ခေါင်းဆောင်များ၏ လွှမ်းမိုးနိုင်စွမ်း
Vol. 8 Ch. 108
ရေနွေးငွေ့စက်ကို ထားရန်အကောင်းဆုံး နေရာက မည်သည့် နေရာနည်း။ ဖုန်းယွီ၏ ပထမဦးဆုံး ရွေးချယ်မှု ရုံးခန်းတွင်ဖြစ်ပြီး ထို့နောက်မှ အိမ်တွင်ဖြစ်ပေသည်။ ထို့နောက်မှ သူ၏အရင်ဘဝနှင့် ကွဲပြားခြားနားပေသည်။ ထိုကုမ္မဏီက ရေနွေးငွေ့စက်ကို အိမ်တွင်ထားရန် ကြေညာခဲ့သည့် သူ၏အရင်ဘဝနှင့် လုံးဝကွဲပြား ခြားနားပေသည်။ လူအများက ပုဂ္ဂလိကပိုင် ကုမ္မဏီများ၏ သူဌေးများ အနေဖြင့် ပိုက်ဆံအများဆုံး သုံးဖြန်းကြသည်ဟု တွေးကြသည်။ သို့သော် ယင်းသူဌေးများက သူတို့ ကိုယ်ကျိုးအတွက်သာ ပိုက်ဆံကိုသုံးသည်။ ပိုက်ဆံအား အများဆုံး သုံးဖြန်းသည့်ပုံမှာ အစိုးရဌာနများတွင် ဖြစ်ပေသည်။
အစိုးရရုံးများမှ အရာရှိများ အစိုးရပိုင် လုပ်ငန်းများ၏ ခေါင်းဆောင်များနှင့် အများအပြားပင် ဖြစ်ပေသည်။
ပုဂ္ဂလိကများထက် ဇိမ်ခံမှု ပိုများပေသည်။ ဖုန်းယွီ၏ ရေနွေးငွေ့စက်သည် ယွမ်တစ်ရာ ကျော်ကျော်ဖြစ်သာ ရောင်းချသည်။ သို့သော် ဘင်းမြို့တော်ရှိ ခေါင်းဆောင်များသည် အခုရေ တစ်ထောင်ကျော် ယူမည်ဟု ယုံကြည်နေသည်။
ကျန်းရွေ့ချင်က အလုပ်တွင် အလုပ်လုပ်နေကာ သူ၏အတွင်းရေးမှူးသည် ဖုန်းယွီက လက်ဆောင် ပစ္စည်းဟု ထင်ရသည့် ကြီးမားသည့် ပုံးနှစ်ပုံးနှင့် လာကြောင်း အကြောင်းကြား လိုက်သည်။
ဖုန်းယွီ တစ်ယောက်တည်းသာ လက်ဆောင် ပစ္စည်းများကို ပွင့်ပွင့်လင်းလင်း ပေးရဲသည့်သူ ဖြစ်သည်။ ကျန်းရွေ့ချင်က ခေါင်းခါရင်း ပြုံးလိုက်သည်။ သူက သူ၏အတွင်းရေးမှူးကို ဖုန်းယွီအား အထဲကိုဝင်ရန် ပြောလိုက်သည်။ သူ့အနေဖြင့် ဖုန်းယွီ ဘာထပ်လုပ်မည် ဆိုတာကို သိချင်မိသည်။
“ဖုန်းလေးဒါက အစိုးရရုံးနော်။ မင်းယူလာတဲ့ ဘူးကြီးနှစ်ခုကို လူတိုင်းကိုပြဖို့ ကြိုးစားနေတာလား”
ကျန်းရွေ့ချင်က ပြောလိုက်သည်။
“ဒါအမှန်ပဲ”
ဖုန်းယွီက သာမန်သာ ပြောလိုက်သည်။ ကျန်းရွေ့ချင်က ရယ်လိုက်သည်။
ကျန်းရွေ့ချင် ဘာမှထပ်မပြောခင် ဖုန်းယွီက သေတ္တာကို ဖွင့်လိုက်ပြီး ထိုထဲမှ ထူးဆန်းသည့် ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက်သူက ရေဘူးကို ထုတ်လိုက်ကာ ထိုပစ္စည်းထဲကို ရေသုံးပုံနှစ်ပုံခန့် လောင်းထည့်လိုက်သည်။
ထို့နောက် ဖုန်းယွီက လျှပ်စစ်ပလပ်ခေါင်းကို ရှာပြီး ပလပ်ထိုးလိုက်သည်။ ထို့နောက်သူသည် ချွေးသုတ်ရင်း ဆိုဖာပေါ်တွင် ထိုင်လိုက်၏။
“ဒါက လျှပ်စစ်ရေနွေးကရား မလား”
ကျန်းရွေ့ချင်က စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။ ထိုပစ္စည်းက လှပသည်။ သို့သော် ရုံးခန်းတွင် ရေနွေးကရားကို မည်သူက ရေနွေးကရားကို ထားမည်နည်း။ တစ်စုံတစ်ယောက်က သူ့ကို လျှပ်စစ်ရေနွေးကရားအား လက်ဆောင်အဖြစ် ပေးသည်မှာ ပထမဦးဆုံး အကြိမ် ဖြစ်ပေ၏။
“ဒါက ရေနွေးငွေ့စက်ပါ။ ဒီဟာက အခန်းတွင်းရဲ့ စိုထိုင်းမှုကို မြင့်တင်ပေးတယ်။ အရှေ့မြောက် ဒေသရဲ့ လေထုက အရမ်းခြောက်သွေ့ပြီး လွယ်လင့်တကူ ဖျားနိုင်တယ်။ ဒီအရာလေးက အကုန်လုံးကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ”
ကျန်းရွေ့ချင်က နှာခေါင်းကို ပွတ်လိုက်ကာ
“ဒီမှာအနံ့တစ်ခု ရတယ်နော်။ စံပယ်ပန်းရနံ့လား”
ကျန်းရွေ့ချင်သည် အလွန် ပျော်ရွှင်နေသည်။ သူ၏ အကြိုက်ဆုံး အနံ့က စံပယ်ပန်းနံ့ပင် ဖြစ်ပေသည်။
“ဒီရေထဲကို စံပယ်ပန်းတွေ စိမ်ထားခဲ့တာလား။ ဘယ်လိုလုပ် အဲဒီအနံ့က အရမ်းကြီးလည်း မစူးဘူး။ ဒီအနံ့သင်းသင်းလေးက လူတွေကို သက်သောင့်သက်သာ ဖြစ်စေတယ်”
“မင်းပြောတာက မှန်တယ်။ အသက်ရှူရတာ ပိုကောင်းလာတယ်။ ဒါက ဘယ်လောက်ကျလဲ။ တကယ်လို့ ဈေးမကြီးရင် ငါဝယ်မယ်”
ဖုန်းယွီက ကျန်းရွေ့ချင် သူ့အိတ်ကပ်ထဲမှ ပိုက်ဆံထုတ်နေသည်ကို ရပ်ရန်။
“ခေါင်းဆောင် ဒီအရာက ရောင်းဖို့အတွက် မဟုတ်ပါဘူး။ ဒီအရာက နမူနာပစ္စည်းပါ။ ကျွန်တော်တို့တွေ ဒီပစ္စည်းကို ဈေးကွက်မှာတောင် မမိတ်ဆက်ရသေးဘူး။ ကျွန်တော်ကဒီကို နမူနာပစ္စည်း အချို့ယူလာပြီး အကြံဉာဏ်တွေကို လာစုဆောင်းတာပါ။ ဒါက အခမဲ့ပါ။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော် ကုမ္မဏီနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်အနေနဲ့ အရာရှိကို အခမဲ့ စမ်သပ်ခွင့် ပေးထားတာပါ။ နောက်ပိုင်းကျရင် ကျွန်တော်ကို အကြံဉာဏ် ပြုလွှာကိုတော့ ဖြည့်ပေးပါ”
“နမူနာပစ္စည်း ထွက်လာသလိုပဲ။ မင်းအရင် တစ်ခေါက်က ပဲပိစပ်ဆီတုန်းကလည်း ဒီအတိုင်းပဲ ပြောခဲ့တာနော်။ ဒါကတူညီတဲ့ လှည့်စားမှုပဲ”
ကျန်းရွေ့ချင်က ရယ်မောကာ ပြောလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံထုတ်တာကို ရပ်လိုက်သည်။
ဖုန်းယွီက ခိုးကြောင်ခိုးဝှက်ဖြင့်ပြုံးကာ-
“ကျွန်တော်အခုရေ ပိုယူခဲ့ပါတယ်။ ကျွန်တော်ဒါတွေကို အရာရှိဆီမှာပဲ ထားခဲ့မယ်။ ခေါင်းဆောင်အနေနဲ့ ဒီအရာတွေကို တခြားလူတွေကို စမ်းသပ်ဖို့ ပေးလို့ရပါတယ်”
ကျန်းရွေ့ချင်က ရယ်လိုက်သည်။ ဤကလေးသည် နှစ်သက်မှုကို ဘယ်လို ယူရမယ်ဆိုတာ အမှန်သိသည်။ ကျန်းရွေ့ချင်က မြို့တော်အစိုးရကို ပြောင်းခါစသာ ရှိသေးပြီး သူ၏အဆက် အသွယ်သည်လည်း တည်ငြိမ်မှု မရသေးပေ။ ထိုအရာက သူ၏အထက်လူကြီးများနှင့် ရင်းနှီးစေရန် အခွင့်အရေးကောင်း တစ်ခု ရပေသည်။
ပြီးခဲ့သည့် တစ်ခေါက်က ကျန်းရွေ့ချင်သည် စက်ယန္တရားစက်ရုံ ပြန်လည် ဖွဲ့စည်းရေးတွင် အဓိကနေရာမှ ပါဝင်ခဲ့ကာ ခေါင်းဆောင်များ၏ ချီးကျုးခြင်းကို ရရှိခဲ့သည်။ သူသည် ဆိုဗီယက် ပြည်ထောင်စုမှ အဆင့်မြင့် စက်ပစ္စည်းများနှင့် နည်းပညာများကို စက်ရုံဆီ ရောက်အောင် ကူညီပေးခဲ့ပြီး မြို့တော်အစိုးရ အနေဖြင့် တစ်ပြားမှ ထုတ်စရာ မလိုခဲ့ပေ။ လက်ရှိ အကျိုးအမြတ်သည် အရင်ကထက် အလွန် များပြားလာ၏။ ပြန်လည် ဖွဲ့စည်းခြင်းက အေင်မြင်ခဲ့ပြီး ယင်းက အခြားသော နိုင်ငံပိုင် လုပ်ငန်းများ ပြောင်းလဲမှုအတွက် နမူနာအဖြစ် မှတ်ယူနိုင်ပေသည်။
သူ၏နိုင်ငံရေး မျှော်မှန်းချက် ပြည့်ဝစေရန်အတွက် ကျန်းရွေ့ချင်က သေချာပေါက် အာဏာရှိရမည်ပင်။ သို့သော် ထိုအာဏာများက ဘယ်နေရာက လာမည်နည်း။ သေချာသည်မှာ သူ့ကို အထက်အရာရှိများက ပေးရမည်ပင်။ သူ၏တာဝန် ဝတ္တရားများကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းက ခေါင်းဆောင်များထံမှ အသိအမှတ်ပြုရန် မလုံလောက်ပေ။ တစ်ခါတစ်ရံ အသေးအဖွဲဘဝတွင် အသေးအဖွဲ ကိစ္စများက အလုပ်ကြိုးစားသည်ထက် ပိုအရေးကြီးပေသည်။
“ဒီရေနွေးငွေ့စက်မှာ အသုံးဝင်တဲ့ လုပ်ဆောင်ချက် နှစ်ခုပဲရှိတာလား။ စိုထိုင်းမှုကို မြင့်တင်ဖို့နဲ့ အခန်းရဲ့ရနံ့ကို ပိုပြီး ကောင်းစေဖို့ပဲလား”
ဖုန်းယွီက ဝင့်ကြွားစွာဖြင့် ပြုံးကာ
“ဒါတင်မကသေးဘူးပေါ့။ ကျွန်တော်တို့ တရုတ်ရိုးရာ တိုင်းရင်းဆေးမှာ အခိုးတိုက်တဲ့ ဆေးဝါးကုထုံး ရှိတယ်။ ရေနဲ့ ဆေးဘက်ဝင် အပင်များ ပြုတ်ရာမှ ထွက်လာတဲ့ ရေနွေးငွေ့ကို ဖျားနာခြင်းတွေ ကာကွယ်ရန်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ကုသရာမှာ အသုံးပြုနိုင်တယ်”
“ဥပမာအနေနဲ့ အပြာရောင် ဆိုးဆေးကို အရေကို အဲဒီထဲ ထည့်မယ်ဆိုရင် လက်ထောက်မြို့တော်ဝန် အနေနဲ့ အအေးမိခြင်းကို ကာကွယ် ကုသနိုင်တယ်။ တကယ်လို့ မြို့တော်ဝန်က ရွှမ်းဝါလျံအရည်ကို အဲ့ဒီထဲ ထည့်မယ်ဆိုရင် လည်ချောင်း နာတာတွေ နှာခေါင်း ခြောက်သွေ့တာတွေ အစသဖြင့် ရှိတတ်တဲ့ ရောဂါတွေကို သက်သာစေတယ်။ တကယ်လို့ လက်ထောက်မြို့တော်ဝန် အနေနဲ့ အလုပ်ကပြန်လာပြီး ပင်ပန်းနေတယ် ဆိုရင်တော့ ဆေးစပ်ထားတဲ့ အဆီကို အဲ့ထဲ ထည့်လိုက်ပြီဆိုရင် အဲ့ဒီကထွက်လာတဲ့ အငွေ့က မြို့တော်ဝန်က တစ်ဖန်လန်းဆန်း တက်ကြွစေတယ်”
ဖုန်းယွီက အကျိုးကျေးဇူးများကို ဆက်လက် ပြောနေသည်။ ထိုအရာများက သူ၏ အရင်ဘဝရှိ အတွေ့အကြုံများ ဖြစ်သည်။ အချို့သော အရာများတွင် သက်ရောက်မှု ရှိပေသည်။ အထူးသဖြင့် နှာခေါင်း ခြောက်သွေ့ခြင်းသည် အမှန်ပင် သက်သာပေသည်။ ရေနွေးငွေ့စက်က သူ့အား အိပ်ပျော်ရန်တောင် အကူအညီ ပေးမည်ပင်။
“ဒီလောက်တောင် အကျိုးကျေးဇူးများတာ ငါအဲ့ဒါတွေ အကုန်လုံးကို စမ်းသပ်ကြည့်ရမယ်။ အိုး ဒီရေနွေးငွေ့စက် အပေါ်မှာ စာလုံးလေးတွေနဲ့ ရှိပါသေးတယ်။ ဒါကပြင်းပြသော ရည်မှန်းချက်တွေနဲ့ မိုးတိမ်ထိအောင် ပျံတက်ပါလား”
“ဒါအမှန်ပဲ ထိုအရာက ခေါင်းဆောင်များရဲ့ စိတ်နေသဘောထားနဲ့ အလွန် သင့်တော်တယ်”
ဖုန်းယွီ၏ တောင်းဆိုချက်ကြောင့် ရေနွေးငွေ့စက်များ ပေါ်တွင် စကားပုံများကို ရေးထိုးထားခြင်း ဖြစ်ပေသည်။ ထိုအရာများက ကွဲပြားခြားနားပေ၏။
“သူရဲကောင်း တစ်ယောက် အနေဖြင့် လွန်ခဲ့သည့် နှစ်တွေတုန်းက သူ၏ပြင်းပြသော ရည်မှန်းချက်များကို အရှုံးမပေးခဲ့၊ ပြင်းပြသည့် ရည်မှန်းချက်ဖြင့် မိုးတိမ်ထိ ရောက်အောင် ပျံသန်းပါ၊ မင်းရဲ့အကောင်းဆုံး လုပ်နိုင်စွမ်းကို ပေးစွမ်းပါနှင့် လက်ရှိတွင် နာကျင်ပါ။ ထောင်စုနှစ်တွေအတွက် အကျိုးကျေးဇူးကို အရယူပါ အစရှိသဖြင့် ဖြစ်သည်။ ထိုစကားပုံနှင့် စာတန်းများသည် ခေါင်းဆောင်များ အတွက် အထူးသဖြင့် ရေးထားသည့် စာတန်းများနဲ့ မော်ကွန်း ကျောက်ပြားများတွင် ရေးထားသည့် အရာများပင် ဖြစ်ပေသည်”
အသေအချာပင်။ သူတို့ထဲမှ အချို့မှာ ဂုဏ်ပြုကြောင်း သတင်းစကားပင် ဖြစ်ပေသည်။ ထိုအရာများက ချမ်းသာ ကြွယ်ဝသည့် စီးပွားရေး လုပ်ငန်းရှင်များကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။
“ကောင်းပြီ ဒါတွေကို ဒီမှာ ထားခဲ့လိုက်။ ဒီရေနွေးငွေ့စက်တွေကို ဈေးကွက်မှာ ဘယ်အချိန် မိတ်ဆက်မှာလဲ”
“မနက်ဖြန် ”
ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီက သူ့အနေဖြင့် ယင်းရေနွေးငွေ့စက် အကြောင်းကို စမ်းသပ်ရန်ပေးပြီး ထိုအရာမှ တိုးတက်မှု ဖြစ်စေရန်အတွက် သူ့ထံမှ အကြံဉာဏ် တောင်းခြင်းဟု ပြောခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် မနက်ဖြန်တွင် ဈေးကွက်တွင် ယင်းရေနွေးငွေ့စက်ကို မိတ်ဆက်မည်သာ။ ထိုအခါကျ အကြံပေးချက်များကို မည်သည့် နေရာတွင် သုံးမည်နည်း။ ထိုအရာများ အားလုံးက ဖုန်းယွီအနေဖြင့် သူ၏ထုတ်ကုန်ကို တိုးတက်ရန် မရည်ညွှန်းသည်လော။
ထိုအရာများကို မေ့လိုက်တာပါ။ မည်သို့ပင် ဖြစ်စေကာမူ ထိုအရာများက ပုံမှန်သုံးနေကျပစ္စည်း မဟုတ်ပေ။ ထိုအရာများကို နမူနာပစ္စည်းအဖြစ် သတ်မှတ်ရမည်ပင်။ ခေါင်းဆောင်များက ထိုအရာများကို စမ်းသပ်ပြီးနောက် မြို့တော် အစိုးရအနေဖြင့် ယင်းရေနွေးငွေ့စက်များကို အမှာစာ တစ်သုတ်စာဖြင့် ဝယ်ယူမည် ဖြစ်ပေသည်။ ထိုကလေး၏ ဦးနှောက်က မည်သည့် အရာဖြင့် လုပ်ထားသနည်း။ ထိုကဲ့သို့သော အကြံအဉာဏ်ကို တွေးတောနိုင်ပြီး ပိုက်ဆံ မည်သို့ရအောင် အဘယ့်ကြောင့် သူလုပ်နိုင်ရသနည်း။
ဖုန်းယွီ ထွက်သွားပြီးနောက် ကျန်းရွေ့ချင်က ဘူးတစ်ဘူးကို သယ်သွားကာ မြို့တော်ဝန် ရုံးခန်းကို သွားခဲ့သည်။ တစ်နာရီခန့် ကြာပြီးနောက် သူသည် မြို့တော်ဝန် ရုံးခန်းမှ အပြုံးအပြည့်ဖြင့် ထွက်လာပြီး သူ့၏တောင်းဆိုမှု တစ်ခုကို မြို့တော်ဝန်က ခွင့်ပြုခဲ့သည်။ အကယ်၍ နံပါတ်နှစ်သည်လည်း ထိုတင်ပြမှုကို ထောက်ခံပေးပါက ထိုအရာက အထမြောက်ပေမည်။
ဖုန်းယွီချန်ခဲ့သည် ရေနွေးငွေ့စက်များက ကျန်းရွေ့ချင် အနေဖြင့် အခြားသူများကို ပေးရန်ဖြစ်သည်။ ခေါင်းဆောင်များ အားလုံးက ယင်းရေနွေးငွေ့စက်ကို အလွန်နှစ်သက်ကြသည်။ လေများက ခြောက်သွေ့နေပါက လူများသည် အလွယ်တကူ ဒေါသထွက် လွယ်သည်။ ထိုရေနွေးငွေ့စက် အနားတွင်ရှိခြင်းက လူများကိုပိုပြီး သက်သောင့်သက်သာ ဖြစ်စေကာ အလုပ်ပိုတွင်စေသည်။
သို့သော် အရာရှိ တော်တော်များများက ရေနွေးငွေ့စက်ကို မရရှိကြပေ။ သူတို့အနေဖြင့် ခေါင်းဆောင်များ၏ ရုံးများတွင် ရေနွေးငွေ့ကို တွေ့ရှိပြီးနောက် မေးမြန်းစုံစမ်းကြသည်။ သူတို့ဌာနသို့ ပြန်ရောက်သည့် အချိန်တွင် သူတို့က ဌာနကို ရေနွေးငွေ့စက် တစ်သုတ် ဝယ်ယူရန် ပြောလိုက်သည်။ သူတို့အနေဖြင့် သူတို့ဘေးတွင် ရေနွေးငွေ့စက် ရှိပါက ပို၍ သက်သောင့်သက်သာ ရှိသည်ဟု ခံစားရပေသည်။ ထို့အပြင် ရေနွေးငွေ့စက်ပေါ်တွင် ထိုးထားသည့် စာလုံးများက သူတို့ကိုပိုပြီး တက်ကြွစေသည်။
ထိုခေတ်အခါက ခေါင်းဆောင်များ၏ လွှမ်းမိုးမှုက အခြားသော ရုပ်ရှင် သရုပ်ဆောင်များ သို့မဟုတ် Celebrity များ၏ အခန်းကဏ္ဍထက်တောင် ပိုလွှမ်းမိုးနိုင်ပေသည်။ လူများသည် ခေါင်းဆောင်များ ဝတ်ဆင်သည်ကို နောက်မှ လိုက်ဝတ်ကြသည်။ အကယ်၍ ခေါင်းဆောင်က ထားမို့ဓာတ်ဘူးကို စားပွဲပေါ် တင်ပေးထားပါက လူများသည်လည်း တူညီသည့် ဓာတ်ဘူးကို ရှာပြီး စမ်းကြည့်ကြသည်။ သူတို့က ခေါင်းဆောင်များ၏ ဆံပင်ပုံစံတောင် လိုက်တုကြပေသည်။
ဖုန်းယွီသည် သူ၏ ရေနွေးငွေ့စက်များကို ကွန်ပရေတာ ဆိုင်ကြီးများနှင့် သမဝါယမဆိုင်များတွင် ရောင်းချခဲ့သည်။ ပြီးနောက် နောက်တစ်နေ့တွင် သူ့အနေဖြင့် ထိုရောင်းချသည့် ဆိုင်များမှ ရေနွေးငွေ့စက်များ ရောင်းကုန်ပြီ ဖြစ်ကြောင်း ဖုန်းရရှိခဲ့သည်။ သူတို့က အမှာစာ ထပ်မှာချင်ကြသည်။
ဖုန်းယွီက ပျော်ရွှင်သွားသည်။ သူ၏နည်းဗျူဟာဖြစ်သည့် နမူနာပစ္စည်းများကို ပေးခြင်းက အလွန် ထိရောက်ပုံရသည်။ သူက သူနှင့်ရင်းနှီးသည့် လူများအားလုံးကို နမူနာပစ္စည်းများ ပေးခဲ့တာဖြစ်သည်။ သူက ကိုယ်တိုင်ကိုယ်ကျ ရေနွေးငွေ့စက် အသုံးပြုပုံကိုတောင် သရုပ်ပြလိုက်သေးသည်။
စက်ပစ္စည်းစက်ရုံကို ရေနွေးငွေ့စက် တိုးမှာရန် အချိန်ရောက်ပြီပင်။
***