ရှင်သန်နေတဲ့ ကျောက်တုံး
Vol. 7 Ch. 105
#ဘာသာပြန် = စနိုးဝှိုက်
အစကတော့ ဆန်နီ ဒီ ကျောက်တုံးသားရဲတွေကို နတ်ဆိုးဝိဥာဥ် တွေက အသက်သွင်းထားတယ်လို့ ထင်ထားခဲ့တာပါ..။သူတို့လို ပုံစံတွေက..ကျိန်စာသင့်မြို့ထဲမှာ လျောက်သွားနေကြတာ အများကြီးပါပဲ..။
ဥပမာ အနေနဲ့ပြောရရင် အနက်ရောင် သူရဲကောင်းပါ..။တကယ်တော့ ဒီခွေးသားလေးက..အကာအကွယ်ဝတ်စုံ တစ်ခုလို ဖြစ်နေပြီး အထဲမှာ ရန်လိုတတ်တဲ့ တစ္ဆေတစ်ကောင် ရှိနေခဲ့တာ ဖြစ်နိုင်ပါတယ်..။
သို့ပေမယ့်..ကျောက်တုံးသူတော်စင်က သူ့မျက်စိရှေ့မှာတင် သေဆုံးသွားတာကို မြင်ပြီး သူတို့နှစ်ယောက်က မတူဘူးဆိုတာကို ဆန်နီ သိလိုက်ရတယ်..။သူတို့က မတူညီတဲ့ မျိုးရိုးဗီဇက နေ လာကြတယ်ဆိုပေမယ့်.သူတို့ရဲ့ အကာအကွယ် ဒီဇိုင်းပုံစံက အတော်လေးကို ဆင်တူကြတာကတော့ အမှန်ပါပဲ..။သို့ပေမယ့် ကျောက်တုံးစစ်သည်တော်ရဲ့ အကာအကွယ်က ပိုပြီးရှေးကျပါတယ်..။
ပြီးတော့..ကျောက်တုံးသားရဲ ရဲ့ ဒဏ်ရာကနေ ..သွေးတွေ ထွက်လာရမယ့်အစား..ဖုန်မှုန့်တွေ ထွက်လာခဲ့တာပါ..။ရုပ်ထု တွေမှာ ဘယ်တုန်းက..သွေးတွေ ရှိနေလို့လဲ..။ဒီထူးဆနိးတဲ့ သားရဲတွေက တစ်ခြားသက်ရှိတွေနဲ့ မတူညီစွာ အသက်ဝင်နေသလိုပါပဲ..။ဒါကို တွေးကြည့်မယ်ဆိုရငိ..ဒီသားရဲတွေက မသေနိုင်တဲ့ သက်ရှိတွေ ဆိုတာထက်..မှော်ပညာတစ်ခုခု ..နဲ့ အသက်သွင်းခံထားရတဲ့ ရုပ်ထုတွေ အဖြစ်တောင် ပိုပြီး ဖြစ်နိုင်ချေရှိတာပါ..။
'ဆန်းကျယ်တယ် ဆန်းကျယ်တယ်...ဆန်းကျယ်မူတွေက အပြည့်ပဲ '
ဖြစ်နိုင်တာက..ကျောက်တုံး သူတော်စဥ်ရဲ့ အချက်အလက်က သူ့ကို ပိုများပြားတဲ့ အဖြေတွေကို ပေးနိုင်မယ့် ပုံပါပဲ..။
အဲ့အချိန်မှာတော့ ထပ်တူညီမူဟာ အသက်ဝင်လာခဲ့တယ်..။ခရမ်းရောင် မီးတောကိ နှစ်ခုကတော့..သူမရဲ့ ရတနာကျောကိမျက် မျက်လုံးတွေထဲမှာ တောက်လောငိနေခဲ့ပါတယ်..။သူမရဲ့..အကာအကွယ်ကလည်း ရုတ်တရက် မာကျောတဲ့ သတ္တုအရောင် တောက်လောင်လာခဲ့တယ်..။သူမရဲ့ ခေါင်းကို တိတ်ဆိတ်စွာ လှည့်လိုက်ပြီး..ဆန်နီကို ခေါင်းစွပ်မျက်နှာဖုံး ကြားထဲကနေ စိုက်ကြည့်လိုက်ပါတယ်..။
"ကြည့်ကြတာပေါ့.."
သူ အချက်အလက်ကို အာရုံစိုက်လိုက်တယ်..။
ထပ်တူညီမူ : ကျောက်တုံးသူတော်စင် ။
ထပ်တူညီမူ အဆင့် : နိုးထမူ
ထပ်တူညီမူ အမျိုးအစား : မွန်းစတား
ထပ်တူညီမူ စွမ်းရည် : [ တိုက်ပွဲ မာစတာ ] [ အားထားရသူ ] [ နတ်ဘုရား အမှတ်အသား ]
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။နတ်ဘုရား အမှတ်အသားလား..။ဒါက သူ့ရဲ့ မူလ စွမ်းရည် နဲ့တောင် အတူတူပါပဲ..။သူမရဲ့ ဝိဥာဥ်ထဲမှာ နတ်ဘုရား အမှတ်အသား ပါနေတယိ ဆိုရင် သူမက ဘာလို့ ဒီမှာ လျောက်သွားနေတာလဲ..။
ပြီးတော့ တစိခြား စွမ်းရည်တွေကရော ဘာတွေလဲ..
တိုက်ပွဲ မာစတာ စွမ်းရည် ဖော်ပြချက် : [ တိုက်ပွဲများကြားတွင် မွေးဖွားခဲ့သည့် ကျောက်တုံး သူတောင်စင်သည်..ကိုယ်ခံပညာ နည်းလမ်းပေါင်းစုံကို ကျွမ်းကျင်သည် ]
အားထားရသူ စွမ်းရည် ဖော်ပြချက် : [ ကျောက်တုံး သူတော်စင်သည်..တိုက်ခိုက်မူ မျိုးဆုံးကို ခုခံရည် မြင့်မားပြီး..စိတ်ဝိဥာဥ် တိုက်ခိုက်မူများက သူ့အား လုံးဝ မထိခိုက်နိုင်ပေ..]
အံ့ဩစွာပဲ ဆန်နီခေါင်းခါယမ်းလိုက်တယ်..။ဒီ တိတ်ဆိတ် နေတဲ့ ကျောက်တုံးသူတော်စင် တွေက အရမ်းကို ကြမ်းတမ်းနေတာ အံ့ဩစရာ မရှိတော့ပါဘူး..။သူတို့က တိုကိပွဲအတွင်းမှာ ခုခံရည် မြင့်မားကြတဲ့ လူသတ်စက်တွေပါ..။
ဒါပေမဲ့ သူတို့ကို ဘယ်သူက ဖန်တီးခဲ့တာလဲ..။
စွမ်းရည်တွေကို ခနထားထားလိုက်ပြီး..သူ အောက်မှာ ရှိနေတဲ့ အချက်အလက်တွေကို ထပ်ဖတ်လိုက်တယိ..။
ထပ်တူညီမူ ဖော်ပြချက် : [ အမည်မသိသည့် နေရာမှ နောက်ဆုံးသားတော်သည် သူ၏ အနက်ရောင် ပိုင်နက်တွင်...စိတ်နှလုံး မရွှင်လန်းနိုင်မူ များကို ချေဖျက်နိုင်ရင် အတွက် သူတို့ကို ကျောက်တုံးမှ
တဆင့် ဖန်တီးခဲ့သည်..။ငြိမ်းချမ်းခြင်း အတွက် ပုံဖော်ခဲ့ပေမယ့်လည်း..သူတို့က အဆုံးမရှိသည့် စစ်ပွဲ များကိုသာ မွေးဖွားမေးခဲ့၏ ]
အာ..ထပ်ပြီး အမည်မသိ ဖြစ်ပြန်ပြီလား..။ကြည့်ရတာတော့ သီအိုရီ တွေက မှန်နေတဲ့ ပုံပါပဲ..။ကျောကိတုံးသူတော်စင်ကို တစ်ယောက်ယောက် က ဖန်တီးထားတာ မဟုတ်ရင် ၊ တစ်စုံတစ်ခုကနေ ဆင်းသက်လာခဲ့တာပါ..။ဘယ်လိုအခြေအနေမျိုးမှာပဲ..ဖြစ်ဖြစ်သူတို့က ပြုပြင်ချင်းကို ခံထားရတဲ့ ပုံပါပဲ..။ပြုပြင်တဲ့လူက ဘယ်သူပဲဖြစ်ဖြစ်..သူကပဲ..အိပ်မက်ဆိုးသားရဲတွေ ကို ..ပြုပြင်ထားခဲ့တာပါ..။အထူးသဖြင့် ကျိန်စာသင့် မြို့ကြီးထဲက သားရဲတွေပါပဲ..။အခုတော့ နတ်ဘုရားတွေတောင် သူမက ဘာလဲ ဆိုတာကို အတိအကျ မသိကြတော့ပေ..။
သို့ပေမယ့် ဘာပဲဖြစ်ဖြစ် မွန်းစတားက မွန်းစတားပါပဲ..။
ဆန်နီ စိတ်ဝင်စားတဲ့ အချက်က သူမရဲ့ နတ်ဘုရား အမှတ်အသားက..သူမကို ဖန်တီးခဲ့တဲ့..ဘယ်နေရာကမှန်း မသိတဲ့ တစ်ယောက်ဆီက လာခဲ့တာလား ဆိုတာကိုပါ..။ဒါဆိုရင်တော့..ဒီ အမည်မသိ တစ်ယောက်က..နတိဘုရားတွေနဲ့ အတော်ကို ရင်းနှီးပြီး ဆက်နွယ်နေတဲ့လူ ဖြစ်ပါလိမ့်မယ်..။
ထူးဆန်း ဆန်းကျယ်တဲ့ ဝီဗာ လိုပဲ..။
အချက်အလက်တွေကို ဖယ်ရှားလိုက်ပြီး ဆန်နီဟာ ခံစားချက် မဲ့နေတဲ့ ထပ်တူညီမူကို သူ့ရဲ့ မျက်လုံးတွေနဲ့ သေချာ လေ့လာလိုက်တယ်..။သူ မြင်လိုက်တဲ့ အရာကြောင့် ပြုံးလိုက်မိပါတယ်..။
တစ်ခြား မှတ်သားမူ တွေလို ပဲ မှတ်သားမူ ရဲ့ စစ်မှန်တဲ့ အဆီအနှစ်တွေက မရေမတွက်နိုင်တဲ့ စိန်ကြိုးတွေလိုပဲ ခန္တာကိုယ်ထဲမှာ ပုံသဏ္ဍန်တစ်ခုအဖြစ် ရွှေ့လျားနေခဲ့တယ်..။ဒီပုံသဏ္ဍာန်တွေက ဆန်နီ မြင်ဖူးသမျှထက် ပိုပြီး..အသေးစိတ်ကျပါတယ်..။
ကျောက်တုံးသူတော်စင် ရဲ့ ခန္တာကိုယ်ထဲမှာတော့ မီးခဲလေး နှစ်ခု လောငိကျွမ်းနေခဲ့တယ်..။တစ်ခုက..သူမရဲ့ နှလုံးသား နေရာမှာ တည်ရှိနေပြီး..နောက်တစ်ခုက သူမရဲ့ ဝမ်းဗိုက်နေရာမှာ ရှိနေခဲ့ပါတယ်..။
ဆန်နီ မျက်လုံးတစ်ဖက်ကို မှိတ်လိုက်ပြီး ပိုပြီး အနီးကပ်ကြည့်လိုက်တယ်..။ဒီ တောက်ပနေတဲ့
စိန်ကြိုး တွေရဲ့ နောက်ဘက်မှာတော့..ပိုပြီး ..ရှေးကျတဲ့ ..အပ်ချည်ကြိုးလို စနစ်တွေကို တွေ့လိုက်ရပါတယ်..။သူတို့က..ကျောကိတုံးရဲ့ အသားတွေထဲကို ထိုးဖောက်ဝင်နေပြီး..လူသားတွေရဲ့ အာရုံကြော စနစ် အတိုင်းပါပဲ..။
ဒီကြိုးတွေကိုလား..' စိန် ' သားတွေနဲ့ ပြုလုပ်ထားကာ သိပ်ပြီးတော့ နူးညံ့ပုံမရပါဘူး..။အမှန်တကယ်တော့ သူတို့က ခန္တာကိုယ် လှုပ်ရှားမူ တွေအတွက်ဖြစ်တည် နေခဲ့တာပါ..။
' အဓိပ္ပါယ်ရှိတယ်...ဒါက အဓိပ္ပါယ်ရှိတယ် ။ခနလေး..ဒါက ဘယ်လိုလုပ် အဓ်ိပ္ပါယ် ရှိမှာလဲ..."
မှတ်သားမူ နဲ့ ထပ်တူညီမူတွေကို အခိုက်အတန့်က ဖန်တီးခဲ့တာပါ..။ကျောက်တုံးသူတော်စင်ကလည်း ဖန်တီး ခံထားရတာပါပဲ..။သို့ပေမယ့် သူက ပိုပြီး သဘာဝ ကျပါတယ်..။ထိပ်တူညီမူတွေကို အခိုက်အတန့်က ဖန်တီးခဲ့သလိုပဲ...သူမကိုလည်း အမည်မသိ နေရာရဲ့ သားတော်တစ်ပါးက ဖန်တီးခဲ့တာပါ..။
ဒါက ဘာကိုဆိုလိုတာလဲ..။ကျောက်တုံး သူတော်စင်ကို ဖန်တီးခဲ့တဲ့ နည်းလမ်းက..အခိုက်အတန့် အသုံးပြုနေတဲ့ နည်းလမ်းနဲ့ တူညီတယ်လို့ ဆိုလိုတာပါ..။
ဒါဆို အခိုက်အတန့် ကိုယ်တိုင်ကလည်း အမည်မသိ နေရာကနေ ရောက်လာခဲ့တာလား..။
ဆန်နီ သက်ပြင်းချပြီး ခေါင်းခါယမ်းလိုက်တယ်..။မဟုတ်ဘူး...ဒါက သီအိုရီ အရဖြစ်နိုင်ပေမယ့် ကောက်ချက်ချဖို့အတွက်တော့ အချက်အလက် အရမ်းနည်းလွန်းပါတယ်..။သူ အခိုက်အတန့်၊ နတ်ဘုရားတွေ ၊ အမည်မသိတွေ နဲ့ ပတ်သက်တဲ့..ဇာတ်လမ်း အစစ်အမှန်ကို နားလည်ဖို့ဆိုရင် ပိုပြီး ရှာဖွေဖို့ ၊ နားလည်ဖို့ လိုအက်နေပါသေးတယ်..။
သို့ပေမယ့် နောက်ပိုင်းဒီအတွက် အချိန်တွေ ရလာဦးမှာပါ..။
အခုတော့ သူ့မှာ ဒီအကြောင်းအရာတွေအတိုင်း စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခု ရှိနေပါသေးတယ်..။
ကျောက်တုံး မွန်းစတားကို နောက်ဆုံးတစ်ကြိမ်ကြည့်လိုက်ပြီး ဆန်နီ နှုတ်ခမ်းကို သတ်လိုက်တယ်..။
" လုပ်လိုက်ကြတာပေါ့..."
ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး တွေဝေစွာပဲ သူ့ရဲ့ လက်ကို ကျောက်တုံးသူတော်စင်ရဲ့ ရင်အုပ် ချပ်ဝတ်ပေါ်တင်လိုက်တယ်..။
အံ့ဩစွာပဲ..ချပ်ဝတ်အကာအကွယ်က ကျောက်တုံးနဲ့ တူပြီး ထိတွေ့ရတာ နွေးထွေးနေခဲ့ပါတယ်..။ဒါက အိပ်မက်ဆိုးသားရဲ ရဲ့ ရင်အုပ်ထဲမှာ မီးတောက်တစ်ခု လောင်ကျွမ်းနေသလိုပါပဲ..။
'ဟင် '
ဆန်နီ ထပ်တူညီမူကို ထိတွေ့လိုက်တာနဲ့ တစ်ပြိုင်နက် အချက်အလက် အသစ်က သူ့ရှေ့က လေထဲမှာ ပေါ်ထွက်လာခဲ့ပါတယ်..။
[ ထပ်တူညီမူကို အရိပ်အဖြစ် ပြောင်းချင်ပါသလား ]
သူ နောက်တစ်ကြိမ် ရွေးချယ်ဖို့အတွက် တွေဝေနေခဲ့တယ်..။ဒီ ဖြစ်စဥ်ကနေတဆင့် ကျောက်တုံး သူတော်စင်က အားနည်းသွားတာပဲဖြစ်ဖြစ် အသုံးမဝင်ဖြစ်သွားတာပဲဖြစ်ဖြစ် ဆိုရင် ဘယ်လိုလုပ်မလဲ..။
ဒီဖြစ်နိုင်ချေကို မတွေးမိအောင် ကြိုးစားရင်း ဆန်နီ သက်ပြင်းချကာ ကိုယ့်ကိုကို တွန်းအားပေးလိုက်ပါတယ်..။
" ပြောင်းလဲမယ် "
ဝိဥာဥ် ပင်လယ်ထဲမှာ ပြောင်းလဲမူတစ်ခုဖြစ်ပေါ်လာပြီး..ဘယ်ကမှန်းမသိတဲ့ လေတိုက်ခတ်မူက ရုတ်တရက် ပေါ်ပေါက်လာခဲ့ပါတယ်..။ငြိမ်သက်နေတဲ့ အနက်ရောင် ရေပြင်ကတော့ မူလအတိုင်း ရှိနေဆဲပါပဲ..။ယင်းနောက် ရုတ်တရက် ဖိအားတစ်ခုက အပေါ်ကနေ ကျလာခဲ့တယ်..။
သူ ခေါင်းကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့..အနက်ရောင် အလုံးလေးနှစ်လုံးက သူ့ရဲ့ အရိပ်အမြုတေကနေ တဖြည်းဖြည်း ဆင်းသက်လာနေတာကို တွေ့လိုကိရပါတယ်..။သူတို့ထဲက တစ်ခုက ထပ်တူညီမူ အပေါ်ကို ကျသွားခဲ့ပြီး..နောက်တစ်ခုကတော့ သူ့ဘေးနားမှာ ခံစားချက်မဲ့စွာ ရှိနေတဲ့ အရိပ်ဆီကို ကျရောက်သွားခဲ့တယ်..။ဒါက သူတို့နှစ်ယောက်ကို ချိတ်ဆက်သွားသလိုပါပဲ..။
အနက်ရောင် ရေထဲမှာတော့..ကျောက်တုံးသူတော်စင်ရဲ့ အရိပ်ဟာ တဖြည်းဖြည်းချင်း အရည်ပျော်ဝင်သွားခဲ့ပါတယ်..။
ပြီးတာနဲ့ ထပ်တူညီမူက စတင်ပြီး ပြောင်းလဲ လာခဲ့ပါပြီ...