← Chapters

နိုင်ငံခြားသားကို တရားစွဲဆိုသည့်ကလေးတစ်ယောက်

Vol. 8 Ch. 113

နိုင်ငံခြားသားကို တရားစွဲဆိုသည့်ကလေးတစ်ယောက်

Vol. 8 Ch. 113

ရွှေသွားနှင့်လူက ချက်ချင်းပင် ထွက်သွားသည်။ ထိုဆယ်ကျော်သက်သည် သူ၏အိတ်ထဲမှ ချက်ချင်းပင် ယွမ်ရှစ်သောင်းကို ထုတ်နိုင်သည်။ ပြီးနောက် ထိုအိတ်ထဲတွင်လည်း ပိုက်ဆံ အများအပြား ရှိနေဆဲပင်။ သူသည် တစ်နှစ်တွင် ယွမ်သုံးသောင်းသာ ရသည်။ ပြီးနောက် ဖုန်းယွီက ယွမ်ရှစ်သောင်းကို လွယ်လင့်တကူ ထုတ်လိုက်သည်။ ထိုအဓိပ္ပာယ်က သူ၏စီးပွားရေး အနေဖြင့် ဖုန်းယွီနှင့် ယှဉ်ပါက ဘာမှ မဟုတ်သည်ပင် ဖြစ်သည်။

ရွှေသွားနှင့်လူက ချက်ချင်းပင် ထွက်ခွာသွားသည်။ အုတ်အော်သောင်းနင်း ဖြစ်ပွားနေမှုကို ကြည့်ရှုနေသည့် သူများက ဖုန်းယွီသည် သူ့ပိုက်ဆံများကို ထုတ်လိုက်သည့်အခါ ထိတ်လန့် သွားကြတော့သည်။

လီရှစ်ချင်ကို သိသည့်သူ အများစုက အချင်းချင်း တီးတိုး ပြောနေကြသည်။ သူတို့သည် လီရှစ်ချင် ချမ်းသာမှန်း သိသည်။ သို့သော် လီရှစ်ချင် အနေဖြင့် ထိုမျှချမ်းသာမှန်း မည်သူမှ မသိခဲ့ပေ။ အကယ်၍ သူတို့သာဆိုပါက သူတို့သည်လည်း စာတိုက်အလုပ်ကို ထွက်ရန် ရွေးချယ်မည်ပင် ဖြစ်သည်။ စာတိုက်တွင် အလုပ်လုပ်နေသည့် သူများအနေဖြင့် ပေဂျာ သို့မဟုတ် ကားလေး တစ်စီးတောင် မတတ်နိုင်ကြပေ။

ပေဂျာများ အားလုံးကို အသက်သွင်းပြီး လီရှစ်ချင်က သူ၏ လုပ်ဖော်ကိုင်ဖက် ဟောင်းများနှင့် တစ်ခဏကြာ ပြောပြီး ထွက်ခွာသွားသည်။ သူ၏ အရင်လုပ်ဖော် ကိုင်ဖက်များက သူဌေးတစ်ယောက်ပမာ သူ့ကို ဆက်ဆံခြင်းက သူ့ကို နေမထိထိုင်မသာ ဖြစ်စေသည်။

ရုံးသို့ ရောက်သည့် အချိန်တွင် ဖုန်းယွီက သူ၏ဝန်ထမ်းများကို ပေဂျာများကို ထုတ်ပေးပြီး နှစ်သစ်ကူး အပိုဆုအဖြစ် ဤပေဂျာများကို ပေးကြောင်း ပြောလိုက်သည်။

ဝူကျီကန်းနှင့် ကျန်သည့်သူများက ထိတ်လန့် သွားကြသည်။ သူတို့အနေဖြင့် ယခုနှစ်တွင် အပိုဆုငွေ ခပ်ကြီးကြီး ရမည်ကို သိသည်။ ဖုန်းယွီ၏ ရက်ရောမှုကြောင့် အပိုဆုအနေဖြင့် ယွမ်တစ်ထောင်အောက် နည်းနိုင်မည် မဟုတ်ပေ။ သို့သော် သူတို့အနေဖြင့် ပေဂျာ တစ်ခုစီကို ဖုန်းယွီက ပေးမည်ကိုတော့ သူတို့အနေဖြင့် လုံးဝ မမျှော်လင့်ခဲ့ပေ။ ယင်းပေဂျာများ၏ တန်ဖိုးက တစ်ခုလျှင် ယွမ်လေးထောင် ရှိပေသည်။

ဖုန်းယွီက လူတိုင်းကို အားပေးလိုက်သည်။ သူတို့အား နှစ်သစ်မတိုင်ခင် စီးပွားရေးနှစ်ခု ရှိသေးကြောင်း ပြောလိုက်သည်။ တစ်ခုမှာ သွင်းကုန်ဖြစ်ပြီး အခြားတစ်ခုမှာ တင်ပို့ကုန်ဖြစ်သည်။ ထို့နောက် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်သည် ဆယ့်ငါးရက်ကြာမည် ဖြစ်ကြောင်း လူတိုင်းကို ပြောလိုက်သည်။ ထိုခေတ်အခါက တရုတ်ပြည်တွင် တရားဝင် အားလပ်ရက် ပေါ်လစီ မရှိသေးပေ။ သို့သော် ထိုက်ဟွ ကုန်သွယ်ရေးတွင် လုပ်ကိုင်သည့်သူများ အနေဖြင့် ထိုကဲ့သို့သော အကျိုးကျေးဇူးများကို ခံစားနိုင်ပေသည်။

လူတိုင်းက ပျော်ရွှင်နေကြသည်။ ယင်းက ရက်ရှည် အားလပ်ရက်ဖြစ်ပြီး သူတို့အနေဖြင့် ပျော်ရွှင်နိုင်ပေ၏။

***

သုံးရက် ကြာပြီးနောက် ကီရီလန်ကိုထံမှ ဖုန်းခေါ်ဆိုမှု တစ်ခုကို ဖုန်းယွီက လက်ခံရရှိခဲ့သည်။ ထရပ်ကား ယာဉ်တန်းစုမှာ သူတို့၏ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်သည်။ ဘင်းမြို့တော်သို့ ရောက်ရန် အချိန်က နှစ်ရက် ဖြစ်ပေသည်။

ဖုန်းယွီက အပျော်လွန်သွားသည်။ ထိုယာဉ်စုက နောက်ဆုံးတွင် ရောက်လာသည်ပင်။ ကီရီလန်ကို၏ အကူအညီဖြင့် ယင်းယာဉ်စုတွင် ဂက်စ် ကုန်တင်ကား ရှစ်ဆယ်ပါဝင်ပြီး ထိုပေါ်တွင် ထောင်ပေါင်း များစွာသော ရေခဲကွန်ပရက်ဆာများကို သယ်ထားသည်။ ထိုကွန်ပရက်ဆာများက ရေခဲသေတ္တာအဖြစ် စက်ပစ္စည်း စက်ရုံတွင် ပြောင်းလဲမည်ဖြစ်သည်။

ထိုကွန်ပရက်ဆာများသည် အလွန် စျေးချိုသည့် အတွက် ရေခဲသေတ္တာများ၏ စျေးနှုန်းသည်လည်း အလွန် နည်းမည်ပင်။ ထို့ကြောင့် လက်လီစျေးသည် အလွန် မများနိုင်ပေ။ ဖုန်းယွီအနေဖြင့် အမြတ်ကို တွက်ကြည့်သည့်အခါ ယွမ်တစ်သိန်းကျော်ခန့် ကျန်မည်ပင် ဖြစ်သည်။

ဤနေ့က ဘင်းမြို့တော်၏ လမ်းမများတွင် ရှည်လျားသည့် ဂက်စ်ကုန်တင်ကားများဖြင့် ရှိနေတော့သည်။ ထိုယာဉ်တန်းသည် အလွန် ရှည်လျားပြီး လူအများ၏ စိတ်ဝင်စားမှုကို ရနေသည်။

ထိုထရပ်ကားများသည် ဆိုဗီယက် ပြည်ထောင်စုမှ ထုတ်ကုန်များကို လာပို့ဟန် တူသည်။ အဘယ့်ကြောင့် ရထားတွဲကို အသုံးမပြုဘဲ ယာဉ်များကို ကုန်တင်ဖို့အတွက် ပို့ဆောင်ရသနည်း။

နောက်ပိုင်းတွင် လူတိုင်းက ထိုကုန်တင်ကားများသည် စက်ပစ္စည်း စက်ရုံသို့ သွားကြောင်း သတိပြုမိ သွားသည်။ ထိုအရာက စက်ပစ္စည်း စက်ရုံ၏ ဆိုဗီယက် ပြည်ထောင်စုထံမှ အမှာစာများလော။ သို့သော် စက်ပစ္စည်း စက်ရုံမှ ထိုကိစ္စနှင့် ပတ်သက်၍ မကြားဖူးပေ။ ဒါရိုက်တာလီက စက်ရုံကို ထိုအကြောင်းအရာက လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရန် ညွှန်ကြားထားသည်။

ထိုအရာက နိုင်ငံပိုင်စက်ရုံ အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုသည့်အခါ သိက္ခာကျခြင်းပင် ဖြစ်ပေသည်။ သူတို့က လေနှင့်မိုးပန်ကာများ ထုတ်လုပ်သည့် သူများ ဖြစ်ကြောင်းကို မဝန်ခံပေ။ ထိုက်ဟွ ရေခဲသေတ္တာများလည်း ထိုနည်းအတိုင်းပင် ဖြစ်မည်ပင်။

ဖုန်းယွီသည် ထိုရေခဲသေတ္တာများကို ထိုက်ဟွ အမှတ်တံဆိပ် အောက်တွင် မှတ်ပုံတင်ထားသည်။ သူ့အနေဖြင့် ရေခဲသေတ္တာ စီးပွားရေးကို ချဲ့ထွင်ရန် မစီစဉ်ထားပေ။ ဖုန်းယွီသည် ရေခဲသေတ္တာ အမျိုးအစားမှလွဲ၍ ကျန်သည့် ရေခဲသေတ္တာများ အကြောင်းကို မသိပေ။ ထိုရေခဲကွန်ပရက်ဆာများကို ထုတ်လုပ်သည့် စက်ရုံသည် ကီရီလန်ကိုနှင့် ဆက်သွယ်သည့်အချိန်တွင် ပိတ်သိမ်းလုနီးပါး အခြေအနေတွင် ဖြစ်နေသည်။ သို့သော် ဖုန်းယွီသည် ထိုစက်ရုံ၏ ထုတ်လုပ်သည့် လမ်းကြောင်းကို စိတ်ဝင်စားသည်။ သူ့အနေဖြင့် ထုတ်လုပ်သည့် လမ်းကြောင်းများကို တင်သွင်းနိုင်ပြီး ထိုအရာအား ရေခဲသေတ္တာများ ထုတ်လုပ်သည့် စက်ရုံများကို ရောင်းချနိုင်ပေသည်။

ဖုန်းယွီသည် လေနှင့်မိုး အမှတ်တံဆိပ်၏ ပုံရိပ်နှင့်တန်ဖိုးကို မထိခိုက်စေလိုသည့် အတွက်ကြောင့် သူ့အနေဖြင့် ထိုက်ဟွ အမှတ်တံဆိပ်ကို အသုံးပြုခဲ့သည်။ အစက ဖုန်းယွီသည် ရှစ်ချင် အမှတ်တံဆိပ်အဖြစ် သုံးရန် ဆန္ဒရှိခဲ့သည်။ သို့သော် လီရှစ်ချင်က ငြင်းဆိုလိုက်သည်။ ဖုန်းယွီ၏ ရေခဲသေတ္တာအပေါ် ထုတ်ထားသည့် ဒီဇိုင်းများက အလွန် ထူးဆန်းပေသည်။ ထိုအရာက တံခါးနှစ်ခုပါ ရေခဲသေတ္တာဖြစ်သည်။ မည်သူက ထိုကဲ့သို့သော ကြီးမားသည့်ရေခဲသေတ္တာကို ဝယ်မည်နည်း။ မည်သူက ထိုကြီးမားသည့် ရေခဲသေတ္တာထဲတွင် ပစ္စည်း ဘယ်လောက်များများ ထည့်မည်နည်း။ ပြီးနောက် ထိုအရာသည် လျှပ်စစ်ကိုလည်း ဖြုန်းတီးရာ ရောက်ပေ၏။

ထိုအရာက အရေးမကြီးပေ။ ဖုန်းယွီ၏ လက်ရှိ ပထမဆုံး လုပ်ရမည်မှာ ကီရီလန်ကို ဘင်းမြို့တော်သို့ ရောက်သည်ကို စောင့်ရန်ဖြစ်ပြီး သူတို့အနေဖြင့် တရားရုံးကို သွားကာ IOU ထိုးရမည်ပင်။ ဖုန်းယွီက တရားရုံးကို သူနှင့်အတူ သွားရခြင်းမှာ ထိုဂက်စ် ကုန်တင်ကား ယာဉ်စုသည် ကီရီလန်ကိုက သူ့ကို ပေးရမည့် အကြွေးဖြစ်ရသည့် အတွက်ပင်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် အခွန်အခများစွာကို ချွေတာနိုင်ပေ၏။

ကီရီလန်ကိုသည် ဘင်းမြို့တော်ကို လာခဲ့ပြီး ညတွင် ရောက်ပေ၏။ ဖုန်းယွီက သူ့ကို ကိုယ်တိုင်ကိုယ်ကျ သွားကြိုခဲ့သည်။ ယခုအခေါက်တွင် ကီရီလန်ကိုက သူနှင့်အတူ လူတစ်ယောက်သာ ပါလာသည်။ ထိုသူက သူ၏ယုံကြည်ရသည့် လက်ထောက် ဖြစ်ပေသည်။ ကီရီလန်ကိုသည် ဘင်းမြို့တော်သို့ လာရခြင်းမှာ ဂက်စ် ကုန်တင်ကား တစ်စုကို ရောင်းချမည်ဖြစ်ပြီး ဖုန်းယွီနှင့် နီးကပ်ချင်သည့် အတွက်ပင်။ ထို့ကြောင့် အနာဂတ်တွင် သူသည် သူ၏အရင် မိတ်ဖက်များနှင့် အလုပ်တွဲလုပ်မည် မဟုတ်ဘဲ ဖုန်းယွီနှင့်သာ တစ်ယောက်တည်း အလုပ်လုပ်မည်ပင်။

***

“မင်းက ဘာပြောလိုက်တာလဲ၊ မင်းက နိုင်ငံခြားသား တစ်ယောက်ကို တရားစွဲချင်တာလား ”

တရားရုံးရှိ လူပုဂ္ဂိုလ် တစ်ယောက်က အလွန် အံ့ဩသွားသည်။ ထိုအရာက မယုံကြည်နိုင်စရာ ကောင်း၏။

နိုင်ငံခြားသားသည် ဆိုဗီယက် ပြည်ထောင်စုမှ ဖြစ်ပြီး မင်းက သူ့ကို တရားစွဲချင်တာလား။ ထိုအရာက တရုတ်နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေပြီး နှစ်နိုင်ငံ၏ ဆက်ဆံရေးကို အန္တရာယ်ပြုနိုင်သည် မဟုတ်ပါလော။

အကယ်၍ ဆိုဗီယက် ပြည်ထောင်စု သံရုံးသာ ယင်းအကြောင်းကို သိပါက ထိုအရာက ခေါင်းကြီးပိုင်း ဖြစ်သွားပေမည်။ သူတို့၏ မြို့တော်မှာ ရှိသည့် တရားရုံးလေး အနေဖြင့် နိုင်ငံခြားသား တစ်ယောက်ကို တရားမစွဲဆိုရဲပေ။

“သူက နိုင်ငံခြားသား ဖြစ်တော့ရော ဘာအရေးလဲ၊ စာချုပ်ထဲမှာ ရေးထားတဲ့ အတိုင်းပဲ၊ သူက ကျွန်တော့်ဆီက ပိုက်ဆံ အများကြီးကို ချေးယူခဲ့ပြီး ဒီကုန်တင်ကားတွေကို အပေါင်ခံ ပစ္စည်းအဖြစ် ထားခဲ့တယ်၊ အခုသူမပေးနိုင်တော့ ဒီကုန်တင်ကားတွေက ကျွန်တော်ပဲ ပိုင်သင့်တယ်၊ အဲ့တာက ဘာပြဿနာ ဖြစ်နေလို့လဲ ”

ဖုန်းယွီက တရားရုံး ဝန်ထမ်းကို ကြည့်လိုက်သည်။ ကျေးဇူးပြုပြီး ငါ့ကို ဒီအမှုနဲ့ လာမပတ်သက်ပါနဲ့။ ဒီကိစ္စက ရိုးရှင်းပေမယ့် ထိလွယ်ရှလွယ်တယ်။

“ကလေး မင်းတို့တွေ ဒီဟာကို တခြားမှာ သွားလုပ်လို့ ရနိုင်ဘူးလား၊ ငါတို့ရဲ့တရားရုံးက နိုင်ငံခြားသားကို တရားစွဲနိုင်လောက်တဲ့ထိ အာဏာမရှိဘူး၊ ဘာကြောင့် အဆင့်မြင့် တရားရုံးတော်ကို မသွားရတာလဲ ”

ဝန်ထမ်းက ဒုက္ခတွေ့နေသည်။ ဖုန်းယွီပြောသည်က မမှားပေ။ သို့သော် သူသည် ထုံးတမ်း စဉ်လာများကိုတောင် ဂရုမစိုက်သည့်သူဖြစ်၏။

“ကျွန်တော်တို့တွေက ဒီအကြောင်းကို ဆွေးနွေးပြီးပြီ၊ ပြီးတော့ သူကလည်း သဘောတူတယ်၊ တကယ်လို့ ခင်ဗျား ကျွန်တော့်ကို မယုံဘူးဆိုရင် ဒီက ဘာသာပြန်လူကို မေးလို့ရတယ်၊ ကျွန်တော် အရာရှိကို မလိမ်ဘူးနော်၊ ကျွန်တော် သူ့ရဲ့ passport တောင်မှ ယူခဲ့သေးတယ် ”

သေချာသည်မှာ ကီရီလန်ကိုလည်း သဘောတူသည်။ သူတို့ နှစ်ယောက်က အတူတကွဖြစ်၏။ သူတို့သည် များပြားသည့် အခွန်ငွေကို ရှောင်ရန် လုပ်လိုက်ခြင်းပင် ဖြစ်ပေသည်။

ဝန်ထမ်းက ကံမကောင်းသည့် သူတစ်ယောက်ပမာ ခံစားနေရသည်။ အဘယ့်ကြောင့် ယနေ့ တာဝန်ကျသည့်သူမှာ သူဖြစ်နေရသနည်း။ အဘယ့်ကြောင့် တခြားဝန်ထမ်းက သန့်စင်ခန်းကို သွားနေရသနည်း။ အကယ်၍ သူ ယခုကဲ့သို့ ဖြစ်မည်ကို သိပါက သူသည်လည်း သန့်စင်ခန်းသို့ သွားမည်ပင်။ သူက ထိုအလုပ်ကို လုပ်မည့်အစား အလုပ်ပြေးရန် ရွေးချယ်မည်ပင် ဖြစ်သည်။

ဖုန်းယွီက ယင်းသို့ဖြစ်မှာကို အလွန်စိုးရိမ်နေသည်။ ထို့ကြောင့် သူက ဘာသာပြန်သူပါ တစ်ခါထဲ ခေါ်ခဲ့သည်။ ထိုဘာသာပြန်သည် တက္ကသိုလ်မှ ဆရာတစ်ယောက်ဖြစ်ပြီး အလွန်များပြားသည့် ငွေကြေးဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်များက သူတို့အနေဖြင့် တရားရုံးတွင် ရှိနေရမည်ကို ကြားသောအခါက အလုပ်ကို ငြင်းဆို လိုက်ကြသည်။ ယခုလက်ရှိတွင် လူတိုင်းက တရားရုံးတော်တွင် ဘာမှ မလုပ်ချင်ကြပေ။

“အမိန့်တစ်ခုချရုံနဲ့ ဒီကိစ္စတွေ အကုန်လုံးက ရှင်းလင်းပြီးသား ဖြစ်သွားမှာ၊ ဒီမှာ ဘာတွေ စိုးရိမ်စရာတွေ ရှိသေးတာလဲ၊ ကျွန်တော့် အနေနဲ့ ဂျူရီအဖွဲ့က ဆုံးဖြတ်တဲ့စာကို နောက်ပိုင်းမှာ ရနိုင်မလား ”

ဖုန်းယွီက ဝန်ထမ်းကို အလောတကြီး ပြောနေသည်။ သူသည် ထိုကုန်တင်ကားများ အတွက် စာရွက်စာတမ်းများကို စာရင်းရှင်းရန် လိုနေသေးသည်။

ဝန်ထမ်းက ဖုန်းယွီကို တစ်ခဏကြာ စောင့်ရန် ပြောသည်။ အကြောင်းမှာ သူသည် သူ၏ ခေါင်းဆောင်များကို တင်ပြရန်လိုသည့် အတွက် ဖြစ်သည်။ ဝန်ထမ်းသည် အလွန်ကို သိချင်စိတ် ပြင်းပြနေသည်။ အဘယ်ကြောင့် နိုင်ငံခြားသားက စိတ်မဆိုးပဲ နေနေသနည်း။ သာမန်လူ တစ်ယောက်အနေဖြင့် တစ်ယောက်ယောက်က တရားစွဲဆိုသည့်အခါ စိတ်မကောင်း ဖြစ်ကြသည်။ တကယ်လို့ သူက ရူးနေတာ မဟုတ်ဘူး ဆိုရင်တောင် ခံစားချက် တစ်ခုခု ပြနေရမှာလေ။ ဘာလို့ ဒီနိုင်ငံခြားသားက ပြုံးနေရာတာလဲ။ သူ့ရဲ့ဦးနှောက်က တစ်ခုခုများ ထိခိုက်ထားသည်လော။

ကီရီလန်ကိုသည် ထိုဝန်ထမ်းက သူ့ကို အရူးတစ်ယောက်ဟု တွေးနေသည်ကို မသိပေ။ ပြီးနောက် ကီရီလန်ကိုသည် သူ့ကို ကမ္ဘာပေါ်တွင် အလှပဆုံး အပြုံးတစ်ခု ပြုံးပြနေသည်။ ကီရီလန်ကို အတွက်မူ ထိုအရာက သူ၏အကောင်းဆုံး အပြုံး ဖြစ်သည်။ သို့သော် အခြားသူများ အတွက်မူ သူက အရူးတစ်ယောက်ပမာ ပြုံးနေခြင်း ဖြစ်ပေသည်။

တစ်ခဏ ကြာပြီးနောက် ခေါင်းဆောင်နှင့် တူသည့် လူတစ်ယောက်က လာကာ ကီရီလန်ကိုကို စကားပြောသည်။ ထိုခေါင်းဆောင်သည် ကီရီလန်ကို၏ အဖြေဖြင့် ထိုရုရှားနိုင်ငံသား တစ်ယောက် အနေဖြင့် ယင်းကဲ့သို့ ပြဿနာမျိုး ကြုံတွေ့ရသည်ကို သိရှိသွားသည်။ သူက ကီရီလန်ကို၏ passport ကို စစ်ဆေးကြည့်ပြီးနောက် ဖုန်းယွီကို မေးရန်စောင့်နေသည်။

ခေါင်းဆောင်သည် ယင်းကိစ္စကို သူ၏အထက် လူကြီးများအား တင်ပြလိုက်သည်။ နောက်ဆုံးတွင် ထိုကိစ္စသည် ပြည်နယ်အစိုးရ၏ ဖြေရှင်းမှုအောက်တွင် ရောက်သွားသည်။ ထိုသူက အလွန် စီနီယာကျသည့် ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး တရားရုံးတော်ကို ရှေ့ဆက်လုပ်ရမည့် ဆုံးဖြတ်ချက်များကို ပေးနိုင်သည်။ ထိုခေါင်းဆောင်များသည် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံသားဖြစ်မှုကို ဂရုမစိုက်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က တရုတ်နိုင်ငံတွင် အမှားလုပ်မိပါက တရားဥပဒေအရ အပြစ်ပေးခံရမည်ပင် ဖြစ်သည်။ သူက ယင်းကိစ္စကို တရားရုံးတော်ကို သူ၏ ပုံမှန်ကိစ္စများ အတိုင်း ညွှန်ကြားကာ ပုံမှန်အတိုင်း စီရင်ချက်တစ်ခု ပေးလိုက်သည်။

ထိုလမ်းညွှန်မှုက မြို့တော်တရားရုံး၏ အဆင့်ဆင့်ကို လျင်မြန်စွာဖြင့် ဖြတ်ကျော်သွားသည်။ တရားရုံး ခေါင်းဆောင်များက ညွှန်ကြားချက်ကို မြင်ပြီးနောက် သူ၏လူများကို ထိုအစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ရန် အမိန့်ပေးလိုက်သည်။ နိုင်ငံခြားသားက သဘောတူကတည်းက တရားရုံးသည် အလုပ်ရှုပ်ခံစရာ မလိုတော့ပေ။ နိုင်ငံခြားသားကို ထိုစာရွက်စာတမ်း အပေါ်တွင် လက်မနှိပ်ပြီး တံဆိပ်ရိုက်ရန် တောင်းဆိုလိုက်သည်။ ထိုဂျူရီအဖွဲ့၏ အဆုံးအဖြတ် စာသည် ရုရှားဘာသာ စကားဖြင့်လည်း ရေးထိုးထားပေ၏။

တရားရုံးဝန်ထမ်း အများအပြားက ဖုန်းယွီကို ကြည့်နေသည်။ ထိုကလေးသည် အလွန်ငယ်ရွယ်ပြီး တရားရုံးတွင်တောင် နိုင်ငံခြားသားကို ခေါ်လာပြီး တရားစွဲသည်။ လူတိုင်းက ထိုကလေး၏ နောက်ကွယ်တွင် မည်သူရှိလဲ ဆိုတာကို သိချင်နေကြသည်။

ဖုန်းယွီက တရားရုံး ဝန်ထမ်းများ၏ လျင်မြန် ဖျတ်လတ်သည့် လုပ်ရည်ကိုင်ရည်ကြောင့် အန်ပေါင်း ပေးလိုက်သည်။ တစ်နာရီအတွင်း ဂျူရီအဖွဲ့၏ အဆုံးအဖြတ်စာက ထွက်လာသည်။ ပြီးနောက် ထိုဂက်စ်ကုန်တင်ကား အစီးရှစ်ဆယ်၏ ပိုင်ရှင်သည် တရားဝင်အဖြစ် လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္ပဏီသို့ လွှဲပြောင်း ပေးလိုက်သည်။

***

All Chapters