ဒီနေ့ကံမကောင်းပါလား
Vol. 8 Ch. 117
“ဟား ”
ဖုန်းယွီက သူ့နဖူးပေါ်ရှိ ချွေးကို သုတ်လိုက်သည်။ သူသည် ယခုကဲ့သို့ အေးသည့် ရာသီတွင်တောင် ချွေးထွက်နေခြင်း ဖြစ်ပေသည်။ သူက ဘယ်လောက်အလုပ် ကြိုးကြိုးစားစား လုပ်သည်ကို ပြသနေခြင်းပင်။
ဖုန်းယွီ အနေဖြင့် နှစ်ရက်ဆက်တိုက် သူ့အပေါ် ထောင်လွှားခြင်းကို သူသည်းမခံနိုင်ပေ။ ယမန်နေ့က သူ၏ စာမေးပွဲရလဒ်ဖြစ်ပြီး ယနေ့တွင် ငါးဖမ်းသည့်ရလဒ် ဖြစ်ပေသည်။
ဝမ်တုန့်ကျွင်းသည် စာမေးပွဲတွင် ခိုးချသည်ကို အရှက်မရှိပေ။ ပြီးနောက် သူ့အနေဖြင့် ထိုရလဒ်အား ဂုဏ်တောင် ယူနေသေးသည်။ ယနေ့ ငါးဖမ်းသည့်အခါ သူတို့ နှစ်ယောက်လုံးသည် တူညီသည့် နေရာမှ စတင်ခဲ့ပြီး ဖုန်းယွီ အနေဖြင့် ဝမ်တုန့်ကျွင်းကို ရှုံးမည်ဆိုတာကို မယုံကြည်နိုင် ဖြစ်နေသည်။
ဖုန်းယွီသာ ဝမ်တုန့်ကျွင်းကို တကယ် ရှုံးခဲ့လျှင် သူ့အနေဖြင့် အကျိုးဆက်ကို ခန့်မှန်းကြည့်နိုင်၏။ ကျောင်းများ ပြန်ဖွင့်ပြီး နောက်နှစ် အချိန်တွင်တောင် ဝမ်တုန့်ကျွင်းသည် ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြောနေမည် ဖြစ်ပေသည်။ သူ၏ ဇာတ်လမ်းထဲတွင် ဖုန်းယွီက အရန်ဇာတ်ကောင် တစ်ယောက် ဖြစ်သွားမည်ဖြစ်၏။
ငါက ပြန်လည် မွေးဖွားလာတဲ့သူ။ ငါ့ရဲ့ နာမည်ကို သမိုင်းမှာ တစ်စုံတစ်ယောက်ကြောင့် ချန်ခဲ့မဲ့ အဖြစ် မခံနိုင်ဘူး။ ငါမင်းကို ဘယ်လို ရှုံးနိုင်မှာလဲ။
ဝမ်တုန့်ကျွင်းက ပုံးအလွတ်ဖြင့် ပြန်လာသည့်အခါ ဖုန်းယွီသည် သူ၏ရေခဲပေါက် ပြီးလုနီးပါး ဖြစ်သွားသည်။ ဖုန်းယွီ၏ လုပ်ကိုင်မှုကို မြင်ရသည့်အခါ ဝမ်တုန့်ကျွင်းတောင် ထိတ်လန့်သွားပေ၏။
“ငါ့ကိုလက်လွှဲလိုက်တော့။ မင်းခဏလောက် နားလိုက်”
“မလိုဘူး။ ငါငါးမိနစ်အတွင်း ပြီးတော့မှာ။ ဒီနေရာမှာ ငါးကြီးတွေ မရှိဘူးဆိုတာ ငါလုံးဝ မယုံနိုင်ဘူး”
ဝမ်တုန့်ကျွင်းက သူ့ပခုံးနှစ်ဖက်ကို တွန်းလိုက်ပြီး ရေခဲစများကို ကူညီဖယ်ရှား လိုက်သည်။ ငါးမိနစ် ကြာပြီးနောက် ရေခဲပေါက် အသစ်တစ်ခု ပေါ်လာသည်။ ပြီးနောက် ဝမ်တုန့်ကျွင်းက ချွေးများ ပြိုင်းပြိုင်းကျ နေသည်။
“တစ် နှစ် သုံး မ ”
ဖုန်းယွီက အော်လိုက်သည်။ ထိုပိုက်ကွန်သည် ငါးသေးလေးများဖြင့် ပြည့်နေသည်။ အကြီးဆုံးမှာ 50 ဂရမ်မျှသာ ရှိပေသည်။
“ဟားဟားဟားဟား ဒီငါးတွေကို မင်းရဲ့ဝက်တွေပဲ သွားကျွေးပါတော့လား”
ဝမ်တုန့်ကျွင်းက ဖုန်းယွီကို လှောင်လိုက်သည်။
ပိုက်ကွန်ကို အကြိမ်ဖန်များစွာ မပြီးနောက် ဖုန်းယွီ အရှုံးပေးလိုက်သည်။ ရေက ဤနေရာတွင် တိမ်နေတာပဲ ဖြစ်ရမည်။ ထိုအတွက်ကြောင့် ငါးကြီးများ မရှိသည်ဖြစ်၏။ ရေခဲပေါက် အသစ်အတွက် ရှာရမည်ပင်။
ဝမ်တုန့်ကျွင်းနှင့် ဖုန်းယွီသည် ရေခဲပေါက် ကိုယ်စီတူးရန် ဆုံးဖြတ်လိုက်လေသည်။ သူက ပေါက်ချွန်းကို ငါးမီတာအကွာ ယူဆောင်သွားပြီး စတင်တူးပေသည်။ ပုံမှန်အားဖြင့် ဝမ်တုန့်ကျွင်းသည် ကာယ လှုပ်ရှားမှုများ၌ ပိုမို ကောင်းမွန်ပေသည်။ သို့သော် ယနေ့တွင် ဖုန်းယွီကသူ့ထက် မြန်ဆန်နေ၏။
“လာ ဒီမှာ လာကြည့်လိုက်။ ဒီနေရာမှာ ငါးကြီးတွေ မရှိဘူးဆိုတာ ငါမယုံနိုင်ဘူး”
သို့သော် ရလဒ်က စိတ်ပျက်စရာ ကောင်းနေဆဲ ဖြစ်ပေသည်။ ငါးများသည် မသေးငယ်သော်လည်း ထိုအရာက ငါးခူတစ်ကောင်သာ ဖြစ်ပြီး အလေးချိန် 0.5 ကီလိုဂရမ်သာ ရှိသည်။ ဝမ်တုန့်ကျွင်း၏ ရေခဲပေါက်ပြီးနောက် သူသည် ငါးခူများကို ဖမ်းမိပြီး ထိုငါးခူများသည် အလေးချိန် 1ကီလိုဂရမ် ကျော်ပေသည်။ ယင်းက ဝမ်တုန့်ကျွင်းကို ပိုပြီးတောင် ဂုဏ်ယူစရာ ကောင်းသွားစေသည်။
“ကောင်းပြီ။ အိတ်ထဲမှာကော ရေပုံးထဲမှာကော ငါဖမ်းလို့ရတဲ့ ငါးကြီးတွေနဲ့ ပြည့်နေပြီ ပြန်ကြရအောင်”
ဝမ်တုန့်ကျွင်းက ပြောလိုက်သည်။
“မဟုတ်ဘူး။ ငါထပ်စမ်းဉီးမှာ။ ငါဒီနေ့ ငါးကြီးတစ်ကောင်မှ မဖမ်းနိုင်ဘူးဆိုတာ ငါမယုံနိုင်ဘူး”
ဖုန်းယွီက အလွန် စိတ်တိုနေသည်။ သူသည် ပိုက်ကွန်ကို အတူတူ မခဲ့ခြင်းဖြစ်ပြီး အဘယ့်ကြောင့် ထိုငါးများက သူဖမ်းတာကို မခံရသနည်း။
“ဒီငါးတွေ အကုန်လုံးက ငါးကြီးတွေကြီးပဲ။ ဒါပေမဲ့ အဲဒီငါးတွေ အကုန်လုံးက ငါဖမ်းထားတာ။ မင်းစတူးလိုက်ဉီး ငါဒီငါးတွေကို ကားပေါ် သွားထားလိုက်ဉီးမယ်။ ဒါက နောက်ဆုံး အပေါက်နော် ဒီပေါက်ပြီးတာနဲ့ ငါတို့ပြန်ကြမယ်”
ဖုန်းယွီသည် သူ၏ပေါက်ချွန်းကို ပြင်းပြင်း စတင် ထုလိုက်တော့သည်။ ဖြန်း ပေါက်ချွန်း၏ သစ်သားလက်ကိုင်က ကျိုးသွားသည်။
ဟင်း ဘာကြောင့် ငါဒီလောက် ကံမကောင်း နေရတာလဲ။ ကံကောင်းချင်တော့ ငါ့မှာသံဒုတ် ရှိသေးတယ်။
ဖုန်းယွီက သူ့မျက်လုံးကို ဖုံးကာ ထိုင်ချလိုက်သည်။ ချီးပဲ။ ကျိုးပဲ့သည့် ရေခဲစများက သူ့မျက်လုံးထဲ ဝင်သွားသည့် အတွက် သူ၏မျက်လုံးများက စီးကျနေတော့သည်။
သူက ဒေါသတကြီးဖြင့် သံဒုတ်ကို ရေခဲပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။ မတော်တဆ သူ၏ခြေထောက်ကို ထိသွားသည်။
ဖုန်းယွီသည် သူ၏ခြေထောက် တစ်ချက် ခုန်လိုက်သည်။ သို့သော် သူခြေချမိသည့် နေရာက အက်ကွဲနေသည့် ရေခဲဖြစ်ပြီး ချော်သွားသည်။ သူကတစ်ဖက်သို့ သူ၏ခန္ဓာကိုယ်ကို ထိန်းရန် ကြိုးပမ်းသည်။ သို့သော် ကံဆိုးမှုက အလျော့မပေးသေးပေ။ မည်သည့် အရာမဆို ဖြစ်သွားနိုင်၏။ ဖုန်းယွီ ခြေချခဲ့သည့် နေရာမှာ သူလက်ရှိတူးခဲ့သည့် နေရာဖြစ်ပြီး ရေခဲလွှာများသည်လည်း အလွန် ပါးလွှာနေသည့် အတွက် သူ၏အလေးချိန်ကို ခံနိုင်ရည်မရှိပေ။
ဖုန်းယွီဘာမှ မလုပ်နိုင်သေးခင် သူ၏ခန္ဓာကိုယ် တစ်ခုလုံး ရေခဲပေါက်ထဲသို့ ကျသွားသည်။ အအေးဓာတ်က ဖုန်းယွီ၏ ခန္ဓာကိုယ်သို့ ရုတ်ခြည်း ထိုးဖောက် ဝင်ရောက်သွားသည်။ ရေကူးချန်ပီယံ တစ်ယောက်တောင် အေးနေသည့် ရေခဲတွင် ဘာမှမလုပ်နိုင်ပေ။ သူသည် လက်မောင်း နှစ်ဖက်ကို လှုပ်ခါယမ်းလိုက်ပြီး အပေါက်၏ ဘေးနားတွင်ရှိသည့် ဆီးနှင်းဖယ် တူရွင်းကို ကောက်ကိုင်ရန် စီစဉ်လိုက်သည်။ ပြီးနောက်သူသည် ဆီးနှင်းဖယ်တူရွင်းကို ကိုင်ပြီးသည့်နောက် ထိုအရာသည် သူ့အားအောက်ထဲသို့ ရေခဲမနစ်စေရန် ကူညီပေးမည်ဖြစ်သည်။
“တုန့်ကျွင်း တုန့်ကျွင်း ကူညီပါဉီး”
ဖုန်းယွီသည် သူတတ်နိုင်သည့် အသံအကျယ်ဆုံးဖြင့် အော်လိုက်သည်။
ဝမ်တုန့်ကျွင်းသည် ရေပုံးဖြင့် ဖြည်းဖြည်းချင်း လမ်းလျှောက် လာသည်။ ဖုန်းယွီငိုသံကို ကြားသည့်အခါ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဖုန်းယွီ ပျောက်နေသည်ကို သတိပြုမိသွားသည်။
ရေခဲငါးဖမ်းခြင်း၏ ကြောက်စရာ အကောင်းဆုံး နေရာသည် ရေခဲပေါက်ထဲသို့ တစ်ယောက်ယောက် ပြုတ်ကျသွားသည်ပင် ဖြစ်သည်။ ရေခဲပေါက်ထဲကို ပြုတ်ကျသွားသူကို အချိန်မီ မကယ်နိုင်ပါက သူသည် အေးခဲကာ သေသွားမည်ပင် ဖြစ်သည်။
အကယ်၍ ထိုလူကို ရေပေါ်သို့ ပြန်ဆွဲတင်နိုင်အောင် အေးသည့် ရေများသည် ခွဲသွားပြီး နှင်းကိုက်နာကို ဖြစ်ပေါ်စေသည်။
ဝမ်တုန့်ကျွင်းသည် ရေပုံးကို ပစ်ချပြီးနောက် ဖုန်းယွီဆီ အပြေးသွားသည်။ သူသည် စောစောက သူတို့တူးခဲ့သည့် အပေါက်နှစ်ပေါက်ထဲ မကျအောင် ဂရုစိုက်ရသည်။ အကယ်၍ သူသည်လည်း အပေါက်ထဲသို့ ကျခဲ့ပါက သူတို့နှစ်ယောက်လုံးကို အလောင်းကောင် အဖြစ်သာ မြင်ရတော့မည် ဖြစ်ပေသည်။
“ဖုန်းယွီ ကိုင်ထား။ မင်းကိုင်ထားမှရမယ်။ ငါလာနေပြီ”
ဝမ်တုန့်ကျွင်း ဖုန်းယွီဆီ ရောက်သည့်အခါ ဖုန်းယွီသည် ဆီးနှင်းဖယ် တူရွင်း၏ လက်ကိုင်ကို ကိုင်ထားဆဲ ဖြစ်သည်။ ဖုန်းယွီ၏ နှုတ်ခမ်းများက အပြာရောင်သို့ ပြောင်းလဲ သွားပြီဖြစ်ကာ သူ၏လက်အိတ်များသည်လည်း အေးခဲသွားပြီပင်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက မရပ်မနား တုန်လှုပ်နေသည်။
“ဆွဲထား။ ငါမင်းကို အပေါ်ဆွဲခေါ်မယ်။ မလွှတ်လိုက်နဲ့နော်”
ဖုန်းယွီက ရေခဲပေါက်နားသို့ ဂရုတစိုက်ဖြင့် ချဉ်းကပ်လာကာ ဆီးနှင်းဖယ် တူရွင်းကို ကိုင်လိုက်သည်။ သူက ဖုန်းယွီကို ရေခဲမှ ဖြည်းဖြည်းချင်း ထွက်လာအောင် လုပ်လိုက်သည်။ ဤဖြစ်စဉ်တွင် သူက ဖုန်းယွီ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရေခဲထဲမှ ထုတ်ရခြင်း ဖြစ်သည်။
“မြန်မြန် ကားထဲသွားရအောင်။ မင်းတစ်ကိုယ်လုံး စိုရွှဲနေပြီ။ မင်းအင်္ကျီတွေအကုန်လုံး ချွတ်မှရမယ်။ ငါ့ရဲ့ အပေါ်ဝတ်အ င်္ကျီတွေ အကုန်လုံးကို ပေးမယ်”
တုန့်ကျွင်းသည် ဖုန်းယွီကို ကားထိရောက်အောင် ကူပေးသည်။ သူက ဖုန်းယွီကို မ မနိုင်ပေ။ ပြီးနောက် ဖုန်းယွီအနေဖြင့် သူ၏သွေးလည်ပတ်မှု ကောင်းအောင် သူကိုယ်တိုင် လမ်းလျှောက် ရမည်ပင်။
သို့သော် ကားသည်လည်း နွေးထွေးနေတာ မဟုတ်ပေ။ ဝမ်တုန့်ကျွင်းသည် ဖုန်းယွီကို ကယ်ရန် အပြေးလာသည့်အခိုက် သူ့အနေဖြင့် တံခါးကို ပြန်မပိတ်မိတာ ဖြစ်၏။ ယခုအချိန်တွင် ကားတွင်းရှိ အပူချိန်မှာ အပြင်ရှိအပူချိန်နှင့် အတူတူပင်ဖြစ်ပေသည်။
ဖုန်းယွီက စက်နှိုးရန် စတင် ကြိုးစားသည်။ သို့သော် Land Rover ကားသည် လုံးဝ မရွေ့ပေ။ ချီးပဲ။ အဘယ့်ကြောင့်သူ မအေးခဲဆေးကို မဝယ်ခဲ့သနည်း။
“အဲဒီအကြောင်း ဂရုစိုက်မနေနဲ့။ မင်းရဲ့ စိုနေတဲ့ အဝတ်တွေကို အရင်ဖယ်။ ငါမင်းအတွက် သစ်ကိုင်းအချို့ ဒါမှမဟုတ်ဘူးဆိုရင် သစ်ရွက်ခြောက်တွေနဲ့ မင်းရဲ့ကားကို အပူပေးဖို့ မီးသေးသေးလေး မွှေးလိုက်ဉီးမယ်”
ဝမ်တုန့်ကျွင်းသည် သူ၏အပြင်ပိုင်း ဝတ်စုံကိုချွတ်ကာ ဖုန်းယွီကို ပစ်ပေးလိုက်သည်။ သူသည် အအေးထဲတွင် မီးအနည်းငယ်မွှေးရန် အပြင်သို့ ထွက်ခွာသွားသည်။
ကားက နောက်ဆုံးတွင် နိုးလာခဲ့ပြီး ဖုန်းယွီက ချက်ချင်းပင် အပူပေးစက်ကို ပေးလိုက်သည်။ သူသည် တုန်ရီနေဆဲ ဖြစ်သည်။ ဝမ်တုန့်ကျွင်းသည် ရေအိုင်ကိုသွားပြီး သူတို့၏ လည်ပတ်ကို သွားယူသည်။
“နောက်ဆုံးတူးတဲ့ ရေခဲပေါက်ကနေ တကယ်ကို ငါးအကြီးကြီး အများကြီး ရှိတယ်။ ကြည့်လိုက် ဒီမယ် ငါမင်းတူးထားတဲ့ ထဲကနေပြီးတော့ ငါးခူအကြီးကြီးတွေ ကောက်လာခဲ့တယ်”
ဝမ်တုန့်ကျွင်းသည် ဖုန်းယွီကို ငါးခူများကိုပြလိုက်သည်။
ဖုန်းယွီကသူ့ကို စိုက်ကြည့်နေ၏။ ယင်းကဲ့သို့ ဖြစ်သည့်တိုင် သူက ငါးဖမ်းရန် အာရုံ ရနေသေးသည်လော။ အနည်းဆုံးတော့ ထိုအရာက ဖုန်းယွီကို အနည်းငယ် ပျော်ရွှင်စေသည်။
“မင်းမောင်း ထွန်စက်ကို မင်းဘယ်လို မောင်းရလဲဆိုတာ သိတယ်မလား။ အဲဒါတွေ အကုန်လုံးက အတူတူနီးပါးပဲ။ ငါ့ရဲ့လက်တွေက အခုထိ တုန်ချင်နေတုန်း”
ဖုန်းယွီသည် လက်သီးဆုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့အနေဖြင့် လုံလောက်အောင် မစွမ်းဆောင် နိုင်သေးပေ။
“သေချာတာပေါ့။ ငါမောင်းမယ်။ မင်းအဲဒီမှာထိုင် ငါတို့သွားကြမယ်”
ကားက ရုတ်တရက် မောင်းလိုက်သည့်အခါ ဖုန်းယွီ၏ ခေါင်းသည် နောက်ရှိ ခေါင်းမှီနှင့် ဆောင့်မိသွားကာ သူ့အား မူးသွားစေသည်။ သူသည် ကားမောင်းသမား အသစ်များကို အမုန်းဆုံး ဖြစ်ပေသည်။ သူတို့အနေဖြင့် စတင်ထွက်ခွာ သို့မဟုတ် ရပ်သည့်အခါတွင် သူတို့အနေဖြင့် ချောချောမွေ့မွေ့ဖြင့် ရပ်နိုင်၊ သွားနိုင်အောင် လုပ်နည်းကို မသိပေ။
ဝမ်တုန့်ကျွင်းသည် အမြန်ကြီးလည်း မမောင်းရဲပေ။ သူက ဖြည်းဖြည်းချင်း မောင်းကာ သူတို့၏ ဒေသသို့ ရောက်ရန် တစ်နာရီခန့် အချိန်ယူရသည်။ ဖုန်းယွီက သူ့ကို ဆေးရုံသို့ တန်းတန်းမောင်းရန် တောင်းဆိုလိုက်သည်။ သူ့အနေဖြင့် ဆေးဝါးကုသမှု ချက်ချင်း လိုအပ်နေသည့် အတွက်ပင်။
စက်ရုံပေါ်တွင် လဲလျောင်းနေဆဲ ဖုန်းယွီသည် ယနေ့ ကံမကောင်းပါလားဟု ခံစားမိသည်။ သူသည် ရေခဲငါးဖမ်းခြင်းကို သွားခဲ့သည်။ သို့သော် သူသည် ငါးအကြီးများကို မဖမ်းနိုင်ခဲ့။ ပြီးနောက် ရေခဲပေါက်ထဲတောင် ကျသွားခဲ့သည်။ သူ့ကိုယ်တိုင်သူ နွေးအောင် ပြုလုပ်ချင်သည့်အခါ သူ၏ Land Rover သည်လည် မနိုးပေ။ သူတို့၏ ဒေသကို နောက်ဆုံး ပြန်ရောက်သည့် အချိန်တွင် ဝမ်တုန့်ကျွင်းက ဆေးရုံတံခါးဝကို Land Rover ကားနှင့် တိုက်ခဲ့ကာ ဖုန်းယွီကို လျော်ကြေး ပေးရအောင် လုပ်ခဲ့သည်။
မကောင်းသည့် အရာများက တစ်ခုပြီးတစ်ခု ဖြစ်ပွားသွားခဲ့သည်။ ယင်းက ဖုန်းယွီကို ကောင်းကင်က သူသည် အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်နေသည်ကို မြင်ရသည့်အတွက် မနာလို၍ ဖြစ်ပေသည်။ သူ၏မိဘများသည် ထိုသတင်းကိုကြားပြီး ဆေးရုံကို အမြန်အပြေး လာကြသည်။ သူတို့ဖုန်းယွီ ဆေးရုံခုတင်ပေါ်တွင် လဲနေသည်ကို မြင်သောအခါ သူတို့က အလျင်အမြန် ပြေးလာကာ သူ့အား တစ်ချက် ရိုက်လိုက်သည်။
ဘယ်သူကမင်းကို ရေခဲငါးဖမ်း သွားခိုင်းလို့လဲ။ ကိုယ်ဖြစ်ကိုယ်ခံ။
ရိုက်ပြီးနောက် သူ့မိခင်သည် မျက်ရည် စမ်းတမ်းစမ်းတမ်းဖြင့် ဖုန်းယွီအတွက် စွပ်ပြုတ်ပူပူ ချက်ပေးရန် အိမ်သို့ ပြန်သွားခဲ့သည်။ ဖုန်းရှင်းထိုက်က ဖုန်းယွီကို ပြုစုပေးရန်အတွက် ဆေးရုံတွင်သာ ကျန်ရှိခဲ့သည်။ ဝမ်တုန့်ကျွင်း အတွက်မူ သူသည်လည်း အိမ်တွင် သူ့ဖခင် ရိုက်တာကို ခံခဲ့ရသည်။ ကံကောင်းသည်မှာ သူတို့က လက်ရှိတွင် တိုက်ခန်း နေနေတာ ဖြစ်သည်။ အကယ်၍ သူတို့သာ ရွာတွင် နေနေပါက သူ့၏အဖေသည် ကြိုးတုတ်ကာ ကြိမ်ဖြင့် ရိုက်မည်ပင်။
(စာရေးဆရာမှတ်စု)
(ကျွန်တော် သူငယ်ချင်းနဲ့ ကျွန်တော် ရေခဲငါးဖမ်း သွားခဲ့တယ်။ သူက ရေခဲပေါက်ထဲကို ကျသွားခဲ့တယ်။ ပြန်တဲ့လမ်းမှာ သူ့ရဲ့ဘောင်းဘီတွေက နှင်းကြောင့် အေးကုန်ပြီ။ အခုလက်ရှိမှာ သူ့ရဲ့ဘယ်ဘက် ခြေထောက်က မိုးရွာတိုင်း နာကျင်နေတယ်။ ရေခဲငါးဖမ်းခြင်းကို ပြုလုပ်သည့်အခါ ဂရုစိုက်ပါ။)
***