လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္ပဏီ
Vol. 8 Ch. 114
လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္ပဏီလိမိတက်သည် ဖုန်းယွီ မှတ်ပုံတင်သွင်းထားသည့် ကုမ္ပဏီအသစ် တစ်ခု ဖြစ်သည်။ သို့သော် ထိုကုမ္ပဏီက သူနှင့် မသက်ဆိုင်ပေ။ ထိုကုမ္ပဏီသည် လီရှစ်ချင် အပိုင်ပင်ဖြစ်သည်။
ဖုန်းယွီကြောင့် လီမိသားစုသည် သူတို့၏ အဆင့်အတန်း ရရှိသည်ဖြစ်ကြာင်း သိပေသည်။ သို့သော် လီရှစ်ချင်က သူ၏ယောက်ဖလေး အောက်တွင် အလုပ်လုပ်ခြင်းက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ လီရှစ်ချင်သည် သူ၏ဝေစု ခွဲဝေပြီးနောက် သူကိုယ်တိုင် တစ်စုံတစ်ခု စတင်ချင်ပေသည်။
ထိုအကြံဉာဏ် ဖြစ်ပေါ်ပြီးနောက် အခွင့်အရေးက ရောက်လာခဲ့သည်။ ဖုန်းယွီသည် လော်ဂျစ်စတစ် ကုမ္ပဏီတစ်ခုကို တည်ထောင်စေလိုပြီး ကုန်တင်ကား ယာဉ်စုတောင် ရမည်ပင်။ လီရှစ်ချင်က သူ့အနေဖြင့် လော်ဂျစ်စတစ် ကုမ္ပဏီကို လုပ်ကိုင်လိုကြောင်း ဖုန်းယွီအား ပြောသည်။ ပြီးနောက် သူ့အနေဖြင့် ထိုက်ဟွကုန်သွယ်ရေး၏ ရှယ်ယာများကိုလည်း မလိုချင်ပေ။
ဖုန်းယွီသည်လည်း သဘောတူ လိုက်သည်။ သို့သော်သူက လီရှစ်ချင်ကို ကုမ္ပဏီ၏ နာမည်သည် လေနှင့်မိုးလော်ဂျစ်စတစ်ဟု အမည်သွင်းပြီး ဖြစ်ကြောင်း ပြောသည်။ သူကသူတို့၏ အနာဂတ်တွင် ယှဉ်ပြိုင်မှုများကြား အမှတ်တံဆိပ်ကြား ရင်းနှီးမှုမျိုးကို တည်ထောင်လိုသည်။ ထို့အတွက်ကြောင့် ဖုန်းယွီသည် လီရှစ်ချင်ကို ပိုက်ဆံပမာဏ အများအပြားအား လျော်ကြေးငွေအဖြစ် ပေးရန်ဆန္ဒ ရှိပေသည်။
လီရှစ်ချင်ကလည်း တုံ့ဆိုင်းခြင်း မရှိဘဲ သဘောတူလိုက်သည်။ သူက ကုမ္ပဏီ၏နာမည်ကို ဂရုမစိုက်ပေ။ ပြီးနောက် လျော်ကြေးငွေ အတွက်လည်း မလုပ်တတ်ပေ။ ဖုန်းယွီသည် ကုမ္ပဏီ၏ပိုင်ရှင်ကို လီရှစ်ချင်အဖြစ် ပြောင်းပြီး လီရှစ်ချင်ကို ခွဲတမ်းအဖြစ် ယွမ်တစ်သန်း ပေးလိုက်သည်။ ထိုက်ဟွ ကုန်သွယ်ရေး၏ ရှယ်ယာများသည်လည်း ဖုန်းယွီ၏ နာမည်အောက်သို့ ပြောင်းသွားသည်။ လက်ရှိတွင် ဖုန်းယွီက သူ၏ရာထူးကို ပြောင်းလဲနိုင်ပြီး သူ၏နာမည်ကဒ်တွင် မန်နေဂျာမှ အထွေထွေ မန်နေဂျာအဖြစ် ပြောင်းလဲခဲ့၏။
ဖုန်းယွီသည် ဆယ့်ခြောက်နှစ် ပြည့်ပြီးသည် ဖြစ်သည့်အတွက် သူ၏ နိုင်ငံသားကဒ်လည်း ရရှိပြီဖြစ်သည်။ ထိုအရာက သူလက်ရှိ လုပ်နေသည့် အရာများကို ပိုမိုလွယ်ကူစေသည်။
မြို့တော်၏ သယ်ယူ ပို့ဆောင်ရေး ဌာနသည် သူတို့နှင့် သူငယ်ချင်းဟောင်းများ ဖြစ်ကြသည်။ သူတို့က အရာရှိချုပ်ကို အန်ပေါင်းလက်ဆောင် ပေးပြီးနောက် စာရွက်စာတမ်း ကိစ္စများသည်လည်း လျင်လျင်မြန်မြန်ဖြင့် ပြီးသွားသည်။ ယာဉ်များအားလုံး၏ နံပါတ်ပြားများသည် တစ်ပတ်အတွင်း အဆင်သင့် ဖြစ်သွား၏။
အမှတ်တံဆိပ်(Logo)သစ်ကို ကားများ၏ တံခါးများတွင် မှုတ်ထားသည်။ စက်ခေါင်း ဖုံးတွင်တောင် လေနှင့်မိုး အမှတ်တံဆိပ်ကို ဆေးသုတ်ထားသည်။ လီရှစ်ချင်သည် စစ်ဖက်တွင် အလုပ် လုပ်ကိုင်ခဲ့သည့် ယာဉ်မောင်း တစ်သုတ်ကို ခန့်ထားသည်။ သူတို့အနေဖြင့် ထိုကားများကို မောင်ခြင်းဖြင့် မည်မျှ ရနိုင်မည်နည်း။ သူတို့သည် လေနှင့်မိုး လော်ဂျစ်စတစ်တွင် လုပ်ကိုင်ပါက သူတို့သည် လက်ရှိ လစာထက် 50% ပိုရမည်ဖြစ်ပြီး အပိုစုကြေးငွေများလည်း ရရှိမည်ပင်။
မကြာမီတွင် ထိုယာဉ်မောင်း အလုပ်အတွက် ယာဉ်မောင်း တစ်ရာကျော် လာရောက် လျှောက်ထားကြသည်။ လီရှစ်ချင်သည်လည်း ဖုန်းယွီ၏ အကြံဉာဏ် ပေးမှုနောက်တွင် လုပ်ဆောင်သည်။ ထိုလျှောက်လွှာ တင်သူများကို စစ်ဆေးရန် ဖြစ်ပေသည်။ သူတို့၏ ယာဉ်မောင်း ကျွမ်းကျင်မှုကို စစ်ဆေးရုံ သာမက သူတို့၏ ဘေးကင်းလုံခြုံခြင်း အတိ ရှိမှုနှင့် အထူးသဖြင့် သူတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ဖြစ်ပေသည်။
ဖုန်းယွီက လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္ပဏီသည် အရှေ့မြောက် ဒေသတွင် အနည်းဆုံး ပြည်နယ်သုံးခု ပိုင်ဆိုင်ပြီး မကြာမီတွင် ပေကျင်းမြို့၏ ဈေးကွက်တောင် ရောက်နိုင်မည် ဖြစ်ကြောင်း ပြောသည်။ ထိုယာဉ်မောင်းများ၏ အချိန်အများစုသည် ဘင်းမြို့တော်၏ အပြင်ဘက်တွင်သာ ရှိပြီး ကုန်အပြည့်ဖြင့် ဖြစ်ပေမည်။ အကယ်၍ ယာဉ်မောင်း အနေဖြင့် ကုန်များနှင့် ပျောက်သွားပါက မည်သို့ ဖြစ်မည်နည်း။
ယင်းက လီရှစ်ချင် ကြောက်သည့် အရာပင်ဖြစ်သည်။ ထိုအရာမျိုးက မကြာခင်က ဖြစ်ပွားခဲ့သည့် အရာနှင့် တူပေသည်။ ဖုန်းယွီသည်လည်း ထိုကဲ့သို့ ကိစ္စရပ်များကို သူ၏အရင်ဘဝတွင် အင်တာနက် သတင်းစာ မျက်နှာများမှ ဖတ်ရှုဖူးသည်။ တရားခံကို ဖမ်းမိသည့် အချိန်ကလည်း နှစ်ပေါင်းများစွာ ကြာပြီးမှ ဖြစ်ပေသည်။
သို့သော် လီရှစ်ချင်သည် ဖုန်းယွီ၏ အတွေးထက် ပိုကောင်းပေသည်။ ဖုန်းယွီပြောခဲ့သည့် ယာဉ်မောင်းများ၏ ယာဉ်မောင်း ကျွမ်းကျင်မှုကို စစ်ဆေးရုံသာမက သူ့အနေဖြင့် လမ်းများ၏ ရင်းနှီးမှုကိုပါ စစ်ဆေးသေးသည်။ စစ်ဆေးပြီးနောက် ကျန်ရှိသည့် ယာဉ်မောင်း ရှစ်ဆယ်ကျော်နှင့် အရောင်းသမား ဆယ်ယောက်ကို ခန့်ထားလိုက်သည်။
လီရှစ်ချင်သည် သူက ထိုက်ဟွ ကုန်သွယ်ရေးတွင် လုပ်တုန်းက အရောင်းသမားများ၏ အခန်းကဏ္ဍကို သိပြီးဖြစ်သည်။ အကယ်၍ ရောင်းချရန် အတွက် အရောင်းသမားများ မရှိပါက ကုမ္ပဏီသည် ပို့ဆောင်သူများ ပစ္စည်းပို့တာကိုသာ စောင့်ဆိုင်း နေရမည်ဖြစ်ကာ ကုမ္ပဏီသည်လည်း တစ်နှစ်မှ နှစ်နှစ်အတွင်း ပိတ်သိမ်းရမည် ဖြစ်ပေသည်။
ဖုန်းယွီကသူ့အား ကြော်ငြာတွင်လည်း ကူညီပေးသည်။ ဖုန်းယွီသည် သတင်းစာ အေဂျင်စီနှင့် သူတို့၏ ပြည်နယ်ရုပ်သံလွင့် ဌာနတွင် ကြော်ငြာ စာချုပ်များ ရှိပေသည်။ သူက လေနှင့်မိုး လော်ဂျစ်စတစ်ကို သတိထားမိစေရန်အတွက် ကြော်ငြာများ ဖန်တီးပေသည်။ ပြီးနောက် လူများအား ဘင်းမြို့တော်ရှိ လော်ဂျစ်စတစ် ကုမ္ပဏီတွင် ဂတ်စ်ထရက်ကား အစီးရေ ရှစ်ဆယ်ရှိကြောင်း လူတိုင်းကို သိစေချင်၏။
လေနှင့်မိုး လော်ဂျစ်စတစ် မိုးရွာရွာ နေပူပူ ပို့ဆောင်ပေးမည်။
လူတိုင်းသည် ယင်းကြော်ငြာ၏ ဆောင်ပုဒ်ကို သုံးရက်မကြာခင် မှတ်မိသွားလေသည်။
လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္ပဏီသည် ဘင်းမြို့တော်တွင် နာမည်ကျော်ကြား လာ၏။ ထိုက်ဟွ ကုန်သွယ်ရေး၏ ရုံးသည် သိုလှောင်ရုံများ ထားသည့် ဧရိယာတွင်ဖြစ်ပြီး လီရှစ်ချင်သည် ထိုနေရာရှိ ကုမ္ပဏီပေါင်း များစွာနှင့် ရင်းနှီးပေသည်။
လီရှစ်ချင်သည် ထိုသိုလှောင်ရုံ ဧရိယာရှိ ကုမ္ပဏီတိုင်းကို သွားရောက်လည်ပတ်ပြီး သူတို့ကို လီရှစ်ချင်အနေဖြင့် လော်ဂျစ်စတစ် ကုမ္ပဏီကို တည်ထောင်လိုက်ပြီ ဖြစ်ကြောင်းနှင့် ကုန်တင်ကား အစီးသုံးဆယ်ဖြင့် ဘင်းမြို့တော်မှ ကြည်City၊ ရှမ်းမြို့တော်များကို အလုပ်များ အပ်နိုင်ပြီဖြစ်ကြောင်း သိစေသည်။ မြောက်မြားစွာသော ကုမ္ပဏီများက သူနှင့် လက်မှတ်ထိုးကြသည်။ သူတို့သည် လေနှင့်မိုး လော်ဂျစ်စတစ် ကုမ္ပဏီကို သူတို့၏ ပို့ဆောင်ရေးအဖြစ် အနာဂတ်တွင် အသုံးပြုမည်ဖြစ်သည်။
ဖုန်းယွီသည် လီရှစ်ချင်ကို စက်ပစ္စည်း စက်ရုံနှင့် စက်ယန္တရား ကုမ္ပဏီမှ အမှာစာများကို ပို့ဆောင်ရန် အတွက်လည်း ကူညီပေးခဲ့သည်။ ထိုက်ဟွ ကုန်သွယ်ရေး၏ ပို့ဆောင်မှုနှင့် လေနှင့်မိုး လော်ဂျစ်စတစ်သည် အနာဂတ်တွင် ပိုက်ဆံ ဆုံးရှုံးမည် မဟုတ်ပေ။
သို့သော် အကယ်၍ ကုန်တင်ကားသည် သွားသည့်မြို့သို့ ကုန်အပြည့်ဖြင့် သွားပြီးနောက် ပြန်လာသည့်အခါ ဘာပစ္စည်းမှ မပါသည့် အခါ သူတို့အနေဖြင့် ပိုက်ဆံများ ဆုံးရှုံးနိုင်ပေသည်။ သို့သော် သူတို့သည် သူတို့၏ အကျိုးအမြတ်များကိုလည်း မြှင့်တင်ထားခြင်း မရှိပေ။ ဖုန်းယွီက လီရှစ်ချင်ကို ကြည်မြို့တော်နှင့် ရှမ်းမြို့တော်များတွင် ရုံးခွဲများ ဖွင့်လှစ်ရန် သတိပေးသည်။ ထိုနည်းလမ်းဖြင့် ကုန်တင်ကားများသည် ဒီနှင့်ဟိုကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ဖြင့် သွားနိုင်ပေသည်။ သူတို့သည် နာမည်ကောင်းနှင့် ပို့ဆောင်သူများ ရရန် လက်ရှိတွင် ကြိုးပမ်း တည်ဆောက် ရမည်ပင်။
ရုံးခန်းများ တည်ထောင်ခြင်းက လီရှစ်ချင်သည် အလွန် ဒုက္ခရောက် သွားသည်။ ကုမ္ပဏီတစ်ခုက ထိန်းသိမ်းရန်က သူ့အတွက် အလွန် အလုပ်ရှုပ်နေသည်။ သူ့အနေဖြင့် လက်ရှိတွင် ရုံးခွဲများ တည်ထောင် ရဉီးမည်လား။ ဖုန်းယွီ၏ အကြံဉာဏ်သည် ကျီမြို့တော်နှင့် ရှန်းမြို့တော်တွင် ရုံးခွဲများ ဖွင့်လှစ်ရန်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ မြို့များ အားလုံးတွင် ဖွင့်ရန်ဖြစ်သည်။ ထို့နောက် ဖြည်းဖြည်းချင်း ချဲ့ထွင်သွားပြီး အရှေ့မြောက် ဒေသရှိ ပြည်နယ်သုံးခုရှိ မြို့များတွင် ရုံးခန်းများ ဖွင့်လှစ်ရပေမည်။ ထိုအရာက ပြီးပြည့်စုံသည့် ပို့ကုန်လမ်းကြောင်းကို ခေါ်ဆောင်ခြင်း ဖြစ်ပေသည်။
ထိုအရာက မိုနိုပိုလီကဲ့သို့ တည်ဆောက်ခြင်းမျိုး မဟုတ်သော်ငြား ပို့ဆောင်ရေးလမ်းကြောင်း မြောက်ပါက စီးပွားရေးသည်လည်း ပိုပြီး ကောင်းမွန်လာမည် ဖြစ်ပေသည်။ ယခုတွင် အရှေ့မြောက် ဒေသရှိ ပြည်နယ်သုံးခုတွင် ပုဂ္ဂလိကပိုင် ကုမ္ပဏီများ ပိုပိုများလာသည်။ တောင်တန်း ဒေသများနှင့် လယ်ယာ ဒေသများတွင်တောင် ပို့ကုန် အများအပြား ရောက်ရှိနိုင်ပေသည်။
လီရှစ်ချင်က ထိုအရာများ အားလုံးကို ကြားပြီးနောက် အလွန်စိုးရိမ် ပူပန်သွားသည်။ သူ့အနေဖြင့် အနာဂတ်တွင် ရုံးခွဲ ဘယ်လောက်များများ ထားရမည်နည်း။ ထို့နောက် သူ့အနေဖြင့် အနည်းဆုံး အရောင်းစာရေး တစ်ရာကျော် ငှားရမည်လော။ ကုန်တင်ကား တစ်စီးကို စီမံရခြင်းက လူနှစ်ယောက် သို့မဟုတ် သုံးယောက် လုံလောက်သည်လော။ ထိုကဲ့သို့သော ကိစ္စမျိုးဖြစ်ပါက သူ့အနေဖြင့် အမြတ်ဘယ်လိုလုပ် ရနိုင်မည်နည်း။
ဖုန်းယွီက လီရှစ်ချင်ကို ကောင်းကျိုးနှင့် ဆိုးကျိုးများကို အလေးအနက်ဖြင့် ရှင်းပြလိုက်သည်။ ယခုလက်ရှိ အခြေအနေကို ကနဦး အဆင့်အဖြစ် စဉ်းစားနိုင်ပြီး ငွေမရှုံးခြင်းကသာ ကောင်းမွန်သည့် အရာ ဖြစ်ပေသည်။ ထောက်ပံ့ပို့ဆောင်ရေး အတွက် လိုအပ်ချက်က တဖြည်းဖြည်းချင်း ကြီးမားလာသည်။ သို့သော် သူ့အနေဖြင့် အမှာစာ အများကြီး ရရင်တောင် သူ့အနေဖြင့် ဘာမှဖြစ်မည် မဟုတ်ပေ။ သို့သော် နှစ်နှစ်ခန့် ကြာပြီးနောက် အခြားသူများသည်လည်း လော်ဂျစ်စတစ်ကုမ္ပဏီကို တည်ထောင်ကြပေမည်။ ထိုအချိန်တွင် သူ၏ဈေးကွက် ရှယ်ယာကို ချဲ့ထွင်ဖို့အတွက် ခက်ခဲသွားမည် ဖြစ်ပေသည်။ ထို့အပြင် ထောက်ပံ့ရေး လမ်းကြောင်း တည်ဆောက်ပြီးသည်နှင့် လူတိုင်းက သယ်ယူပို့ဆောင်ရန် လိုအပ်လာသည့်အခါ ပထမဦးဆုံး စဉ်းစားမိမည်က လေနှင့်မိုး လော်ဂျစ်စတစ်ပင် ဖြစ်ပေသည်။ ထိုအချိန်ကျမှ သူ့အနေဖြင့် အမြတ်များကို အများအပြား ရနိုင်ပေ၏။ သူ၏ကုန်တင်ကားများသည် ကုန်အပြည့်ဖြင့် သွားလာနေမည် ဖြစ်ပေသည်။
လီရှစ်ချင်က အနည်းငယ် တွန့်ဆုတ်နေသည်။ သို့သော်သူက ဖုန်းယွီ ပြောသည်မှာ သဘာဝကျမှန်း နားလည်သည်။ သို့သော်သူက ယခုလက်ရှိတွင် အများကြီး ရင်းနှီးမြုပ်နှံမှုက စဉ်းစားဉာဏ် မရှိကြောင်းလည်း တွေးမိသည်။ အဘယ့်ကြောင့် နောက်ထပ် သုံးနှစ်ကို စောင့်မည်နည်း။ သူလက်ရှိတွင် လုပ်မည်ပင်။ ဖုန်းယွီသည် လျှပ်စစ်ထုတ်ကုန်များနှင့် ကုန်သွယ်ရေးအကြောင်း ရင်းနှီးပေသည်။ သို့သော် ထောက်ပံ့ပို့ဆောင်ရေးက ထိုအရာများမှ လုံးဝ ကွဲထွက်နေသည့် အရာဖြစ်ပေသည်။ တိုင်းပြည်၏ မြို့များတွင် ရုံးခန်းများ တည်ဆောက်ခြင်းလား။ မည်သည့် လော်ဂျစ်စတစ် စီးပွားရေးက တိုင်းပြည်၏ မြို့တော်တွင် ရှိမည်နည်း။ သူတို့တွေက သူတို့၏ ကုန်ပစ္စည်းများကို သုံးဘီး အနိမ့်များဖြင့် ပို့ကြပေသည်။
ဖုန်းယွီက သက်ပြင်းချကာ လီရှစ်ချင်ဘက် လှည့်ကာ -
“တကယ်လို့ အစ်ကိုအနေနဲ့ ရုံးခွဲတွေ မတည်ထောင်နိုင်ဘူးဆိုရင် လုပ်ငန်း လုပ်ပိုင်ခွင့်ကို ရယူနိုင်တယ်။ လုပ်ငန်း လုပ်ပိုင်ခွင့်ရှိတဲ့ ဆိုင်တွေက လေနှင့်မိုး လော်ဂျစ်စတစ် အမှတ်တံဆိပ်ကို သုံးပြီး အမှာစာတွေကို ပို့ဆောင်မယ်။ ပြီးတော့ လေနှင့်မိုး လော်ဂျစ်စတစ်က အဲဒီအရာတွေကို ပြည်သူတွေဆီ ရောက်အောင် ပို့ဆောင်ပေးမယ်။ လီရှစ်ချင် လုပ်ရမဲ့ အရာအားလုံးက အဲဒီဈေးဆိုင်တွေကို ကော်မရှင်ခ ပေးရုံပဲ”
ထိုအရာသည် ကုန်တင်ကားများ မြို့တော်သို့ ဗလာဖြင့် ပြန်ခြင်း ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ပေသည်။ လီရှစ်ချင်သည် ပိုက်ဆံများကို ပိုရင်းနှီးရန် မလိုသေးပေ။ နည်းနည်း ကြာပြီးနောက် သူ့အနေဖြင့် လုပ်ငန်းလုပ်ပိုင်ခွင့် ကြေးများကိုတောင် ကောက်ခံနိုင်သည်။ ယခုလက်ရှိတွင် အကယ်၍သူက လုပ်ငန်းလုပ်ပိုင်ခွင့်ကို ကောက်ခံပါက မည်သူမှသူနှင့် လုပ်ကိုင်မည် မဟုတ်ပေ။
အကြံဉာဏ် ပေးမှုကြောင့် လီရှစ်ချင်က နားလည်သွားသည်။ ထိုအရာက ကောင်းမွန်သည့် အကြံဉာဏ်ဖြစ်ပြီး သူ့အနေဖြင့် ပိုက်ဆံများကို ခြွေတာနိုင်ပြီး အရောင်း စာရေးများကိုလည်း အများကြီး ခန့်ထားရန် မလိုအပ်ပေ။
လီရှစ်ချင်က သူ၏ အရောင်းစာရေးများကို အရောင်းအဝယ် လုပ်ရန် ဖုန်းခေါ်ဆိုပြီး သူက ကျန်ရှိသည့် သူ့ဝန်ထမ်းများကို လက်ကမ်း စာစောင်များနှင့် ဓာတ်မီးတိုင်၊ ဖုန်းဆိုင်များတွင် ကြော်ငြာကပ်ရန် ပြောလိုက်သည်။ ထိုအရာ အားလုံးကို ဖုန်းယွီ သင်ထားတာ ဖြစ်သည်။ ထိုခေတ်အခါက ထိုကဲ့သို့ ကြော်ငြာ သေးသေးလေးများကို မည်သူမှ နှောင့်ယှက်မည့်သူ မရှိပေ။ ယခု လက်ရှိတွင်တော့ သူတို့အနေဖြင့် အများပြည်သူပိုင် နေရာများတွင် ကပ်ခွင့်မရှိပေ။
ဖုန်းယွီက စိတ်အား တက်ကြွနေသည့် လီရှစ်ချင်ကို ကြည့်ပြီး သူ၏အရင်ဘဝမှ သိခဲ့သည့် အမှတ်တရများကို ခံစားနေရသည်။
လီရှစ်ချင်သည် ပျော်ရွှင်နေသည်။ သို့သော် ဖုန်းယွီက စိတ်ဓာတ် ကျနေသည်။ လီရှစ်ချင်က သူကိုယ်တိုင် စီးပွားရေးကို လုပ်နိုင်မည်ဖြစ်ပြီး ဖုန်းယွီအနေဖြင့် ထိုက်ဟွ ကုန်သွယ်ရေး၏ တာဝန်များကို ယူရန်အတွက် လူတစ်ယောက် ရှာရပေမည်။ သူသည် ကျောင်းသွားရန် လိုအပ်ပေ၏။
***