← Chapters

ကျောက်တုံး သူတော်စင်

Vol. 7 Ch. 102

ကျောက်တုံး သူတော်စင်

Vol. 7 Ch. 102

#ဘာသာပြန် = စနိုးဝှိုက်

ဘေးပတ်လည်တွင် ပျက်ဆီးနေသည့် အဆောက်အဦးများ ကာရံထားသည့်..လေးထောင့်ကွက်ထဲမှာတော့ ပြင်းထန်သည့် တိုက်ပွဲတစ်ခုဟာ အဆုံးသတ်ကို ရောက်လာခဲ့သည်..။ကျန်နေသည့် တစ်ခြား ကာကွယ်သူများကတော့..လမ်းခင်းကျောက်တုံးများပေါ်တွင်..အပိူင်းပိုင်း အစစ များဖြစ်နေခဲ့ကြသည်..။

ဆန်နီ အံ့ဩသင့်စွာ မျက်တောင်ခတ်လိုက်၏..။

'သူတို့ တကယ် ရှုံးနိမ့်သွားကြတာပဲ '

သူ တကယ်ကို အံ့ဩနေခဲ့တာပါ..။လေးထောင့်ကွက်ကို စောင့်ကြပ်နေတဲ့..အဖွဲ့က..အတော်လေးကို ကြမ်းတမ်းကြပါတယ်..။ကျိန်စာသင့်မြို့ထဲမှာ ရှိနေတဲ့ သားရဲတွေ ထဲမှာတော့ သူတို့က ..အရွယ်အစား နဲ့ ခွန်အား အသန်မာဆုံးမဟုတ်ပါဘူး..။သိူ့ပေမယ့်..သူတို့ရဲ့ ထူးဆန်းတဲ့ ခန္တာကိုယ်တွေက..အတော်လေး ခံနိုင်ရည်အားကောင်းပြီး..ပြင်းထန်တဲ့ တိုက်ခိုက်မူတွေကိုတောင် ကာကွယ်ထားနိုင်ပါတယ်..။

ဒါ့အပြင် ကျောက်တုံးစစ်သည် တော်တွေက..သူတို့ရဲ့ လက်နက်တွေကို အသုံးပြုတဲ့ နေရာမှာလည်း အတော်ကို သေသပ်လှတာပါ..။ဒါကြောင့်ပဲ ဆန်နီဟာ..ဒီထူးဆန်းတဲ့ သားရဲတွေကို အမြဲတမ်း ရှောင်ကွင်းသွားခဲ့တယ်..။သူတို့က ကျရှုံးမူ အဆင့် သားရဲတွေ မဟုတ်ကြပေမယ့်..သူတို့ရဲ့ တည်ရှိမူကတင် သူ့ကို စိုးရိမ်စေဖို့ လုံလောကိပါတယ်..။

သို့ပေမယ့် အခုတော့..လေးထောင်ကွက်ရဲ့ ပိုင်ရှင်က ​အပြောင်းအလဲ ဖြစ်ပါတော့မယ်..။

အရင် အရှင်သခင် တွေဖြစ်ကြတဲ့ သားရဲတွေရဲ့ ခန္တာကိုယ်က အစိတ်စိတ်အမွာမွာ ဖြစ်နေခဲ့ကြတယ်..။သူတို့ကြည့်ရတာ ပျက်ဆီးနေတဲ့ ရုပ်ထု ကြီးတွေလိုပါပဲ..။သူတို့ရဲ့ သတ္တု အကာအကွယ် နဲ့..လက်နက်တွေက သေဆုံးပြီးသွားတာနဲ့ ကျောက်တုံးတွေ အဖြစ်ပြောင်းလဲသွားခဲ့ကြတာပါ..။

လေးထောင့်ကွက်ထဲမှာ ဒီလိုကျောက်တုံး ပုံစံ အလောင်းပုံက ငါးခု ခြောက်ခု လောက်အထိ ကို ရှိနေခဲ့တယ်..။တိုက်ခိုက်လာတဲ့ ဘက်ကတော့..သုံးယောက်လောက်သာ အသက် ဆုံးရှုံးမူ ရှိခဲ့ကြပါတယ်..။

လာရောကိတိုက်ခိုက်တဲ့..အိပ်မက်ဆိုးသားရဲတွေက..ဆန်နီ အရင်က..ဘယ်တုန်းကမှ မမြင်ဖူးတဲ့ သားရဲအမျိုးအစားတွေပါပဲ..။ဒီမွန်းစတားတွေက. ..ထူထဲတဲ့ အကာအကွယ်တွေ ပါရှိတဲ့ ကြီးမားတဲ့ ပင်ကူတွေနဲ့တောငိ တူနေခဲ့တယ်..။သူတို့က အရမ်းကို လျင်မြန်တဲ့ အရှိန်နဲ့ တိုကိခိုက်နေပြှး..အဘက်အဘက်ကနေ ဖိအားပေးနေခဲ့ပါတယ်..။

လက်ရှိမှာတော့ သူတို့ဘက်မှာလည်း နှစ်ယောက်တည်းသာ ကျန်တော့ပြီး .ကျန်ရှိနေသေးတဲ့ ကျောက်တုံး စစ်သည်တော်ကို..ဝန်းရံ တိုက်ခိုက်နေခဲ့ကြတယ်..။

နောက်ဆုံးကျန်ရှိနေတဲ့ ကျောကိတုံး စစ်သည်တော်က အမဖြစ်ပုံရပါတယ်..။ပင့်ကူ တွေနဲ့ နှိုင်းယှဥ်မယ် ဆိုရင် သူမက အနည်းငယ် သေးငယ်ပုံရပြီး ဆန်နီထက်တော့ ပိုပြီး ရှည်ပါတယ်..။အံ့ဩစရာ ​ကျောက်တုံး စစ်သည်တော်ရဲ့ လက်က ဓားတစ်ချောင်းရှိနေခဲ့ပြီး..သူ့ခန္တာကိုယ် တစ်ခုလုံးမှာလညိး အကာအကွယ်တွေ ရှိနေခဲ့တယ်..။

သူမရဲ့ အကာအကွယ် နဲ့ လက်နက်က အနက်ရောင်ဖြစ်ပြီး..အမည်မသိ ကျောကိတုံး တစ်ချို့နဲ့ ထုလုပ်ထားတဲ့ပုံပါပဲ..။ဒါပေါ့ အမှန်တကယ်တော့ သူတို့ရဲ့ သတ္တုကျောက်တုံးနဲ့ပဲ ပြုလုပ်ထားခဲ့တာပါ..။

လတ်တလောမှာတော့..ကျောက်တုံးစစ်သည်က..တောင့်ခံနေရပြီး လေထဲမှာ ဓားကို ဝေ့ယမ်းနေခဲ့တယ်..။သူမရဲ့ ခေါင်းကို ငုံ့ထားခဲ့ပြီး..ပင်ကူ မွန်းစတား နှစ်ကောင်ရဲ့ ရွေ့လျားမူတွေကို တိတ်တဆိတ်ကြည့်နေခဲ့ပါတယ်..။

ဆန်နီ သိပ်ပြီးသေချာ မသိပေမယ့်..ဒီ ပင့်ကူ မွန်းစတား နှစ်ကောင်က..ကျရှုံးမူ အဆင့် သားရဲတွေ ဖြစ်ပုံရပါတယ်..။ဒီလိုဆိုရင်တော့ ကျောက်တုံး အမျိုးသမီးတော့ အဆုံးသတ်ပါပြီ..။သူတို့ရဲ့ ရန်သူကသူမကို အဆုံးမသတ်မှီ ကစားပွဲတစ်ခု ဖန်တီးနေသလိုပါပဲ..။

သူ တကယ် ဂရုမစိုက်ပေ..။တကယ်တော့ သူက ရှိုးပွဲကို ကြည့်နေတာပါ..။သူက ..အိပ်မက်ဆိုးသားရဲတွေ အချင်းချင်းတိုက်ခိုက်တာကို ကြည့်ရတာ ဝါသနာပါတာဖြစ်ပြီး ဘယ်သူနိုင်လဲဆိုတာက ကိစ္စမရှိပါဘူး..။

' လုပ်စမ်းပါ..သူမကို အဆုံးသတ်လိုက်တော့ '

သို့ပေမယ့် ခနအကြာမှာတော့ သူ အံ့ဩသင့်သွားခဲ့တယ်..။ထူးဆန်းစွာပဲ ပြောင်းလဲမူတွေဖြစ်ပေါ်လာခဲ့ပါတယ်..။ကျောကိတုံး မွန်းစတားရဲ့ ဓားက..ပထမဆုံး ပင့်ကူ ကို ထိုးမိသွားတာပါ..။သူမရဲ့ ဓားကို ပင်ကူ မွန်းစတားရဲ့ အကာအကွယ်ဆီ နှစ်ကြိမ်လောက်ဆကိတိုက် ထိုးပြီးတာနဲ့ သူမက ဆုံးဖြတ်ချက်ပြတ်သားစွာ ရှေ့ကို တက်လာခဲ့တယ်..။

သူမ ချိန်ရွယ်ခံရတဲ့ ပင့်ကူ မွန်းစတားကတော့ တုန့်ပြန်ဖို့အတွက်တောင် နောက်ကျသွားခဲ့ပါပြီ..။သို့ပေမယ့် သူ့ရဲ့ ကြီးမားတဲ့ သန်မာမူကြောင့်..သူ့ရဲ့ လက်ကို မြှောက်ကာ ပြန်ပြီး တိုကိခိုက်နိုင်ပါသေးတယ်..။သူ့ရဲ့ ခြေထောက်တစ်ချောင်းက..ရှေ့ကို တက်သွားပြီး ကျောက်တုံး စစ်သည်တော်ကို အစိတ်စိတ်အမွာမွာ လုပ်ဖို့လုပ်လိုကိတယ်..။

သေးငယ်တဲ့ သားရဲက သူမရဲ့ ဒိုင်းကာ နဲ့ ကာလိုက်ပြီး သူမရဲ့ ဓားကို မြှောက်ကာ..ခန္တာကိုယ်တစ်ခုလုံးရဲ့ ခွန်အားနဲ့ ထိူးချလိုက်ပါတယ်..။

ကျရှုံးမူ အဆင့် မွန်းစတားက..နောက်ကို လွင့်စင်သွားပြီး ပြိုလဲကျသွားတာကို ဆန်နီ မျက်တောင်ခတ်ပြီးကြည့်နေခဲ့တယ်..။

အနက်ရောင် ဓားက ချက်ချင်း နောက်နေ လိုက်လာခဲ့ပြီး ပြိုလဲကျသွားတဲ့ မွန်းစတားရဲ့ ဗိုက်ကို အချက်ပေါင်းများစွာ ရသလောက်ထိုးလိုက်ပါတယ်..။ကျောက်တုံး စစ်သည်ရဲ့ တိုက်ခိုက်မူက အကြောက်အလန့်ကင်းပြီး..သူမရဲ့ ဓားနှစ်ချောင်းလုံးကို အသုံးကြုပြီး ကြမ်းတမ်းစွာ တိုကိခိုက်နေခဲ့တာပါ..။

မွန်းစတားရဲ့ သံအကာအကွယ်တွေ အက်ကွဲလာချိန်မှာတော့ ဒုတိယ သားရဲက အမြန်ရောက်လာခဲ့ပါတယ်..။ဒီတိုက်ပွဲက အတော်လေးကို ကြောက်မက်ဖွယ်ရာပါပဲ..။

ပင့်ကူ မွန်းစတားတွေက အရမ်းမြန်ပြီး သန်မာတာတောင်..ကျောက်တုံးစစ်သည်က တောင့်ခံထားနိုင်ခဲ့တာပါ..။ကျောက်တုံးစစ်သည်က ရန်သူတွေကို ထိခိုက်စေဖို့အတွက် ဆိုရင် ..သူကိုယ်တိုင်ရဲ့ ထိခိုက်မူကိုတောင် ဂရုမစိုက်တော့ပါဘူး..။

ကြည့်ရတာတော့ သူမနဲ့အတူ ဒီနှစ်ယောက်လုံးကို အပါခေါ်သွားဖို့ ဆုံးဖြတ်ထားတဲ့ ပုံပါပဲ..။

မကြာခင်မှာပဲ..သူမရဲ့ ခန္တာကိုယ်ပေါ်မှာ ဆိုးဝါးတဲ့ ဒဏ်ရာတွေပြည့်နှက်နေပြီး..သေဆုံးခြင်း အနုပညာ ပန်ချီကား တစ်ချပ်လိုတောင် ထင်နေရတယ်..။သို့ပေမယ့်..ပင့်ကူ မွန်းစတားတွေလည်း အခြေအနေ မကောင်းလှပါဘူး..။သွေးတွေက နေရာတိုင်းကနေ ထွက်နေပြီး လေးထောင့်ကွက်တစ်ခုလုံးကို အနီရောင် ခြယ်ထားသလို ဖြစ်နေခဲ့တယ်..။သူတို့ရဲ့ ပျက်ဆီးသွားတဲ့ အကာအကွယ် အပိုင်းအစတွေက အောက်ကို ပြုတ်ကျသွားပြီး.တစ်ခြား သေဆုံးသွားတဲ့ စစ်သည်တော်တွေနဲ့ ရောနှောနေခဲ့ပါတယ်..။

နောက်ဆုံးမှာတော့ ပင့်ကူမွန်းစတား တစ်ကောင်ဟာ မြေကြီးပေါ်လဲကျပြီး နောက်ဆုံးထွက်သက်ကို ရူနေခဲ့ရတယ်..။ကျန်ရှိနေတဲ့ သားရဲဟာ..ကျောကိတုံး သားရဲ ဆီကို နီရဲနေတဲ့ မျက်လုံးတွေနဲ့ ဒေါသတကြီး ပြေးဝင်သွားခဲ့ပါတယ်..။

အနက်ရောင် အကာအကွယ် ကို နောကိဆုံးတစ်ကြိမ် ကာပြီးတာနဲ့ ကျောက်တုံးစစ်သည် ရဲ့ ညာဘက်လက်ပါ ပြုတ်ထွက်သွားခဲ့ပါတယ်..။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ သူမရဲ့ ဓားက ကြီးမားတဲ့ သားရဲကြီးရဲ့ ဦးခေါင်းကို ဖောက်ဝင်သွားခဲ့တယ်..။ဒါက သူ့ရဲ့ ဘဝကို အဆုံးသတ်ပေးဖို့ အတွက် လုံလောက်ခဲ့ပါတယ်..။

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့ တိုက်ပွဲလဲ..။နိုးထမူ အဆင့် သားရဲက ကျရှုံးမူ အဆင့် မွန်းစတား နှစ်ကောင်ကို သတ်လိုက်တာ..။သန်းခေါင်ယံ အမြုတေရဲ့ နောက်ဆုံး အကြိမ် တိုက်ခိုက်မူကလည်း ဒီလိူပဲ ကြမ်းတမ်းလောက်ပါတယ်..။

All Chapters