နယ်မြေလု တိုက်ပွဲ
Vol. 7 Ch. 101
#ဘာသာပြန် = စနိုးဝှိုက်
ကတ်စတာက..အိပ်မက်ကမ္ဘာထဲကို ရောက်တာနဲ့ မြို့အနားကို ရောက်တဲ့ အထိ ကံကောင်းခဲ့ပြီး..သူတို့သုံးယောက်ထက် အရင် ဒီမြို့ကို ရောက်နေခဲ့တာပါ..။ဆန်နီ ၊ နစ်ဖီ နဲ့ ကတ်စီ တို့ ဒီကို ရောက်လာတော့ သူက ..သက်သောင့်သက်သာ တောင် နေနေနှင့်ပါပြီ..။
အရည်အချင်းရှိတဲ့ သူတွေ အတွက် အခွင့်အရေး အများကြီး ရှိနေတဲ့ ..ဂန်လောင် ရဲ့ စစ်တပ်ကို မဝင်ပဲ..သူက ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အဖွဲ့အစည်းကိုသာ ဝင်ပြီး လွတ်လပ်စွာနေခဲ့ပါတယ်..။ဒီလိုနဲ့ သူတို့ရဲ့ ခွန်အားနဲ့ ဂုဏ်သိက္ခာကို တည်ဆောက်နေခဲ့ကြတယ်..။
ပြန်စဥ်းစားကြည့်ရင် ဆန်နီ ရဲ့ ပြသနာလည်း ဒီလိုကနေပဲ စတင်ခဲ့တာပါ..။
"ဟုတ်တယ်..ဒါတွေ အကုန်လုံး သူ့အမှားပဲ..ငါ့ကြောင့်မဟုတ်ဘူး..။ဟုတ်တယ် ကျိန်းသေပဲ.."
အံကို ကြိတ်ထားလိုက်ပြီး.ဆန်နီဟာ..ကြီးမားတဲ့ သေတ္တာကြီးကို ကန်ကျောက်လိုက်ကာ ကျိန်ဆဲလိုက်ပါတယ်..။ယင်းနောက် ဘာမှမဖြစ်ခဲ့သလို အပြုံးတစ်ခု ဖန်တီးလိုက်ပြီး..အခန်းထဲကနေ ထွက်လာခဲ့တယ်..။
အောက်ဘက်မှာတော့ အခြေအနေတွေက တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါပြီ..။သွေးရနံ့တွေကြောင့်..မွန်းစတားတွေဟာ..ဘုရားကျောငိးပျက်ထဲကို ဝင်ရောက်ပြီး အလောင်းကောင်တွေကို စားသောက်ဖို့ ကြိုးစားနေခဲ့ကြတယ်..။သို့ပေမယ့်.အနက်ရောင် သူရဲကောင်းက ခါတိုင်းထက်တောင် ကြမ်းတမ်းနေပါသေးတယ်..။သူ လေသာဆောင်ကို ရောက်လာတဲ့ အချိန်မှာပဲ ..သူက ဘုရားရှိခိုးကောင် သားရဲ တစ်ကောင်ကို အဆုံးသတ်ပေးလိုက်ပါတယ်..။
အစကတော့..ဆန်နီက..လူမိုက်တွေရဲ့ ပိုင်ဆိုင်မူတွေကို စိတ်ဝင်စားခဲ့ပေမယ့်..ပြင်းထန်နေတဲ့ တိုက်ပွဲကြောင့် စိတ်ပြောင်းသွားခဲ့တယ်..။သူ နောက်မှပဲ ဒါကို လုပ်တော့မှာပါ..။
ပြီးတော့..သူ့ အရိပ်ကို လွှတ်ပြီး ဒီလူတွေရဲ့ နေရာကို ကြည့်ခိုင်းပြီးပါပြီ..။ဒီလူတွေမှာက တန်ဖိုးရှိတာ ဘာမှ ပါတာ မဟုတ်ပါဘူး..။
အချိန်ကို ထပ်မဖြုန်းချင်တော့တာကြောင့် ဆန်နီဟာ ဘုရားကျောငိး ခေါင်မိုးပေါက်နေ ထွက်ပြီး..သွေးမိစ္ဆာနဲ့ တိုကိခိုက်ခဲ့တဲ့ နေရာကို ပြန်သွားလိုက်ပါတယ်..။
အမဲလိုက် အဖွဲ့ခေါင်းဆောင်ရဲ့ ခန္တာကိုယ်က ဒီနေရာမှာ ရှိနေတုန်းပါပဲ..။ဒါပေါ့..သူ့ရဲ့ မှတ်သားမူတွေက မရှိတော့ပဲ..အလောင်းပဲ ရှိပါတော့တယ်..။သူ့ရဲ့ တိုက်ပွဲဝင် ပုဆိန်ကလည်း မရှိတော့ပေ..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ဒါကြောင့် လူတွေ ကို သတ်ရတာက မတန်တာပဲ "
သူ့အရိပ်ကတော့..သူ့စကားတွေကို ကြားပြီး မျက်နှာကို လက်နဲ့ ကာလိုက် ကာ ခေါင်းခါယမ်းလိုက်ပါတယ်..။ဆန်နီ မျက်မှောငိကျုတိလိုက်ပြီး..
"ဘာလဲ..မဟုတ်လို့လား.."
သူ့အတွက်တော့ မှန်တာထက်တောင် ပိုပါသေးတယ်..။
နိုးထသူတွေ အချင်းချင်း သတ်ဖြတ်ကြပြီ ဆိုရင်..သူတို့က..ရန်သူ ရဲ့ ဝိဥာဥ် အမြုတေကို မဖျက်ဆီးရင်တောင်..ရသင့်တဲ့ အမြုတေ ပမာဏ ကို ရကြပါတယ်..။
ဒါက..သူ့ရင်သူ အရင်က အမြုတေ တစ်ရာလောက် စုပ်ယူခဲ့ဖူးတယ် ဆိုရင်တောငိ..ဆန်နီကတော့ သူ့အဆင့်အလိုက် အရိပ်အပိုင်းအစ ကိုပဲ ရရှိမှာပါ..။ဒါက အိပ်မက်ဆိုး သားရဲတွေကို သတ်ဖြတ်တာနဲ့ အတူတူပါပဲ..။ဒါကြောင့် ..အိပ်စက်သူတွေက အသွင်ပြောင်း အဆင့်မှာပဲ ရှိသေးတာကြောင့် ..အရိပ်အပိုင်းအစ တစ်ခု စီပဲ ရရှိပါတယ်..။
" ၄၀၀ ပြည့်ဖို့ အပိုင်းအစ တစ်ခု လိုနေသေးတယ်.."
ဆန်နီ စိတ်ညစ်သွာ ရေရွတ်လိုက်တယ်..။
သူ့ကြိုးစားမူက ဘာမှတောင် အဖတ်မတင်ခဲ့ပါဘူး..။
သူ့စိတ်ထဲမှာ..လူသားတွေကို သတ်ရတာက မတန်ဘူးလို့သာ တွေးနေမိတယ်..။ယင်းနောက် သူ သေဆုံးတဲ့လူရဲ့..ကိုယ်ပေါ်မှာ တစ်ခုခု ရှိနေမလားဆိုပြီး စတင် ရှာဖွေလိုက်ပါတယ်..။
သို့ပေမယ့် သူ့ကို နောက်တစ်ခါ ထပ်ပြီး စိတ်ပျကိသွားစေခဲ့တယ်..။သူမျှော်လင့်ထားသလို ဝိဥာဥ် အပိုင်းအစ တွေ ရှိမနေခဲ့ပါဘူး..။သူတွေ့လိုက်ရတာ ဆိုလို့..ဒီလူရဲ့ အင်္ကျီအထဲကို ထိုးထည့်ထားတဲ့..ထူးဆန်းတဲ့ အဝတ်စ တစ်စကိုပါ..။
အထည်စကို ကြည့်လိုက်တဲ့ အချိန်မှာတော့..မှင်နဲ့ အကြမ်းရေးထားတဲ့ ပုံစံ တွေကို တွေ့လိုက်ရတယ်..။တစ်ချို့ ပုံရိပ်တွေက ထူးဆန်းစွာပဲ..ရင်းနှီးနေခဲ့ပါတယ်..။
"ဒါက ..မြေပုံလား..."
အမှန်ပဲ..ဒါက မြေပုံတစ်ခုပါ..။သူ မှတ်မိတဲ့ နေရာတွေကတော့..ဒီ ကျိန်စာသင့် မြို့ကြီးထဲမှာ တည်ရှိတဲ့ နေရာတွေပါပဲ..။ဆန်နီ နေရာအများစုကို သိနေပြီး..အချို့ကိုလည်း ရောက်ဖူးပါတယ်..။
"ရတနာ မြေပုံလား.."
ရုတ်တရက် ဒီလူတွေ ထူးဆန်းစွာ ရောက်လာတာနဲ့ အတွေ့အကြုံ မရှိတာက..အံ့ဩစရာမကောင်းတော့ပေ..။ဒီလူတွေက တကယ်ပဲ အမဲလိုက်အဖွဲ့ မဟုတ်ပါဘူး...။အမှန်တော့ ရဲတိုက်က ဥာဏ်ကောင်းတဲ့ လူတစ်ယောက်ယောကိ လိမ်ရောင်းလိုက်တဲ့ မြေပုံ အတုကို ဝယ်လာမိတဲ့ အရူးတွေပါ..။
အနည်းဆုံးတော့ ဒါက အများကြီးဖြစ်နိုင်ချေရှိပါတယ်..။
သို့ပေမယ့်....
"ဒါပေမဲ့ အစစ်ဆိုရင် ဘယ်လိုလုပ်မလဲ..."
ဆန်နီ မျက်တောင်ခတ်ပြီး မြေပုံကို သေချာကြညိ့လိုက်တယ်..။သူ ကြိုးစားကြည့်သင့်လား..လွင့်ပစ်သင့်လား ဆိုတာကိုတော့ တကယ်မသိတော့ပါဘူး..။
ကံကောင်းစွာပဲ..သူ့ရဲ့ အတွေးတွေကို ကျယ်လောင်သည့် အသံတစ်ခုက ကြားဖြတ်သွားခဲ့တယ်..။
သူနဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေတဲ့ အဆောက်အဦးတစ်ခုက ရုတ်တရက် ပြိုကျသွားပြီး..ဖုန်မှုန့်တွေ အများကြီး ဖြစ်ပေါ်လာခဲ့တာပါ..။ကြီးမားတဲ့ ပုံရိပ်တစ်ခုက လေပေါ်ကို မြောက်တက်လာပြီး နောက်ထပ် နံရံတစ်ခုကို ဝင်တိုက်သွားခဲ့တယ်..။
သားရဲကြီးဟာ..မတ်တတ်ရပ်ဖို့ ကြိုးစားလိုက်ပေမယ့် မရပ်နိုင်ဖြစ်နေခဲ့ပြီး..သွေးတွေ အဆက်မပြတ် စီးကျ နေခဲ့တယ်..။
ဆန်နီ မြေပုံကို ချပ်ဝတ်အင်္ကျီထဲထည့်ကာ..အရိပ်ထဲကို ဝင်လိုက်ပြီး ဘာတွေဖြစ်နေလဲ ဆိုတာကို နားလည်ဖို့ကြိုးစားလိုက်တယ်..။အနီးနားမှာတော့..ဒေါသတကြီး အော်ဟစ်သံတွေနဲ့..စတီး အချင်းချင်း..ထိတဲ့အသံတွေ ဆက်တိုက် ကြားနေခဲ့ရပါတယ်..။
ထူးဆန်းတာက ဒါက လူသားအသံတွေ မဟုတ်ပါဘူး..။
"အိပ်မက်ဆိုး သားရဲတွေ ကြားက တိုက်ပွဲလား.."
ဒီလိုအရာက ကျိန်စာသင့် မြို့ထဲမှာ သိပ်ပြီး မရှားပါးပေ..။သို့ပေမယ့် ဆန်နီ သိသလောက်ဆိုရင် ဒီလမ်းတွေရဲ့ မာစတာတွေနဲ့..အနားက လေးထောင့်ကွက်တွေကို စိန်ခေါ်နိုင်တဲ့ အရာက အနည်းငယ်လောက်ပဲ ရှိတာပါ..။
ဒီသားရဲတွေက..မြို့ထဲက သက်ရှိတွေထဲမှာ အသန်မာဆုံးမဟုတ်ပေမယ့်..သူတို့ရဲ့ အကျင့်စရိုက်ကြောင့် ဆန်နီ အမြဲတမ်း ရှောင်ကွင်းသွားလေ့ ရှိပါတယ်..။ဒီလေးထောင့်ကွက်မှာ..အရမ်းကို သန်မာပါတယ် ဆိုတဲ့ သားရဲတွေ..အပိုင်းပိုင်းအစစ ဖြစ်သွားတာကို သူ မကြာခနတွေ့ဖူးပါတယ်..။
သို့ပေမယ့်..သူတို့ထဲက ဘယ်သူကမှ အခုလို လေးထောင့်ကွက်ရဲ့ ကာကွဟ်သူကို ဒီအခြေအနေထိ ရောက်အောင် ဖိအားမပေးနိုင်ကြပေ..။အနည်းဆုံးတော့ တိုက်ပွဲရဲ့ အသံတွေကို နားထောင်ကြည့်ရင် သိသာပါတယ်..။
သိချင်စွာပဲ ..ဆန်နီ တစ်ချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်..။
အရိပ်ထဲမှာ ပုန်းကွယ်ရင်းပဲ..ဆန်နီဟာ ရှေးဟောင်းအဆောက်အဦးနားက..အမြင့်ဆုံးသစ်ပင်ကို တွယ်တက်ကာ မကြာခင်ပဲ ခေါင်မိုးပေါ်ကို ရောက်သွားခဲ့တယ်..။သူ့ရဲ့ ခြေသံကို သတိထားပြီး ဆန်နီဟာ အဆောက်အဦးရဲ့ တစ်ဖက် အစွန်းအထိ လျောက်သွားလိုက်ပါတယ်..။
ဒီကနေ ဆိုရငိ ..သူက ကျယ်ပြန့်တဲ့ လေးထောင့်ကွက်ကို သေချာမြင်နိုင်ပါတယ်..။
လေးထောင့်ကွက်ရဲ့ အလယ်မှာတော့..ရွေးလျားနေတဲ့ သားရဲကြီးတစ်ကောင်ဟာ..ဧရာမကြီးမားတဲ့ မွန်းစတား အချို့နဲ့ တိုက်ခိုက်နေတာကို တွေ့လိုက်ရတယ်..။