← Chapters

ဝက်ခြံတွင် အစားစားနိုင်သောသူ

Vol. 8 Ch. 115

ဝက်ခြံတွင် အစားစားနိုင်သောသူ

Vol. 8 Ch. 115

ကုမ္မဏီ၏ တာဝန်ရှိ ပုဂ္ဂိုလ်ကို နှစ်သစ်ကူးပြီးမှ ဆုံးဖြတ်မည် ဖြစ်သည်။ တရုတ်နှစ်သစ်ကူးသည် ရက်ရှည် ဖြစ်ပြီး ဖုန်းယွီက သူ့ဒေသသို့ ပြန်သွားသည်။ သူ့အနေဖြင့် အစားအစာ ထုတ်လုပ်သည့် စက်ရုံနှင့် ဝက်ခြံကို စီမံခန့်ခွဲမှုတွင် ကူညီရန် လိုအပ်ပေသည်။ အနာဂတ်တွင် သူ့အနေဖြင့် ထိုစက်ရုံနှင့် ဝက်ခြံကို ကိုင်တွယ်ရန် အတွက် သင့်လျော်သည့် လူနှစ်ယောက် သူ့အတွက် ငှားရပေမည်။ ဖုန်းယွီသည် သူ့အဖေ၏ စီမံခန့်ခွဲမှုစနစ်ကို မယုံကြည်ပေ။

ဖုန်းယွီကို စိတ်လှုပ်ရှားစေဆုံး အကြောင်းအရာမှာ ဝက်ခြံ ကျွမ်းကျင်ပညာရှင် ပါမောက္ခ ဆုပဲဖြစ်သည်။ သူက နောက်ဆုံးတွင် ရောက်လာခဲ့သည်။ ခေတ်မီဝက်ခြံသည် သူ၏အမြင်နှင့် အကူအညီ လိုအပ်ပေ၏။

ကျွမ်းကျင်ပညာရှင်က ရပြီးသည်နှင့် ဖုန်းယွီကသူ့ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုရမည် ဖြစ်သည်။ ကျွမ်းကျင်ပညာရှင် အားလုံးက မြင့်မားသည့် လေးစားမှုကို ဆုပ်ကိုင်ကြပြီး သူတို့ထဲမှ အများစုက မာနကြီး ကြပေသည်။ အကယ်၍ သူတို့အနေဖြင့် သူတို့ကို မလေးစားသည်ဟု ခံစားရသည့်အခါ သူတို့က ထွက်သွားမည်ပင်။ ပြီးနောက် သူတို့ကို တစ်ဖန်ပြန် ဖိတ်ခေါ်ရန်ကလည်း ခက်ခဲသွားပေမည် ဖြစ်သည်။ ထိုကျွမ်းကျင် ပညာရှင်များက တစ်ဦးနှင့်တစ်ဦး သိကြပြီး အခြားကျွမ်းကျင် ပညာရှင်များကိုလည်း ဖိတ်ခေါ်ရန် ခက်ခဲသွားမည်ပင် ဖြစ်သည်။

ဖုန်းယွီက ဝက်ခြံကို ရောက်သည်နှင့် သူ၏ဝန်ထမ်းများ ပုံပျက်နေသည်ကို သတိပြုမိသွားသည်။ ဘာဖြစ်ခဲ့သနည်း။ ကျွမ်းကျင်ပညာရှင်က သူတို့အတွက် ခက်ခဲစေသည့် အရာများကို လုပ်ခိုင်းခဲ့သည်လော။ အကယ်၍ ထိုကိစ္စမျိုးဖြစ်ပါက ဖုန်းယွီအနေဖြင့် သူ့ကို မောင်းထုတ်မည် ဖြစ်သည်။ ကျွမ်းကျင် ပညာရှင်ကတောင် သူ၏ဝန်ထမ်းများကို အနိုင်မကျင့်နိုင်ပေ။

“ဦးလေးလီ ကျွန်တော်အဖေကော ဘယ်မှာလဲ”

“အကြီးအကဲဖုန်းက ကျွမ်းကျင်ပညာရှင်နဲ့ အထဲမှာ ရှိပါတယ်။ ရှောင်ယွီ မင်းအရင်ဆုံး မသွားတာ ကောင်းလိမ့်မယ်။ မင်းသွားရင် မင်းညစာစားချင်စိတ် ပျောက်သွားမှာကို ငါစိုးရိမ်မိတယ်”

ဦးလေးလီ၏ သွင်ပြင်က အလွန် ထူးဆန်းနေသည်။ ယင်းပုံက သူသည် တစ်ခုခု ခြောက်လန့်ခံရခြင်း သို့မဟုတ် မနှစ်မြို့စရာ ကောင်းသည့်အရာ မြင်ခဲ့ရသည့် ပုံပေါ်နေ၏။

“ဘာဖြစ်တာလဲ။ သူတို့တွေက ဝက်တွေကို အထဲမှာပဲ သတ်နေကြတာလား။ သူတစ်ခုခု လုပ်နေတာက ကျွန်တော်ရဲ့ စားချင်စိတ်ကို ပျောက်ဆုံးစေမှာလား”

ငါကဝက်ရဲ့ ဝမ်းတွင်းကလီစာတွေတောင် စားရဲသေးတယ်။ ဘယ်မှာ ကြောက်စရာ ရှိလို့လဲ။

“ဝက်ခြံထဲမှာ အစားစားတဲ့လူကို လူလေးမြင်ဖူးလား။ သူက ဟင်းသီးဟင်းရွက်တွေနဲ့ ထမင်းပန်းကန်လုံးကို ကိုင်ထားပြီးတော့ မြိန်ရည်ယှက်ရည်နဲ့ စားနေတာ။ ပြီးတော့ ဝက်တွေရဲ့ အရှေ့မှာ။ ပြီးတော့ သူ့ရဲ့ပတ်ပတ်လည်မှာ ဆိုရင် ဝက်ရဲ့ မစင်တွေကြီးပဲ။ ပြီးတော့ သေးနဲ့မစင်ရဲ့အနံ့က မွန်ထူနေတာပဲ။ ငါအဲဒီအကြောင်းကို ဆက်ပြီး မပြောနိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ငါဒီနေ့ညစာ မစားတော့ဘူးဟေ့”

ဦးလေးလီက ပြောလိုက်သည်။

ဖုန်းယွီက အလွန် အံ့သြသွား၏။ မည်သူကများ ဝက်ခြံတွင် စားဖို့ စိတ်ကူးမည်နည်း။ သူ့အနေဖြင့် စိတ်ကူးကြည့်ရုံဖြင့် ပျို့အန် တက်လာသည်။ သူက မြေကြီးပေါ်သို့ တံတွေး ထွေးလိုက်သည်။ သို့သော် သူ့အနေဖြင့် ကျွမ်းကျင် ပညာရှင်နှင့် တစ်စုံတစ်ခု ဆွေးနွေးရန် လိုသေးသည်။ ထို့ကြောင့် သူ့အနေဖြင့် ကျည်ကိုကိုက်ပြီး ဝက်ခြံထဲကို ဝင်ရုံသာ ရှိတော့သည်။

ဝက်ခြံထဲတွင် သူကလူအုပ်စု တစ်စုကို မြင်ခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က ပန်းကန်လုံးကို ကိုင်ထားပြီး အခြားသူများက စီးကရက်ကို အရူးအမူး သောက်နေကြသည်။ သူတို့တွေက ပျို့ချင်အန်ချင်စိတ်ကို ကျော်လွန်အောင် ကြိုးစားနေကြပုံ ပေါ်ပေသည်။

ဖုန်းယွီသည် ပျို့ချင်အန်ချင်စိတ်ကို ခံနိုင်ရည်ရှိပြီး လမ်းလျှောက် သွားသည်။ ဝက်ခြံထဲရှိ လေထုသန့်စင်မှုက လုံလောက်မှု မရှိပေ။ သို့သော် ဝက်၏မစင်များသည် ဆိုးရွားသည့် အနံ့ဖြင့် မွန်ထူနေတော့သည်။ ထိုကဲ့သို့သော နေရာများတွင် တစ်စုံတစ်ယောက်က အစား စားနိုင်သည်လော။

“ပါမောက္ခဆု ပါမောက္ခက ဒီရောက်နေပြီပဲ”

“ဖုန်းလေး ဒါက မင်းတို့မိသားစုရဲ့ ခြံလား။ ကောင်းကောင်း လုပ်ထားတာပဲ။ သန့်ရှင်းမှုကလည်း အရမ်းကောင်းတယ်။ ပြီးတော့ အခင်းကိုလည်း သေချာတည်ဆောက် ထားတယ်။ မင်းက ဒီဝက်တွေကို တိရစ္ဆာန်ကျွေးတဲ့ အစာတွေ ကျွေးတာနော်။ ဒါက တော်တော်လေး ရှားတယ်”

ပါမောက္ခဆုက သူ့စကားပြောတာ ပြီးနောက် သူသည် နောက်ထပ် ထမင်းတစ်လုတ်ကို ပါးစပ်အပြည့် သွင်းလိုက်သည်။

ချက်ချင်း ဆိုသလိုပင် ဖုန်းယွီက အန်ချင်စိတ် ဖြစ်သွားသည်။ သို့သော်သူက ပေါင်ကို ခပ်နာနာ လိမ်ဆွဲလိုက်သည်။ သူသည် ပျို့ချင်အန်ချင်စိတ်ကို ကျော်လွန်ရန်အတွက် နာကျင်မှုကို အသုံးပြုလိုက်ခြင်း ဖြစ်ပေသည်။ သူက တခြားတစ်ဖက်ကို လှည့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်ကို တံတွေး ထွေးလိုက်သည်။

“ပါမောက္ခဆု ဘာကြောင့်ဒီမှာ စားနေရတာလဲ။ ပါမောက္ခအနေနဲ့ ကျွန်တော်ရဲ့ အိမ်မှာပဲဖြစ်ဖြစ် ဝက်ခြံရဲ့ ကန်တင်းမှာပဲဖြစ်ဖြစ် စားလို့ရတာပဲ”

“အချိန်မရှိဘူး။ ငါခဏကြာရင် သွားတော့မှာ။ ငါ့အနေနဲ့ တခြားဝက်ခြံတွေကို ဆက်ပြီးကြည့်ဖို့ လိုသေးတယ်။ နှစ်သစ်ကူး မတိုင်ခင် ငါ့မှာလုပ်စရာတွေ အများကြီးပဲ။ ပြီးတော့ အဲဒီမှာ ငါ့ရဲ့အလုပ်က ဒီနှစ်မှာ လွယ်လွယ်ကူကူနဲ့ ပြီးမှာလေ”

ပါမောက္ခဆုက ပြောကာ သူ၏ ထမင်းစားခြင်းကို အဆုံးသတ်လိုက်သည်။ ပျို့ချင်အန်ချင်စိတ် အရိပ်အယောင် လုံးဝမပြပေ။

လူတိုင်းက ပါမောက္ခဆု နောက်ဆုံးတွင် စားပြီးသွားသည်ကို မြင်သည့်အခါ အသက်ရှူလို့ ရသွားသည်။ သူတို့သည် ပါမောက္ခဆု၏ ကျွမ်းကျင်မှုကို လုံးဝ အားကျပေသည်။ သို့သော် သူတို့အနေဖြင့် ဝက်ခြံထဲတွင် အစားစားခြင်းကိုတော့ လက်မခံနိုင်ပေ။ အကယ်၍ အလုပ်ရှုပ်ပါက ကားထဲတွင် စားမည်ပင်။ အကယ်၍ ဒီနေရာရှိ အနံ့များနှင့် နေသားကျပါက ကျန်သည့်သူများက နေသားမကျပေ။

ယနေ့မှစပြီး ဖုန်းယွီသည် သူ၏ဟင်းများကို ပန်းကန်လုံးဖြင့် ဘယ်တော့မှ စားမည် မဟုတ်ပေ။ အကြောင်းမှာ သူကဝက်ခြံတွင် ဖြစ်သည့် အဖြစ်အပျက်ကို ပြန်လည်အမှတ်ရ နေသည့်အတွက် ဖြစ်သည်။

“ပါမောက္ခဆု ကျွန်တော်တို့ ဝက်ခြံအနေနဲ့ ဘယ်နေရာတွေမှာ တိုးတက်မှု လိုသေးတာလဲ။ ကျွန်တော်တို့ ဝက်ခြံရဲ့ အကြမ်းဖျင်း ပုံစံကို ပါမောက္ခ တွေ့ပြီးပြီမလား။ ပါမောက္ခအနေနဲ့ အဲ့ဒါကို ဘယ်လို ထင်ပါသလဲ”

ဖုန်းယွီက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

“မင်းရဲ့ဝက်ခြံက မဆိုးဘူး။ မင်းအနေနဲ့ နောက်ထပ် ဝက်ရာပေါင်း များစွာတောင် မွေးနိုင်သေးတယ်။ ငါအကြမ်းဖျင်း ပုံစံကို မြင်ပြီးပါပြီ။ မင်းရဲ့ဝက်ခြံကို အဲဒီပုံအတိုင်းကို ချဲ့ထွင်လို့ မရဘူး။ ဘာလို့လည်းဆိုတော့ လေထုလည်ပတ်မှုက အလွန်ကို ဆိုးဝါးတယ်။ ပြီးတော့ အလင်းရောင်ကလည်း ကောင်းကောင်း မလောက်ဘူး။ အဲဒါက ဝက်တွေရဲ့ ကြီးထွားနှုန်းအတွက် မကောင်းဘူး။ ငါမင်းကို ကူပြီးတော့ ပြင်ပေးပါ့မယ်။ အမ် ပြီးတော့ မင်းအနေနဲ့ အကြမ်းဖျင်း ပုံစံအသစ် ထွက်လာမှ ဆောက်သင့်တယ်။ အလိုလျောက် အစာကျွေးစနစ်နဲ့ ရေစနစ်က မဆိုးဘူး။ အခြားသော နိုင်ငံတွေ အထူးသဖြင့် အမေရိကန်မှာလည်း ဒီလိုမျိုး မွေးမြူတဲ့ နည်းလမ်းကို အသုံးပြုနေကြပြီ။ မင်းရဲ့အကြံက တရုတ်ပြည်မှာ ပထမဦးဆုံးလို့ စဉ်းစားနိုင်တယ်”

အဘယ့်ကြောင့် ပါမောက္ခဆု ဤနေရာကို ရောက်နေရသနည်း။ အကြောင်းမှာ သူသည် ထိုကိစ္စကို သုတေသန ပြုလုပ်နေသည့် အတွက်ဖြစ်ပြီး သူ့အနေဖြင့် ခေတ်မီဝက်ခြံ တည်ဆောက်ရန် အတွက်ပဲ လိုသည်။ သို့သော် တက္ကသိုလ် အနေဖြင့် ထိုဝက်ခြံကို ဆောက်ရန်အတွက် ပေးဖို့ရန်ပုံငွေ မရှိပေ။ ပြီးနောက် သူ၏ရန်ပုံငွေအတွက် မည်သည့် သူဌေးမှ မရင်းနှီးကြပေ။

ထိုသို့ဖြစ်ပွားစဉ် ဖုန်းယွီသည် ဝက်ခြံအတွက် ကျွမ်းကျင် ပညာရှင်ကိုရှာရင်း ပါမောက္ခဆုနှင့် တွေ့ခဲ့သည်။ သူတို့က တစ်ခဏကြာ ဆွေးနွေးပြီးနောက် ဖုန်းယွီသည် ပါမောက္ခဆုအပေါ်တွင် လေးနက်သည့်အမြင် ရသွားသည်။ သို့သော်သူက ဖုန်းယွီအနေဖြင့် အများကြီး ကြွားလုံး ထုတ်သည်ဟု ခံစားရသည်။ မည်သူက သူပိုင်သည့် ဝက်ခြံသေးလေးကို ပိုက်ဆံထုတ်ကာ ခေတ်မီဝက်ခြံအဖြစ် ပြောင်းလဲမည်နည်း။

ဖုန်းယွီက သူ့အနေဖြင့် ဆိုဗီယက် ပြည်ထောင်စုမှ ဝက်ပေါင်ခြောက်နှင့် အခြားသော ထုတ်ကုန်များကို ထုတ်လုပ်ရန် စက်ပစ္စည်းများ တင်သွင်းမည်ဖြစ်ပြီး အမှတ်တံဆိပ် တစ်ခုတွင် ထားမည်ဟု၍တောင် ပြောခဲ့သည်။ သူ့အနေဖြင့် မြို့တော်ရှိ လူတိုင်းကို လတ်ဆတ်သည့် ဝက်သားများ နေ့တိုင်း ဝယ်ယူရစေချင်နေသည်။ ထိုအရာက ဖြစ်နိုင်မယ်မလား။ မြို့တော်တွင် လတ်ဆတ်သည့် အသားများကို ရရန်က အလွန်ခက်ခဲပေ၏။

သို့သော် ပါမောက္ခဆု ဤနေရာသို့ ရောက်ရှိပြီးနောက် သူ့အနေဖြင့် တက္ကသိုလ်မှ သူ့အားပေးထားသည့် ဝက်ခြံထက် အဆပေါင်း များစွာ သာလွန်ကြောင်း သတိပြုမိသည်။ ထိုနေရာက သန့်ရှင်းပြီး အလုပ်သမားများကလည်း အတွေ့အကြုံ ရှိကြပြီး သူတို့သည် ပုံမှန်သတိ မမူမိသည့် ရိုးရာဝက်မွေးခြင်း နည်းလမ်းကိုတောင် သိကြပေသည်။

စိုက်ပျိုးရေးဌာနမှ လက်ထောက် အရာရှိကလည်း သူ့ကို ပြောသေးသည်။ ဝက်ခြံသည် စိုက်ပျိုးရေး ဌာနနှင့် သဘောတူစာချုပ် ချုပ်ဆိုထားပြီး သူတို့အနေဖြင့် နှစ်နှစ်အတွင်း ယွမ်သန်းပေါင်း များစွာ ရင်းနှီးမြုပ်နှံမည်ဖြစ်ကာ ခေတ်မီဝက်ခြံကို ပြန်လည် ဝယ်ယူမည်ဖြစ်ပြီး သူတို့အနေဖြင့် တစ်နှစ်လျှင် အနည်းဆုံး ဝက်အကောင်ရေ သုံးသောင်း ထုတ်လုပ်နိုင်ကြောင်း ပြောခဲ့သည်။

ထိုသို့ ဆိုကတည်းက ပါမောက္ခဆုသည် ယင်းဝက်ခြံကို အလေးအနက်ဖြင့် ဆက်ဆံတော့သည်။ သူက ယင်းဝက်ခြံကို ကြည့်ရန်အတွက် သူသွားရမည့် ခြံများ၏ ခရီးကို နောက်ဆုတ်ထားသည်။ ထိုအတွက်ကြောင့် သူ့အနေဖြင့် နေ့လယ်စာကို ဝက်ခြံတွင် စားနေခြင်းဖြစ်သည်။ သို့သော် သူက စိုက်ပျိုးရေးဌာနမှ လက်ထောက် အရာရှိက သူစားမပြီးသေးခင် ထွက်သွားသည့် အတွက် အလွန် မပျော်ရွှင် ဖြစ်နေသည်။

သူသည် စိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်ပြီး သူ၏လစာသည် မြို့တော်၏ လက်ထောက် မြို့တော်ဝန်၏ လစာနှင့် အတူတူပင်ဖြစ်သည်။ အဘယ့်ကြောင့် စိုက်ပျိုးရေး ဌာနမှ လက်ထောက် အရာရှိက သူ့အား မလေးမစား ပြုသနည်း။

ဝမ်သဲကွမ်းသည် ပါမောက္ခဆုနှင့် ဝက်ခြံခရီးတွင် အတူ လိုက်ပါလာသည်။ သို့သော် သူ့အနေဖြင့် ဝက်ခြံတွင် တစ်ယောက်ယောက် ထမင်းစား နေတာကို သည်းခံကြည့်မနေနိုင်ပေ။ သူသည် ထိုနေရာတွင် ချက်ချင်း အန်မထွက်ခြင်းက အံ့ဖွယ်ပင်ဖြစ်သည်။

သို့သော်ယခုတွင် ပါမောက္ခဆုက ပျော်ရွှင်နေသည်။ ဖုန်းယွီက တကယ်ပင် ခေတ်မီဝက်ခြံကို တည်ဆောက်ရန် ရည်ရွယ်ချက်ရှိပြီး အကယ်၍ ထိုဝက်ခြံကို သူ၏လမ်းညွှန်မှု အောက်တွင် တည်ဆောက်ပါက သူ၏စာတမ်းကို ထုတ်နိုင်ပြီး တရုတ်ပြည်၏ ပထမဦးဆုံး ဝက်မွေးမြူရေးတွင် ကျွမ်းကျင်ပညာရှင် ဖြစ်မည်ပင်။ သူ့အနေဖြင့် တက္ကသိုလ်တွင် ဒုတိယ ပါမောက္ခချုပ် အဖြစ်တောင် ရာထူးတိုးနိုင်သေး၏။

ဖုန်းယွီက ပါမောက္ခဆု အကြားချင်ဆုံး စကားကို ပြောလိုက်သည်။

“ပါမောက္ခဆု နှစ်သစ်ကူးပြီးရင် ကျွန်တော်ဆီကို ပြန်အလည်လာပြီး ဝက်ခြံ တည်ဆောက်ရေးမှာ လမ်းညွှန်မှု ပေးပါဉီး။ အလိုအလျောက် အစာကျွေးစနစ်နှင့် သန့်စင်ခြင်း၊ သန့်ရှင်းရေး နည်းစနစ်ကို တပ်ဆင်ခြင်း ဖြစ်ပါတယ်”

“ဟဟဟဟ သေချာတာပေါ့။ ငါအခု တခြားနေရာကို သွားဖို့ လိုအပ်သေးတယ်။ ငါ့အနေနဲ့ ဒီအချက်အလက်တွေကို စစ်ထုတ်ပြီးရင် မင်းကို ပြန်ဆက်သွယ် လိုက်တယ်”

သူ၏သုတေသန ပြုချက်သည် နောက်ဆုံးတွင် သီအိုရီအဆင့်မှ လက်တွေ့ဘဝသို့ ရောက်လာပြီ ဖြစ်သည်။ ထိုအရာကသူ့အား အလွန်သိသာ ထင်ရှားစေသည်။

လူတိုင်းက ပါမောက္ခဆုကို ကားဆီသို့ ပြန်ပို့လိုက်ကြပြီး ဖုန်းယွီက သူ့အမေ ဝက်ခြံကို လမ်းလျှောက် လာသည်ကို မြင်လိုက်သည်။

“သားပြန်လာပြီပဲ။ ဘာကြောင့် အိမ်ကိုမလာတာလဲ။ ဘာလို့ ဒီမှာ နေနေတာလဲ”

ကျန်းမူဟွက ဖုန်းယွီကိုကြည့်ကာ အပစ်တင်နေသည်။ ဝက်ခြံကို ကြည့်ရှုခြင်းက ဘာကောင်းသနည်း။ တက္ကသိုလ် ကျောင်းသား တစ်ယောက် ဖြစ်ရမည်ဖြစ်ပြီး ကောင်းမွန်သည့် အနာဂတ် ရှိရမည်ပင် ဖြစ်သည်။

“ကျွန်တော်တို့ ခြံအကြောင်း ပိုနားလည်အောင် ပါမောက္ခက လာတာပါ။ ကျွန်တော်တို့ရဲ့ ဝက်ခြံက အနာဂတ်ကျရင် ပိုပြီးတော့ ကောင်းကောင်း လည်ပတ်နိုင်လိမ့်မယ်”

ဖုန်းယွီက စိတ်ကောင်း ရှိနေသည်။ ပါမောက္ခဆုသည် သူ့အား ဆွေးနွေးပြီး နည်းပညာပိုင်း ဆိုင်ရာ အကူအညီ ပေးမည်ဟု သဘောတူခဲ့သည်။ ထိုနည်းလမ်းက စိုက်ပျိုးရေး ဌာနတွင် ကျွမ်းကျင် ပညာရှင်များကို မေးခြင်းထက် ပိုကောင်းပေသည်။ ပါမောက္ခဆု လိုချင်သည့် အရာအားလုံးမှာ သူ၏နာမည် ထွက်ရန်ဖြစ်သည်။ ပါမောက္ခဆုက ထိုအချက်ကို မတောင်းဆိုလျှင်တောင် ဖုန်းယွီသည် သူ၏ခေတ်မီ ဝက်ခြံကို တည်ထောင်ရာတွင် ကူညီပေးခဲ့သူမှာ ပါမောက္ခဆု ဖြစ်သည်ဟု စာအုပ် ထုတ်မည်ပင်။ ထိုအရာက ဝက်ခြံအပေါ် လူထု၏အမြင်မှာလည်း ကောင်းစေသည်။

“သူကကားနဲ့ ထွက်သွားပြီမလား။ နှစ်ယောက်လုံးရော စားပြီးကြပြီလား။ အမေ သားအကြိုက် ဝက်အူကို နှပ်ထားတယ်”

ကျန်းမူဟွသည် ဖုန်းရှင်းထိုက်ကို အိမ်သို့ပြန်လာပြီး နေ့လယ်စာစားရန် လာခေါ်ခြင်း ဖြစ်ပေသည်။

သားအဖ နှစ်ယောက်စလုံး ဝက်အူနှပ်ကို ကြားလိုက်သည့် အချိန်တွင် သူတို့မျက်နှာက အစိမ်းရောင် ပြောင်းသွားသည်။

ဖုန်းရှင်းထိုက်က ခပ်မြန်မြန် ပြောလိုက်သည်။

“မင်းရဲ့အမေက နေ့လယ်စာ ပြင်ထားတာ။ မင်းအိမ်ကိုပြန်ပြီး အခုသွားစားလိုက်။ ငါဒီမှာ လုပ်စရာလေး ရှိသေးတယ်။ နေ့လယ်စာ မစားနိုင်သေးဘူး။ ညနေခင်းအတွက် ဆန်ပြုတ်နဲ့ ဆားနဲ့နှပ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ပြင်ပေးတော့”

ဖုန်းယွီက သူ့အဖေကို ဝမ်းနည်းစွာဖြင့် ကြည့်လိုက်သည်။ သူ့အဖေက သူ့အား တံတိုင်းတစ်ခု သဖွယ် သုံးလိုက်ခြင်း ဖြစ်ပေသည်။

***

Paid Docs Swae Nyoe Sales Channelမှ ဝယ်ယူရန် (မက်ဆင်ဂျာ)

Linkလင့်

All Chapters