ပုံရိပ်ယောင် ဖြစ်နိုင်ပါတယ်..။သို့ပေမယ့် ဒီဟာက မှန်လားဆိုတာတော့ သူမသိပေ..။အစေခံ အိုကြီးရဲ့ လုပ်ရပ်တွေက သူ့ရဲ့ စိတ်ထဲ မှာ တကယ့်အစစ်အမှန်ပုံစံ အတိုင်းပါပဲ..။
ဒုတိယ အကြိမ်ကတော့...ကောင်းပြီ..သူ ဒီအကြောင်းကို ပြန်မတွေးချင်တော့ပေ..။အဲတာက ရဲတိုက်ထဲမှာ ဖြစ်ပျက်ခဲ့တာပါ..။ဘာပဲဖြစ်ဖြစ် အဲ့ကိစ္စတွေက ပြီးဆုံးခဲ့ပါပြီ..။
တတိယ အကြိမ်ကတော့ သိသာစွာပဲ သူတို့ပါပဲ..။ဘာပဲဖြစ်ဖြစ် ဒီလူဆိုး တွေကသူကို သတ်ပြီး ခိုးယူချင်နေကြတာပါ..။ဆန်နီက သူတို့ရဲ့ စိတ်တွေကို မြင်နေရတာကြောင့် သူတို့ရဲ့ ခေါင်းဆောင်ကို အရင်ဆုံး အဆုံးသတ်ပေးခဲ့ပါတယ်..။
သူ ထွက်ပြေးလို့ရတယ် ဆိုပေမယ့်လည်း ဒီလူတွေက အရမ်းကို ရိုင်းစိုင်းကြပါတယ်..။ဒီလူတွေသာ သူ့ကို စော်ကားတယ် ဆိုရင် သွေးမထွက်ပဲ ဖြေရှင်းလို့ ရနိုင်ပေမယ့်...သူတို့က နစ်ဖီကို စော်ကားခဲ့တဲ့ အတွက် သေသင့်ပါတယ်..။
သူနဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကြားထဲက ဆက်ဆံရေးက ကွဲအက်လာပေမယ့်လည်း..သူကတော့ သူမကို ဂရုစိုက်ပါသေးတယ်..။ရဲတိုက်ကနေ ထွက်ခွာလာတာနဲ့ပဲ..သူက သူငယ်ချင်းတွေကို မေ့ပစ်လိုက်တာ မဟုတ်ပါဘူး..။ဒါက..ဒီတိုင်း..အဲ့မှာရှိတာထက် ထွက်သွားဖို့ အကြောင်းပြချက်က ပိုများနေလို့ပါ..။
သက်ပြင်းတစ်ချက်ချလိုက်ပြီး..ဆန်နီဟာ အပြာရောင် ဖန်သားနဲ့ လုပ်ထားတဲ့ လှပတဲ့ ပုလင်းလေးတစ်လုံးကိုထုတ်လိုက်တယ်..။ဒါက ကတ်စီ သူ့ကို ပေးထားခဲ့တဲ့ နှုတ်ဆက်လက်ဆောင် တစ်ခုပါ..။သူ ဒီမှတ်သားမူကို အရမ်းသဘောကျပါတယ်..။
ရေဗူးကို သူ့နှုတ်ခမ်းနားအထိ ယူလိုက်ကာ..ဆန်နီ အရသာ ရှိစွာ သောက်လိုက်တယ်..။
သူ ထပ်ပြီး အနားယူမနေချငိတော့ပါဘူး..။လှုပ်ရှားနေရတာ ကသာ ပိုပြီးကောင်းပါတယ်..။
***
အပြင်ကို ပြန်မထွက်ခင်မှာတော့..ဆန်နီဟာ..အခန်းထဲကို လျောက်သွားကာ .ထောင်တစ်နေရာမှာ ရှိတဲ့ သံသေတ္တာကြီး တစ်ခုရှေ့မှာ ရပ်လိုက်တယ်..။အားတစ်ချို့ကို ထည့်ရင်း သူ့အဖုံးကို မကာ..သူ့ရဲ့ ရတနာတွေကို ကြည့်လိုက်ပါတယ်..။
သေတ္တာတွေမှာတော့..လှပတဲ့ ဝိဥာဥ် အမြုတေ တွေက အခုတစ်ရာကျော်လောက် ရှိနေခဲ့တယ်..။သူတို့က အမှောင်ထဲမှာတောင် တောက်ပနေခဲ့ပါတယ်..။ဒီမြင်ကွင်းက အမြဲတမ်း ဆန်နီ ရဲ့ စိတ်ကို တက်ကြွစေတာပါ..။
ဒီအရာတွေက သူ့ကိုယ်တိုင် အတွက် အသုံးမဝင်ပေမယ့် အဖိုးတန်တဲ့ အရာတွေအဖြစ်တော့ ရှိနေဆဲပါပဲ..။ဒီ မေ့ပျောက်ကုန်းမြေကြီးမှာ..အမြုတေ တွေက အိပ်စက်သူတွေကြားထဲ သုံးစွဲကြတဲ့..ငွေကြေးတွေပါ..။အခု တစ်ရာ ဆိုတာက မယုံနိုင်စရာ ပမာဏ တစ်ခုပါ..။
တစ်ဘဝလုံး ငမွဲတစ်ယောက် အဖြစ်ရှိနေရာကနေ နောက်ဆုံးမှာတော့ ဆန်နီ ချမ်းသာလာခဲ့ပါပြှီ..။
"ပိုက်ဆံ..ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိပြီ "
တကယ်လို့ လူတစ်ယောက်က ရဲတိုက်အတွင်းမှာ နေချင်လို့ရှိရငိ အပတ်စဥ်တိုင်း အမြုတေ တစ်ခုစီပေးဖို့ လိုအပ်ပါတယ်..။ဒီဟာကို ပေးဖို့ မတတ်နိုင်တဲ့ လူတွေက ဂိတ်ရဲ့ အပြင်ဘက်မှာ လက်လုပ် တဲအိမ် တွေနဲ့သာ နေကြရတာပါ..။ဒါတောင်မှ သူတို့က အစားအသောက်အတွက် ပိုက်ဆံ ပေးဖို့ လိုအပ်သေးသလို ၊ မဟုတ်ရင်လည်း ကိုယ်တိုင် အမဲလိုက်ဖို့ လိုအပ်ပါတယ်..။
ဒီသုံးလ အတွင်း ဆန်နီ စုဆောင်းခဲ့တဲ့ ပမာဏက သူနေချင်ရင် ရဲတိုက်အတွင်းမှာ နှစ်ပေါင်းများစွာ အထိ နေဖို့အတွက်တောင် လုံလောက်ပါတယ်..။ဒါပေါ့ သူသွားနေမှာမဟုတ်ပါဘူး..။သူ့ ကိုယ်ပိုင်နေရာတစ်ခု ရှိနေတဲ့ အချိန်မှာ ဘာလို့ နေဖို့အတွက် ပိုက်ဆံပေးနေရဦးမှာလဲ..။
ဒီမှာက ..ဆူညံမယ့် အိမ်နီးချင်း မရှိသလို..ကြမ်းတမ်းလွန်းတဲ့ အစောင့်အကြပ် တစ်ကောင်ပါ ရှိနေပါသေးတယ်..။
ဝိဥာဥ် အမြုတေ နှစ်ခုကို သေတ္တာထဲထည့်လိုက်ပြီး..သူ့ရဲ့ ဆုဆောငိးမူတွေကို နောကိဆုံးတစ်ကြိမ်ကြည့်ကာ အပြုံးလေးနဲ့ ပြန်ပိတ်လိုက်ပါတယ်..။
ကြည့်ရတာတော့..ရဲတိုက်ကို တစ်ခေါက်လောက် သွားလည်ပတ်ပြီး..လိုအပ်တဲ့ အရာတစ်ချို့ကို ဝယ်ဖို့ အချိန်ရောက်လာတဲ့ ပုံပါပဲ..။မဟုတ်ဘူး မဟုတ်ဘူး..ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း သူက လိုအပ်တာတွေ အကုန်ဝယ်လာပြီးပါပြီ..။ဝိဥာဥ် အမြုတေ အများကြှီး အသုံးပြုတာက..သူများတွေ သူ့ကို သနားစရာ အခြေအနေ ရောက်နေတယ်လို့ ထင်မြင်မူကို သံသယဝင်သွားစေနိုင်ပါတယ်..။
ရဲတိုက်ထဲက အိပ်စက်သူတွေထဲမှာ လူသုံးယောက်ကပဲ..သူက အရိပ်တွေထဲမှာ ကောင်းကောင်းပုန်းနိုင်ပြီး အန္တရာယ်ကို ရှောင်နိုင်တာ သိထားကြပါတယ်..။သူတို့က..နစ်ဖီ ၊ ကတ်စီ နဲ့......ကတ်စတာ တို့ပါ..။
အဲ့ခွေးသားလေး.....