← Chapters

ရေခဲပေါက်

Vol. 8 Ch. 116

ရေခဲပေါက်

Vol. 8 Ch. 116

နှစ်သစ်ကူး မတိုင်ခင် နောက်ဆုံး ဝက်အသုတ်များက ဘင်းမြို့တော်၏ သားသတ်ရုံသို့ ရောက်ရှိပြီး ဖြစ်သည်။ စက်ယန္တရား ကုမ္မဏီကို ဝက်သားများ ပို့ပေးပြီးနောက် ကျန်သည့် ဝက်သားများကို ထိုဒေသတွင် ရောင်းပေသည်။

ဖုန်းယွီတို့ ဖြေခဲ့သည့် စာမေးပွဲ ရလဒ်များလည်း ပြန်ရပြီ ဖြစ်ပေသည်။ ယခုအခေါက်တွင် သူက အဆင့်ပိုကောင်းခဲ့သည်။ သူသည် သူ၏အတန်းထဲတွင် အဆင့်(၇)ရခဲ့သည်။ လျိုခွင်က ပုံမှန်အတိုင်း အဆင့်(၁)ရသည်။ သူ၏အဆင့်များက အမြဲတမ်း အကောင်းဆုံး ဖြစ်ပေ၏။ အံ့အားသင့်ဖွယ်က ဖက်တီးမလေးသည် ဒုတိယနေရာကိုရပြီး လီနက တတိယပင်။

ခံပြင်းဖို့ အကောင်းဆုံးက ဝမ်တုန့်ကျွင်းသည် အဆင့်ရှစ် ရရှိခြင်းပင်။ ထိုအရူး၏ ကံတရားက အလွန်ကောင်းခဲ့သည်။ သူသည် တတိယနှစ် ထိပ်တန်း ကျောင်းသားနှင့် စာမေးပွဲတွင် တစ်ခုံတည်း ထိုင်ခဲ့ရပြီး သူ၏ အားအနည်းဆုံး ဘာသာရပ်များက သူအကျွမ်းကျင်ဆုံး ဘာသာရပ်များအဖြစ် ပြောင်းလဲသွားကာ သူတို့၏ အတန်းပိုင် ဆရာတောင် မယုံနိုင်ဖြစ်နေသည်။

သူတို့သည် ရီပို့ကဒ်ကို ရရှိပြီး ဝမ်တုန့်ကျွင်းသည် သူ၏မိဘများကို ပြသပြီး သူ့အနေဖြင့် ကျောင်းတွင် ကောင်းကောင်း စာလုပ်သည့် အတွက် ထိုအဆင့် ရသည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

ဝမ်သဲကွမ်းသည် အပြုံးများဖြင့် ပီတိဖြာနေကာ သိုင်ကျူ တစ်ပုလင်းတောင် ဖောက်လိုက်သည်။ သူ၏သားက ကတိတည်တာပင် ဖြစ်ပေသည်။

နောက်တစ်နေ့ မနက်တွင် ဖုန်းယွီသည် သူ့အိပ်ရာပေါ်တွင် တခေါခေါ အိပ်နေသည်။ တစ်စုံတစ်ယောက်က သူ့တံခါးကို ကျယ်ကျယ်လောင်လောင် ခေါက်မှ သူနိုးပေသည်။

“အိပ်မနေတော့နဲ့။ ငါတို့တွေဒီနေ့ ရေခဲပေါက် သွားတူးမယ်လို့ သဘောတူထားတယ် မဟုတ်ဘူးလား။ အခုချက်ချင်းထ သွားမယ် သွားမယ်”

ဝမ်တုန့်ကျွင်းက သူ၏သံတရွင်းကို သူ၏ ဘယ်ဘက်လက်တွင် ကိုင်ယမ်းပြကာ သူ၏ ဘယ်ဘက်လက်တွင်တော့ တစ်ခုခု ဖွက်ထားသည်။ သူက ထိုအရာကို အဝတ်ဖြင့် တင်းကျပ်စွာ ဖုံးထားပြီး သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှု အပြည့် ဖြစ်ပေါ်နေ၏။

“အစ်ကိုကျွင်း အခုမှရှစ်နာရှိပဲ ရှိသေးတယ်။ ပြီးတော့ မှောင်နေတုန်း။ ကျွန်တော်တို့တွေ နေ့လယ်လောက်မှ သွားလို့မရဘူးလား”

ဖုန်းယွီက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ ဝမ်တုန့်ကျွင်းက ရယ်လိုက်၏။

“အဲဒါဆိုရင် ငါ့ရဲ့အထူး ပြုလုပ်ထားတဲ့ဟာကို သုံးရတော့မဲ့ပုံပဲ”

သူ၏ ဘယ်ဘက်လက်မှ အရာကို ဖုန်းယွီ၏ စောင်အောက်ကို ထားလိုက်သည်။ ဖုန်းယွီက အော်ငိုကာ စောင်ကို ဖယ်လိုက်၏။ ထိုအရာက နှင်းဘောလုံးဖြစ်ပြီး သူ၏လက်သီးဆုပ်စာ ပမာဏခန့် ရှိပေသည်။

ဖုန်းယွီက ထိုနှင်းဘောလုံးကို ကောက်ကိုင်လိုက်ပြီး ဝမ်တုန့်ကျွင်း၏ မျက်နှာကို ပေါက်လိုက်သည်။ သို့သော် ဝမ်တုန့်ကျွင်းက ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။

“မင်းအခု နိုးပြီမလား။ အခုထ ငါအဆင်သင့် ဖြစ်နေပြီ”

ဖုန်းယွီက သူကိုယ်တိုင်သာ တွန်းထရပြီး မနက်စာ စားခဲ့သည်။ သူ၏ကိရိယာများကို ထုတ်ပေးပြီးနောက် သူတို့သည် ငါးဖမ်းပိုက်၊ သံတူရွင်းနှင့် ရေပုံးနှစ်ပုံးကို သူ၏ဒုတိယမြောက် Land Rover ကားပေါ်သို့ မထွက်ခွာခင် တင်လိုက်သည်။ ယမန်နေ့က ဖုန်းယွီသည် ရေခဲငါးဖမ်းခြင်းကို အကြံပေးခဲ့သည်။ သူကလီနကိုလည်း မေးခဲ့သည်။ သို့သော် လီနက စိတ်ဝင်စားမှု မရှိချေ။ ပြီးနောက် လျိုခွင်လည်း မအားပေ။ ထို့ကြောင့် သူနှင့်ဝမ်တုန့်ကျွင်းသာ ကျန်တော့သည်။

သူတို့နှစ်ယောက် အနေဖြင့် မြစ်ကို မရွေးချယ်ကြပေ။ ရေခဲမြစ်တွင် လမ်းလျှောက်ရန်က မလွယ်ကူပေ။ ပြီးနောက် ထိုအရာက အလွန် အန္တရာယ် များပေသည်။ သူတို့သည် ရေအိုင်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာက သူတို့အရင်က သွားဖူးသည့် နေရာပဲဖြစ်ပေ၏။

ပထမဆုံး အနေဖြင့် သူတို့သည် ရေခဲပေါ်ရှိ စီးနှင်းများကို စီနှင်းဖယ်တူရွင်းကို အသုံးပြုကာ ဖယ်ရှားရမည် ဖြစ်ပေသည်။

ဝမ်တုန့်ကျွင်းသည် သူ့လက်မောင်းများကို ဆန့်ထုတ်ပြီး ရေခဲကို သံချောင်းနှင့် စတင် ခွဲတော့သည်။ ရေခဲကို အတန်ကြာ ခွဲပြီးနောက် သူ့အနေဖြင့် ရေခဲကွဲသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်ရပေသည်။ ပြီးနောက် ဖုန်းယွီက ပေါက်ချွန်းကို အသုံးပြုကာ ထိုနေရာ တည့်တည့်တွင် တူးလိုက်သည်။

သူတို့ နှစ်ယောက် စလုံးက တူညီသည့် နေရာတွင် ဆက်လက် ထုခွဲနေဆဲဖြစ်သည်။ ဆယ်မိနှစ်ခန့် ကြာပြီးနောက် သူတို့က တစ်ခဏ အနားယူလိုက်သည်။ ရေခဲ၏ မျက်နှာပြင်ကလည်း အလွန် ကြည်လင်နေပြီး သူတို့၏ ထိုးနှက်ချက်များကြောင့် အပေါက်တစ်ပေါက် ဖြစ်နေသည်။ ဝမ်တုန့်ကျွင်းသည် ဖုန်းယွီထံမှ ပေါက်ချွန်းကို ယူလိုက်ကာ ထိုရေခဲကို ကြိမ်ဖန်များစွာ ထုပြန်သည်။ နောက်ဆုံးတွင် သူက ထူထဲသည့် ရေခဲကို အပေါက် တစ်ပေါက်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။

သူသည် သံချောင်းကို ပြောင်းပြီးနောက် ထိုအပေါက်ကို အကြိမ်ပေါင်း များစွာ ထပ်ထုခဲ့သည်။ ပြီးနောက် ထိုအပေါက်၏ အချင်းသည် နှစ်မီတာခန့် ဖြစ်သွားပေသည်။ သူတို့သည် ပိုက်ကွန်ဖြင့် ရေခဲလေးများကို ခပ်ထုတ်သည်။ ပြီးနောက် သူတို့က ငါးများ၏ အရိပ်အယောင်ကို မြင်နိုင်ပေ၏။

ဆောင်းရာသီတွင် ရေကန်များကခဲပြီး ရေထဲတွင်လည်း အောက်ဆီဂျင် ကင်းမဲ့နေပေ၏။ အကယ်၍ ထိုနေရာတွင် ရေခဲပေါက် တစ်ပေါက် ပေါ်သွားပါက ထိုငါးများသည် ထိုအပေါက်ဆီသို့ ကူးခတ် လာကြသည်။ ညအချိန်တွင် ဖြစ်ပါက ပိုကောင်းပေ၏။ သူတို့အနေဖြင့် အပေါက်မှ စူးရှသည့် ဓာတ်မီးအလင်းရောင် မြင်သည့်အခါ ငါးများသည် ခုန်ထွက်လာကြသည်။

“တစ် နှစ် သုံး မ ”

ဝမ်တုန့်ကျွင်းနှင့် ဖုန်းယွီသည် ပိုက်ကွန်၏ သစ်သားတိုင်ကို ကိုင်ကာ အတူတကွ မလိုက်တော့သည်။ ငါးသေးလေးများသည် ထိုပိုက်ကွန်ထဲကို ခုန်တက်လာကြ၏။

ဖုန်းယွီက ထိုငါးများကို သယ်ရန်အတွက် ရေပုံးတစ်ပုံး ယူခဲ့သည်။ ဖုန်းယွီက သူပုံမှန် တရုတ်အိပ်ငါးများနှင့် ရွှေငါးများကို တွေ့ရမည့်အစား ငါးကြင်းနှစ်ကောင်ကို တွေ့လိုက်ရပြီး ထိုအရာက 0.5 ကီလိုဂရမ် ကြီးပေသည်။ သူတို့သည်ကားက မဆိုးလှပေ။

သူတို့သည် ထိုအပေါက်ထဲသို့ ပိုက်ကွန်ကို ထပ်ချပြီးနောက် ဘယ်နှင့်ညာ လှုပ်ခါယမ်းသည်။ ထို့နောက် သူတို့အနေဖြင့် တစ် နှစ် သုံး မဟူ၍ တစ်ဖန်ပိုက်ကွန်ကို မလိုက်ကြပြန်သည်။

ယခုတစ်ခေါက် ဖမ်းဆီး ရမိသည်ကလည်း သိပ်မဆိုးပေ။ ထိုပိုက်ကွန်ထဲတွင် ငါးသေးလေးများ နည်းသွားသည်။ သို့သော် တစ်ကီလိုဂရမ်ရှိသည့် ငါးခူတစ်ကောင် ဖမ်းမိ၏။

တတိယအကြိမ် သူတို့ ပိုက်ကွန်ကို မလိုက်ကြသည့် အခါတွင် ငါးသေးလေးများသာ ကျန်တော့သည်။ ထိုအဓိပ္ပာယ်က ယင်းရေခဲပေါက် တစ်ဝိုက်တွင် ငါးကြီးများ မရှိတော့သည်ကို ဆိုလိုတာဖြစ်သည်။ သူတို့အနေဖြင့် တခြားတစ်နေရာတွင် နောက်ထပ် အပေါက်တစ်ပေါက် ထပ်တူးရမည်ပင်။

“ဒီမှာ မင်းဒီမှာနေပြီး ငါးသေးလေးသာ ဖမ်းနေလိုက်တော့။ ငါ တခြားနေရာကို သွားပြီးတော့ ရေခဲပေါက် အသစ်တစ်ခု ထပ်တူး လိုက်ဉီးမယ်။ ငါပင်ပန်းတာနဲ့ ငါတို့တွေ ပြောင်းကြတာပေါ့”

အရှေ့မြောက်ပိုင်းဒေသ အထူးသဖြင့် လောင်ကျွမ်း ပြည်နယ်တွင် ရေခဲပေါက် တစ်ပေါက် တူးပြီးနောက် ရေများ မခဲသွားစေရန် ထိန်းသိမ်းရပေမည်။ မဟုတ်ပါက ရေသည် ဆယ်မိနစ်ခန့် မကြာမီ တစ်ဖန် ပြန်ခဲသွားမှာ ဖြစ်သည်။ ထိုရေခဲများက မထူသော်ငြား နင်းမိသည့်အခါ တစ်ဖန်ပြန်ကွဲနိုင်၏။

ဖုန်းယွီက ငါးသေးလေးများကို ပိုက်ကွန်ဖြင့် ဖြည်းဖြည်းချင်း ကောက်နေသည်။ ငါးများက ပိုနည်းလာသည် ဖြစ်သည်။ သူပိုက်ကွန်ကို မလိုက်သည့် အချိန်တိုင်း သေးငယ်သည့် ငါးနုတ်လေးများသာ တွေ့ရသည်။ ထိုငါးသေး ငါးနုတ်လေးများကို ကြက်များနှင့် ဘဲများကိုသာ ကျွေးကြသည်။ မည်သူမှ ထိုငါးများကို မစားပေ။

ထိုကာလက အတိတ်ကာလ ဖြစ်သော်လည်း ငါးများက အလွန်ပေါများသည်။ အနာဂတ် နှစ်များလောက်တော့ မဆိုးပေ။ လူများသည် အနည်းဆုံး 0.5 ကီလိုဂရမ်ရှိသည့် ငါးများကိုသာ စားသုံးနိုင်ပေ၏။

ခဏကြာပြီးနောက် ဝမ်တုန့်ကျွင်းသည် ဖုန်းယွီနှင့် အလုပ်လဲရန် အမောတကော ပြောလိုက်သည်။ ဖုန်းယွီသည် ထိုအပေါက်သစ်ဆီကို သွားပြီး ပေါက်ချွန်းဖြင့် ထူထဲသည့် ရေခဲကို အပေါက်ဖြစ်အောင် ဆက်တူးရမည် ဖြစ်ပေသည်။ သူပင်ပန်းလာသည့်အခါ သံချောင်းကို ပြောင်းလဲ အသုံးပြုနိုင်၏။ ဖုန်းယွီ ရေခဲကို မခွဲနိုင်သေးခင် ဝမ်တုန့်ကျွင်းက ရယ်လာ၏။

“ငါပဲ အဲဒါ လုပ်လိုက်တော့မယ်။ မင်း အရမ်းနှေးတာပဲ။ ပြီးတော့ အဲဒီမှာ ငါးတွေ ထပ်မရှိတော့ဘူး။ မင်းရွေးထားတဲ့ နေရာမှာ ငါးသုံးကောင်က 0.5 ကီလိုဂရမ်တောင် မပြည့်ဘူး။ ငါနောက်ထပ် တစ်နေရာကို ရွေးကြည့်လိုက်မယ်။ ပြီးနောက် ငါတို့တွေ ပိုက်ကွန်ကို မလိုက်တဲ့အချိန် အဲဒါက ငါးကြီးတွေနဲ့ ပြည့်နေမှာ”

ဝမ်တုန့်ကျွင်းက ရေခဲကို သံချောင်းဖြင့် ထိုးချကာ ကြွားဝါလိုက်၏။

ဖုန်းယွီသည် ဝမ်တုန့်ကျွင်း၏ ကြွားဝါမှုကို လက်ရှိတွင် ခံနိုင်ရည် ရှိနေသည်။ သူသည် ငါးအကြီး သုံးကောင်ကို တခြားပုံးထဲသို့ ပြောင်းထည့်ပြီးနောက် ငါးသေးလေးများကို ထည့်ထားသည့် ပုံးနှင့်အတူ Land Rover ကားဆီသို့ သယ်သွားသည်။

သူသည် ငါးသေးလေးများကို အိတ်ထဲကို ပြောင်းထည့်ပြီး ပုံးနှင့်အတူ ပြန်လာခဲ့၏။

ဝမ်တုန့်ကျွင်းသည် ရေခဲမျက်နှာပြင်ကို ခွဲပြီးပြီဖြစ်ကာ ရေမျက်နှာပြင်ပေါ်ရှိ ရေခဲအပိုင်းအစများကို ကော်ထုတ်နေသည်။ သူက ဖုန်းယွီ နှေးကွေးစွာ လျှောက်လာသည်ကို မြင်သည့်အခါ သူက မြန်မြန်လာရန် ပြောလိုက်သည်။ ဖုန်းယွီ ရောက်လာသည့် အချိန်မှဆိုလျှင် ငါးများ အကုန်လုံး ရှိတော့မည် မဟုတ်ပေ။

“တစ် နှစ် သုံး မ ဟားဟားဟားဟားဟား ငါမင်းကို ဘာပြောခဲ့လဲ။ ငါရွေးလိုက်တဲ့ နေရာက အကောင်းဆုံး နေရာဆိုတာ ငါသိပါတယ်။ ကြည့်လိုက် ငါတို့တွေ ပိုက်ကွန်ကို တစ်ကြိမ်ပဲ မရသေးတယ် အဲ့ပိုက်ကွန်ထဲမှာ ငါးကြီးလေးကောင် ပါလာတယ်။ အဲဒီအကောင်ထဲက တစ်ကောင်က မင်းရဲ့ ငါးခူထက်တောင် ပိုကြီးသေးတယ်။ ရေခဲငါးဖမ်းတဲ့ နေရာမှာ နေရာရွေးဖို့အတွက် မင်းငါ့ကို မှီခိုသင့်တယ်။ ငါ့မှာ အတွေ့အကြုံ ရှိပြီးတော့ ကံလည်း ကောင်းတယ်”

ဖုန်းယွီအနေဖြင့် ယခု ရေခဲပေါက်သည် အလွန် ကောင်းသည်ဟု လုံးဝမျှော်လင့် မထားခဲ့ပေ။ သူတို့ ဒုတိယအကြိမ် မလိုက်သည့် အချိန်တွင် ငါးကြီးနှစ်ကောင် ရှိနေသေး၏။ ထိုရေခဲ၏အောက်တွင် ငါးအသိုက်တစ်သိုက် ရှိနေတာ ဖြစ်ရမည်ပင်။

သူတို့သည် ပိုက်ကွန်ကို ခုနစ်ကြိမ် မြေှာက်သည်။ ပထမပိုက်ကွန် ငါးကြိမ်တွင် ငါးကြီးများ ရှိသည်။ သို့သော် နောက်ဆုံး နှစ်ခေါက်တွင်တော့ ငါးသေးများပင် ဖြစ်ပေသည်။ သူတို့ ပိုက်ကွန်ကို ငါးခါမြေှာက်ရုံတောင်မှ သူတို့အနေဖြင့် ငါးကြီး(၁၁)ကောင် ဖမ်းမိသည်။ နှစ်ကောင်က အနည်းဆုံးတော့ 1.5 ကီလိုဂရမ်ရှိသည်။ ဝမ်တုန့်ကျွင်းသည် ဖုန်းယွီဘေးတွင် မရပ်မနား ကြွားလုံး ထုတ်နေတော့သည်။

ဖုန်းယွီက ပထမဦးဆုံး ဝမ်တုန့်ကျွင်း ကြွားဝါမှုကို ခံနိုင်ရည်ရှိသည်။ ဒုတိယအကြိမ် တတိယအကြိမ်… ဆယ်ကြိမ်မြောက်တွင် ဖုန်းယွီက ထိုအရာကို သည်းမခံနိုင်တော့ပေ။ သူ့အနေဖြင့်လည်း မှန်ကန်သည့် နေရာကို သွားရှာချင်နေသည်။ အကယ်၍ သူသည် နှစ်ကီလိုဂရမ်ထက် ကြီးသည့်ငါးကို ဖမ်းမိပါက ဝမ်တုန့်ကျွင်းသည် သေချာပေါက် တိတ်သွားမည်ပင်။

ယခုတစ်ခေါက်တွင် ရေခဲပေါက်ကို ဖုန်းယွီ ရှာရမည့်အလှည့် ဖြစ်ပေသည်။ ဝမ်တုန့်ကျွင်းသည် ထိုငါးများကို ကားဆီသို့ ပြန်သယ်သွားသည်။

(စာရေးဆရာမှတ်စု)

(ဤအရာက ကျွန်တော်၏ငယ်ဘဝတွင် အပျော်ရွှင်ဆုံး အရာများထဲမှ တစ်ခုဖြစ်ပေသည်။ ရေကန်၏ အလယ်တွင် ငါးများကို ဆယ်ယူနိုင်ပြီး ကန်စပ်တွင်တော့ ဖားများကို ရနိုင်ပေ၏။ မီးမွှေးပြီး ထိုအရာများကို အတူတကွတင်ကာ ပိုင်ကျုနှင့် သုံးဆောင်လျှင်တော့…။)

***

All Chapters