← Chapters

အပြီးသတ် ရိုက်ချက်

Vol. 7 Ch. 103

အပြီးသတ် ရိုက်ချက်

Vol. 7 Ch. 103

#ဘာသာပြန် = စနိုးဝှိုက်

အကုန်ငြိမ်သက်သွားတဲ့ အချိန်မှာတော့ ဆန်နီဟာ ပုံးကွယ်နေရာကနေ ထွက်လာခဲ့ပြီး..အဆောက်အဦး အောက်ဘက်က ...လေးထောင့်ကွက်ဆီကို ဆင်းလာခဲ့တယ်..။သူ သွေးအိုင်တွေကို ရှောင်ကွင်းသွားပြီး..သေလုဆဲဆဲ ဖြစ်နေတဲ့ ကျောက်တုံး သားရဲ ဆီကို လျောက်သွားလိုက်ပါတယ်..။

အိပ်မက်ဆိုး သားရဲဟာ..ပက်လက်လှန် လဲလျောင်းနေခဲ့ပြီး သူ့ရဲ့ ခန္တာကိုယ်ကတော့ အက်ကွဲ နေခဲ့တယ်..။အနီးကပ် ရောက်လာတဲ့ အချိန်မှ ဆန်နီ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်..။

ဒီ ထူးဆန်းတဲ့ မွန်းစတားရဲ့..အနက်ရောင် အကာအကွယ်က..ကျောက်တုံးအဖြစ် တဖြည်းဖြည်း ပြောင်းလဲနေခဲ့ပါတယ်..။ဆိုးဝါးတဲ့ ဒဏ်ရာတွေကနေလည်း..ဖုန်မှုန့်လိုအရာတွေက ဆက်တိုက်ထွက်နေပြီး သွေးတွေနဲ့တောင် တူနေခဲ့တယ်..။

သူမရဲ့ တောက်ပနေတဲ့ မျက်လုံးနှစိလုံးက ဖြည်းဖြည်းချင်း ရွေ့လျားလာပြီး ဆန်နီကို ကြည့်လာခဲ့ပါတယ်..။သူမရဲ့ မျက်လုံးထဲမှာ ဘာခံစားချက်မှ မရှိတော့ပဲ ပင်ပန်းမူတွေပါ ရှိနေပါတော့တယ်..။သူမ မျက်လုံးထဲက မီးတောက်တွေကလည်း တဖြည်းဖြည်း မှိန်လာခဲ့တယ်.. ။

သားရဲကြီးက သူ့ကို အသံမထွက်ပဲနဲ့ ကြည့်နေခဲ့တာပါ..။အမှန်တော့ ဒီသားရဲက အသံထွက်နိုင်ရဲ့လား ဆိုတာတောင် ဆန်နီ မသိပါဘူး..။တိုက်ခိုက်နေတဲ့ တစ်လျောက်လုံးမှာလည်း သူမက ဘာအသံမှ မထွက်ပဲနဲ့ကို ရှိနေခဲ့တာပါ..။

သူ သက်ပြင်းချလိုက်တယ်..။

"ဘဝက မတရားဘူး မလား...ဟင်..."

ဒီစကားကို ပြောလိုက်ရင်း သူ သန်းခေါင်ယံ အမြုတေကို ထုတ်လိုက်ကာ..သေအံ့ဆဲဆဲ သားရဲရဲ့..မျက်နှာဖုံးအကာအကွယ်ကို ထိုးချလိုက်ပါတယ်..။သေခါနီး အချိန်မှာတောင် ဒီသားရဲက အတော်လေး မာကျောနေတုန်းပါပဲ..။သို့ပေမယ့် ဆန်နီ ထည့်လိုက်တဲ့ ခွန်အားက သူမကို အဆုံးသတ်ပေးဖို့ လုံလောက်နေပါသေးတယ်..။

သူက အိပ်မက်ဆိုး သားရဲတွေကို သတ်ဖြတ်ရတာ အမြဲတမ်း သဘောကျခဲ့ပေမယ့် ဒီတစ်ကောင်ကတော့ မြန်မြန် သေဖို့အတွက် ထိုက်တန်ပါတယ်..။အရိုးသားဆုံးပြောရရင် ..သူက ဒီကျောက်တုံး စစ်သည်တော် ရဲ့ နောက်ဆုံး..အချိန်ထိ အပြင်းအထန် တိုက်ခိုက်သွားပုံ ကို လေးစားသွားခဲ့တာပါ..။

"သူတို့က ဘယ်သူ့ကို လာရှုပ်မိတာလဲ ဆိုတာကို မသိကြဘူး..။ဒါပေမဲ့ မင်းကတော့ နားလည်အောင် ပြပေးလိုက်တယ်.."

အဲ့အချိန်မှာပဲ အခိုက်အတန့်ရဲ့ ရင်းနှီးတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်..။

[ သင်က နိုးထမူအဆင့် သားရဲ ၊ ကျောက်တုံး သူတော်စင်ကို သတ်လိုက်ပါပြီ ]

[ သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]

ဆန်နီ ပြုံးလိုက်တယ်..။

'အရိပ် အပိုင်းအစ လေးခု..။နောက်ဆုံးတော့ လေးရာ နဲ့ သုံးခု ရှိသွားပြီ '

သို့ပေမယ့်..စက္ကန့် အနည်းငယ် အကြာမှာတော့ သူတွေးနေတဲ့ အရာကိုတောင် မေ့ပျောက်သွားခဲ့တယ်..။ဘာကြောင့်လဲဆိုတော့ အခိုက်အတန့်က..ဆက်ပြီး ပြောလာခဲ့လို့ပါ..။

[ သင်က..ထပ်တူညီမူ တစ်ခုကို ရရှိခဲ့သည် : ကျောက်တုံး သူတော်စင် ]

***

ဆန်နီ ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်..။

သူ ကြားတာရော မှန်ရဲ့လား..။

ထပ်တူညီမူလား..။သူ နောက်ဆုံးတော့ နောက်ထပ် ထပ်တူညီမူ တစ်ခုကို ရသွားခဲ့တာလား..။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဆန်နီ အသံကို နိမ့်ကာ အရိပ်ကို ပြောလိုက်တယ်..။

"မင်းလညိး ကြားတယ်မလား..ဟုတ်တယ်ဟုတ် "

အရိပ်ဟာ ဆန်နီကို..စိတ်အနှောက်ယှက်စွာကြည့်လိုက်ပြီး ပါးကို လက်ဖြင့်ထိုးပြကာ ဘာမှ ပြန်မပြောခဲ့ပေ..။

သူ ပြုံးလိုက်တယ်..။

"အတိအကျပဲ..။အခိုက်အတန့်က ဒီလိုပြောလိုက်တာပဲ.."

သီချင်းတစ်ပုဒိ ညဥ်းရင်း နဲ့ သူ ဟိုလျောက်လိုက် ဒီလျောက်လိုက် လုပ်ပြီးကာမှ ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့တယ်..။

"အိုး..ဟုတ်သားပဲ..ငါ ဒီနေရာကနေ ထွက်သွားသင့်တယ်..။အခု ကျောက်တုံးသားရဲတွေ မရှိတော့ဘူးဆိုတော့..ဒီ လေးထောင့်ကွက်ကို ဘယ်လိုထိပ်လန့်စရာ တွေ ရောက်လာမလဲ ဆိုတာကို မပြောတတ်ဘူး.."

သး ထွက်သားဖို့ လုပ်လိုက်ပေမယ့်..ရပ်လိုက်ပြီး အခြေအနေတွေကို တစ်ချက်ကြည့်လိုက်ပါတယ်..။

"ဒါပေမဲ့...ငါ အမှတ်တရ တစ်ခုခု ယူသွားသင့်တာ မဟုတ်ဘူးလား.."

ဒီလို အဆင့်မြင့်သားရဲ ကြီးတွေ သေဆုံးနေတာကို အမြဲတမ်း မြင်တွေ့ရနိုင်တာ မဟုတ်ပါဘူး..။ဒါက ရနိုင်ချေ အတော်နည်းပါးတဲပ အခွင့်အရေးပါ..။

ဆန်နီ ခနလောက်တွေဝေနေပြီးမှ ဘယ်သားရဲ ကို အရင် ကြိုးစားရမလဲ ဆိုတာကို စဥ်းစားနေခဲ့တယ်..။ပင့်ကူတွေက သိသာစွာပဲ အသန်မာဆုံးပါ..။သူတို့ကသာ အမှန်တကယ် ကျရှုံးမူ အဆင့်ဆိုရင် သူတို့ရဲ့..ဝီဥာဥ် အမြုတေက အတော် အဖိုးတန်ပါလိမ့်မယ်..။

သိူ့ပေမယ့်..တက်ရောက်မူ အဆင့် ဝိဥာဥ် အမြုတေ နဲ့ ပစ္စည်း တစ်ခုခု ဝယ်လိုက်တာက သံသယဖြစ်ဖို့ကောင်းပါတယိ..။ထပ်ပြောရရင် ဒီလို ကြီးမားတဲ့ သားရဲကြီးတွေကို တစ်ခါတစ်ခါတွေ့ခွင့်ရဖို့က အတော်ကြာတာပါ.. ။

ဒီ ကျောကိတုံးသားရဲက ..အဆင့်နိမ့်ဆိုပေမယ့်..သူ့ရဲ့ အမြုတေက ရှာရတာ ပိုပြီး လွယ်ကူပါလိမ့်မယ်..။ကျိန်စာသင့် မြို့ထဲက တစ်ခြား သားရဲတွေလည်း အချိန်မရွေးရောက်လာနိုင်ပါသေးတယ်..။

အသက်ကို ပြင်းပြင်းရူလိုက်ပြီး ဆန်နီဟာ အနီးဆုံးကျောကိတုံးသားရဲနားကို သွားကာ..ဝိဥာဥ် အမြုတေကို စပြီးရှာဖွေလိုက်ပါတယ်..။

သူ ဒုတိယ သားရဲ ကို ရှာဖွေနေတဲ့ အချိန်မှာတော့ အသံတစ်ချို့ကြောင့် ရပ်လိုက်ပါတယ်..။လောဘက လူတွေ အများကြီးကို ..သေစေနိုင်တာကို သိနေတာကြောငိ့..ဆန်နီဟာ သူရထားတဲ့ နောက်ဆုံးအမြုတေတစ်ခုကို ချပ်ဝတ်အင်္ကျီ ကြားထဲမှာ သိမ်းလိုက်ပြီး ထွက်သွားဖို့ လုပ်လိုက်ပါတယ်..။

သူ့ရဲ့ ကူနယ်ကို ထုတ်လိုက်ပြီး လေထဲကို ပစ်ကာ..မမြင်ရတဲ့ ကြိုးနဲ့ ထိန်းချုပ်ရင်း..ကျောက်တုံး တိုင် တစ်တိုင်ကို ချိတ်အောင် လုပ်လိုက်တယ်..။ကြိုးက အပေါ်မှာ ချိတ်နေသ၍ သူက..ခုန်လိုက်ပြီး..ကြိုးကို တိုအောင် ပြုလုပ်ကာ လေပေါ်ကို မြောက်တက်သွားအောင် လုပ်လို့ရပါတယ်..။

ဒါက ရွှေရောင်ကြိုးလိုပါပဲ..။ဒီ မမြင်ရတဲ့ ကြိုးက သူနဲ့ ကူနယ်ကို ဆက်သွယ်ပေးထားတာပါ..။ဒီအရာက ဆန်နီ အတွက် ဘယ်နေရာက အရာကိုမဆို ကူနယ်နဲ့ပစ်ပြီး ဆွဲယူလို့ ရစေပါတယ်..။

သူ ကျောက်တိုင် ထိပ်ကိုရောက်ပြီ ဆိုတာနဲ့ နံရံတစ်ခုကို ကိုင်ကာ..အဆောက်အဦးပေါ်ကို ပြန်တက်သွားခဲ့တယ်..။သူ ခေါင်းမိုးပေါ်ကို ရောက်သွားတဲ့ အချိန်မှာတော့ သားရဲကြီးရဲ့ ခြေသံတွေက ပိုပိုပြီး နီးကပ်လာခဲ့ပါပြီ..။

ဒီအရာက ဘာကြီးပဲ ဖြစ်နေနေ ဆန်နီ ထပ်မသိချင်တော့ပေ..။သူ့ရဲ့ ရွေ့လျားနေတဲ့ ပုံအရဆိုရင် ပါးစပ်တွေ အများကြီးရှိတဲ့ ​ ကြီးမားတဲ့ မြွေကြီးတစ်ကောင်လို့တောင် စိတ်ထဲထင်နေမိပါသေးတယ်..။

ကံကောင်းစွာပဲ..သူက လေးထောင်ကွက် နေရာကနေ အချိန်မှီ ထွက်လာနိုင်ခဲ့တာကြောင့် ထိပ်တိုင်ရင်ဆိုင်ဖို့ မလိုတော့ပေ..။

***

ဆန်နီ ဘုရားကျောငိးပျက်ထဲကို ပြန်ရောက်တဲ့ အချိန်မှာတော့ ညအချိန်က အဆုံးသတ်ကို ရောက်နေခဲ့ပါပြီ..။အရှေ့ဘက် စက်ဝန်းက တစ်ဖြည်းဖြည်း အရောင်တောက်ပလာနေပြီး..အနက်ရောင်ဒီရေ တွေ နံရံကြီးကို ရိုက်ခတ်နေတဲ့ အသံကလည်း..တဖြည်းဖြည်း လျော့ကြလာနေခဲ့ပါတယ်..။

သူ လေသာဆောင်ကို ဖြတ်လျောက်တဲ့ အချိန် အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့..လျောက်သွားနေတဲ့ အနက်ရောင် စစ်သည်ကို မြင်ပြီး သက်ပြင်းချလိုက်မိတယ်..။

တစ်နေ့တော့..သူလည်း ဒီခွေးသားလေးကို သတ်ရဦးမှာပါ..။

သို့ပေမယ့် ဒီနေ့တော့ မဟုတ်သေးပါဘူး..။

ဒီနေ့တော့ သူ့မှာတစ်ခြားလုပ်စရာ ရှိနေပါသေးတယ်..။

သူ့ရဲ့ လုံခြုံတဲ့ လျိုဝှကိခန်းကို ပြန်ရောက်တာနဲ့ ဆန်နီဟာ ဝိဥာဥ် အမြုတေ တွေကို ရတနာ သေတ္တာထဲထည့်လိုက်ပြီး သစ်သား ထိုင်ခုံပေါ်ထိုင်ချလိုက်တယိ..။

သူ့မျက်နှာပေါ်မှာတော့ စိတ်လှုပ်ရှားတဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယမ..။

နောက်ဆုံးမှာတော့..သာမန် ထပ်တူညီမူ နဲ့ အရိပ်အဖြစ် ပြောင်းလဲလိုက်တာ က ဘာတွေကွာခြားမူရှိလဲ ဆိုတာကို ကြည့်ရတော့မယ့် အချိန်ပါပဲ..။

All Chapters