← Chapters

သုံးဦးဆိုင် သဘောတူညီမှု အပိုင်း(၂)

Vol. 8 Ch. 111

သုံးဦးဆိုင် သဘောတူညီမှု အပိုင်း(၂)

Vol. 8 Ch. 111

ဟိုဟိုက်ထောင်၏ လီရှစ်ယုံအပေါ် အထင်အမြင်သေးမှုက တဖြည်းဖြည်း ကြီးမားလာသည်။ သူက ဖုန်းယွီနှင့် တွေ့သည့်အခါ ပိုတောင် ဆိုးရွားသွားပေ၏။ ထိုဆယ်ကျော်သက် လူငယ်သည် ကျောင်းတွင် ရှိနေရမည်ဖြစ်ပြီး သူသည် လီရှစ်ယုံ၏ မိတ်ဆွေလော။ ထိုအရာက လီရှစ်ယုံကို ပိုဆိုးရွား သွားစေသည်။

“ဒါရိုက်တာဟို ဒါက ကျွန်တော်ပြောတဲ့ ကျွန်တော်ရဲ့ မိတ်ဆွေပါ။ ဒါရိုက်တာဖုန်းလို့ ခေါ်ပါတယ်။ ထိုက်ဟွ ကုန်သွယ်ရေးရဲ့ ဖုန်းယွီပါ”

“ဟင်း ”

ဟိုဟိုက်ထောင်သည် သူ့နှာသံဖြင့်သာ မိတ်ဆက် လိုက်သည်။ သူ့အနေဖြင့် မတ်တပ်ရပ်ကာ ဖုန်းယွီကို လက်ဆွဲ နှုတ်ဆက်ရန်တောင် စိတ်မကူးပေ။ ဖုန်းယွီသည် သူ့ရုံးခန်းထဲ မဝင်ထိုက်သူဟုလည်း သူခံစားနေရ၏။

ဖုန်းယွီသည် ဟိုဟိုက်ထောင်၏ အထင်အမြင်သေးမှုကို မြင်ရသည့်အခါ သူက ကူကယ်ရာမဲ့ နေသည်။ သို့သော် အကူအညီမဲ့ပုံ မပေါ်ပေ။ အကယ်၍ သူ့အနေဖြင့် ဟိုဟိုက်ထောင်၏ နေရာတွင် ဆယ်ကျော်သက် တစ်ဦးကို တွေ့ဆုံပါက သူ့အနေဖြင့်လည်း ထိုကဲ့သို့ ပြုမူမည် ဖြစ်ပေသည်။ သို့သော် ဖုန်းယွီအနေဖြင့် ဟိုဟိုက်ထောင်၏ အမြင်ကို တစ်မိနစ်အတွင်း ပြောင်းလဲနိုင်မည်ဟု ယုံကြည်ချက် ရှိပေသည်။

လီရှစ်ယုံက တစ်စုံတစ်ခုကို ပြောချင်သည်။ သို့သော် ဖုန်းယွီက လီရှစ်ယုံပြောမည့် အရေးကို လက်သင်္ကေတဖြင့် ဟန့်တားလိုက်၏။

“ဒါရိုက်တာဟို ဒါရိုက်တာ အနေနဲ့ ထိုက်ဟွကုန်သွယ်ရေးကို မကြားဖူးတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လေနှင့်မိုးပန်ကာတော့ ဒါရိုက်တာ ကြားဖူးမှာပါ။ အဲဒါတွေက ကျွန်တော် ပိုင်တဲ့အရာ။ ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီရော ကြားဖူးလား။ အဲ့ဒါလည်း ကျွန်တော်ပိုင်တာပဲ”

ဖုန်းယွီ၏ စကားများကို ကြားပြီးနောက် ဟိုဟိုက်ထောင်က မတ်တပ် ထရပ်လိုက်ကာ ဖုန်းယွီအား အလေးအနက် နှုတ်ဆက်လိုက်သည်။ လေနှင့်မိုးပန်ကာများသည် လွန်ခဲ့သည့် နွေက အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ထိုအရာက ဘင်းမြို့တော်တွင် သာမက တရုတ်တစ်နိုင်ငံ လုံးတွင်လည်း ရုတ်တရက် ပေါ်ပေါက်လာကာ နာမည်ကျော်ကြား လာသည်။ သူတို့၏ လေယာဉ် ထုတ်လုပ်သည့် စက်ရုံအနေဖြင့်တောင် ထိုပန်ကာများကို ဒါဇင်ပေါင်းများစွာ မှာယူခဲ့ပြီး သူ့အိမ်အတွက်လည်း နှစ်ခုဝယ်ခဲ့သည်။

သူလက်ရှိ အသုံးပြုနေသည့် ဟင်းချက်ဆီမှာလည်း ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီ ဖြစ်ပေ၏။ သူ့မိန်းမသည် ထိုအမှတ်တံဆိပ်ကိုသာ ယုံကြည်သည်။ ထိုအရာက ဈေးကြီးသည့်တိုင် သူက ဝယ်ယူနေသေးဆဲ ဖြစ်သည်။

“အိုး မင်းက ထိုက်ဟွ ကုန်သွယ်ရေးက ဒါရိုက်တာဖုန်းလား။ ရှောင်ဟွမ် လက်ဖက်ရည် ဧည့်ခံလိုက်ပါဉီး”

ဟိုဟိုက်ထောင်သည် မတ်တပ် ထရပ်လိုက်ပြီး ဖုန်းယွီ၏လက်ကို ဆွဲကာ နှုတ်ဆက်လိုက်ပြီး သူ့၏ အတွင်းရေးမှူးကို လက်ဖက်ရည် ဖျော်ရန် အမိန့်ပေးလိုက်သည်။

“ဒါရိုက်တာဟို အနေနဲ့ ကျွန်တော်တို့ဒီကို အစည်းအဝေး လာလုပ်ရတဲ့ အကြောင်းအရင်းကိုတော့ မှန်းဆပြီးဖြစ်မှာပါ။ ကျွန်တော်တို့တွေက ဒီကိုရောက်နေတာက ဒါရိုက်တာဟိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုအကြောင်း ပြောချင်လို့ပါ။ အက်ထရာစောနစ် နည်းပညာကို အသုံးပြုပြီး ရေနွေးငွေ့စက် အသစ်တစ်မျိုးကို တီထွင်ကြမယ်။ ဟုတ်သား။ ဒါရိုက်တာရဲ့ စားပွဲပေါ်မှာ ရှိနေတဲ့ ရေနွေးငွေ့စက်ကလည်း ကျွန်တော်တို့ရဲ့ ထုတ်ကုန်ပဲ”

ဟိုဟိုက်ထောင်က သူ၏စားပွဲပေါ်ရှိ ရေနွေးငွေ့စက်ကို ကြည့်လိုက်သည်။ သူ့ကို သူ၏ရုံးအရာရှိက ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။ ရေနွေးငွေ့စက်ကို အသုံးပြုပြီးနောက် အခန်းတွင်း ပိုသက်သောင့်သက်သာ ဖြစ်စေ၏။

“ပူးပေါင်း ဆောင်ရွက်မှုလား။ အဲဒါတွေအတွက် မလိုပါဘူး။ ကျွန်တော်ကို ဘယ်လိုမျိုး ထုတ်လုပ်ချင်တယ်။ ဘာတွေ လိုအပ်တယ်ဆိုတာပဲ ပြောပြရင် ရပါပြီ။ ကျွန်တော်တို့က ခင်ဗျားအတွက် ထုတ်လုပ်ပေးမှာပေါ့”

လေယာဉ်ထုတ် စက်ရုံ၏ အလုပ်ရုံများသည် အပြည့်အဝ မလည်ပတ်ရသေးပေ။ အကယ်၍ အမှာစာများ ရှိပါက သူတို့အကောင်းဆုံး ဆောင်ရွက်ပေးမည်ပင် ဖြစ်ပေသည်။

ဖုန်းယွီ ဘာမှမပြောရသေးခင် လီရှစ်ယုံက ဒေါသတကြီး ပြောလိုက်သည်။

“ဒါရိုက်တာဟို ခင်ဗျားမှာ ရေနွေးငွေ့စက်တွေ ထုတ်ဖို့အတွက် လမ်းကြောင်းတွေ ရှိရဲ့လား။ ကျွန်တော်ရဲ့ စက်ရုံက ဒီထုတ်လုပ်ရေး လမ်းကြောင်းအတွက် ပြန်လည် ပြုပြင်ပြီးပြီ။ ထုတ်လုပ်တဲ့ စရိတ်ကလည်း နည်းတယ်။ လေယာဉ်ထုတ် စက်ရုံအနေနဲ့ အဲ့လိုမျိုး လုပ်နိုင်လို့လား။ ခင်ဗျားရဲ့စက်ရုံက အခုလက်ရှိမှာ လေယာဉ်အင်ဂျင် အနေနဲ့ Van ကားတွေ ထုတ်လုပ်မှု အပိုင်းပဲ အာရုံစိုက်ထားတာ။ ခင်ဗျားမှာ ရေနွေးငွေ့ ထုတ်ဖို့အတွက် အချိန်ရော ရှိရဲ့လား”

ဟိုဟိုက်ထောင်သည် ဆိုဖာခုံကိုမှီကာ ပြောလိုက်သည်။

“ဒီကိုရောက်နေတဲ့ အကြောင်းပြချက်က ငါတို့မှာ နည်းပညာရှိလို့ပဲ”

ဖုန်းယွီက သူတို့နှစ်ယောက်ကြားကို ပိတ်ပြောလိုက်သည်။

“ဒါရိုက်တာဟို ဒါရိုက်တာလီ ကျွန်တော်က ခင်ဗျားတို့ နှစ်ယောက်နဲ့ ဆွေးနွေး ညှိနှိုင်းဖို့အကြောင်း ပြောရုံ။ ခင်ဗျားတို့ နှစ်ယောက် ရန်ဖြစ်တာကို ကြည့်ဖို့ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ပိုက်ဆံရှာဖို့ဆိုတဲ့ ရည်မှန်းချက် တစ်ခုတော့ ရှိပြီးသား။ ယခုလက်ရှိမှာ လေယာဉ်ထုတ် စက်ရုံအနေနဲ့ နည်းပညာ ရှိတယ်။ စက်ပစ္စည်း စက်ရုံအနေနဲ့ ထုတ်လုပ်ရေး လမ်းကြောင်း ရှိတယ်။ ပြီးတော့ ကျွန်တော်မှာ ရင်းနှီးမြုပ်နှံငွေတွေနဲ့ ဖြန့်ဖြူးရေးအရောင်း လမ်းကြောင်းတွေ ရှိတယ်။ ကျွန်တော်အထင် ကျွန်တော်တို့ သုံးယောက်သာ သုံးဦးစုံ ပူးပေါင်း ဆောင်ရွက်ပြီး ရေနွေးငွေ့စက် အသစ်ကို ထုတ်လုပ်နိုင်မယ်လို့ ထင်တယ်။ ရတဲ့ပိုက်ဆံတွေကိုတော့ ကျွန်တော်တို့ သုံးယောက် ခွဲကြမယ်”

“ပူးပေါင်း ဆောင်ရွက်မှုလား။ ကောင်းပြီ။ ဒါပေမဲ့ ထုတ်ကုန် အသစ်တစ်ခု ထုတ်ဖို့ဆိုတာက နည်းပညာက အရေးကြီးဆုံး အရာပဲ။ ဒါကြောင့် လေယာဉ်ထုတ် စက်ရုံအနေနဲ့ အမြတ်စုစုပေါင်းရဲ့ တစ်ဝက်ရသင့်တယ်။ ပြီးတော့ မင်းတို့ နှစ်ယောက်ကတော့ ကျန်တာတွေ ခွဲယူလိုက်ကြပေါ့”

“မဖြစ်နိုင်တာ။ မင်းက အားစိုက်ထုတ်မှု အနည်းဆုံးလေ။ ဘာကြောင့် မင်းကအကျိုးအမြတ် တစ်ဝက် ရချင်တာလဲ။ ငါ့ရဲ့စက်ရုံက ထုတ်လုပ်မှု အကုန်လုံးကို လုပ်ရမယ်။ အဲဒါကြောင့် အမြတ်ရဲ့တစ်ဝက် ရရမယ်”

လီရှစ်ယုံက ပြန်ပြောလိုက်သည်။

ဖုန်းယွီက ခေါင်းကိုက် သွားသည်။ ထိုအရာက နိုင်ငံပိုင်စက်ရုံ လုပ်ငန်းများ၏ ခေါင်းဆောင် နှစ်ယောက်၏ ရယူလိုစိတ်က သေးသိမ်မှုမရှိတာ ဖြစ်ပုံပေါ်သည်။ သူတို့ နှစ်ယောက်စလုံးက အမြတ်ထက်ဝက် လိုချင်ကြသည်။ ဖုန်းယွီသည် ရင်းနှီးမြုပ်နှံငွေများနှင့် အရောင်း လမ်းကြောင်းများကို စိုက်ထုတ် ပေးရသည်။ ထိုအရာများအတွက် သူက အခမဲ့ လုပ်ပေးရမည်လော။

လီရှစ်ယုံနှင့် ဟိုဟိုက်ထောင်တို့ ဆက်လက် ငြင်းခုံကြသည်။ သို့သော် ဖုန်းယွီက တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ သူတို့အချင်းချင်း မျက်စိမျက်စ ပစ်နေကြခြင်းဖြစ်သည်။

ချီးပဲ။ ဒီလူအိုနှစ်ယောက်က သရုပ်ဆောင်နေကြတာ။ သူတို့တွေက ဖုန်းယွီဆိုတဲ့လူကို အတူတကွ ရှင်းထုတ်ဖို့ ကြိုးပမ်းနေတာပဲ။

“ဒါရိုက်တာဟို ဒါရိုက်တာလီ ခင်ဗျားတို့တွေ ပြီးပြီလား။ ကျွန်တော် တွေ့သလောက် ဆိုရင်တော့ ခင်ဗျားတို့ နှစ်ယောက်စလုံးက ဒီအရာကို ကိုယ်တိုင်ပဲ လုပ်ချင်တဲ့ပုံပဲ။ ဘာကြောင့် ခင်ဗျားတို့အနေနဲ့ အဲဒီကိစ္စ ကိုယ်တိုင် မလုပ်ရတာလဲ။ ကျွန်တော်ရဲ့ မိသားစုက စက်ယန္တရား စက်ရုံမှာ ရှယ်ယာပိုင်တယ်။ သူတို့တွေကလည်း ရေနွေးငွေ့စက်ကို ထုတ်လုပ်နိုင်တယ်။ နည်းပညာအတွက် ဆိုရင်တော့ လေယာဉ်ထုတ် စက်ရုံကလွဲပြီးတော့ နည်းပညာ တက္ကသိုလ်တွေ ကနေလည်း ရနိုင်တယ်။ နည်းပညာ တက္ကသိုလ်မှာ ကျွမ်းကျင်တဲ့ လူတွေလည်း ရှိတာပဲ”

“ဟိုက်ယား မင်းဘာတွေ ပြောနေတာလဲ ဒါရိုက်တာဖုန်း။ ငါတို့တွေက အခုလက်ရှိမှာ သုံးဦးဆိုင် သဘောတူညီမှု ဆွေးနွေးနေကြတာ မဟုတ်ဘူးလား”

လီရှစ်ယုံက ထိုကိစ္စများကို ဖြေလျော့စေရန် စတင် ပြောဆိုလိုက်သည်။

“ဟာ တကယ်ကြီးလား။ ဒီဟာက ဆွေးနွေးနေကြတာလား။ ခင်ဗျားက တစ်ဝက် လိုချင်တယ်။ ပြီးတော့ သူကလည်း တစ်ဝက် လိုချင်တယ်။ အဲဒါဆိုရင် ကျွန်တော်ဆီကနေရမဲ့ ရင်းနှီးမြုပ်နှံ ငွေတွေနဲ့ အရောင်း လမ်းကြောင်းတွေက အလကားလား။ ဘာကြောင့် ငါ့ရဲ့ကုမ္မဏီကို ခင်ဗျားတို့ နှစ်ယောက်လုံး မတွေးမိရတာပါလိမ့်”

ဖုန်းယွီက ထိုရှက်ရွံ့နေသည့် မြေခွေးအို နှစ်ယောက်ကို ကြည့်လိုက်သည်။

“အဲဒါဆိုရင် ဒါရိုက်တာဖုန်းရဲ့ အကြံပြုချက် အနေနဲ့ရော”

ဟိုဟိုက်ထောင်က မေးလိုက်သည်။

“ဒီလိုကိစ္စတွေကို ပြောရပြီဆိုမှတော့ အရင်းအနှီးနဲ့ ငွေကို ထုတ်ပေးရမဲ့လူက အကြီးဆုံး ရှယ်ယာရှင် ဖြစ်သင့်တယ်။ ထပ်ပြောရရင် ကျွန်တော်က ရေနွေးငွေ့စက်ရဲ့ အပြင်ပိုင်းကို ဒီဇိုင်း ဖန်တီးတဲ့လူ။ ဈေးကွက်ရဲ့ အခြေအနေ အရောင်းလမ်းကြောင်း အမှတ်တံဆိပ်နဲ့ အဲဒါတွေ အကုန်လုံးက ကျွန်တော်ရဲ့ အကြံဉာဏ်တွေပဲ။ အဲဒါကြောင့် ကျွန်တော်အနေနဲ့ အမြတ်ကို 80% ယူပြီးတော့ ကျန်တဲ့ ရှယ်ယာကိုတော့ ခင်ဗျားတို့နှစ်ယောက် ခွဲယူနိုင်တယ်”

“မဖြစ်နိုင်တာ”

ဟိုဟိုက်ထောင်နှင့် လီရှစ်ယုံက တစ်ချန်တည်း တစ်သံတည်းတွင် ထွက်လာကြသည်။ တစ်ယောက်က 80% ရှယ်ယာကို ရယူပြီး ကျန်သည့် အစိုးရပိုင် စက်ရုံက ကျန်သည့် 20%ကို ယူရမည်လော။ ထိုအရာက အဓိပ္ပာယ် မရှိသည်ပင်။

“ကောင်းပြီ ကောင်းပြီ။ ကျွန်တော် ခြေလှမ်းတစ်လှမ်း နောက်ဆုတ် လိုက်မယ်။ ကျွန်တော် အနည်းဆုံး 30% လိုချင်တယ်”

လီရှစ်ယုံက ပြောလိုက်သည်။

“အဲဒါကလည်း အတူတူပဲ။ ငါလည်း 30% ယူမယ်။ မင်းက ကုမ္မဏီရဲ့ အကြီးမားဆုံး ရှယ်ယာ 40% ဖြစ်တယ်မလား။ အဲဒီနည်းနဲ့ အဆင်ပြေနိုင်တယ်မလား”

ဖုန်းယွီက ရယ်ကာ ထိုထိတ်လန့်နေသည့် လူအိုနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့အနေဖြင့် ရှယ်ယာ 60% ရမည်ပင်။ အကယ်၍ သူတို့အတူတူ အလုပ်လုပ်ပါက သူတို့သည် ဖုန်းယွီ ဆုံးဖြတ်သမျှ အရာရာတိုင်းကို ပယ်ချမည်ပင် ဖြစ်ပေသည်။

“ကျွန်တော်လည်း ပေးနိုင်ပါတယ်။ ခင်ဗျားတို့ နှစ်ယောက်စလုံး အနေနဲ့ 15% အများဆုံးရမယ်။ ကျွန်တော် 70% လိုချင်တယ်”

လူတိုင်းက မဖြစ်နိုင်သည့် တောင်းဆိုမှုများကို ပြုလုပ်သည့်အခါ ဖုန်းယွီသည် သူ့အား ယခု ပရောဂျက်မှ ကန်ဂျောက်ပြီး သူတို့ကိုယ်သူတို့ ဘယ်လို လုပ်မည်ဆိုတာကို မြင်ချင်သေး၏။

“ဒါရိုက်တာဖုန်း အရမ်းလောဘ မကြီးနဲ့လေဗျာ။ ဒါက သုံးဦးဆိုင် ပူးပေါင်း ဆောင်ရွက်မှုပဲ။ ကျွန်တော်တို့ လိုချင်တဲ့ဟာက သုံးပုံတစ်ပုံတောင် အောက်တောင် ရောက်နေပြီ”

ဟိုဟိုက်ထောင်သည် အေးစက်သည့် လေသံဖြင့် ပြောလိုက်၏။

“တကယ်ကြီးလား။ ဒါပေမဲ့ ခင်ဗျားတို့တွေရဲ့ အားထုတ်မှု အရဆိုရင် သုံးပုံတစ်ပုံကလွဲ လုံးဝမတန်ဘူး”

“ငါ 25% လိုချင်တယ်”

လီရှစ်ယုံက ပြောလိုက်သည်။ သူက ဆက်ပြောလိုက်၏။

“ကျွန်တော်တို့ အနေနဲ့ ဒီထက်ရတာ နည်းမယ်ဆိုရင် စက်ရုံကလူတွေကို ကျွန်တော်အဖြေ ပြန်မပေးနိုင်တော့ဘူး”

ဟိုဟိုက်ထောင် ဘာမှမပြောရသေးခင် ဖုန်းယွီက ရယ်လိုက်ကာ-

“ဒါရိုက်တာဟိုလည်း 25% လိုချင်နေတာလား။ ခင်ဗျားတို့ အားလုံးကို ကျွန်တော် ပွင့်ပွင့်လင်းလင်း ဝန်ခံမယ်။ ကျွန်တော် အနေနဲ့ ဒီရေနွေးငွေ့စက် ပုံစံအသစ်မှာ 50% ရှယ်ယာထက် ပိုပြီးတော့ လိုချင်တယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ ခင်ဗျားတို့ နှစ်ယောက်စလုံးကို တစ်နှစ်ကိုရူပယ် တစ်သန်းထက် မနည်းရစေဘူးလို့လည်း အာမခံတယ်”

“ဘယ်လောက် ”

ဟိုဟိုက်ထောင်၏ မျက်လုံးများက ကျယ်လာသည်။

“ရူပယ်တစ်သန်း ခင်ဗျားတို့ နှစ်ယောက်လုံး ရှယ်ယာ 20% စီ ပိုင်ဆိုင်ကြတယ်။ လေယာဉ်ထုတ် စက်ရုံအနေနဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှုကို လုပ်ပေးရမယ်။ စက်ပစ္စည်း စက်ရုံအနေနဲ့ ထုတ်လုပ်မှုကို လုပ်ပေးရမယ်။ ကျွန်တော်က ငွေရေးကြေးရေးနဲ့ အရောင်းပိုင်းမှာ တာဝန်ယူမယ်။ အကယ်၍ ကျွန်တော် ဒီပရောဂျက်ကို ခင်ဗျားတို့ကို လက်လွှဲ ပေးလိုက်မယ်ဆိုရင် ရူပယ်တစ်သန်း အမြတ်ရမယ်လို့ အာမခံလား။ ပြီးတော့ လေယာဉ်ထုတ် စက်ရုံကနေပြီးတော့ သုတေသနနဲ့ ဖွံ့ဖြိုးမှု ရလဒ်တွေ အကုန်လုံးက ကျွန်တော်နဲ့ပဲ သက်ဆိုင်တယ်။ ကျွန်တော် တစ်ယောက်တည်းကပဲ အကြံဉာဏ်တွေကို တွေးခဲ့တာ ဖြစ်ပြီးတော့ ဒီသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ကျွန်တော် တစ်ယောက်ကပဲ ငွေစိုက်ထုတ် ထားရတာ။ ဒါကြောင့် ရလဒ် အနေနဲ့လည်း ကျွန်တော်နဲ့ပဲ သက်ဆိုင်သင့်တယ်။ ခင်ဗျားတို့ နှစ်ယောက်စလုံး အနေနဲ့ ခင်ဗျားတို့ရတဲ့ ရှယ်ယာပေါ်မှာ မူတည်ပြီးတော့ အကျိုးအမြတ်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနိုင်တယ်။ ခင်ဗျားတို့တွေကို ကျွန်တော် ဆယ်နှစ် စာချုပ်ချုပ်ဆိုမယ်။ အဲဒီစာချုပ်ထဲမှာ နှစ်စဉ်နှစ်တိုင်းမှာ အနည်းဆုံး ရူပယ်တစ်သန်း အမြတ်ရမယ်လို့ ပါမယ်”

ဖုန်းယွီက အမေရိကန်ဒေါ်လာဟု မပြောဘဲ ရူဘယ်ဟု တမင်တကာ ပြောလိုက်ခြင်း ဖြစ်ပေသည်။ သူသည် နောက်နှစ်နှစ်ခန့်အကြာတွင် ရူပယ်ငွေကြေး တန်ဖိုးများ လုံးဝ လျော့သွားမည်ကို သိပေသည်။ ထိုအချိန်တွင် ရူပယ်၏ ငွေကြေးတန်ဖိုးမှာ ဂျပန်ယမ်ထက်တောင် နည်းမည်ပင် ဖြစ်ပေသည်။ အကယ်၍ သူမျှော်မှန်း ထားသလို ရေနွေးငွေ့စက် အရောင်းက မကောင်းပါက သူ့အနေဖြင့် ရူပယ်နှစ်သန်းကို မြန်မြန်ရှာနိုင်ပေ၏။

ဆယ်နှစ်ကြာ စာချုပ်သည် အချိန်အကြာကြီးဟု ထင်ရသည်။ သို့သော် ထိုအရာက မူပိုင်ခွင့် အကာအကွယ်အတွက် အချိန် သတ်မှတ်ချက်ပင် ဖြစ်ပေသည်။ အကယ်၍ သုံးဦးဆိုင် သဘောတူညီမှုက အလုပ်မဖြစ်ပါက ဖုန်းယွီအနေဖြင့် မည်သည့် အချိန်မဆို သူ့စိတ်တိုင်းကျ ထွက်နိုင်သည်။ ဖုန်းယွီက သူတို့အား ပေးသည်မှာ တစ်နှစ်ကို ရူပယ်တစ်သန်းသာ ပေးရန်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ မူပိုင်ခွင့် အားလုံးသည် သူ့လက်ထဲတွင်သာ ဖြစ်ပေသည်။

လီရှစ်ယုံက ဟိုဟိုက်ထောင်ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ငါတို့သဘောတူတယ်”

***

All Chapters