← Chapters

ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲ

Vol. 8 Ch. 119

ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲ

Vol. 8 Ch. 119

နှစ်သစ်ကူးပြီး ခုနစ်ရက်မြောက် နေ့တွင် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဟိုတယ်က လှပစွာ အလှဆင်ထားပြီး ဝင်ပေါက်တွင် ကားများစွာ ထိုးထားသည်။ နံပါတ်ပြားကို ကြည့်ခြင်းအားဖြင့် ထိုကားများ အားလုံးသည် အရာရှိများ အားလုံး၏ ကားဖြစ်ပေသည်။

လူများစွာက သိချင်စိတ် ပြင်းပြနေကြသည်။ မည်သည့် အဆင့်မြင့် အရာရှိသည် ဘင်းမြို့တော်သို့ လာပြီး အဘယ့်ကြောင့် လူအမြောက်အမြားက သူ့အား ကြိုဆိုနေရသနည်း။ အဆင့်မြင့် အရာရှိ ဖြစ်ခြင်းက အလွန် ကောင်းပေသည်။ မည်သည့်နေရာ သွားစေကာမူ လူများစွာက သူ့အား ကြိုဆိုကြသည်ပင်။

ဗျောက်အိုးများကလည်း ဆူညံနေသည်။ ကြည့်ရှုသူများက ပိုပြီး စိတ်ပျက် လာကြသည်။ ထိုကဲ့သို့ ခေါင်းဆောင်က မည်သို့သော လူမျိုးနည်း။ သူ့ကို ဗျောက်အိုးဖောက်၍ ကြိုဆိုရသည်ပါ။

ဇိမ်ခံကား တစ်စီးသည် အကွာအဝေး တစ်ခုမှ ဟိုတယ်ဆီသို့ ဖြည်းဖြည်းချင်း မောင်းလာပေသည်။ ကားစက်ခေါင်းဖုံးတွင် နတ်သမီးငယ်ရှိကာ ထိုအရာက FAW ကားထက် ပိုကောင်းပုံ ပေါ်သည်။

“တရုတ်ပြည်တွင်း ကားအမှတ်တံဆိပ် Red Flag Car ထိုကားကို တိုင်းပြည်၏ ခေါင်းဆောင်များ အသုံးပြုသည်”

ထိုကားကို ပန်းများဖြင့် အလှဆင်ထားသည်။ ယခုကဲ့သို့ အေးမြသည့် ဆောင်းရာသီတွင် သူတို့ မည်သည့် နေရာမှပန်းများ ရှာထားသနည်း။

“အား ကြည့်လိုက်ဉီး ပျော်ရွှင်မှု နှစ်ဆဆိုတဲ့ စာလုံးက ကားပေါ်မှာ ရှိနေတယ်။ တစ်ယောက်ယောက် လုပ်ထားတာပဲ ဖြစ်ရမှာမလား”

တစ်ယောက်ယောက်က အော်လိုက်သည်။

အခြားသူများက မယုံကြည်ပေ။ မင်္ဂလာပွဲကို အခြားဟိုတယ်များတွင် လက်ခံ ကျင်းပသည်က ဖြစ်နိုင်သည်။ မည်သူက ဤနေရာတွင် မင်္ဂလာပွဲကို လက်ခံကျင်းပမည်နည်း။ ယခုဟိုတယ်က အင်တာနေရှင်နယ် ဟိုတယ်ဖြစ်သည်။ ဘင်းမြို့တော်၏ အကောင်းဆုံး ဟိုတယ် ဖြစ်သည်။ ထိုဟိုတယ်သည် ထိပ်ပိုင်း အရာရှိများနှင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို လက်ခံပေးရသည်။ တစ်စုံတစ်ယောက်က မင်္ဂလာပွဲအတွက် ထိုနေရာကို ငှားနိုင်သည်လား။

လီရှစ်ချင်သည် အင်တာနေရှင်နယ် ဟိုတယ်တွင် ဘိုကင်လုပ်ရန်အတွက် အမြောက်အမြား ကြိုးပမ်းခဲ့ရသည်။ အကယ်၍ သူ့တွင်ပိုက်ဆံ ရှိလျှင်တောင် ထိုခန်းမအား မငှားနိုင်ပေ။ ထိုဟိုတယ်တွင် နိုင်ငံခြားသား ဧည့်သည်များလည်း ရှိပေ၏။ အဆုံးတွင် ဖုန်းယွီက ကျန်းရွေ့ချင်ကို ကူညီပေးရန် တောင်းဆို လိုက်သည်။ လက်ထောက် မြို့တော်ဝန်၏ အကူအညီဖြင့် သူတို့သည် အင်တာနေရှင်နယ် ဟိုတယ်ကို ဘိုကင်လုပ်နိုင်ခဲ့သည်။ သို့သော် ဈေးနှုန်းက အလွန်မြင့်ပေ၏။

“အဲဒါအစစ်အမှန်ပဲ။ ဒါက မင်္ဂလာဆောင် တစ်ခုနဲ့တူတယ်။ အဲ့ဒီကားက ဘာကားလည်း။ မင်းရော ဒီကားကို အရင်က မြင်ဖူးလား။ အရမ်းလှတာပဲ။ ဒါက မြို့တော်ဝန်ရဲ့ ကားထက်တောင် ကြည့်ကောင်း နေသေးတယ်”

“ငါသိတယ် ဒါက Rolend ကားပဲ။ အင်္ဂလန်ရဲ့ ဘုရင်မကြီးက ဒီလိုကားမျိုးကိုပဲ စီးတာ”

အော် ဘေးတွင် ကြည့်နေသည့် လူများက ကြက်သေ သေသွားကြသည်။ အင်္ဂလန် ဘုရင်မကြီးက ထိုကဲ့သို့သော ကားမျိုးကို စီးသည်လား။ မည်သူ၏ မင်္ဂလာဆောင်နည်း။ သူတို့က ထိုအမျိုးအစား ကားကိုတောင် လက်ထပ်ပွဲကား အဖြစ်တောင် အသုံးပြုနိုင်သည်လား။ ကားသည် အနည်းဆုံး ယွမ်တစ်သန်းခန့် ကုန်ကျမည်ဖြစ်သည်။ သူတို့အနေဖြင့် ထိုမျှများပြားသည့် ပိုက်ဆံကို သူတို့၏ ဘဝ တစ်လျှောက်တွင်တောင် မသုံးစွဲနိုင်ကြပေ။

“အိုး ကြည့်လိုက်ဉီး။ ကားတစ်စင်းတင် မကဘူး။ ကားတန်းကြီးကလည်း နောက်မှာ ပါသေးတယ်။ ဟာ ရွှေရောင်သမင် ကားတွေပါလား”

ထိုခေတ်အခါက မင်္ဂလာကားကို တွေ့ရသည်မှာ ပုံမှန်မဟုတ်ပေ။ မင်္ဂလာဆောင် တစ်ခုတွင် ကားတစ်စီးထက် ပိုများသည့် ကားများကို တွေ့ရသည်က ပိုတောင် ရှားသေးသည်။ ဆွေမျိုးနှင့် မိတ်သင်္ဂဟများသည် မင်္ဂလာဆောင် ခန်းမသို့ သူတို့၏အစီအစဉ် သို့မဟုတ် သူတို့သည် Bus ကားတစ်စီးငှားကာ လာရသည်။ လီရှစ်ချင်ကဲ့သို့ ကားအတန်းလိုက် တွေ့ရသည်က အလွန်ပင် ရှားပေသည်။

ရွှေရောင်သမင် “ဆိုဗီယက်ပြည်ထောင်စုတွင် Volga ဟု ခေါ်သည်”

ကားများသည် ဖုန်းယွီ ရှာနိုင်သမျှ ကားထဲ အကောင်းဆုံးကားများ ဖြစ်ပေသည်။ ထိုကား၏ အမှတ်တံဆိပ် Logo သည် ခုန်နေသည့် နွားသိုးတစ်ကောင် ဖြစ်ကာ ယင်းက ပျံသန်းနေသည့် နတ်မိမယ် တစ်ကောင်နှင့် တူနေသည်။

ထိုကားများကို စက်ယန္တရား စက်ရုံ၊ လေယာဉ် ထုတ်လုပ်သည့် စက်ရုံနှင့် စက်ပစ္စည်း စက်ရုံတို့မှ ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီက ထိုကားများကို ကွင်းအတွက် ငှားကာ သူ့အမ၏ မင်္ဂလာဆောင်အတွက် ဖြစ်ပေသည်။ ခေါင်းဆောင်များလည်း သဘောတူကြသည်။ သို့သော် စက်ရုံသုံးရုံတွင် ဗော်ကာ သုံးစီးသာရှိပြီး ဖုန်းယွီသည် ကျန်သည့် Lada သို့မဟုတ် ဂျစ်ကားများကို မလိုချင်ပေ။ ဖုန်းယွီသည် ယာဉ်တန်း၏ အဆုံးတွင် သူ့ယောက်ဖ၏ Bentleyo ကို မောင်းလာကာ စုစုပေါင်းယာဉ် (12) စီးဖြစ်သည်။ ထိုအရာက တစ်နှစ်တွင် (12) လရှိသည်ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။

ဖုန်းယွီကသူ့၏ Roll Royce တစ်ပတ်ရစ်ကားကို သိမ်းထားသည်။ ထိုအရာက သူ့အတွက် မဟုတ်ပေ။ သို့သော်သူသည် သူ့အစ်မ၏ မင်္ဂလာဆောင်အတွက် သိမ်းထားခြင်း ဖြစ်ပေသည်။ ယင်း Roll Royce ကားသည် အလွန် ခမ်းနားပြီး ကြီးကျယ်လှပေသည်။ ပျံသန်းနေသည့် နတ်မိမယ် တစ်ကောင်က ရှေ့တွင် ထားထားခြင်းကလည်း နိမိတ်ကောင်းခြင်းကို ပြသနေပေသည်။

လီရှစ်ချင်နှင့် ဖုန်းတန့်ယင်းတို့သည် ကားထဲမှ ထွက်လာကြသည်။ လီရှစ်ချင်က ခရမ်းရောင် ထျန်မင်းဆက်စတိုင် အင်္ကျီကိုဝတ်ဆင်ထားပြီး ဖုန့်တန့်ယင်းက ပုံမှန်ရိုးရာ အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည်။ ဖုန်းယွီအနေနှင့် ယင်းကဲ့သို့သော ဝတ်စားဆင်ယင်မှုမျိုးကို လက်မခံနိုင်ပေ။ မင်္ဂလာပွဲ အစီအစဉ်ကို မည်သို့ စီစဉ်ထားသနည်း။ အကယ်၍ သူတို့သည် အနောက်တိုင်း ဝတ်စုံနှင့် မင်္ဂလာဝတ်စုံ ဝတ်တာက ကောင်းသေးသည်။ သို့သော် မော်ဝတ်စုံသည် ခရမ်းရောင် ထျန်ဝတ်စုံထက် ပိုကောင်းပေသည်။ ခရမ်းရောင်နှင့် အနီရောင်တို့က အတူတူ ရှိရန်က ကောင်းပုံမပေါ်ပေ။ လီရှစ်ချင်သည် လူအုပ်ကြီးကို လက်ပြပြီးနောက် ဖုန်းတန့်ယင်း နှင့်အတူ ဝင်ပေါက်ဆီ လမ်းလျှောက် သွားသည်။ သူတို့က ထိုနေရာတွင်ရပ်ကာ ဧည့်သည်များကို ကြိုဆိုကြသည်။ ယနေ့တွင် သူ့မိဘ၏ မိတ်ဆွေများ သာမက ခေါင်းဆောင်များသည်လည်း ရောက်လာကြသည်။ သို့သော် ထိုနေရာတွင် မြောက်မြားစွာသော အဆင့်မြင့် အရာရှိတွေလည်း ရှိပေသည်။

ဖုန်းယွီသည် နိုင်ငံပိုင်စက်ရုံ သုံးခုမှကားများကို ငှားခဲ့ပြီး ခေါင်းဆောင်များကို ဖိတ်ကြားခဲ့သည်။ ဖုန်းရှင်းထိုက်သည် စက်ယန္တရား ကုမ္မဏီ၏ ရှယ်ယာရှင် တစ်ယောက်ဖြစ်ပြီး လက်ထောက် အထွေထွေ မန်နေဂျာလည်း ဤနေရာတွင် ရှိနေသည်။ အဘယ့်ကြောင့် လီမင်တ အနေဖြင့် သူ့သမီး၏ မင်္ဂလာဆောင်တွင် မပါမဖြစ် ဖြစ်မည်နည်း။ လီမင်တသည် သာမက အခြားသော ဌာနများ၏ ခေါင်းဆောင်များသည်လည်း လာကြပေသည်။

စက်ယန္တရား စက်ရုံ၏ ဒါရိုက်တာသည် ဖုန်းယွီ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး သေချာသည်မှာ သူသည်လည်း ရှိရပေသည်။ ဝူချီကန်း၏ ဦးလေးနှင့် ကျန်ရှိသည့် အလုပ်ရုံ ဒါရိုက်တာများကလည်း သူနှင့်အတူ လာကြပေသည်။ သူတို့သည် ဖုန်းယွီနှင့် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်ချင်ကြပြီး အနာဂတ်တွင် ပရောဂျက်များစွာ ရချင်၏။

လေယာဉ်ထုတ် စက်ရုံ၏ ဒါရိုက်တာ ဟိုဟိုက်ထောင်သည်လည်း လူမှုရေးအရ လာခဲ့သည်။ လီရှစ်ရိုသည်လည်း မင်္ဂလာပွဲကို တက်သည်။ အကယ်၍ သူသာ လူမှုရေးအရ လာရောက်ခြင်း မပြုပါက ဖုန်းယွီသည် သုံးဦးဆိုင် သဘောတူညီမှု ပရောဂျက်တွင် သူ့အား ခက်ခဲအောင် လုပ်မည်ပင်။

လေယာဉ်ထုတ် စက်ရုံ၏ ဒါရိုက်တာသည်လည်း ဤမင်္ဂလာပွဲသို့ လူမှုရေးအရ လာခဲ့သည်။ ကျန်သည့် ဌာနများမှ ခေါင်းဆောင်များက ယင်းသတင်းကို ကြားသည့်အခါ ဤနေရာကို အပြေးလာကြသည်။ သူတို့သည် မည်သူ၏ မင်္ဂလာပွဲမှန်း မသိပေ။ သို့သော် သူတို့၏ ဒါရိုက်တာက ဤမင်္ဂလာပွဲကို လာသည် ဆိုကတည်းက ထိုမင်္ဂလာပွဲက အရေးကြီးသည့် တစ်စုံတစ်ယောက်၏ မင်္ဂလာပွဲ ဖြစ်သည်ပင်။

လီရှစ်ချင်သည် သိုလှောင်ရုံ ဧရိယာ၏ တာဝန်ရှိ ရဲအရာရှိချုပ်နှင့် အခြားလက်ထောက် အရာရှိများကို ဖိတ်ကြားခဲ့သည်။

အစတွင် ကျန်သည့် ကားများမှ ထွက်လာသည့် လူများမှာ လီရှစ်ချင်မိဘ၏ မိတ်ဖက်များပင် ဖြစ်သည်။ အဆင့်အမြင့်ဆုံးက လက်ထောက်အရာရှိ စွယ်ဖြစ်ကာ သူသည်သူတို့၏ အစုအဖွဲ့ကို ဦးဆောင်သည့် လူလည်း ဖြစ်သည်။

သို့သော် တစ်ခဏ ကြာပြီးနောက် သူသည် စက်ပစ္စည်း ကုမ္မဏီ၏ ဌာနများမှ ခေါင်းဆောင်များ ရောက်လာသည်ကို မြင်လိုက်ရသည်။ ပြီးနောက် လီမင်တလည်း လာသည့်အခါ သူက ထိတ်လန့် သွားသည်။ အဘယ့်ကြောင့် စက်ယန္တရား ကုမ္မဏီ၏ အထွေထွေ မန်နေဂျာက ဤကို ရောက်နေ ရသနည်း။

နောက်ပိုင်းတွင် သူသည် လီမင်တ တစ်ယောက်တည်းသာ ဤမင်္ဂလာဆောင်ကို လာသည် မဟုတ်မှန်း သတိပြုမိသွားသည်။ စက်ယန္တရား စက်ရုံ၏ ခေါင်းဆောင်များ အားလုံးတောင် ဤမင်္ဂလာပွဲကို လာခဲ့တာပဲ ဖြစ်သည်။ လီမိသားစု အနေဖြင့် ထိုအဆင့်မြင့် အရာရှိများကို ဖိတ်ကြားသည်လား။ အကယ်၍ သူတို့တွင် ထိုကဲ့သို့သော အဆက်အသွယ် ကောင်းများ ရှိပါက အဘယ့်ကြောင့် လူအိုလီက ကြီးကြပ်ရေးမှူးပဲ ဖြစ်လာရသနည်း။ သူ့၏ လီမင်တနှင့် ဆက်ဆံရေး ဆိုလျှင် အနည်းဆုံးတော့ လက်ထောက်အရာရှိ ဖြစ်သင့်ပေသည်။

သူဟာ အံ့သြမှင်သက်မှုများက မရပ်တန့်နိုင်ပေ။ တစ်ခဏ ကြာပြီးနောက် စက်ပစ္စည်းစက်ရုံမှ ဒါရိုက်တာ လီရှစ်ရိုသည် စက်ရုံ၏ ခေါင်းဆောင်များ နှင့်အတူ လာခဲ့သည်။ အဘယ့်ကြောင့် စက်ပစ္စည်း စက်ရုံမှ အဆင့်မြင့် အရာရှိများက ဤမင်္ဂလာဆောင်သို့ လာသနည်း။ လူအိုသည် မည်သည့် နောက်ခံ ရှိသနည်း။

နောက်တွင် သူသည် လေယာဉ်ထုတ် စက်ရုံမှ ဒါရိုက်တာသည် လူအုပ်စု တစ်စုကို ဦးဆောင်ကာ လမ်းလျှောက် လာသည်ကို တွေ့လိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်က လီရှစ်ချင်ကို နွေးထွေးစွာ ဂုဏ်ပြုကြောင်း ပြောပြီး သူ့ကို အန်ပေါင်းများ ပေးလိုက်သည်။

လက်ထောက် အရာရှိရွှယ်သည် စတင် ချွေးပြန်လာသည်။ လီမိသားစုသည် မရိုးရှင်းပေ။ သူအန်ပေါင်းထဲတွင် ထည့်သည့်ငွေ ပမာဏက နည်းလွန်းသည်လော။ သူသည် အရင်က လူအိုလီကို နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်လား ဆိုသည်ကို စတင် ပြန်စဉ်းစားတော့သည်။

လီမိသားစုသည် ရဲများနှင့်တောင် သူငယ်ချင်း ဖြစ်သည်လား။ သူသည် ရဲစခန်းမှူး သို့မဟုတ် နယ်မြေရဲစခန်းမှူး ဤနေရာတွင် ရှိပါက သူအံ့သြမည် မဟုတ်ပေ။ သို့သော် သူမြင်ရသည့် သူက မြို့တော်၏ လက်ထောက် ရဲမှူးချုပ် ဖြစ်သည်။

လက်ထောက် အရာရှိရွှယ်က ချက်ချင်းပင် ပြေးသွားကာ ဧည့်ကြိုခန်းမရှိ ဖုန်းကိုငှားကာ ဖုန်းဆက်တော့သည်။ သူ့အနေဖြင့် သူ၏အဆင့်မြင့် အရာရှိများကို ယခု မင်္ဂလာဆောင်တွင် အဆင့်မြင့် ခေါင်းဆောင်ကြီး မြောက်မြားစွာ ရှိကြောင်း သတင်းပို့ လိုက်ပေသည်။ လီမိသားစု၏ ခေါင်းဆောင်သည် ထိုသတင်းကို ရသည့်အခါ သူ့အနေဖြင့်လည်း ထိုမင်္ဂလာပွဲတွင် သေချာပေါက် ရှိနေရမည်ပင်။ ထိုလူများက အခြားဌာနများမှ ဖြစ်သော်လည်း သူတို့သည် သူ့ထက် ရာထူးအဆင့် ပိုမြင့်သည်။

စက်မှုဌာန၊ အခွန်ဌာန၊ နိုင်ငံခြား ကုန်သွယ်ရေး ဌာနမှခေါင်းဆောင် အမြောက်အမြားလည်း လာရောက်ကြသည်။ လက်ထောက် အရာရှိရွှယ်သည် ထိုသူများသည် သတို့သမီးဘက်မှ သိကျွမ်းသည့် အဆင့်မြင့် အရာရှိများဟု ခန့်မှန်းထားသည်။ စာတိုက်စက်ရုံမှ လီရှစ်ချင်၏ လုပ်ဖော်ကိုင်ဖက် ဟောင်းများသည်လည်း ရောက်လာကြသည်။ သူတို့က လျှောက်လှမ်းလာပြီး သူ့ကို ကြိုဆိုကြသည်။ အဘယ့်ကြောင့် မြို့တော်၏ စာတိုက်မှူးချုပ်သည်လည်း ဤတွင် ရှိနေရသနည်း။

ဖုန်းယွီသည် လက်ထောက် အရာရှိရွှယ် လူတိုင်း၏ မျက်နှာထက်တွင် အံ့သြနေသည့် မျက်နှာကို မြင်ရသည့်အခါ ဖုန်းယွီက ပြောနေမိသည်။ သူသည် ထိုသို့ ဖြစ်လာစေရန် တမင် လုပ်ခဲ့တာဖြစ်သည်။ သူ့အနေဖြင့် လီမိသားစုသည် ဖုန်းမိသားစု အနေဖြင့် အဆင့်မြင့်အရာရှိ များစွာဖြင့် အဆက်အသွယ် ရှိကြောင်း သိစေချင်သည်။ သူတို့အနေဖြင့် သူတို့၏ အစ်မကို အနိုင်ကျင့်ရန် နှစ်ခါတောင် စဉ်းစားရဲမှာ မဟုတ်ပေ။

ဖုန်းယွီက သူ၏ယောက်ဖကို ယုံကြည်ဆဲ ဖြစ်သည်။ သို့သော် သူ၏ အရင်ဘဝတွင် ရှိသည့် ဖြစ်ခဲ့သည့် အရာများနှင့်တော့ မတူတော့ပေ။ သူ၏ အရင်ဘဝတွင် သူ့ယောက်ဖသည် သာမန် အလုပ်သမားလေး ဖြစ်ခဲ့သည်။ သို့သော် ယခုဘဝတွင် သူသည် ကြီးမားသည့် လော်ဂျစ်စတစ် ကုမ္မဏီ၏ သူဌေးတစ်ယောက် ဖြစ်သည်။ သူပြောင်းလိုက်သည့် အတွက် မည်သည့် အရာများ ဖြစ်လာမည်နည်း။

“လီလေး ဖုန်းလေး မင်းတို့ နှစ်ယောက်စလုံး သက်တော်ရှည်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေး ဖြစ်ပါစေလို့ ငါဆုတောင်းပါတယ်”

သက်လတ်ပိုင်း အရွယ်ရှိ အမျိုးသား တစ်ယောက်သည် လီရှစ်ချင်၏ လက်ကိုဆွဲကာ နှုတ်ဆက်ပြီး အနီရောင် အန်ပေါင်းထုတ်ကို ဖုန်းတန့်ယင်းဆီ ပေးလိုက်သည်။ လူတိုင်းက ထိုလူအား ကြည့်နေကြသည်။ လီမင်တနှင့် ကျန်သည့် သူများတောင် သူဆီ လမ်းလျှောက် သွားကြသည်။ လက်ထောက် အရာရှိရွှယ်သည် အသက်ရှူ ရပ်သွားသည့်အလား ဖြစ်သွားသည်။ ထိုသူသည် ဘင်းမြို့တော်၏ အသစ်စက်စက် ခန့်ထားခြင်း ခံရသည့် လက်ထောက် မြို့တော်ဝန် ကျန်းလား။ သူသည် မြို့တော်ဝန်က သူ့အား အလွန် နှစ်သက်သည်ဟု ကြားသည်။ သူက ဤမင်္ဂလာပွဲကို ကိုယ်တိုင်ကိုယ်ကျ လာသည်လား။

***

All Chapters