← Chapters

ဝက်ရောင်းချခြင်း

Vol. 8 Ch. 106

ဝက်ရောင်းချခြင်း

Vol. 8 Ch. 106

ပထမတစ်သုတ် ဝက်များသည် ခြံမှထွက်ရန် အဆင်သင့် ဖြစ်နေကြသည်။ သို့သော် ဒေသတွင် သားသတ်ရုံ မရှိပေ။ ရွာတွင် ဝက်သားသတ်ရန် အမျိုးသားတစ်ယောက် သို့မဟုတ် နှစ်ယောက်ကိုသာ အကူအညီ တောင်းသည်။ လူနှစ်ယောက်က ဝက်ကိုကိုင်ထားပြီး ကျန်သည့် တစ်ယောက်က ဓားဖြင့်သွေးများ ထွက်လာစေရန် ထိုးရသည်။ ထိုအရာက ရက်စက် ကြမ်းကြုတ်သော်လည်း လွယ်ကူရိုးရှင်းလေသည်။

ဤနည်းလမ်းသည် ဝက်အနည်းငယ်သာဆိုလျှင် အဆင်ပြေသည်။ သို့သော် ဝက်အကောင်ရေ များပါက ပြဿနာတစ်ရပ် ဖြစ်သည်။ သူတို့အနေဖြင့် နွေဦးတွင် ဝက်ခြံကို တိုးချဲ့သည့်အခါ သူတို့သည် သားသတ်ရုံကိုလည်း ဆောက်ရန် လိုအပ်ပေသည်။

ဖုန်းယွီသည် ထျန်းဖုန်းဝက်များကို မြို့တော်တွင် ရောင်းချရန် ဆုံးဖြတ်ချက်ချသည်က ကောင်းသည့် အရာပင်။ သူသည် ကုန်တင်ကား နှစ်စီးကို ငှားကာ ဝက်အကုန်လုံးကို မြို့ပေါ်ရှိ သားသတ်ရုံဆီ ပို့လိုက်သည်။

ချွီ

ဖုန်းယွီသည် ဝက်ကိုတစ်ချက် ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။ ထိုလူများသည် ဝက်သတ်ရာတွင် မည်သည့် ကျွမ်းကျင်မှုမှ မလိုပေ။ သူတို့အနေဖြင့် ကျောရိုးကို ဘယ်လို ထိုးစိုက်ရမည်ကိုလည်း မသိပေ။

“ညီအစ်ကိုဖုန်း ဒီဝက်တွေကို ဘယ်မှာရောင်းဖို့ စီစဉ်ထားတာလဲ။ ရောင်းချသူတွေကို ဆက်သွယ်ဖို့အတွက် ငါ့ကိုလိုလား”

သားသတ်ရုံ၏ တာဝန်ခံ ကူတချန်းက ဖုန်းယွီကို အကူအညီ ပေးဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်တော်အနေနဲ့ ဝယ်ယူသူတွေနဲ့ စာချုပ်ချုပ်ပြီးပါပြီ။ မေးမြန်းတဲ့အတွက် ကျေးဇူးပါ။ ထပ်ပြောရရင် ဒီလိုမျိုး ရာသီဥတုနဲ့ဆိုရင် ကျွန်တော်ရဲ့ ဝက်သားတွေက ရောင်းမကုန်ဘဲ ကျန်ရင်တောင် အဲ့ဒါက အဆင်ပြေပါတယ်။ ကျွန်တော်က အဲ့ဒီဝက်သားတွေကို အေးခဲပြီး ပုပ်သိုးသွားမှာလဲ မစိုးရိမ်ရပါဘူး”

ဖုန်းယွီသည် ကူတချန်းကို ကြည့်လိုက်သည်။ ထိုခေတ်အခါက သူ့အနေဖြင့် သူ၏ဝက်သားများကို မဝယ်ယူသည့် အခါတွင်လည်း စိုးရိမ်စရာ မလိုပေ။ ဤကာလက နှစ်သစ်ကူး ကာလဖြစ်ပြီး များစွာသော လူများက ဝက်သားများ ဝယ်ချင်ကြပေသည်။

ကူတချန်းက ပြုံးကာမေးလိုက်သည်။

“ညီအစ်ကိုဖုန်း ဒီလောက်များတဲ့ ဝက်တွေကို ဘယ်ကရခဲ့တာလဲ”

“ကျွန်တော်ရဲ့ဒေသ XXဒေသ အဲ့ဒီမှာ ထျန်ဖုန်းဝက်ခြံ ရှိတယ်။ သူတို့မှာ နှစ်သစ်ကူး မတိုင်ခင် ရောင်းဖို့အတွက် ဝက်အသုတ် တစ်သုတ်လည်း ရှိသေးတယ်”

ဖုန်းယွီက ပြောလိုက်သည်။ သူ့အနေဖြင့် လူများစွာက ကုသန်းကျွမ်းကို ဝက်ဘယ်မှာ ဝယ်ရမည်နည်းဟု မေးမည့်လူ အများအပြားရှိကြောင်း ဖုန်းယွီသိပေသည်။ ထိုအရာက ကောင်းမွန်သည်။ ဖုန်းယွီသည် ကူတချန်းကို အသုံးပြုကာ သူ၏ဝက်ခြံ၏ နာမည်ကို ချဲ့ထွင်နိုင်ပေသည်။

“ထျန်ဖုန်းလား။ ဘာကြောင့် ဝက်ခြံတစ်ခြံမှာ ဒီလိုနာမည် ရှိတာလဲ။ ကျေးဇူးပဲ ညီအစ်ကိုဖုန်းရေ။ ကျွန်တော် အားတဲ့အချိန်ကျမှ အဲ့ဒီကို သွားကြည့်လိုက်ဉီးမယ်”

ကူတချန်းက ပျော်ရွှင်စွာ အဝေးကို လျှောက်သွားတော့သည်။ ဝက်သား ရောင်းချသူများက သူ့အား ဝက်သားကို မေးသည်။ သို့သော် သူက ဘာမှလုပ်စရာ မလိုပေ။ သူသည် သားသတ်ရုံ၏ တာဝန်ရှိသူသာဖြစ်ပြီး ဝက်မွေးမြူသည့် အလုပ်ကိုမလုပ်ပေ။

…“ဒါရိုက်တာလီ အလုပ်ရှုပ်နေလား”

“အိုး မစ္စတာဖုန်းပါလား။ ရေခဲကွန်ပရက်ဇာတွေ ရောက်ပြီလား”

စက်ပစ္စည်း စက်ရုံ၏ ဒါရိုက်တာ လီရှစ်ရုံသည် ဖုန်းယွီကို မြင်သည့်အခါ အပြုံးအပြည့် ဖြစ်သွားသည်။ လက်ရှိတွင် စက်ပစ္စည်း စက်ရုံအနေဖြင့် ငွေရေးကြေးရေးဆိုင်ရာ အခက်အခဲများ မရှိသော်လည်း စက်ရုံသည် အပြည့်အဝ မလည်ပတ်ရပေ။ အလုပ်အပ်ရန် စောင့်ဆိုင်းနေသည့် အလုပ်ရုံများစွာ ရှိသေးသည်။ ဖုန်းယွီနှင့် အလုပ်လုပ်ခြင်းက စက်ရုံကို ငွေပိုရစေသည်။ ပြီးနောက် အလုပ်သမားများသည်လည်း အပိုစုကြေးငွေများ ရကြပေသည်။ ထိုအရာများ အားလုံးက ဒါရိုက်တာ၏ အရည်အချင်းပင် ဖြစ်ပေသည်။ ဖုန်းယွီက ခဏကြာ ရပ်လိုက်သည်။ ဖုန်းယွီ၏ ခန့်မှန်းတွက်ချက်မှုအရ ယခုကွန်ပရက်ဇာ အသုတ်သည် နှစ်သစ်ကူး မတိုင်ခင် ရောက်မည်ပင်။ ပြီးနောက် ထိုအရာများကို နှစ်သစ်ကူးပြီးမှသာ တပ်ဆင်နိုင်ပေမည်။ ရေခဲသေတ္တာ ရှစ်ရာမှတစ်ထောင် တပ်ဆင်ခြင်းအတွက် စက်ရုံသည် နှစ်လဟူသည့် အချိန်ယူရခြင်းက လုံလောက်ပေသည်။ ထိုနည်းလမ်းဖြင့် ဖုန်းယွီ၏ ငွေကြေး စီးဆင်းမှုကိုလည်း ထိခိုက်မည် မဟုတ်ပေ။ သို့သော် ယခုတွင် စက်ပစ္စည်း စက်ရုံအနေဖြင့် စောင့်နိုင်ပုံမရပေ။

“ဒါရိုက်တာလီ ကွန်ပရက်ဇာတွေက နောက်ထပ် ရက်အနည်းငယ်နေရင် ရောက်တော့မှာပါ။ ကျွန်တော်အနေနဲ့ ဒီကိုလာတာက ခင်ဗျားတို့ စက်ရုံအနေနဲ့ ဝက်သားများ အော်ဒါများ ယူချင်လားလို့ပါ။ အဲ့ဒီဝက်တွေက ဒီနေ့မနက် သားသတ်ရုံကနေပြီးတော့ သားသတ်ထားတာ။ လတ်ဆတ်ပြီး ရောဂါလုံးဝ မရှိဘူးလို့ ကျွန်တော်အာမခံတယ်”

စက်ရုံတွင် အလုပ်သမားပေါင်း ထောင်ချီရှိပေသည်။ ပြီးနောက် ထိုအလုပ်သမားများတွင်လည်း မိသားစုပါဝင်ပါက ထောင်ချီရှိသည်။ ဝက်သားစားသုံးသည့် ပမာဏက အလွန်နည်းသည်။ ထို့ကြောင့် ဖုန်းယွီအနေဖြင့် သူ၏ဝက်များကို ကြော်ညာဆင်းဖို့လာရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်ပေသည်။

လီရှစ်ရုံက ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။

“မစ္စတာဖုန်း ကျွန်တော်ကို လာနောက်နေတာလား။ ဝက်သားဝယ်မှာလား။ ကျွန်တော်တို့ရဲ့ စက်ရုံက ကိုယ်တိုင်မွေးထားတဲ့ ဝက်တွေရှိတယ်”

ဖုန်းယွီ မျက်နှာထက်ရှိ အပြုံးက အေးစက်သွားသည်။ သူ၏ပထမဦးဆုံး အိမ်တိုင်ရာရောက် ရောင်းချခြင်းသည် ကျရှုံးသွားသည်။ သူ့အနေဖြင့် နိုင်ငံပိုင်စက်ရုံများ အထူးသဖြင့် စစ်ဖက်ဆိုင်ရာမှ အရပ်ဖက်ဆိုင်ရာသို့ ပြောင်းသည့် သူများက အသိုင်းအဝိုင်း အသေးလေးကိုသာ အသုံးပြုသည့် အချက်ကို ဖုန်းယွီ မေ့သွားသည်လော။

“ဟဟဟဟ ကျွန်တော် ဒါရိုက်တာလီကို စနေတာပါ။ ကျွန်တော် ဖြစ်သွားတာနဲ့ ခင်ဗျားနဲ့အတူ လက်ဖက်ရည် တစ်ခွက် သောက်ချင်လို့ပါ” အံ့အားသင့်မှုကို ရှောင်ရှားရန်အတွက် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်သည်။

“ရှောင်လျို မင်းဘာတွေ စောင့်နေတာလဲ။ မစ္စတာဖုန်းက ဒီမှာထိုင်နေတာ ကြာပြီ။ လက်ဖက်ရည်က အဆင်သင့် မဖြစ်သေးဘူးလား”

လီရှစ်ရုံသည် တံခါးကို အော်လိုက်သည်။ ခေါင်းဆောင်ဖြစ်ခြင်းက ကောင်းသည့်အရာ ဖြစ်သည်။ သူ့အား ကူညီရန်အတွက် လက်ထောက်တစ်ယောက် ရှိပေသည်။ ဖုန်းယွီသည်လည်း ကုမ္မဏီ နောက်ထပ် နှစ်နှစ်အတွင်း ကြီးထွားလာသည့်အခါ အတွင်းရေးမှူး ခန့်အပ်ရန် ဆုံးဖြတ်ချက် ချထားသည်။ အမျိုးသမီး အတွင်းရေးမှူး ဖြစ်ရမည်ဖြစ်ကာ ကောင်းမွန်သည့် ပုံသဏ္ဌာန်နဲ့ ချိုသာသည့်အသံ ရှိရမည်ပင်။ သူမ မည်သို့ အလုပ်လုပ်ရမည် ဆိုတာကို သိရန်မလိုအပ်ပေ။ သူလိုအပ်သည်က လက်ဖက်ရည် တည်ခင်း ဧည့်ခံခြင်းနှင့် ပန်းအိုးလှလှ ထိုးတတ်မည်ကို သိရုံသာ လိုအပ်သည်။ အမျိုးသား အတွင်းရေးမှူး သုံးရင်ရော မည်သို့မည်ပုံ ဖြစ်မည်နည်း။

“မစ္စတာဖုန်း မစ္စတာဖုန်း ”

“ဟာ တောင်းပန်ပါတယ်။ ကျွန်တော်တစ်ခုခု အတွေးလွန်သွားလို့ပါ”

ဖုန်းယွီသည် လက်တွေ့တွင် ပြန်လာကာ ပြောလိုက်သည်။

“မစ္စတာဖုန်းအနေနဲ့ စီးပွားရေး အကြံဉာဏ်တွေကို စဉ်းစားနေတာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့ စက်ရုံအနေနဲ့ ခင်ဗျားရဲ့ အကြံဉာဏ်မှာ ပါဝင်နိုင်မလား”

ဖုန်းယွီသည် စက်ယန္တရား စက်ရုံကို ဆိုဗီယက် ပြည်ထောင်စုမှ အဆင့်မြင့် စက်ပစ္စည်းများနှင့် နည်းပညာများရရန် ကူညီပေးခဲ့သည်။ ထိုအရာက လီရှစ်ရုံကို မနာလိုဝန်တို ဖြစ်စေသည်။

လယ်ထုတ်လုပ်နည်းအရ ပြောရပါက သူတို့အနေဖြင့် ဆိုဗီယက် ပြည်ထောင်စုလောက် မဆိုးပေ။ တရုတ်သည် ယင်းနည်းပညာများတွင် အများကြီး ရင်းနှီးမြုပ်နှံထားသည်။ သို့သော် သူတို့အနေဖြင့် စက်ပစ္စည်းများ မရှိသည့်အတွက် အသုံးမပြု နိုင်ကြသေးပေ။

ထို့ပြင် ဖုန်းယွီက သူ့အနေဖြင့် လေနှင့်မိုး လျှပ်စစ်ပန်ကာကို နွေရာသီတွင် ဆက်လက် ထုတ်ပြီး အရေအတွက်သည် တစ်သိန်းမှ နှစ်သိန်းအထိသာ ဖြစ်သည်။ ထို့ပြင် ဖုန်းယွီကသူ့ကို ပြောလိုက်သည်။ သူ့အနေဖြင့် လေနှင့်မိုးပန်ကာကို နွေရာသီတွင် ထုတ်မည်ဖြစ်သော်ငြား အရေအတွက်သည် တစ်သောင်းမှ နှစ်သောင်းသာ ဖြစ်ပေသည်။ ဖုန်းယွီအနေဖြင့် နောက်ထပ် တစ်ပတ်ရစ်ကား တင်ပို့သည့် လမ်းကြောင်း မရှိတော့သည့်အတွက် တစ်ပတ်ရစ်ကား ပြန်လည် တပ်ဆင်ခြင်းအလုပ် ဆက်ရှိတော့မည် မဟုတ်ပေ။

အကယ်၍ အတိတ်တွင် စက်ပစ္စည်း စက်ရုံအနေဖြင့် ထိုလုပ်ငန်းနှစ်ခုသာ မရှိပါက ရုန်းကန် နေရမည်ပင်။ လီရှစ်ရုံသည် ထိုလုပ်ငန်းနှစ်ရပ်က တစ်ကြိမ်သာ လုပ်ရသည့် အရာဖြစ်ကြောင်း သိရှိသွားသည့်အခါ စိတ်ပျက်သွားသည်။ နှစ်စဉ်နှစ်တိုင်း ထိုကဲ့သို့ ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်း ရှိမည်လော။

ဖုန်းယွီအနေဖြင့် သူတို့၏စက်ရုံကို လယ်ယာသုံး စက်ပစ္စည်းများ တင်ပို့ရင်တောင် သူတို့စက်ရုံနှင့် ကိုက်ညီမှု မရှိသည်မှာ ဝမ်းနည်းစရာ ကောင်းနေသည်။ ထို့ပြင် သူတို့၏စက်ရုံက ပြင်ပမှ လူတစ်ယောက်ကို ရှယ်ယာများ မရောင်းနိုင်သေးပေ။ အကြောင်းမှာ စစ်ဖက်ဆိုင်ရာ အမှာစာများကို လက်ခံနေဆဲ ဖြစ်သည့်အတွက်ပင်။

လက်ဖက်ရည် ရောက်လာသည့် အချိန်တွင် ဖုန်းယွီသည် တစ်ခွက်လုံးကို တစ်ကျိုက်တည်း သောက်လိုက်သည်။ အရှေ့မြောက်ဒေသ၏ ဆောင်းရာသီတွင် မကောင်းသည့်အရာ တစ်ခုရှိသည်။ ထိုအရာက အလွန် ခြောက်သွေ့ခြင်းပင်။ လေသည် အလွန် ခြောက်သွေ့သောအခါ နှာခေါင်း၊လည်ချောင်း အသက်ရှူလမ်းကြောင်း ရောဂါများကို အလွယ်တကူ ရနိုင်သည်။

“အခုလက်ရှိမှာတော့ ဘာမှလုပ်စရာ အလုပ်တော့မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားအတွက် ကျွန်တော် ဟိုက်ဒရောလစ်ပရက်ကို ရှာနေတယ်။ တကယ်လို့ ကျွန်တော်ရှာနိုင်ခဲ့ရင် ကျွန်တော်အနေနဲ့ စက်ပစ္စည်း စက်ရုံကို ပထမဦးဆုံး ရောင်းမှာပါ။ ကျွန်တော်တို့တွေက လက်ရှိမှာ သူငယ်ချင်းတွေလေ”

လီရှစ်ရုံ၏မျက်နှာက ဂန္နမာပန်းပွင့်သလို ဖြစ်သွားသည်။ ဟိုက်ဒရောလစ်ပရက်နှင့် ဆိုလျှင် သူတို့အနေဖြင့် အလုပ်များများ ပြီးနိုင်သည်။ စက်ပစ္စည်းစက်ရုံ၏ နည်းပညာများသည် တိုးတက်လာပြီး ကမ္ဘာအဆင့် မီလာမည်ပင်။

လက်ဖက်ရည် တစ်ခွက် သောက်ပြီးနောက် ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံမှ စက်ယန္တရားစက်ရုံသို့ ထွက်ခွာသွားသည်။ စက်ယန္တရား စက်ရုံ၏ အချို့က အိုဟောင်းပြီး စောစော တည်ထောင်ထားပြီး စက်ပစ္စည်း စက်ရုံနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။ ဖုန်းယွီက စက်ယန္တရား စက်ရုံတွင် မည်သည့်ဝက်မှ မရှိကြောင်း သေချာပေသည်။

“ဖုန်းလေး ဘာကြောင့်ကုမ္မဏီကို ရောက်နေတာလဲ”

လီမင်တသည် မထီမဲ့မြင်ဖြင့် မေးလိုက်သည်။

သူသည် စက်ပစ္စည်းများနှင့် နည်းပညာများကို ရောင်းရန်အတွက် ဖုန်းယွီကို တောင်းပန်ခဲ့စဉ်က သူသည် ဖုန်းယွီအား မစ္စတာဖုန်း သို့မဟုတ် ဒါရိုက်တာဖုန်းဟု ခေါ်ဆိုခဲ့သည်။ သို့သော် ကုမ္မဏီပြန်လည် ဖွဲ့စည်းပြီးနောက် သူသည် အထွေထွေမန်နေဂျာ ဖြစ်သွားပြီး ဖုန်းယွီသည် ဘာမှမဟုတ်ပေ။ ရှယ်ယာရှင်၏ ကိုယ်စားပြုသူသာ ဖြစ်သည်။ ထို့အတွက်ကြောင့် ဖုန်းယွီကို ဖုန်းလေးဟု ဘာကြောင့် ခေါ်ရသနည်း။ အကယ်၍ ဖုန်းရှင်းထိုက်သာ ဤနေရာတွင်ရှိပါက လီမင်တသည် သူ့အား လူအိုဖုန်းလို့ ခေါ်ဆိုမည်ဖြစ်ပြီး လီမင်တသည် ကုမ္မဏီတွင် အကြီးဆုံးပင်။

“ကျွန်တော်ဝက်သား တစ်တုံးရထားတယ်။ အလေးချိန်က ကီလိုငါးထောင်လောက် ရှိတယ်။ စက်ရုံအနေနဲ့ ဝယ်ချင်မလားလို့။ မဝယ်ချင်ဘူးဆိုရင် ကျွန်တော် တခြားမှာ သွားရောင်းမယ်”

“ကီလိုငါးထောင်လား။ ငါတို့တွေ အကုန်လုံး ဝယ်မှာပေါ့”

လီမင်တသည် အပျော်လွန်နေသည်။ သူ့အနေဖြင့် ကုမ္မဏီမှ အလုပ်သမားများကို ကုမ္မဏီ၏ ထောက်ပံ့ပစ္စည်းအဖြစ် လက်ဆောင်အချို့ ပေးချင်သည်။

“ကောင်းပြီ ကျွန်တော်ရဲ့ လူတွေကို စက်ရုံကို ဝက်သားပို့ဖို့ ပြောလိုက်ဉီးမယ်။ ငွေပေးချေမှုကရော”

“ဖုန်းလေးအနေနဲ့ ဘဏ္ဏာရေးဌာနမှာ ရထားပါတယ်။ ဒါက ဝက်သားကီလို ငါးထောင်အတွက်ပဲလေ”

လီမင်တသည် ချမ်းသာသည့် လူတစ်ယောက်ကဲ့သို့ ပြောဆိုလိုက်သည်။

ဖုန်းယွီသည် သူနှင့်ငြင်းခုံခြင်း မပြုပေ။ သူ့အနေဖြင့် ဤနေရာတွင် သူတို့၏ ဝက်သားများကို ဝယ်ယူကြောင်း သူ့အဖေကို သေချာချင်သည်။ နှစ်သစ်ကူးပြီးနောက် ဖုန်းယွီသည် အမှတ်တံဆိပ် တည်ထောင်ပြီးသား ဖြစ်မည်ပင်။ ထျန်ဖုန်းပင်များသည် လူတိုင်းအား ဘယ်လိုဝက်သား ရောင်းရမည်ဆိုတာကို ပြသမည်ပင်။

***

All Chapters