မင်္ဂလာဧည့်ခံပွဲ
Vol. 8 Ch. 120
ဘေးတွင် ကြည့်နေတဲ့ လူများက အလွန် အံ့အားသင့် နေကြပြီး မင်္ဂလာပွဲသည် အလွန် ခမ်းနားသည်။ မင်္ဂလာပွဲကို အင်တာနေရှင်နယ် ဟိုတယ်တွင် ကျင်းပခဲ့ပြီး သူတို့ကြားသည်က မင်္ဂလာပွဲသည် အကောင်းဆုံး ဖြစ်ပေသည်။ အစားအသောက်များက တရုတ်ပြည်တွင် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်ကာ သောက်စရာ များသည်လည်း မောင်ထိုက်များပင် ဖြစ်ပေသည်။ သူတို့အနေဖြင့် ဘယ်လောက် ကုန်ကျမည် ဆိုသည်ကို တွေးတော၍တောင် မရပေ။ ထိုမိသားစုသည် အလွန် ချမ်းသာပေ၏။ မင်္ဂလာပွဲကို တက်ရောက်သည့် လူများက ရိုးရိုးသာမန် လူများ မဟုတ်ပေ။ ဧည့်သည် မိသားစုသည် အဆင့်မြင့် အရာရှိများပင် ဖြစ်သည်။ မြို့တော်အဆင့် အရာရှိ ဆယ်ယောက်ထက်တောင် များပေသည်။ ထိုမိသားစု နှစ်စုအနေဖြင့် နောက်ခံ သေချာပေါက် ကောင်းမည်ပင်။ သူတို့သည် မြို့တော်အစိုးရ အရာရှိများ၏ ဆွေမျိုး သို့မဟုတ် ပြည်နယ် အစိုးရများ၏ ဆွေမျိုးတောင် ဖြစ်နိုင်ပေသည်။
သတို့သား အရန်နှင့် သတို့သမီး အရန်သည် ဝူကျီကန်းနှင့် သူ၏သူနာပြု ဆရာမလေးပင် ဖြစ်ပေသည်။ ဖုန်းယွီသည် ကျောင်းတက်နေရဆဲဖြစ်ကာ ထိုပွဲအတွက် အရည်အသွေး မပြည့်မီပေ။ အခန်းအနားမှူးသည်လည်း ရုပ်သံဌာနမှ တင်ဆက်သူ ဖြစ်သည်။ အခမ်းအနားမှူးကို ထိုမင်္ဂလာပွဲတက် ငွေကြေးပမာဏ များများပေးကာ ငှားရမ်းခဲ့ရသည်။ မင်္ဂလာပွဲ အကြီးအမှူးမှာ လက်ထောက် အရာရှိရွှေမှ မြို့တော်စာတိုက်၏ အရာရှိချုပ်ကို ပြောင်းလဲခဲ့သည်။ လီရှစ်ချင်၏ နုတ်ထွက်မှုသည် ထိုခေတ်အခါက စာတိုက်ရုံးမှ ခွင့်မပြုရသေးပေ။ မင်္ဂလာပွဲ ကြီးကြပ်ရေးမှူးသည် ပုံမှန်အားဖြင့် သတို့သားဘက်မှ ခေါင်းဆောင်ဖြစ်ရမည်။ သို့သော် ဌာနတစ်ခု၏ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦးသည် မင်္ဂလာပွဲ အကြီးအမှူး ဖြစ်ရန်က လွန်စွာ ရှားပေသည်။
ဖုန်းယွီက ကျန်းရွေ့ချင်ကို မင်္ဂလာပွဲ အကြီးအမှူးအဖြစ် လုပ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ကျန်းရွေ့ချင်က ငြင်းဆိုခဲ့သည်။ သူ့အနေဖြင့် မင်္ဂလာပွဲ အကြီးအမှူး မဖြစ်သင့်ကြောင်းနှင့် မလိုလားအပ်သည့် ကောလာဟလများ ထွက်လာနိုင်ကြောင်း ပြောသည်။ သူသည် မင်္ဂလာပွဲကို တက်ရောက်ခြင်းဖြင့် ဖုန်းယွီကိုတောင် မျက်နှာသာပေးပြီး ဖြစ်သည်။ ထို့အတွက်ကြောင့် ဖုန်းယွီသည် အလေးအနက် ထပ်မတောင်းဆိုခဲ့ပေ။ စာတိုက်ရုံး၏ အရာရှိချုပ်သည် မင်္ဂလာပွဲ အကြီးအမှူးအဖြစ် လုပ်သည်ကလည်း ကောင်းသည့်အရာပင် ဖြစ်သည်။
ထိုနေ့တွင် လီရှစ်ချင်၏ အဖေက သောက်နေသည်။ သူ့အနေဖြင့် မြို့တော်အစိုးရ၏ ထိပ်တန်းအရာရှိ များစွာက ဤမင်္ဂလာဧည့်ခံပွဲကို တက်ရောက်မည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။ သူနှင့် သက်ဆိုင်သည့် အရာရှိချုပ်တောင် တက်ရောက်ခဲ့ပြီး သူ၏ပခုံးကိုပုတ်ကာ တာဝန်ယူမှု အများအပြားကို လုပ်ဆောင်ရမည့် အချိန်ဖြစ်ကြောင်း သူ့အားပြောခဲ့သည်။
လူတိုင်း အနေဖြင့် ထိုစကား၏ အဓိပ္ပာယ်ကို နားလည်သည်။ သူ့အနေဖြင့် ရာထူးတိုး ခံရမည် ဖြစ်သည်။ လီရှစ်ချင်၏ အဖေသည်လည်း အပျော်လွန်သည့် အတွက် စားပွဲပေါ်မှ မောက်ထိုက် တစ်ခွက်ကို ကောက်ယူလိုက်သည်။
လီရှစ်ချင်၏ အဖေသည် လီမင်တ၊ လီရှစ်ရုံ ဟိုဟိုက်ထောင် အစရှိသည့် လူများနှင့် သောက်ရန် လိုနေသေးဆဲ ဖြစ်သည်။ ထိုသူများသည် အရင်က သူပြောဆိုနိုင်ရန် အခွင့်အရေး မရှိသည့် ခေါင်းဆောင်များ ဖြစ်ပေသည်။ အထူးသဖြင့် ကျန်းရွေ့ချင် ဖြစ်ပေ၏။ လီရှစ်ချင်၏ အဖေက သူနှင့် သောက်သည့်အခါ လက်ဆွဲ နှုတ်ဆက်သည်။ ထိုသူသည် ဘင်းမြို့တော်၏ လက်ထောက် မြို့တော်ဝန် ဖြစ်သည်။ သူ့အနေဖြင့် သူ့ဘဝ တစ်လျှောက်လုံး လက်ထောက် မြို့တော်ဝန်နှင့် စားပွဲတစ်ခုတွင် မထိုင်ခဲ့ဖူးပေ။
စာတိုက်ရုံး မန်နေဂျာက လီရှစ်ချင်ကို စာတိုက်ရုံးတွင် အလုပ် ဆက်ခန့်ထားမည် ဖြစ်ကြောင်း ပြောသည်။ သို့သော် လစာမပေးသည့် ခွင့်ဖြစ်ပေသည်။ သူ့အနေဖြင့် စာတိုက်ရုံးကို ပြန်လာချင်သည့် အချိန်တိုင်း ပြန်လာနိုင်၏။
စာတိုက်ရုံး၏ အရာရှိချုပ်တောင် သူ၏ မင်္ဂလာပွဲကို တက်ရောက်သည်။ သူ့အနေဖြင့် လီရှစ်ချင်၏ နုတ်ထွက်မှုကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း။ ထပ်ပြောရလျှင် သူနှင့်လီရှစ်ချင်၏ အဖေသည် စစ်တပ်တွင်း ရှိစဉ်က ရဲဘော်ရဲဘက်ဟောင်းများ ဖြစ်သည်။ ယခုအချိန်က သူတို့နှစ်ယောက် နီးကပ်ရန် အချိန်ဖြစ်ပြီး သူတို့၏ ဆက်ဆံရေးကြောင့် သူ့အနေဖြင့်တောင် ရာထူးတိုး ခံရနိုင်သည်။
လီမင်တသည် ယင်းကိစ္စကို စိတ်ထဲမထားပေ။ စိုက်ပျိုးရေး စက်ပစ္စည်းများ၏ အမှာစာကို မေလအမီ ပြုလုပ်ပေးနေသည့် အတွက် ဖြစ်ပေ၏။ စက်ပစ္စည်း စက်ရုံအနေဖြင့် ထိုရေနွေးငွေ့စက်ကို ထုတ်လုပ်နိုင်ရန် အတွက် လူအင်အား မရှိပေ။ မည်သို့ပင် ဖြစ်စေကာမူ သူ့အနေဖြင့် စက်ယန္တရား စက်ရုံကသာ ထိုငွေများကို ရသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
ကျန်းရွေ့ချင်က ဖုန်းယွီဆီ အကြောင်းအရာ ပြောင်းလဲလိုက်သည်။ သူသည် စက်ရုံဒါရိုက်တာ နှစ်ဦးအား အကယ်၍ ဆိုဗီယက် ပြည်ထောင်စုမှ အဆင့်မြင့် စက်ပစ္စည်းများနှင့် နည်းပညာများကို မှာယူပါက ဖုန်းယွီဆီမှ ဝယ်ယူရန် တောင်းဆိုလိုက်သည်။ သို့သော် ဖုန်းယွီသည် သူတို့ကို တစ်ခဏကြာ စောင့်ဆိုင်းပေးရန် ပြောသည်။ ထိုအရာများကို ယခုရရှိပါက အလွန် အန္တရာယ် များပေသည်။ သို့သော် သူ့အနေဖြင့် နောက်တစ်နှစ် အတွင်း ထိုစက်ပစ္စည်းများနှင့် နည်းပညာများကို ရရန် အာမခံပေသည်။
ဖုန်းရှင်းထိုက်က ယင်းအကြောင်းကို ကြားသောအခါ ဘာလဲ ဒီသားက သူတို့တွေအတွက် စက်ပစ္စည်းတွေ ယူပေးနေတာလား။ ဘယ်မလဲ ငါ့ရဲ့ ဆီထုတ်လုပ်တဲ့ ဒုတိယမြောက် လမ်းကြောင်း ကိုယ့်အဖေကို ကူညီမဲ့အစား အခြားသူတွေကို ကူညီပေးနေတာလား။ သူ့အနေဖြင့် ဖုန်းယွီကို အိမ်ပြန်ရောက်မှ ကောင်းကောင်း ရိုက်နှက် ဆုံးမရမည်ပင်။
ကျန်းရွေ့ချင်က ခေါင်းညိတ် လိုက်သည်။ ထိုဖုန်းငယ်လေးသည် စွမ်းဆောင်ရည် တကယ် ရှိသော်လည်း ဟာကွက်များကို သုံးရတာ နှစ်ခြိုက်သည်။ သူက ဖုန်းငယ်လေးကို တစ်ပတ်ရစ် ကားဈေးကွက်နှင့် ပတ်သက်ပြီး ဆူခဲ့ပြီး သူက ထိုအရာကို လုပ်တာ ရပ်တန့်သွားသည်။ သို့သော် ယခုတွင် သူသည် ထရပ်ကား တစ်စုကို ရခဲ့ပြီး ထိုထရပ်ကားများ အတွက် အခွန်တစ်စက်မှ ပေးရန် မလိုအပ်ပေ။
ဖုန်းယွီသည် ရုရှားနိုင်ငံသားကို တရားစွဲရာမှ မည်သည့် အဖြစ်အပျက် ဖြစ်သွားခဲ့သည် ဆိုသည့် အချက်ကို လူတိုင်း သိပေသည်။ ထိုအရာက ဖုန်းယွီကို အခွန်ပေးဆောင်ရာမှ လွတ်မြောက် သွားစေသည်။ သို့သော် သူဘယ်လိုလုပ် တရားဝင်ဖြစ်အောင် ကျွမ်းကျွမ်းကျင်ကျင် လုပ်ခဲ့ရသနည်း။ သူတို့သည် IOU လက်မှတ် ထိုးသည့် ကိစ္စကို အတုဟု မပြနိုင်မချင်း သူတို့ဘာမှ လုပ်နိုင်မှာ မဟုတ်ပေ။
သို့သော် စိတ်ထဲ မထားပေ။ ကျန်းရွေ့ချင်သည်လည်း ဖုန်းယွီအတွက် ခက်ခဲမည့် အရာများ လုပ်ရန်လည်း မဖြစ်စေချင်ပေ။ အကယ်၍ ကျန်းရွေ့ချင်သာ ဖုန်းယွီနှင့် ရင်ဆိုင်တွေ့ပါက ဖုန်းယွီသည် အခြားသူကို ငွေကြေး ချေးထားပြီး လျော်ကြေးငွေအဖြစ် ထရပ်ကားများ ပေးရမည်ဆိုသည့် အချက်၏ တောင်းဆိုချက်များ အကုန်လုံးကို ငြင်းပယ်မည် ဖြစ်ပေသည်။ ကျန်းရွေ့ချင်၏ ဖုန်းယွီအပေါ် ထားသည့် မျှော်လင့်ချက် တစ်ခုမှာ ဘင်းမြို့တော်အတွက် တစ်ခုခုပြုလုပ်ပြီး သူကိုယ်တိုင်အတွက် ပိုက်ဆံများ မရှာဖွေရန် ဖြစ်သည်။ ပိုက်ဆံများအလွန် များပြားပါက ဘယ်နေရာတွင် အသုံးပြုမည်နည်း။ သူ့အနေဖြင့် ပိုက်ဆံဖြုန်းတီး နိုင်မည်လော။
“မစ္စတာဖုန်း ငါကြားတာတော့ မင်းတို့ရဲ့ ဒေသမှာ စက်ရုံတစ်ရုံ တည်ထားတယ်လို့ ပြောတယ်။ ထိုက်ဟွ အဆင့်မြင့် ဟင်းချက်ဆီက မင်းရဲ့ကုမ္မဏီကဆို မင်းက လယ်သမားက နေပြီးတော့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာတာပဲ” ကျန်းရွေ့ချင်က ပြုံးကာပြောလိုက်သည်။
ဖုန်းရှင်းထိုက်သည် သူ့ကို လက်ထောက် မြို့တော်ဝန် ချီးမွန်းသည်ကို ကြားသည့်အခါ အပြုံးများဖြင့် တွေ့သွားကာ -
“ဟားဟားဟားဟား အဲဒါကလည်း ဘာမှမဟုတ်ပါဘူး”
သူထိုအတိုင်း ပြောသော်ငြား သူ၏သွင်ပြင်က အခြားအဓိပ္ပာယ် ပေါက်နေသည်။ သူသည် တခြားသော ချီးကျုးမှုမျိုးကို စောင့်နေဆဲဖြစ်သည်။
လီရှစ်ချင်၏ အဖေသည် ပထမစားပွဲဆီသို့ သောက်ပြီး ပြန်လာသည်။ သူ့အနေဖြင့် ဘာမှ မစားရသေးခင် သူ့ဇနီးက ထောင့်တစ်ထောင့်တွင် အနားယူရန် ကူညီပေးလိုက်သည်။ မင်္ဂလာ ဧည့်ခံပွဲတွေ ပြီးသွားပြီး ဧည့်သည် အများစုလည်း ထွက်ခွာသွားပြီဖြစ်သည်။ ဧည့်သည်များသည် မင်္ဂလာပွဲမှ အပိုကျန်ရှိသည့် အစားအစာများကို ထုတ်ယူရန် နှစ်သက်ကြသည်။ သို့သော် အပိုလုံးဝ မကျန်ပေ။ အစားအသောက်များ အားလုံး ကုန်သွားပြီဖြစ်သည်။ များစွာသော ဧည့်သည်များက ဗိုက်တင်းနေသည့် အတွက် ကောင်းကောင်းတောင် မလျှောက်နိုင်ကြပေ။ သူတို့အနေဖြင့် သူတို့ဘဝ တစ်သက်စာတွင် အင်တာနေရှင်နယ် ဟိုတယ်၌ တစ်ခါတောင် စားရသည်သာဖြစ်ပြီး သူတို့များများ စားရမည်ပင်။
နှစ်ပေါင်းများစွာ ကြာသည့်တိုင် လူများစွာက ဤမင်္ဂလာပွဲ ဧည့်ခံပွဲအကြောင်းကို ပြောနေကြဉီးမည် ဖြစ်သည်။
***