← Chapters

ခေါင်းမာလှပေသော

Vol. 92 Ch. 1198

ခေါင်းမာလှပေသော

Vol. 92 Ch. 1198

ဝေ‌စွေ့ဖုန်းမှာ သူ၏ညီလေးချင်မူ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေပြီးနောက် ရုတ်တရက် ငြိမ်ကျသွားသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ညီအကြောင်း ဝေစွေ့ဖုန်း သိ၏။

‘ဒီကောင်စုတ်လေးတော့ ပေါက်တတ်ကရ အကြံရပြီး အဲဒီအကြံကို အကောင်အထည်ရ‌အောင် ဖော်ဖို့ စိတ်ပိုင်းဖြတ်ပြီးနေလောက်ပြီ... အဲဒီလို ခေါင်းမာတာမျိုးကို ဝက်ခေါင်းလို ဖူး‌ယောင်အောင် ရိုက်နှက်လည်း ပြင်နိုင်မှာမဟုတ်ဘူး’

ဝေစွေ့ဖုန်းသည် အတိတ်ကို ပြန်တွေးကြည့်မိနေ၏။ ‘ဆရာက ငါ့ကို ခေါင်းမာတယ် ပြောခဲ့တယ်... ငါ့ခေါင်းထဲမှာ ဦးနှောက်မရှိဘဲ ခေါင်းမာတဲ့ ကြွက်သားတွေပဲ ရှိပြီးတော့ ငါ့လုပ်ရပ်တွေက အစွန်းရောက်လွန်းတယ်တဲ့…. ဒါပေမဲ့ ငါက ညီလေးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ…. သူ့ဦးနှောက်က ခေါင်းမာတဲ့ကြွက်သားတွေနဲ့ ပြည့်နေရုံတင်မကဘူး…. သူ့တစ်ကိုယ်လုံးက ခေါင်းမာတဲ့ ကြွက်သားတွေပဲ…”

ချင်မူက သူ့အစီအစဉ်အား အကောင်အထည်ဖော်တော့သည်။ သို့သော် ဤတစ်ကြိမ် သူ့ကိုယ်သူ ပြောင်းလဲရခြင်းမှာ အင်မတန် ခမ်းနားကြီးကျယ်သော လုပ်ငန်းစဉ် ဖြစ်သည်။

သူသည် စိတ်ကို ငြိမ်အောင် ထားရင်း ထိုက်ချူဥ၊ ထိုက်ရှီဥ၊ ထိုက်စုတာအိုနှင့် ထိုက်ကျိတာအိုတို့ကို နားလည်အောင် ကြိုးစား၏။ သူနားလည်ထားသော သင်္ကေတများ၊ နားမလည်သေးသော သင်္ကေတများကိုလည်း ခွဲကာ မှတ်သားထားသည်။

ဖရိုဖရဲကျောက်တုံးတွင်းနှင့် ထိုက်ယီတာအိုကိုတော့ ချင်မူက လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်ပြီး ထိုက်ယွီ၏ ဥခွံကို သူ၏ကောင်းကင်ရတနာထဲတွင် တန်းသာ မြှုပ်ထားလိုက်သည်။ ဖရိုဖရဲကျောက်တုံးတွင်းတစ်တွင်း အမျန် ပေါ်လာမည်လားတော့ သူ မပြောတတ်ပေ။

သူက အစီအစဉ်များနှင့် ဒီဇိုင်းများ အသေးစိတ် ရေးဆွဲနေ၏။ သူ ပြီးဆုံးသွားချိန်တွင် ‌ကောင်းကင်နတ်အရှင်ယွဲ့သည် ပြန်ရောက်လာပြီး သူတို့ထံသို့ အလောတကြီး လာလည်၏။ သူမ ဘာမှ မပြောနိုင်ခင် နန်းတွင်းသူက ‌လာရောက်အစီရင်ခံလေသည်။ “ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်အရှင်ဟွေ့ အလည်လာပါတယ်”

ကောင်းကင်နတ်အရှင်ယွဲ့မှာ အံ့အားသင့်သွားသည်။ “ကောင်းကင်နတ်အရှင်ဟွေ့က ဒီမှာ ဘာလုပ်နေတာလဲ…”

သူမက မျက်မှောင်ကြုတ်၍ ချင်မူ့အား ပြောသည်။ “ကောင်းကင်နတ်အရှင်ဟွေ့က ‌အရင်က ကောင်းကင်နတ်အရှင်ယွင်ကို ဝိုင်းတိုက်ခိုက်တဲ့သူတွေထဲမှာ ပါတယ်…. ငါ သူ့ကို အင်မတန် မုန်းတီးနာကြည်းခဲ့တဲ့အပြင် သူ့ကြောင့်ပဲ ငါ နှစ်တစ်သိန်းကျော် အနားယူပြီး တသီးတသန့် နေခဲ့တာ….. ဒါပေမဲ့ ငါ့ကို တသီးတသန့် နေ,နေတာကနေ ထွက်လာခဲ့ဖို့ စည်းရုံးခဲ့တာလည်း ကောင်းကင်နတ်အရှင်ဟွေ့ပဲ”

ချင်မူက တည်ကြည်လေးနက်စွာ သတိပေးလိုက်သည်။ ‘ကောင်းကင်နတ်အရှင်ဟွေ့ကို ယုံလို့မရဘူး…”

ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးသည်။ “စိတ်မပူပါနဲ့…. ငါ ဘာလုပ်နေလဲ ငါ သိပါတယ်…. ငါလည်း ကောင်းကင်နတ်အရှင်ဟွေ့ကို သတိထားတယ်…. ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်ရှစ်ပါးထဲမှာ ကောင်းကင်နတ်အရှင်ယွီနဲ့ ကောင်းကင်နတ်အရှင်ယွင်က သေသွားပြီ…. ကောင်းကင်နတ်အရှင်ချင်နဲ့ ကောင်းကင်နတ်အရှင်မူက အနာဂတ်မှာ… ကောင်းကင်နတ်အရှင်ရုံကလည်း ယိုတုမှာ အနားယူနေတယ်….ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ငါပဲ ‌ကျန်တော့တယ်… ငါတို့ လူသားမျိုးနွယ်အတွက် အလုပ်မလုပ်ရင် ဘယ်သူမှ လူသားမျိုးနွယ်အတွက် အလုပ်လုပ်မှာ မဟုတ်ဘူး”

သူမက ထရပ်ကာ ထွက်ခွာသွား၏။

……

ချင်မူမှာ စိတ်မပူမိဘဲ မနေသဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်မှာ မတည်မငြိမ် ဖြစ်လာပြီး သူ့ခန္ဓာကိုယ်သည် ပို၍ တောက်ပလာ၏။

ရုတ်တရက် ဝေစွေ့ဖုန်းက သူ့ပခုံးကို ဖိ၍ လေးနက်သော လေသံဖြင့် ပြောသည်။ “ညီလေး၊ အတိတ်ကို တမ်းတလို့ပဲ ရပေမယ့် အနာဂတ်ကိုတော့ ပြင်လို့ရသေးတယ်… သမိုင်းဆိုတာက သမိုင်းသက်သက်ပဲ…. မင်း ဝင်ပါလို့ရပေမယ့် ပြောင်းလဲလို့မရဘူး…. မင်း အခုလုပ်သင့်တာက မင်းရဲ့နှလုံးသားကို ထိန်းသိမ်းဖို့ပဲ ရှိတယ်…. သိပ် အလျင်မလိုနဲ့… မင်းလုပ်နိုင်တာကို အမှားအယွင်းမရှိဘဲ အကောင်းဆုံးလုပ်ပါ”

ချင်မူလည်း သက်ပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း လှိုင်းထန်နေသော နှလုံးသားကို တည်ငြိမ်စေလိုက်သည်။ “အစ်ကိုကြီး‌ ပြောတာမှန်တယ်… ဟုတ်တယ်…”

သူက စိတ်တည်ငြိမ်စေလိုက်ပြီး သူ ပြင်ဆင်ထားခဲ့သည့် အစီအစဉ်များကို ပြန်ကြည့်လိုက်သည်။ ထပ်ခါထပ်ခါ စစ်ဆေးကြည့်၍ အမှားတစ်ခုမှ မတွေ့သည့်အခါ ထိုက်ကျိမူလကျောက်တုံးကို အသက်သွင်းရင်း သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖြည်းဖြည်းချင်း အသွင်ပြောင်းတော့သည်။

မကြာမီ ကောင်းကင်နတ်အရှင်ယွဲ့က ပြန်ရောက်လာကာ ချင်မူ ရုပ်ခန္ဓာအား ပြန်လည်ကုသနေသည်ကို တွေ့ရှိသွားသည်။ သူမသည် သူ့ကို မနှောင့်ယှက်ဘဲ ပြန်တော့မည့်အချိန် ဝေစွေ့ဖုန်းက ရှေ့သို့ လျှောက်သွားလိုက်ရင်း မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်အရှင်ဟွေ့က ဘာအတွက် လာရှာတာလဲဗျ”

ကောင်းကင်နတ်အရှင်ယွဲ့က တခဏ စဉ်းစားနေပြီးနောက် ပြော၏။ “ကောင်းကင်နတ်အရှင်ဟွေ့က ငါ့ကို ထုတ်မပြောခိုင်းပေမယ့် ရှင့်ကို ပြောလိုက်လို့ ပြဿနာကြီးကြီးမားမား မရှိလောက်ပါဘူး…. သူက အမိကမ္ဘာမြေအတွက် လာခဲ့တာ”

ဝေ‌စွေ့ဖုန်းမှာ အံ့ဩမှင်သက်သွားမိသည်။ “အမိကမ္ဘာမြေတဲ့လား…”

“ကောင်းကင်နတ်အရှင်ဟွေ့က အမိကမ္ဘာမြေ အသက်ရှင်နေသေရွေ့ ကမ္ဘာဦးဘုံရဲ့ လူသားမျိုးနွယ်တွေ ဘေးကင်းမှာမဟုတ်ဘူးလို့ ပြောတယ်….. မြောက်ချုံဧကရာဇ် ရက်စက်နေနိုင်တာက အမိကမ္ဘာမြေ သူ့ကို ထောက်ပံ့ပေးထားလို့ပဲ…”

ဝေ‌စွေ့ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးနေသည်။ “ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်နတ်အရှင်ဟောင်ကို ကူညီနေပေမယ့် စိတ်ထားက သိပ်မဆိုးလှပါဘူး…. သူက မကောင်းမှုကို စက်ဆုပ်တယ်၊ ‌ရှေးဟောင်းနတ်ဘုရားတွေကို မုန်းတီးတယ်… ‌ရှေးဟောင်းနတ်ဘုရားတွေကို ရှင်းလင်းဖို့သာဆိုရင် သူက ရှေ့ဆုံးထွက်လာမယ့် ပထမဆုံးသူပဲ”

“လူသားမျိုးနွယ်ရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေကို သတ်ဖြတ်ပြီး ရှေ့ဆုံးထွက်လာတာလဲ သူပဲလေ…” ရုတ်တရက် ချင်မူ့အသံ ထွက်လာသည်။

ကောင်းကင်နတ်အရှင်ယွဲ့က သူ့ဆီ အလျင်အမြန် ကြည့်လိုက်ရာ ‌ချင်မူ့ခန္ဓာကိုယ်မှာ စွမ်းအင်ကိုယ်ထည် ဖြစ်နေသေးကြောင်း တွေ့လိုက်ရသည်။ သူ၏ ခေါင်းသာလျှင် ထွက်ပေါ်လာ၏။

ခေါင်းကို ပထမဆုံး ကုသရသည့် အကြောင်းအရင်းကား သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖွင့်ရန်ပင်။ သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာမှာ လက်ရှိအချိန်တွင် အသွင်ဖွဲ့တည်လာနေဆဲ ရှိသေးသည်။

ကောင်းကင်နတ်အရှင်ယွဲ့က ပြုံးလျက် တုံ့ပြန်သည်။ “မူ၊ အခု နင့်ပုံစံကြီးက ထူးဆန်းလိုက်တာ …. အလင်းပေါ်မှာ ဧရာမခေါင်းကြီး ပေါ်နေတာဆိုတော့ အာရုံမထွေပြားဘဲ ဆက်ကျင့်ကြံတာ ကောင်းလိမ့်မယ်…. ကောင်းကင်နတ်အရှင်‌ဟွေ့ရဲ့ အခြေအနေက တည်ငြိမ်ပါသေးတယ်…. ဘာလို့လဲဆို ကောင်းကင်နတ်အရှင်ဟွေ့အပြင် ငါတို့လူသားမျိုးနွယ်မှာ နောက်ထပ် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ရှိသေးတယ်လေ….”

သူမမှာ အင်မတန် ပျော်ရွှင်နေလေသည်။ “အဲ့ဒီလူက ကောင်းကင်နတ်အရှင်ယွင်ရဲ့ တပည့်ကျော် ရှောင်ဝေ့စုလေ… သူက တစ်လောကလုံးမှာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်အဖြစ် ကြီးပြင်းလာခဲ့တာ…. ပထမဆုံး ချုံဧကရာဇ်ကလည်း သူပဲ”

ချင်မူ့မျက်ခုံးများမှာ ထိ‌လုနီးပါး တွန့်ချိုးသွား၏။ အနာဂတ်၏ ကောင်းကင်နတ်အရှင်ရှောင်.... ရှောင်ဝေ့စုကား ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ လူ၀င်စား ဖြစ်လေသည်။

ကောင်းကင်နတ်အရှင်ဟွေ့၌ လူသားမျိုးနွယ်အတွက် စာနာလိုစိတ် တစ်မျှင်လေး ရှိကောင်း ရှိသေးလိမ့်မည်။ ရှောင်ဝေ့စုတွင်တော့ ယုတ်မာပက်စက်သော အကြံများသာ ရှိနေမည်မှာ မြေကြီးလက်ခတ် မလွဲပေ။

“ညီလေး..”

ဝေစွေ့ဖုန်း၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။ သူက အော်လိုက်သည်။ “အာရုံမလွင့်နဲ့”

ချင်မူလည်း သတိရသွားပြီး အာရုံလွင့်သွားသည့်အချိန် ကောင်းကင်ရတနာ ဖွင့်လှစ်ရန် ကျရှုံးလုနီးပါးဖြစ်သွားသည်ကို သဘောပေါက်လိုက်သည်။ သူက အတွေးများကို အလျင်အမြန် ပြန်စုစည်းလိုက်သည်။

ချင်မူ အန္တရာယ်‌ရှိနေသေးကြောင်း တွေ့လိုက်ရသဖြင့် ကောင်းကင်နတ်အရှင်ယွဲ့က အလောတကြီး ပြောလေသည်။ “နင် လုပ်စရာရှိတာ ဆက်လုပ်… ငါ ညီမလင်နဲ့ အခြားလူသားသိုင်းပညာရှင်တွေဆီ သွားတိုင်ပင်ဦးမယ်… ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ရှောင်ဝေ့စုက ငါတို့ကို လှုပ်ရှားဖို့ တိုက်တွန်းနေတာ…”

“နေပါဦး”

ချင်မူက သူမကို ပြန်ခေါ်သည်။ “ကျွန်တော် အာရုံလွင့်လို့မရပေမယ့် ကျွန်တော့်ရဲ့ အသိစိတ်အလျဉ် ကျင့်စဉ်စွမ်းအင်တော့ ကျန်သေးတယ်.. မမကြီးယွဲ့၊ ကျွန်တော်က အိပ်မက်တွေကတဆင့် လမ်းစဉ်၀င်ရောက်တာမှာ ကျွမ်းကျင်တယ်”

ကောင်းကင်နတ်အရှင်ယွဲ့မှာ အံ့အားသင့်သွား၏။ “အဲ့ဒါက ဗုဒ္ဓကြီးရဲ့ ကျင့်စဉ်မဟုတ်လား”

ချင်မူက ပြော၏။ “သူ အိပ်မက်တွေကို သုံးပြီး လမ်းစဉ်၀င်ရောက်တာက ကျွန်တော်နဲ့ မတူဘူး… သူ သူ့အိပ်မက်က တကယ့်ကမ္ဘာထဲကို ရောက်သွားတာ... သူက အို၊ နာ၊ သေ၊ ဘေးတွေကို ကြုံတွေခံစားရင်း တာအိုနှလုံးသားကို ကျင့်ကြံတာမျိုးပဲ.. ကျွန်တော့်အိပ်မက်လမ်းစဉ်ကတော့ အဖြေရှာကောင်းကင်နတ်သိုင်းနဲ့ တူတယ်…. အရှိတရားကို အိပ်မက်အဖြစ် ပြောင်းလဲပြီးတော့ ဖြစ်နိုင်ချေထောင်ပေါင်းများစွာကနေ အကောင်းဆုံးအဖြေကို ရှာတာမျိုးပေါ့…”

ကောင်းကင်နတ်အရှင်ယွဲ့ ပါးစပ်ဟနေစဉ်မှာပင် သူမ၏ပတ်ဝန်းကျင်မှာ ရုတ်တရက် ပြောင်းလဲသွား၏။ ချင်မူက သူမဆီ လျှောက်လာသည်။

ချင်မူ့ရုပ်ခန္ဓာမှာ ပြန်လည်ကုသပြီးကြောင်း တွေ့လိုက်ရသဖြင့် သူမမှာ အံ့ဩမှင်သက်သွားမိ၏။ သူသည် ‌ခံ့ညားပြီး ဉာဏ်ပညာအမျှော်အမြင် ပြည့်၀နေချေသည်။

သူ့ဦးခေါင်းနောက်ရှိ ကောင်းကင်အလင်းတန်းက လှည်းဘီးသဖွယ် ဖွဲ့တည်နေပြီး သူ့ခန္ဓာကိုယ်မှာ မြင့်မားကာ တောင့်တင်းသန်မာနေ၏။

“မမကြီး မျက်လုံးထဲက ကျွန်တော်က ကျွန်တော်အစစ်မဟုတ်ဘူး”

ချင်မူ စကားပြောလိုက်သည့်အခါ သူ၏အသံမှာ ဆွဲဆောင်မှုရှိနေသည်။ “အခု ကျွန်တော်က မမကြီး စိတ်ကူးထဲက ကျွန်တော်ပဲ…. တကယ့်ကျွန်တော်နဲ့ ကွဲပြားနေလိမ့်မယ်…. ဒါက မမကြီးရဲ့ အိပ်မက်မလို့လေ…”

ကောင်းကင်နတ်အရှင်ယွဲ့မှာ အနည်းငယ် ရှက်သွေးဖြာသွားမိသည်။

ချင်မူက ဆက်ပြော၏။ “ဒါက မမကြီးရဲ့ အိပ်မက်ပဲ…. ကျွန်တော့်ရဲ့ အစွမ်းအစတွေက ပြန်မပြည့်လာသေးပေမယ့် မမကြီး အိပ်မက်ကနေ အဖြေရှာလို့ရအောင် ကူညီပေးနိုင်တယ်… ကြည့်လိုက်…”

သူက လက်ကို အသာအယာ ဝှေ့ရမ်းလိုက်ရာ ကောင်းကင်နတ်အရှင်ယွဲ့သည် ကမ္ဘာဦးသစ်ပင်နှင့် ၎င်းအောက်ရှိ အမိကမ္ဘာမြေကို တွေ့လိုက်ရ၏။

အမိကမ္ဘာမြေမှာ တစ်ယောက်တည်းမဟုတ်ပေ။ ကောင်းကင်နတ်အရှင်လင်၊ ရှောင်ဝေ့စု၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် သူမလည်း ရှိနေသည်။

ထိုအခိုက်အတန့်တွင် သူမ တခြားခန္ဓာကိုယ်ထဲသို့ ဝင်လာမိသည်ကို ခံစားလိုက်ရသည်။

သူတို့သည် အမိကမ္ဘာမြေကို တိုက်ခိုက်နေခြင်းဖြစ်ပြီး အခြေအနေမှာ အင်မတန် ပြင်းထန်နေ၏။ ကောင်းကင်နတ်သိုင်းနှင့် ကောင်းကင်ရတနာအမျိုးမျိုးက စဉ်ဆက်မပြတ် ထွက်ပေါ်လာနေသည်။

ကောင်းကင်နတ်အရှင်ယွဲ့က ထိုကောင်းကင်နတ်သိုင်းများကို ကြည့်လိုက်ရာ လူတိုင်း၏ ကောင်းကင်နတ်သိုင်းများမှာလည်း ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။ တချို့ ကောင်းကင်နတ်သိုင်းများဆိုလျှင် ထိုသူများ အပြင်လောကကို ထုတ်မပြသည့် အန္တိမသိုင်းကွက်များ ဖြစ်ကြလေသည်။

သူမကိုယ်လည်း အလားတူအခြေအနေကို ကြုံတွေ့နေရသကဲ့သို့ ခံစားနေရ၏။ သူမသည် အိပ်မက်တစ်ခုထဲ ရောက်ရှိနေပြီး သူမကိုယ်တိုင် ဤတိုက်ပွဲတွင် ပါ၀င်တိုက်ခိုက်နေသည့်အလားပင်။

“မဟုတ်ဘူး”

ကောင်းကင်နတ်အရှင်ယွဲ့က ပြုံး၍ ပြော၏။ “ချုံဧကရာဇ်ကလည်း သိုင်းပညာရှင်တစ်ယောက်ပဲ… တာအိုဘိုးဘေးကြီးနဲ့ ဘုန်းတော်ကြီးလည်း ရှိတယ်… သူတို့ကလည်း သိုင်းပညာရှင်တွေပဲ”

သူမ ထိုသို့ပြောလိုက်သည်နှင့် ချုံဧကရာဇ်၊ တာအိုဘိုးဘေးကြီး၊ ဗြဟ္မမဗုဒ္ဓနှင့် အခြားသူတို့၏ ပုံရိပ်များ ပေါ်လာလေသည်။ သို့သော် သူတို့မှာ မြောက်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ပိတ်ဆို့ခြင်းခံလိုက်ရ၏။

မြောက်ချုံဧကရာဇ် ကောက်းကင်နတ်ဘုံတွင် အဆင့်မြင့်သိုင်းပညာရှင်များစွာ ရှိပြီး အများစုမှာ ကြောက်မက်ဖွယ် အစွမ်းအစများ ပိုင်ဆိုင်ထားကြသည့် နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြသည်။။

အဆင့်မြင့်သိုင်းပညာရှင်များစွာမှာ အသက်နှင့်ရင်းလျက် အတူတကွ တိုက်ခိုက်နေသည့်တိုင် အမိကမ္ဘာမြေကို မရှင်းလင်းနိုင်သေးချေ။

တိုက်ပွဲသည် အားလုံး အပြင်းအထန် ဒဏ်ရာရခြင်းဖြင့် အဆုံးသတ်သွား၏။ အမိကမ္ဘာမြေမှာ အပြင်းအထန် ဒဏ်ရာရထားသော်လည်း အမိကမ္ဘာမြေဖြစ်နေလေရာ သူမ၏ဒဏ်ရာများက အလျင်အမြန်ပင် သက်သာသွားသည်။

တိုက်ပွဲရလဒ်အနေဖြင့် ကောင်းကင်နတ်အရှင်‌ဟွေ့သည် တိုက်ပွဲကျသွား၏။ ကောင်းကင်နတ်အရှင်လင်လည်း သေဆုံးပြီး ကောင်းကင်နတ်အရှင်ရှောင်မှာ ထွက်‌ပြေးလွတ်မြောက်သွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့တစ်ယောက်တည်းသာ အကောင်းပကတိအတိုင်း လွတ်မြောက်လာခဲ့၏။

အဝေးတွင် ကောင်းကင်နတ်အရှင်ယွဲ့မှာ ချင်မူနှင့် အတူရပ်၍ ဤမြင်ကွင်းအား ငေးကြောင်ကြည့်နေသည်။

“သမိုင်းကို ပြောင်းလဲလို့မရဘူး…. ဒါပေမဲ့ အိပ်မက်တွေကိုတော့ ပြောင်းလဲလို့ရတယ်”

ချင်မူက နူးညံ့စွာ ပြောပြနေသည်။ “အခု အိပ်မက်တွေ ဖြစ်တည်လာတဲ့နေရာဆီ ပြန်သွားရအောင်”

ရင်ကွဲဖွယ်မြင်ကွင်းမှာ ပြောင်းလဲသွားပြီး ကောင်းကင်နတ်အရှင်ယွဲ့မှာ ဤတိုက်ပွဲကို ဆက်လက်တွေ့ကြုံရပြန်သည်။ သူမသည် ကောင်းကင်နတ်အရှင်ယွဲ့ဖြစ်နေသေးပြီး ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ဟွေ့၊ ရှောင်ဝေ့စုအပြင် အခြားသူများနှင့်အတူ အမိကမ္ဘာမြေကို ရှင်းလင်းပစ်ရန် ကြိုးစားနေချေသည်။

All Chapters