သုံးဦးဆိုင် သဘောတူညီခြင်း အပိုင်း ၁
Vol. 8 Ch. 110
“ဒါရိုက်တာလီ။ ကျွန်တော် အရင် တစ်ခေါက်တုန်းက ပြောခဲ့တဲ့ အကြောင်း စဉ်းစားပြီးပြီလား”
ဖုန်းယွီက ဆိုဖာပေါ်တွင် တင်ပျဉ်ခွေ ချိတ်ထိုင်ကာ ပြောလိုက်သည်။ သူ့ဘေးတွင် လီရှစ်ယုံက မျက်မှောင်ကြုတ် နေ၏။
ဖုန်းယွီက သူ့အား ရေနွေးငွေ့စက် အတွက် အာထရာစောနစ် တုန်ခါမှု နည်းပညာကို အသုံးပြုရန် ပြောခဲ့တာ ဖြစ်သည်။ ထိုနည်းပညာက ပိုပြီး အန္တရာယ်ကင်းပြီး အကျိုးကျေးဇူးသည်လည်း ပိုမို ကောင်းမွန်ပေ၏။
သို့သော် စက်ပစ္စည်း စက်ရုံတွင် ယင်း နည်းပညာ မရှိပေ။ စက်ပစ္စည်း စက်ရုံသည် အတိတ်က စစ်ဖက်ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ခဲ့သည်။ သို့သော် သူတို့၏ အဓိက လုပ်ငန်းမှာ လျှပ်စစ်မော်တာများနှင့် လျှပ်စစ်နှင့် သက်ဆိုင်သည့် ဘက္ကထရီ၊ ဂျန်နရေတာနှင့် လျှပ်စစ်ဝိုင်ယာ ကြိုးကဲ့သို့ ထုတ်ကုန်များ ဖြစ်ပေသည်။ သူတို့တွင် တရုတ်ပြည်တွင် ထိုထုတ်ကုန်များနှင့် ပတ်သက်ပြီး အကောင်းဆုံး နည်းပညာများ ရှိကြပေသည်။ အာထရာစောနစ် နည်းပညာသည် လျှပ်စစ် မော်တာများနှင့် လားလားမှ မသက်ဆိုင်ပေ။
သို့လော် လီရှစ်ယုံသည် မည်သည့် စက်ရုံတွင် ယင်းနည်းပညာ ရှိမှန်း သိပေ၏။ သူသည် ထိုနည်းပညာကို လိုချင်သည်။ သို့သော် အခွင့်ကောင်း မယူရဲပေ။ လက်ရှိတွင် လီရှစ်ယုံသည် အမှတ်တံဆိပ်ကိုလည်း စိတ်ဝင်စားနေသည်။ အကယ်၍ လျှပ်စစ်ပန်ကာသာ သူတို့ စက်ရုံ၏ ထုတ်ကုန် ဖြစ်ပါက သူတို့သည် အမြတ်များများဖြင့် ပိုပျော်ရွှင်နိုင်မှာ ဖြစ်သည်။
သူသည်လည်း ရေနွေးငွေ့စက်မှ ထိုကဲ့သို့ အမြတ်များများ ရနိုင်မည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။ ယခုအချိန်တွင် သူက သင်ခန်းစာ ရရှိပြီးဖြစ်ကာ ဖုန်းယွီ နှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် စီမံလိုက်၏။ သူ့အနေဖြင့် စာချုပ် ထပ်မလိုချင်တော့ပေ။ သူအနေဖြင့် အကျိုးအမြတ်ကို ခွဲယူချင်ပေသည်။ ဖုန်းယွီသည်လည်း သူတို့ကို သူ့အနေဖြင့် စက်ရုံကို အာထရာစောနစ် နည်းပညာဖြင့် ထုတ်လုပ်သည့် ရေနွေးငွေ့စက်ကို ထုတ်လုပ် စေချင်ကြောင်း ပြောသည်။ သူက နည်းပညာ တိုးတက်မှုအတွက် အကုန်ကျခံမည် ဖြစ်ကာ ရလဒ်ကို ခွဲယူကြမည် ဖြစ်သည်။ အမြတ်ခွဲယူခြင်းကို နောက်ပိုင်းတွင် ဆွေးနွေးနိုင်ပေသည်။
လီရှစ်ယုံသည် အခြားသော စက်ရုံ ခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်ပြီး သူတို့က ယင်း အစီအစဉ်ကို သဘောတူလိုက်သည်။ အစိုးရအနေဖြင့် လျှပ်စစ် ထုတ်လုပ်မှု ကဏ္ဍများတွင် တိုးတက်အောင် အားပေးနေသည်။ ရေအားလျှပ်စစ် ထုတ်လုပ်သည့် လုပ်ငန်းသည် အားနည်းနေသေးဆဲ ဖြစ်သည်။ လျှပ်စစ်၏ အဓိက ရင်းမြစ်မှာ အပူဓာတ်မှ ထုတ်သည့် ဂျန်နရေတာများ ဖြစ်သည်။ စက်ပစ္စည်း စက်ရုံ၏ အဓိက အားသာချက်သည်ကား ရေအားလျှပ်စစ် ဖြစ်ပြီး အပူဓာတ်မှ ထုတ်သည့် ဂျန်နရေတာများနှင့် လေအား လျှပ်စစ်တို့သည် လုံးဝ ကင်းမဲ့နေသေး၏။ သူတို့က နေရောင်ခြည် စွမ်းအင်နှင့် ပတ်သက်ပြီး လေ့လာနေကြပြီ ဖြစ်သည်။ အခြားသူများ အတွက်မူ သူတို့သည် သီအိုရီ အဆင့်တွင်သာ ရှိသေးသည်။
လီရှစ်ယုံက ထိုအကြောင်းကို သေချာ တွေးတောနေ၏။ အကယ်၍ သူတို့အနေဖြင့် လျှပ်စစ် ဂျန်နရေတာများ အပေါ်တွင် မှီခိုပါက စက်ရုံအနေဖြင့် ဆုံးရှုံးမှာ မဟုတ်ပေ။ သို့သော် အခြားသော နေရာများမှ အကျိုးအမြတ်များလည်း ရှိသေး၏။ ထိုက်ဟွ ကုန်သွယ်ရေးကို ကြည့်နိုင်ပေ၏။ လျှပ်စစ်ပန်ကာ ရောင်းချခြင်းဖြင့်တောင် သူတိုသည် သန်းပေါင်းများစွာ အမြတ် ရခဲ့သည်။ သူတို့သည် စက်ယန္တရား စက်ရုံနှင့်လည်း အလုပ် လုပ်ကိုင်သေးသည်။ စက်ယန္တရား စက်ရုံသည် ကောင်းကောင်းမွန်မွန် လည်ပတ်၏။ သူ့အမြဲတမ်း နှိမ့်ချကြည့်သည့် လီမင်တတောင် သူ့ကို စတင် အထက်စီးဆန် ပြောလာပြီ ဖြစ်သည်။
လီရှစ်ယုံသည် အရဲစွန့်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ ဖုန်းယွီ အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ကုန်ကြငွေများကို ပေးမည်ပင်။ အကယ်၍ အောင်မြင်ခဲ့ပါက စက်ပစ္စည်း စက်ရုံအနေဖြင့် နောက်ထပ် ငွေဝင်သည့် လမ်းကြောင်း တစ်ခုကို ရမည် ဖြစ်၏။ အကယ်၍ ထိုအရာက ကျရှုံးခဲ့ပါက အတွေ့အကြုံအဖြစ် မှတ်ယူနိုင်ပေသည်။ သို့သော် သူတို့က ကြိုးစား၏။ သူတို့အနေဖြင့် အာထရာစောနစ် နည်းပညာ အရောင်းကို သီအိုရီပိုင်း အရ နားလည်သည်။ ပြီးနောက် ရေမှ ရေငွေ့ ဘယ်လို ပြောင်းမည်နည်း သို့သော် သူတို့အနေဖြင့် ရေနွေးငွေ့စက်ကိုတောင် မထုတ်လုပ် နိုင်သေးပေ။ စက်ရုံ အင်ဂျင်နီယာ၏ ခန့်မှန်း တွက်ချက်မှုအရ ရေနွေးငွေ့စက်၏ အရွယ်အစားမှာ ကားတစ်စီးခန့် ရှိမည် ဖြစ်သည်။ မည်သို့ ရောင်းမည်နည်း။
လီရှစ်ယုံသည် လေယာဉ် ထုတ်လုပ်သည့် စက်ရုံကို သူ့အား အာထရာစောနစ် နည်းပညာပေးရန် လှည့်စားချင်ခဲ့သည်။ အဆုံးတွင် သူတို့ စက်ရုံ နှစ်ရုံလုံးသည် နိုင်ငံပိုင် လုပ်ငန်းများ ဖြစ်ကြပြီး စက်ဖက်ဆိုင်ရာ ထုတ်ကုန် ပရောဂျက်များစွာတွင် အတူတကွ အရင်က လုပ်ခဲ့ဖူးသည်။ သို့သော် လေယာဉ် ထုတ်လုပ်သည့် စက်ရုံက သူတို့အား ယင်းနည်းပညာကို ပေးရန် ငြင်းဆို၏။
စက်ပစ္စည်း စက်ရုံအနေဖြင့် ဘာကို လိုချင်နေသနည်း။ ငါတို့ရဲ့ ဘင်းမြို့တော် လေယာဉ် ထုတ်လုပ်သည့် စက်ရုံအနေဖြင့် ထိုအရာကို ထုတ်လုပ်နိုင်ပြီး မင်းကို ပြန်ရောင်းနိုင်တယ်။
လီရှစ်ယုံသည် မှောင်မိုက်သည့် ညနက်သန်းခေါင်တွင် အဖြေကို စရှာတော့၏။ သူက သူ့အင်ဂျင်နီယာများကို စွန့်ပစ်ပြီး လေယာဉ် ထုတ်လုပ်သည့် စက်ရုံနှင့် ပူးပေါင်း ဆောင်ရွက်သည်ကို ဖုန်းယွီ သိသွားမှာကိုလည်း ကြောက်ရွံ့၏။ သိသွားပါက စက်ပစ္စည်း စက်ရုံအနေဖြင့် နောက်ပိုင်းတွင် ဘာအရာမှ ထုတ်လုပ်နိုင်တော့မှာ မဟုတ်ပေ။
အဆုံးတွင် နှစ်ဦးနှစ်ဖက်လုံးသည် စီးပွားရေး မိတ်ဖက်များသာ ဖြစ်ပြီး ရင်းနှီးသည့် ဆက်ဆံရေးမျိုးလည်း မရှိပေ။ အကယ်၍ စက်ပစ္စည်း စက်ရုံအနေဖြင့် အတိတ်က စုန့်ရှောင်ဖုန်းက ထိုက်ဟွ ကုန်သွယ်ရေးကို ဒုက္ခတပေးစဉ်က ကူညီခဲ့လျှင် စုန့်ရှောင်ဖုန်းသည်လည်း ထိုက်ဟွ ကုမ္ပဏီအား ရန်စတာ ရပ်တန့်မည် ဖြစ်သည်။ နိဂုံးချုပ် ရပါက စက်ပစ္စည်း စက်ရုံသည် စစ်ဖက်ဆိုင်ရာ စက်ရုံများကို ထုတ်လုပ်ပြီး ရဲများထက်ပင် ပိုကြမ်းတမ်း ရက်စက်နိုင်ပေ၏။
သူတို့သည် ထိုက်ဟွ ကုန်သွယ်ရေးကို မကူညီခဲ့သည့် အတွက်ကြောင့် သူတို့ကြားထဲတွင် မလိုမုန်းသော ခံစားချက် နှစ်ဦး နှစ်ဖက်လုံးတွင် ရှစ်နေကြသည်။ လီရှစ်ယုံက ဖုန်းယွီအား ကောင်းမွန်သည့် စီးပွားရေး မိတ်ဖက် တစ်ယောက်ဟု ခံစားရသည်။ ဖုန်းယွီအနေဖြင့် ကောင်းမွန်သည့် စီးပွားရေး မိတ်ဖက် တစ်ယောက် ရှာနိုင်ခဲ့ပါက သူအနေဖြင့် စက်ပစ္စည်း စက်ရုံကို စွန်ပစ်ခဲ့မည်ပင် ဖြစ်သည်။
ဖုန်းယွီက တစ်ခဏကြာ ငြိမ်နေသည်။ လီရှစ်ယုံသည်လည်း ငြိမ်လျက် မျက်နှာ မကောင်းပေ။ ဖုန်းယွီအနေဖြင့် တစ်ခုခု မှားယွင်းနေသည် ခံစားနေရသည်။
“ဒါရိုက်တာလီ၊ ဘာဖြစ်လို့လဲ။ ကျွန်တော်နဲ့ ဆက်ပြီး အလုပ်ဆက် မလုပ်ချင်တော့တာလား။ အဆင်ပြေပါတယ်။ တကယ်တော့ စက်ယန္တရား စက်ရုံက ဒီလိုမျိုး ရေးနွေးငွေ့စက်ကို ထုတ်လုပ်နိုင်တယ်”
ဖုန်းယွီက မတ်တပ် ထရပ်လိုက်ကာ ထွက်သွားမည့်ဟန် ပြင်လိုက်၏။
စက်ယန္တရား စက်ရုံသည် ထိုကဲ့သို့သော ရေနွေးငွေ့ စက်မျိုးကို ထုတ်လုပ်နိုင်ပေသည်။ သို့သော် စက်ယန္တရား စက်ရုံအနေဖြင့် ထိုကဲ့သို့ အရာမျိုးကို လုံးဝ ထုတ်လုပ်မည် မဟုတ်ပေ။ စက်ရုံရှိ ဆုံးဖြတ်စရာ ကိစ္စရပ်များ အားလုံးကို လီမင်တက ဆုံးဖြတ်ခြင်း မဟုတ်ပေ။ သို့သော် သူက လူအားလုံးကို နောက်ကွယ်မှ ချုပ်ကိုင် ထားပေသည်။
အကယ်၍ ဖုန်းယွီအနေဖြင့် လီမင်တအား ရေနွေးငွေ့စက် ထုတ်လုပ်ရန် ဖျောင်းဖျ နိုင်ခဲ့လျှင်တောင် သူ့အနေဖြင့် အကျိုးအမြတ်များအား သူတို့နှင့် ခွဲယူရမည် ဖြစ်သည်။ စက်ယန္တရား စက်ရုံအနေဖြင့် ရေနွေးငွေ့ ရောင်းချခြင်းမှ ငွေများ ပမာဏ များများရသည်ကို သူတို့ သိရှင်သွားလျှင် သူတို့ ရှယ်ယာများကို သိသိသာသာ ပြန်ရယူနိုငမည် ဖြစ်သည်။ ထိုအရာက စက်ပစ္စည်း စက်ရုံသည် သဘောတူ စာချုပ်ငွေ ပေးသည့် အရာနှင့် မတူညီပေ။
လီမင်တသည် လီရှစ်ယုံထက် အစပေါင်းများစွာ စက်ဆုပ်ဖွယ်ရာပင် ဖြစ်သည်။ ဖုန်းယွီအနေဖြင့် စက်ယန္တရား စက်ရုံ၏ အဓိက ရှယ်ယာရှင် မဟုတ်သေးခင် သူအနေ့ဖြင့် စက်ယန္တရား စက်ရုံထဲ အကြံအဉာဏ်များ ပေါင်းထည့်ပါက သူတို့အတွက် အကျိုးအမြတ်များကို ရှာပေးရုံသာ ဖြစ်မည်။
စက်ပစ္စည်း စက်ရုံသည် သူနှင့် ပူးပေါင်း မဆောင်ရွက် လိုကတည်းက ဖုန်းယွီအနေဖြင့် အခြားသော အရာကို ပြန်ရှာရမည် ဖြစ်သည်။ ထိုအရာက တက္ကသိုလ်ပင် ဖြစ်သည်။ နည်းပညာ တက္ကသိုလ် သို့မဟုတ် သင်္ဘော တည်ဆောက်ရေး တက္ကသိုလ်များသည် သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် အလွန် အားကောင်းပေသည်။ ယင်း အာထရာစောနစ် နည်းပညာအား ရှုပ်ထွေးသည်ဟု စဉ်းစားရန် မလိုပေ။ ပြီးနောက် တက္ကသိုလ် ဓာတ်ခွဲခန်းများ အနေဖြင့် ထိုအရာကို ပြီးမြောက်အောင် ဆောင်ရွက် နိုင်ပေသည်။ သို့သော် ဖုန်းယွီအတွက် ပြဿနာ တစ်ခုသည် နည်းပညာနှင့် ပတ်သက်သော မူပိုင်ခွင့်များသည် သူနှင့် မသက်ဆိုင်တောဘဲ တက္ကသိုလ်နှင့် သက်ဆိုင်မှာပင် ဖြစ်သည်။
“ခဏလေး ဒါရိုက်တာဖုန်း ကျွန်တော် ခင်ဗျားနဲ့ စကားပြောတာ မပြီးသေးဘူးလေ။ ကျွန်တော်တို့ရဲ့ အာထရာစောနစ် နည်းပညာက စမ်းသပ်တဲ့ အဆင့်မှာ ရှိနေသေးပေမဲ့ တစ်နှစ်ကြာရင် အဲ့နည်းပညာကို လက်တွေ့မှာ အသုံးပြုလို့ ရတော့မှာပါ"
လီရှစ်ယုံသည် သူ့တွင် အာထရာစောနစ် နည်းပညာ ရှိသည်ဟု ပြောကတည်းက လိမ်ညာနေမှန်း ဖုန်းယွီ နောက်ဆုံးတွင် တွေ့ရှိသွားသည်။ ဖုန်းယွီ အကြံဉာဏ်ပေးမှ စက်ပစ္စည်း စက်ရုံသည် ယင်းနည်းပညာအား စတင် စမ်းသပ်သည်လော။
“ဒါရိုက်တာလီ ကျွန်တော်တို့ အချင်းချင်း ရိုးရိုးသားသားပဲ ပြောရအောင်။ စက်ပစ္စည်း စက်ရုံအနေနဲ့ အဲဒီ အာထရာစောနစ် နည်းပညာကို သိတဲ့သူ မရှိဘူး မဟုတ်လား။ အခုမှ အဲ့နည်းပညာကို စမ်းသပ်ကြည့်ချင်တယ်။ ပြီးတော့ အဲဒီအရာက အောင်မြင်နိုင်ပါ့မလား။ အရင်တစ်ခေါက်က ကျွန်တော် အလုပ်ကို လက်ခံမယ် ဆိုကတည်းက အဲဒီနည်းပညာ ဘယ်က ရနိုင်မလဲဆိုတာ သိတယ်။ ဘယ် စက်ရုံလဲ။ ဒါမှ မဟုတ် ဘယ်တက္ကသိုလ်ရဲ့ ပါမော္ခလဲ”
လီရှစ်ယုံက ဖုန်းယွီကို အလွန် အံ့အားသင့်စွာဖြင့် ကြည့်လိုက်၏။ သူက ထိုကဲ့သို့ အချက်အလက် သေးသေးလေးမျိုးတောင် ခန့်မှန်းနိုင်သည်လား။ ဆယ်ကျော်သက် တစ်ယောက်က ဘယ်လိုတောင် အပေါက်ဆိုး ရတာလဲ။ သူအနေနဲ့ ဆယ်စုနှစ် အနည်းငယ်လောက် ပိုအသက်ကြီးသင့်တယ်။
“ဘင်းမြို့တော် လေယာဉ် ထုတ်လုပ်သည့် တက္ကသိုလ်က ဒီနည်းပညာ ရှိတယ်ဆိုတာ ငါသိတယ်။ ပြီးတော့ အဲ့နည်းပညာနဲ့ ပတ်သက်ပြီး ကျွမ်းကျင် ပညာရှင်တောင် ရှိတယ်။ ဒါပေမဲ့ သူတို့တွေက အဲနည်းပညာကို ငါတို့ဆီ မရောင်းနိုင်ဘူး။ ငါ ဒါရိုက်တာဟိုကို ကြိမ်ဖန်များစွာ တွေ့ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူနဲ့ တွေ့ခွင့် ဘယ်တော့မှ မရခဲ့ဘူး”
“လေယာဉ် ထုတ်စက်ရုံက ကျွမ်းကျင် ပညာရှင်လား။ ဘာကြောင့် ဒါရိုက်တာဟိုဆီက ထွက်လာအောင် တောင်းဆိုဖို့ မကြိုးစားရတာလဲ။ ကျွန်တော်တို့တွေ သုံးဦးဆိုင် ပူးပေါင်း ဆောင်ရွက်မှုကို ဆွေးနွေးနိုင်တယ်။ ကျွန်တော်က ငွေစိုက် ထုတ်နိုင်တယ်။ ပြီးတော့ ခင်ဗျားက ထုတ်လုပ်ရေးပိုင်း ယူနိုင်တယ်။ အကျိုးအမြတ်လည်း ကျွန်တော်တို့ သုံးယောက် ခွဲယူရုံပဲ”
နောက်ထပ် မိတ်ဖက်လား။ ဖုန်းယွီသည် နောက်ထပ် မိတ်ဖက် ရှိမည့်အကြောင်း သိပြီးနောက် ပျော်ရွှင်သွားသည်။ ထပ်ပြောရလျှင် ဖုန်းယွီသည် ဘင်းမြို့တော် လေယာဉ် ထုတ်စက်ရုံ၏ ဒါရိုက်တာဟိုနှင့်လည်း သိချင်သည်။ သူ၏ နောက်ထပ် စီးပွားရေးအတွက် လေယာဉ် ထုတ်လုပ်သည့် စက်ရုံနှင့် မိတ်ဖက်ဖြစ်ရန် လိုအပ်ပြီး ထိုအရာက ပိုပြီးတောင် အမြတ်ရပေသည်။
“သုံးဦးဆိုင် ပူးပေါင်းဆောင်ရွက်မှု လား။ ကောင်းပြီ ငါသူ့ကို ဆက်သွယ်လိုက်မယ်”
ဖုန်းယွီက ထိုအကြံဉာဏ်ကို ပေးလိုက်သည့်အခါ လီရှစ်ယုံ ဝမ်းသာသွားသည်။ သူကို ဖုန်းယွီက စွန့်ပစ်လိုက်မည်ကို ကြောက်ရွံ့နေ၏။
ဟိုဟိုက်ထောင်သည် လီရှစ်ယုံ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး ထိုအရာက အာထရာစောနစ် နည်းပညာပင် ဖြစ်နေပြန်သည်။ ဟိုဟိုက်ထောင်သည် တူညီသည့် အဖြေကိုသာ ပြန်ပေးသည်။ ထိုအဖြေသည် လေယာဉ်ထုတ် စက်ရုံအနေဖြင့် သူတို့လိုချင်သည့် အရာကိုသာ ထုတ်လုပ်မည် ဖြစ်ပြီး သူ့ကို မရောင်းနိုင်ကြောင်း ဖြစ်သည်။ ဟိုဟိုက်ထောင်သည် လီရှစ်ယုံထက် စီနီယာ ကျပေသည်။
သူက လေယာဉ် ထုတ်စက်ရုံ၏ ဒါရိုက်တာ ဖြစ်လာသည့် အချိန်တွင် လီရှစ်ယုံသည် လက်ထောက် ဒါရိုက်တာသာ ဖြစ်သေးသည်။ လီရှစ်ယုံသည် ယခုတွင် ဒါရိုက်တာ ဖြစ်လာသည့်တိုင် ဟိုဟိုက်ထောင်သည် သူ့အား ဂျူနီယာ တစ်ယောက်ပမာ ဆက်ဆံသည်။
ယခုအချိန်တွင် လီရှစ်ယုံသည် ဖုန်းခေါ်သည့် အကြောင်းအရာ မတူပေ။ သူက သူငယ်ချင်း တစ်ယောက်ကို လေယာဉ် ထုတ်လုပ်သည့် စက်ရုံကို ခေါ်လာပြီး လေယာဉ် ထုတ်လုပ်သည့် စက်ရုံနှင့် ပူးပေါင်း ဆောင်ရွက်မည့် ပရောဂျက်ကို ပြောပြီး ယင်းပရောဂျက်သည်လည်း မရှုံးနိုင်ကြောင်း ပြောခဲ့သည်။
ဟိုဟိုက်ထောင်သည် အလွန် အံ့ဩနေသည်။ အဘယ်ကြောင့် သူ့အနေဖြင့် လီရှစ်ယုံ၏ သူငယ်ချင်းကို မသိရသနည်း။
ဖုန်းယွီက သူတို့ ဘယ်လိုပင် ပူးပေါင်း ဆောင်ရွက်ပြီး ပိုက်ဆံ ဘယ်လောက်ပဲ ထုတ်ရပါစေ နည်းပညာ မူပိုင်ခွင့်သည့် သူ့အပိုင် ရရမည်ဟု ဆုံးဖြတ်ချက် ချထားသည်။ ထိုအရာက အရေးကြီးဆုံး အရာပင်။
***