← Chapters

ရေငွေ့ထုတ်စက်

Vol. 8 Ch. 107

ရေငွေ့ထုတ်စက်

Vol. 8 Ch. 107

“မန်နေဂျာလျို ကျွန်တော်တို့ရဲ့ ပထမ ကွန်ပရေတာဆိုင်ကြီးမှာ ရေနွေးငွေ့စက် မရှိဘူးလား”

ဖုန်းယွီသည် ပထမကွန်ပရေတာ ဆိုင်ကြီး၏ မန်နေဂျာ ရုံးခန်းတွင်ထိုင်ကာ မေးလိုက်သည်။

ယခုရက်များတွင် သူသည်လေက အလွန်ခြောက်သွေ့ နေသည်ဟု ခံစားမိကာ ရေးနွေးငွေ့စက် ဝယ်ချင်ခဲ့သည်။ သို့သော် ပထမကွန်ပရေတာ ဆိုင်ကြီးအနေဖြင့် ထိုသို့သော စ္စည်းမျိုး မရောင်းချသည်ကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ရေနွေးငွေ့စက်လား။ အဲ့ဒါကဘာလဲ။ ငါတစ်ခါမှ အဲ့ဒါကို မကြားဖူးဘူး”

မန်နေဂျာလျိုက အံ့အားသင့်သည့် မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

တစ်ခါမှ မကြားဖူးတာလား။ ဖုန်းယွီ၏ မျက်လုံးများက စတင် လာတော့သည်။ ရေနွေးငွေ့စက်က မတီထွင်ရသေးတာလား။ မဟုတ်ဘူး။ သူ့အနေဖြင့် ရေနွေးငွေ့စက်က ရှိခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ ပြီးနောက် ထိုအရာများကို စက်မှုလုပ်ငန်း အတွက်သာ သုံးသည်။ သို့သော် ထိုအရာက အိမ်သုံးလျှပ်စစ် ပစ္စည်းအဖြစ် တစ်ခါမှ မသုံးဖူးပေ။

ထိုအရာက ကောင်းမွန်သည့် အရာဖြစ်သည်။ ရေနွေးငွေ့စက်ဖြင့် သူပိုက်ဆံအများကြီး ရှာနိုင်သည်။

“မန်နေဂျာလျို ခင်ဗျားရဲ့ရုံးခန်းက အရမ်း ခြောက်သွေ့နေတယ်လို့ မတွေးမိဘူးလား။ ဒီလောက် ခြောက်သွေ့နေတဲ့ လေနဲ့နေရတာ သက်သောင့်သက်သာ မဖြစ်ဘူးမလား”

“ငါက ဘာလုပ်ရမှာလဲ။ ကြမ်းပြင်ပေါ်ကို ရေမှလောင်းချလို့ မရတာ။ အဲ့ဒါဆိုရင် အရမ်းညစ်ပတ် သွားလိမ့်မယ်”

ဖုန်းယွီက ရယ်ချင်သည်။ ပြီးနောက် စကားတစ်လုံးမှ ထွက်မလာပေ။ သူက မန်နေဂျာလျိုအား သူ၏ ဝက်သားအကြောင်း ပြောပြီး မန်နေဂျာလျိုသည် ဖုန်းယွီထံမှ ဝက်သားကီလို တစ်ထောင်ကို မှာယူလိုက်သည်။ သူ့အနေဖြင့် နှစ်သစ်ကူး မတိုင်ခင် ဝက်သားများကို လိုချင်သည်ဖြစ်သည်။

ပထမကုန်ပဒေတာ ဆိုင်မှ ထွက်သွားပြီးနောက် ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံသို့ ပြန်သွားသည်။

“ဘာဖြစ်လို့လဲ။ မင်းရဲ့ဝက်သားကို ဘယ်သူမှ မဝယ်ကြဘူးလား။ ဝက်သား ဘယ်လောက်များများ ကျန်သေးတာလဲ။ တကယ်လို့ အဲ့ဒါက ကီလိုထောင် အနည်းငယ်လောက်ပဲ ဆိုရင်တော့ အဲ့ဒါတွေကို ငါဝယ်ပြီး ရှေ့ထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ပေးလိုက်မယ်”

လီရှစ်ရုံ၏ အသွင်တွင် ဖုန်းယွီသည် သူ၏ဝက်သားများကို ကြေညာရန်လာပြီး သူ့အနေဖြင့် ဝယ်ယူခြင်းက ကောင်းမွန်သည့် အရာဖြစ်သည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။

စုန့်ရှောင်ဖုန်း၏ ဖုန်းယွီအနိုင်ကျင့် ခံရသည့်အခါက စက်ပစ္စည်း စက်ရုံအနေဖြင့် ဖုန်းယွီကို မကူညီနိုင်ခဲ့ပေ။ မဟုတ်ပါက ဆိုဗီယက်ပြည်ထောင်စုမှ စက်ပစ္စည်းများနှင့် နည်းပညာများကို စက်ပစ္စည်း စက်ရုံသို့ ရှေးဦးစွာ ရောင်းမည်ပင်။

“ဒါရိုက်တာလီ ကျွန်တော်ဒီကို လာတာက ဝက်သားရောင်းဖို့ မဟုတ်ဘူး။ ကျွန်တော်ရဲ့ ဝက်သားတွေ အကုန်လုံးကလည်း ရောင်းပြီးသွားပြီ။ စက်ယန္တရား စက်ရုံက အကုန်လုံးဝယ်သွားတယ်။ ကျွန်တော်မှာ အကြံဉာဏ်တစ်ခု ပေါ်လာလို့။ စက်ပစ္စည်း စက်ရုံအနေနဲ့ အဲ့ဒီကိစ္စ အောင်မြင်အောင် လုပ်နိုင်မလားဆိုတာ မေးချင်ရုံပါ”

လီရှစ်ရုံက ဖုန်းယွီပြောတာကို ကြားသည့်အခါ စိတ်ဝင်စားသွားသည်။ စက်ပစ္စည်း စက်ရုံသည် ဖုန်းယွီနှင့် သူတို့ပူးပေါင်း ဆောင်ရွက်ကတည်းက မည်သည့်အရှုံးမှ မကြုံတွေ့ရသေးပေ။

“မင်းမှာဘာအကြံ ရှိလို့လဲ။ ငါတို့ရဲ့စက်ရုံက တရုတ်နိုင်ငံရဲ့ အကောင်းဆုံး စက်ရုံထဲက တစ်ရုံတစ်ရုံ။ လျှပ်စစ်မော်တာတွေနဲ့ လျှပ်စစ်စက်ပစ္စည်းတွေ ထုတ်လုပ်တယ်”

ဖုန်းယွီက သူ၏လက်ကို ယမ်းကာပြောလိုက်သည်။

“ဒါရိုက်တာလီ ကျွန်တော် လိုချင်တဲ့ ပစ္စည်းက အရမ်းတော့ မခက်ခဲဘူး။ ကျွန်တော်က ရေနွေးငွေ့စက်ကို လိုချင်တာ။ အဲ့ဒါက အရမ်း ရိုးရှင်းပါတယ်။ အပူချောင်းကိုသုံးပြီး ရေတွေကို ရေနွေးငွေ့အဖြစ်ပြောင်းပြီး အခန်းတွင်းမှာရှိတဲ့ လေထုကို စိုထိုင်းအောင် လုပ်ချင်တာ”

“အခန်းထဲကို စိုထိုင်းအောင် ပြောင်းမှာလား”

“ဟုတ်တယ်။ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ရုံးက အရမ်းကို ခြောက်သွေ့နေတယ်လို့ မထင်ဘူးလား။ အရှေ့မြောက်ဒေသရဲ့ ဆောင်းရာသီက ဒီလိုပုံပဲ။ တကယ်လို့ ခင်ဗျား ဂရုမစိုက်ဘူးဆိုရင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေ ဝင်ပြီးတော့ ခင်ဗျား လည်ချောင်း နာလိမ့်မယ်”

ဖုန်းယွီက ဆက်ပြောလိုက်သည်။

“ငါ့ရဲ့ရုံးခန်းမှာ လျှပ်စစ်ရေနွေးအိုးကို ထားလို့ရတာပဲ။ အဲ့ဒါက ဒီပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမှာ”

ချီးပဲ။ အဲ့ဒါက အခုထက်ထိ အလုပ်ဖြစ်သေးတာလား။

“ခင်ဗျားအနေနဲ့ ရုံးခန်းမှာ လျှပ်စစ်ရေနွေးအိုးကို ထားတာ သင့်တော်တယ်လို့ တွေးနေတာလား။ ကျွန်တော်အနေနဲ့ အဲ့ဒီ ရေနွေးငွေ့စက်ကို ပြုလုပ်ဖို့အတွက် ပလတ်စတစ် ဒါမှမဟုတ်ဘူးဆိုရင် ဖန်ကိုသုံးချင်တာ။ ကြည်လင်ပြီး လှပတယ်။ ပြီးတော့ ကျွန်တော်တို့ အနေနဲ့ အပြင်ပိုင်းမှာ အလှအပ ဒီဇိုင်းတွေ ဆွဲနိုင်တယ်။ ပြီးတော့ အဲ့ဒီရေနွေးငွေ့စက်က အအေးဒဏ်ကိုလည်း ကောင်းကောင်း ခံနိုင်ရမယ်”

“မင်းသေချာလို့လား”

“သေချာတာပေါ့။ ခင်ဗျား စမ်းကြည့်လိုက်လေ။ ခင်ဗျား သိလာမှာပေါ့။ အဲ့ဒီ ရေနွေးငွေ့စက် အကြီးက ဒီလောက်၊ ပြီးတော့ အပူချောင်း တစ်ချောင်းဆို လုံလောက်ပြီ” ဖုန်းယွီသည် ရေနွေးငွေ့စက်ပုံ မည်သို့မည်ပုံ ရှိသည်ကို စတင်သရုပ်ပြနေသည်။

“ခဏလောက် စောင့်ပါဉီး။ ကျွန်တော် လူအနည်းငယ် ဒီကိုခေါ်ပါရစေ”

လီရှစ်ရုံ၏ အတွင်းရေးမှူးသည် ဖုန်းယွီ၏ အကြံဉာဏ်ကို နားထောင်ရန်အတွက် အင်ဂျင်နီယာ အချို့ကို ခေါ်လိုက်သည်။ အကြောင်းမှာ သူတို့အနေဖြင့် တစ်ခုလျှင်မည်မျှ ကုန်ကျမည် ဆိုတာကို အကြမ်းဖျင်း တွက်ချက်နိုင်သည့် အတွက် ဖြစ်ပေ၏။

“မစ္စတာဖုန်း ခင်ဗျားက ရေနွေးငွေ့စက် အတွက် ဖန်ကို သုံးချင်တယ်ဆိုရင် အဲ့ဒီဖန်က အပူဒဏ်ခံနိုင်တဲ့ ဖန်ပဲဖြစ်ရမယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကတော့ နည်းမှာ မဟုတ်ဘူး။ ပြီးတော့ ဖန်က အလွယ်တကူ ကွဲနိုင်ပြီး ပို့ဆောင်ရေး အတွက်လည်း အဆင်ပြေမှာ မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားအနေနဲ့ ပလတ်စတစ်ကို သုံးမယ် ဆိုရင်တောင် အပူဒဏ် များများခံနိုင်တဲ့ ပလတ်စတစ်ကို သုံးကိုသုံးမှရမယ်။ ကုန်ကျစရိတ်ကလည်း နည်းမှာ မဟုတ်ဘူး။ အပူချောင်းအတွက် ဈေးကတော့ ချိုပါတယ်။ ပြီးတော့ အဲ့ဒီအရာကို ထုတ်လုပ်ဖို့အတွက် ကျွန်တော်တို့က မခက်ခဲပါဘူး။ မစ္စတာဖုန်းအနေနဲ့ ကျွန်တော်တို့ကို တစ်ခုကို ဘယ်လောက်နဲ့ ပေးချင်လဲ”

အလုပ်ရုံ ဒါရိုက်တာတစ်ယောက်က မေးလိုက်သည်။

“ခင်ဗျားက ဘယ်လောက်အထိ လိုချင်တာလဲ”

လူအနည်းငယ်က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဆွေးနွေးကြသည်။ တူညီသည့် အလုပ်ရုံ ဒါရိုက်တာက ပြန်ပြောသည်။

“ယွမ်သုံးဆယ် ကျွန်တော်တိုရဲ့ လက်ရှိ စက်ပစ္စည်းတွေကို ပြန်ပြီးတော့ ပြုပြင်မွမ်းမံဖို့လိုတယ်။ အဲ့ဒါမှ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့တွေ အစိတ်အပိုင်းတွေကို တပ်ဆင်တဲ့အခါမှာ ဒုက္ခကြီးကြီး တွေ့လိမ့်မယ်။ အဲ့ဒီအတွက် ခင်ဗျားအနေနဲ့ အနိမ့်ဆုံး အမှာစာက အခုရေ ငါးထောင်အောက် မနည်းရဘူး”

သဘောတူညီမှု ချုပ်ဆိုမှုအတွက် ယွမ်သုံးဆယ် လိုအပ်ပြီး အခြားသော ကုန်ကြမ်း ပစ္စည်းများသည် ဆယ်ယွမ်ထက် ပိုပေသည်။ ထိုဈေးနှုန်းက ဖုန်းယွီ မျှော်မှန်းထားသည် ထက်ကို မြင့်ပေသည်။ သို့သော် ဖုန်းယွီအနေဖြင့် အခုရေငါးထောင်လုံး ရောင်းချရန် ယုံကြည်ချက် ရှိပေသည်။ အဆိုးဆုံး အခြေအနေတွင် ရောက်စေကာမူ သူ့အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုကို တင်ပို့နိုင်၏။ အစ်ကိုကီသည် အမှိုက်များကို ကြိုက်သည်။ မဟုတ်ဘူး။ ထိုအရာများက အသစ်အဆန်း ပစ္စည်းများဖြစ်သည်။ သူမြည်းမည် မဟုတ်ပေ။

“ကျွန်တော်အနေနဲ့ ပလတ်စတစ် အမျိုးအစား လိုတယ်။ အမျိုးအစား မော်ဒယ်နှစ်ခု ပထမအကြိမ် ထုတ်လုပ်မှုမှာ အခုရေ ငါးထောင်ထုတ်မယ်။ ကျွန်တော်အနေနဲ့ စရန်ငွေအဖြစ် ယွမ်သုံးသောင်း ပေးလို့ရလား။ ထုတ်လုပ်တဲ့ ကြာချိန်ကရော ဘယ်လောက်လဲ”

“ကျွန်တော်တို့ အနေနဲ့ ကုန်ကြမ်းကို အရင်ဆုံး ထုတ်ရဉီးမှာ။ ကျွန်တော်တို့ဘက် အခြမ်းကတော့ မြန်မှာသေချာပါတယ်။ ဒါပေမဲ့ ပလတ်စတစ်စက်ရုံရဲ့ အခြေအနေပေါ် မူတည်ပြီး ဆယ်ရက်ခန့်တော့ ကြာနိုင်ပါတယ်”

“ကောင်းပြီ ဆယ်ရက် ဒါရိုက်တာလီ ကျွန်တော်တို့ အခုချက်ချင်းပဲ စာချုပ်ချုပ်လို့ ရပြီလား”

နောက်တစ်နေ့ မနက်တွင် ဖုန်းယွီသည် စက်ပစ္စည်း စက်ရုံသို့ ပြန်လာခဲ့သည်။ ရှေ့ပြေးပုံစံက အဆင်သင့်ဖြစ်နေသည်။ ဖုန်းယွီသည် ယင်းရှေ့ပြေးပုံစံကို ကြည့်လိုက်သည်။ ပလတ်စတစ်သည် ဒီဇိုင်းလုံးဝ မရှိပေ။ အရောင်များသည်လည်း အလွန် ဖျော့တော့နေကာ အလွန်ရုပ်ဆိုးသည်ဟု ခံစားမိသည်။ ထိုကဲ့သို့သော အရာမျိုးကို စားပွဲပေါ်တွင် မည်သူက တင်ချင်မည်နည်း။

“ဒါရိုက်တာလီ ဒီအပိုင်းနှစ်ပိုင်းက ခွာလို့ဖြုတ်လို့ ရရမယ်။ ဒီအပိုင်းကို အဖြူရောင်နဲ့ လုပ်ပြီး တခြားအပိုင်းကို အပြာရောင်နဲ့ လုပ်မယ်။ ဒီအပိုင်းကျတော့ အကြည်ရောင် လုပ်ဖို့လိုတယ်။ ဒီအပိုင်းမှာတော့ ကျွန်တော်တို့တွေ အနည်းငယ်ထည့်မယ်။ ပြီးတော့ ဒီအပိုင်းမှာတော့ ကျွန်တော်တို့တွေရဲ့ အမှတ်တံဆိပ်ကို ထည့်မယ်။ စာလုံးတွေကို ဒီနားလေးမှာ ရေးမယ်။ ပိုပြီး အရေးကြီးတာက ယိုစိမ့်ထွက်လို့ မရဘူး။ ပြီးတော့ ရေကို လဲလှယ်တဲ့ အခါမှာလည်း ရေဖြည့်ရမယ်”

ဖုန်းယွီသည် ရှေ့ပြေးပုံစံတွင် ပြောင်းလဲရမည့် အရာများကို ပြလိုက်ကာ အင်ဂျင်နီယာများသည်လည်း ထိုအရာများကို ကြည့်လိုက်သည်။ ထို့ပြင် ပြောင်းလဲမှုများသည် အပြင်ပိုင်း ပလတ်စတစ်တွင်သာ ဖြစ်သည်။ ကုန်ကျစရိတ်အတွက် ပြောင်းလဲမှု မရှိပေ။ ကုန်ကျစရိတ် အနေဖြင့် ပြောင်းလဲမှု မရှိသည့်အတွက် ဖုန်းယွီအနေဖြင့် သူပြောင်းလဲချင်သည့် အရာများကို ပြောင်းလဲနိုင်ပေသည်။

“အဲ့ဒါဆို အဆင်ပြေပြီ။ ကျွန်တော်အနေနဲ့ နောက်ထပ် ဆက်ရက်မှာ ပစ္စည်းတွေကို လာကောက်မယ်။ တကယ်လို့ အရာအားလုံးက အဆင်သင့် ဖြစ်ပြီဆိုရင် ကျွန်တော်တို့တွေ ဒီအရာကို ရေရှည်အထိ ဆက်လုပ်နိုင်တယ်”

လျှပ်စစ်ရေနွေးငွေ့စက် အတုပြုလုပ်ခြင်းက လွယ်ကူသည့် အရာဖြစ်သည်။ သို့သော် အထရာစောနစ် ရေနွေးငွေ့စက် ဆိုရင်ရော။ နိုင်ငံပိုင် စက်ရုံကြီးများသည် ယင်းအထရာစောနစ် နည်းပညာကို ပိုင်ဆိုင်ကြသည်။ သို့သော် ထိုသေးငယ်သည့် စက်ရုံများက မပိုင်ဆိုင်ကြပေ။ အကယ်၍ ဖုန်းယွီမှန်းထားသည် မှန်ကန်ပါက နိုင်ငံပိုင်စက်ရုံများသည် ယင်းနည်းပညာတွင် အမြောက်အမြား ရင်းနှီးထားပြီး စက်မှုလုပ်ငန်းများ အတွက်သာ ရေနွေးငွေ့စက်များကို တင်သွင်းနိုင်သည်။ အိမ်သုံးပစ္စည်းများ အဖြစ် ရေနွေးငွေ့စက်က 1990 မှသာ ပေါ်လာသည်။ အကယ်၍သူသည် တစ်နှစ်ခန့်ကြိုပြီး အချိန်ရကာ ဈေးကွက်ကို မဖမ်းယူနိုင်ပါက သူ့အနေဖြင့် မျှော်လင့်ချက် မဲ့သွားမည်ပင်။

ဖုန်းယွီသည် သတင်းစာ အေဂျင်စီကို တန်းတန်းသွားကာ နောက်တစ်နေ့အတွက် ကြော်ညာ Change ရန် ပြောလိုက်သည်။ ပဲပိစပ်ဆီနှင့် သကြားကြော်ငြာများသည် ကာလရှည်ကြာ ကြော်ငြာခဲ့ပြီး လူတိုင်းက ထိုက်ဟွ အမှတ်တံဆိပ်ကို မှတ်မိနေသည်။ ယခုအချိန်တွင် လူတိုင်းအနေဖြင့် လေနှင့်မိုး အမှတ်တံဆိပ် ပန်ကာကို မှတ်မိရမည့်အချိန် ရောက်ပြီဖြစ်သည်။ ပထမနေ့ ကြော်ငြာတွင် ပန်းအိုးအရွယ်အစားရှိ ပုံတစ်ပုံသာပါသည်။ လူများစွာက မည်သည့် ထုတ်ကုန်ဖြစ်ကြောင်း မပြောနိုင်ကြပေ။ ထိုအရာက ပလက်စတစ်နှင့်တူပြီး ဒီဇိုင်းများက အတော်လေး လှပပေ၏။ ဒုတိယမြောက် နေ့တွင် စိုထိုင်းမှု လျော့နည်းခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ရှိသည့် အကြောင်းအရာများအား ဆောင်းပါးတိုအဖြစ် ရေးသားထားပေသည်။ ဥပမာအနေဖြင့် အအေးမိလေလေ အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ ပိုများလေဖြစ်သည်။ တတိမြောက်နေ့တွင် ဆောင်းပါးက စိုထိုင်းမှု ရှိခြင်း၏ အကျိုးကျေးဇူးကို ပြောသည်။

စတုတ္ထနေ့တွင် ကြီးမားသည့် စာလုံး အရွယ်အစားဖြင့် လေနှင့်မိုး လျှပ်စစ်ထုတ်ကုန် ပြန်လာပြီ။

စတုတ္ထနေ့ ကြော်ငြာ၏ အကျိုးသက်ရောက်မှုသည် ပထမသုံးရက်ထက် ပိုပြီးထင်ရှားပေသည်။ လူတိုင်းက သိချင်စိတ် ပြင်းပြနေကြသည်။ လေနှင့်မိုး လျှပ်စစ်ထုတ်ကုန်သည် လေနှင့်မိုးပန်ကာကို မိတ်ဆက်ခဲ့သည့် ကုမ္မဏီဖြစ်သည်။ ထိုကုမ္မဏီ၏ သူဌေးက ရူးများ ရူးနေသည်လော။ ဆောင်းလလယ်တွင် ပန်ကာ ရောင်းမည်လော။

လေနှင့်မိုး လျှပ်စစ်ထုတ်ကုန်သည် လူအများစု၏ ပါးစပ်တွင် ရယ်စရာတစ်ခု ဖြစ်သွားသည်။ နောက်တစ်နေ့တွင် လူများစွာက ကြော်ငြာအကြောင်း စတင် ဆွေးနွေးကြသည်။ သို့သော် တချို့သော သူများက လေနှင့်မိုးအနေဖြင့် ထုတ်ကုန်အသစ်ကို မိတ်ဆက်မည်ဖြစ်ပြီး စိုထိုင်းမှုနှင့် ပတ်သက်သည့် ဆောင်းပါးများနှင့် ဆက်စပ်မည်ဟု ခန့်မှန်းကြသည်။

“လေနှင့်မိုး ရေနွေးငွေ့စက် သင့်အခန်းအတွင်းရှိ အကောင်းဆုံး အဖော်မွန် ”

ကြော်ငြာသည့် အကြောင်းအရာသည် စာမျက်နှာအပြည့်ဖြင့် ငါးရက်ဆက်တိုက် နေရာယူထားသည်။ ထိုအရာက လူတိုင်းကို သတိပြုမိစေသည်။ လူတိုင်းသည်လည်း ရေနွေးငွေ့စက် အကြောင်းကို သိချင်ကြပေသည်။ ယင်းထုတ်ကုန်သည် စိုထိုင်းမှုကို မြှင့်တင်ပေးမည်လော။ ထိုထုတ်ကုန်က အသုံးဝင်သည်လော။ မည်သည့် နေရာတွင် ဝယ်နိုင်မည်နည်း။

စာရေးဆရာမှတ်စု တရုတ်ပြည်၏ ပထမဦးဆုံး ရေနွေးငွေ့စက်ကို ရတုဟုခေါ်သည့် ကုမ္မဏီက မိတ်ဆက်ခဲ့သည်။ တရုတ်တစ်ပြည်လုံးတွင် 70% နှုန်းသော ဈေးကွက်ကို ပိုင်ဆိုင်သည်။ သို့သော် သူတို့အနေဖြင့် လုပ်ငန်းသုံး စိုထိုင်းစက်များကို ပေကျင်းမြို့ရှိ အစိုးရလုပ်ငန်းနှင့် ပူးပေါင်းကာ ထုတ်လုပ်ခဲ့သည်။ 1990 ပြည့်နှစ်များမှ ရေနွေးငွေ့စက်ကို မိတ်ဆက်ခဲ့သည်။ နောက်ပိုင်းတွင် ကုမ္မဏီက ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းသွားကာ ရှယ်ယာအစုရှင် ကုမ္မဏီအဖြစ် ပြောင်းသွားခဲ့၏။

***

All Chapters