အခန်း (၅၅၆)
Vol. 38 Ch. 556
ချင်လင်က ဂိမ်းထဲမှအသိပေးစာမြင်ပြီး ဂိမ်းဇာတ်ကောင်ကို ကမ်းခြေတန်းသွားစေလိုက်သည်။
လက်တွေ့လောကတွင် သမုဒ္ဒရာမှာ လူသားများအတွက်အကြီးဆုံးရတနာသိုက်ဖြစ်လာသည်။ ကျွမ်းနေသောရောဂါသည်များအတွက်သုံးနိုင်သောဆေးပင်များတောင် သမုဒ္ဒရာထဲတွင်ရှိသည်။
သမုဒ္ဒရာရေနက်ထဲမှသက်ရှိများ၊အပင်များသည် ပြင်းထန်သောအကြိတ်များ၊တချို့ကျွမ်းနေသောရောဂါများအတွက် အံ့ဩစရာကောင်းလောက်အောင်ထိရောက်မှုရှိကြောင်း သိပ္ပံပညာရှင်များလေ့လာတွေ့ရှိထားကြသည်။
သမုဒ္ဒရာရေနက်ထဲမှပစ္စည်းများက စုဆောင်းရခက်တာနှမြောစရာ။ အလွန်အန္တရာယ်ကြီးသလို တန်ဖိုးလည်းကြီးသည်။
ဒီပစ္စည်းတွေကို သမုဒ္ဒရာနက်ထဲမှရခဲ့ရင်တောင် သာမန်လူတွေသုံးရမည်မဟုတ်။ ကင်ဆာကုသရန် ယွမ်သန်းချီတန်ထိုးဆေးကိုဆေးပတ်လည်အောင် သာမန်လူတွေမတတ်နိုင်။
ဂိမ်းထဲတွင် ရေကန်သတ္တုတွင်းဖွဲ့စည်းထားပုံမှာ သမုဒ္ဒရာအနက်နှင့်ဆက်စပ်နေသည်။
ရေကန်သတ္တုတွင်းမှာ ပင်လယ်တိုက်စားမှုနှင့်ဆက်စပ်နေသောနေရာဖြစ်သည်။ အလွှာတိုင်းမှာ သမုဒ္ဒရာအောက်ထဲရောက်သွားသည်နှင့်တူသည်။ ရေကန်သတ္တုတွင်းအလွှာတိုင်းတွင် သမုဒ္ဒရာပစ္စည်းများသောင်တင်ပြီး နစ်မြှုပ်နေလိမ့်မည်။
နွေဦးသတ္တုတွင်းမှတူးနိုင်သောတချို့ပစ္စည်းများအပြင် ရေကန်သတ္တုတွင်းပစ္စည်းအများစုမှာ သမုဒ္ဒရာနှင့်ဆက်စပ်နေသည်။
ဒါက ယေဘူယျအားဖြင့်သာ။ အထဲမှာဘာရှိမလဲကိုမူ ချင်လင်မသိ။ ဘာပဲဖြစ်ဖြစ် သူမတူးကြည့်ရသေး။
သူကဂိမ်းဇာတ်ကောင်ကိုကမ်းခြေသွားစေပြီး မူလလှေကပ်ထားသောနေရာတွင် ထင်ထင်ရှားရှားစင်္ကြံနေရာကိုရှာလိုက်သည်။
ဂိမ်းဖွဲ့စည်းပုံအရ ငါးမျှားသောနေရာပင်။
အရင်ကကမ်းခြေမှာငါးမျှားဖို့စိတ်ကူးမရှိခြင်းကြောင့်မဟုတ်။ ကမ်းခြေတခြားနေရာတွင် ငါးမျှားလျှင် 'ဒီမှာငါးမျှားရင် အန္တရာယ်ရှိသည်'ဟူသောစာချက်ချင်းပေါ်လာသည်။ ထို့နောက် ဂိမ်း၏နည်းစနစ်ကြောင့် ငါးမျှားတံပစ်မရတော့ချေ။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို ငါးမျှားစင်္ကြံဆီသွားစေသည်။ ပြီးလျှင် ငါးမျှားတံထုတ်၍ ငါးစာတပ်ကာပစ်လိုက်သည်။ ဒီတစ်ကြိမ်တွင် အောင်မြင်သွားသည်။ ငါးမျှားဖို့အတားအဆီးမရှိတော့။
ငါးမျှားတံပစ်ပြီးမကြာမီ စနစ်အသိပေးစာပေါ်လာသည်။
(သဘာဝပုစွန်ကြီးရပါတယ် _ အရည်အသွေး ၂)
ချင်လင်အရင်ကပုစွန်စားဖူးသည်။ သမုဒ္ဒရာထဲတွေ့ရလေ့ရှိသော ပင်လယ်စာတစ်မျိုးဖြစ်ပြီး စားသောက်ဆိုင်များ၊ဟိုတယ်များတွင် စားပွဲသောက်ပွဲကျင်းပလျှင် မပါမဖြစ်ပင်။
သို့သော် ထိုအကောင်များအားလုံးမှာ မွေးမြူရေးထားခြင်းဖြစ်ပြီး သဘာဝစစ်စစ်ကရှားပါးနေသေးသည်။
ချင်လင်ကငါးမျှားတံဆက်ချပြီး ခဏအကြာ နောက်တစ်ခုရပြန်သည်။
(အလှမွေးမြင်းကျားငါးဖမ်းမိပါတယ် _ အရည်အသွေး ၁)
…
(အလှကြည့်ပင်လယ်လိပ်ရပါတယ် _ အရည်အသွေး ၁)
…
(သဘာဝပင်လယ်ဂဏန်းကြီးရပါတယ် _ အရည်အသွေး ၂)
…
(သဘာဝဆာမွန်ငါးရပါတယ် _ အရည်အသွေး ၂)
ချင်လင်ကငါးမျှားတံဆက်ပစ်ရာ ရေထွက်ကုန်များတစ်ကောင်ပြီးတစ်ကောင်မိသည်။
ပင်လယ်မှာမျှားတာက မြစ်ထက်ပိုပြီးအမျိုးအစားစုံသည်။
ငါးအပြင် ပင်လယ်လိပ်များလည်းရှိသည်။
နောက်ပြီး သူစားတာ ငါးတင်မဟုတ်။ ပုစွန်ကြီးနှင့်ပင်လယ်ဂဏန်းများလည်းစားသည်။
အရံအစားအစာထပ်ထည့်သလိုပင်။ အားလုံးအရည်အသွေးတူသောကြောင့် ရွေးချယ်စရာအရသာပိုများသည်။
ချင်လင်ကငါးစာဆက်တပ်ပြီး ငါးမျှားတံကိုပစ်ပြန်သည်။
အဆင့် ၃ ငွေငါးမျှားတံမှာ စွမ်းရည်အလွန်မြင့်သောကြောင့် တခဏအတွင်း ငါးများများချိတ်မိသည်။
(သဘာဝငါးပုတ်သင်အဝါကြီးဖမ်းမိပါတယ် _ အရည်အသွေး ၂)
ဗုဒ္ဓေါ!
ဒီတစ်ခါရသောအကောင်ကြီးမြင်ပြီး ချင်လင်အပျော်လွန်သွားသည်။
သဘာဝငါးပုတ်သင်အဝါကြီးမှာ အလွန်အာဟာရဖြစ်ပြီး သမုဒ္ဒရာထဲရှားပါးသောငါးမျိုးဖြစ်သည်။ လူများက တစ်နှစ်ပတ်လုံးဖမ်းနေသောကြောင့် ရေငုပ်နိုင်သောနေရာများတွင် သဘာဝငါးပုတ်သင်အဝါကြီးကိုတွေ့ဖို့ မဖြစ်နိုင်သလောက်ပင်။
စျေးကွက်ထဲရောက်နေသောအကောင်များမှာ မွေးမြူထားခြင်းသာ။
တစ်နည်းပြောရရင် ဒီငါးက ကုန်းတွင်းမှငါးကြင်းနှင့်တူသည်ဟုဆိုရမည်။ သို့သော် ငါးကြင်းမယှဉ်နိုင်။
သဘာဝငါးပုတ်သင်အဝါကြီး၏ဆေးဖက်ဝင်တန်ဖိုးမှာ ငါးကြင်းထက်ပိုမြင့်ပြီး သက်ကြီးရွယ်အိုများအတွက် အလွန်အကျိုးရှိသည်။
လူတစ်ယောက် ၇ ကတ်တီရှိသဘာဝငါးပုတ်သင်အဝါကြီးဖမ်းမိပြီး ယွမ် ၄၂၀၀၀ နှင့်ရောင်းသောသတင်းရှိသည်မဟုတ်လား? တစ်ကတ်တီ ယွမ် ၆၀၀၀ ပင်။
နောက်ပြီး ငါးကြီးလေလေ တန်ဖိုးကကြီးလေလေ။ ကတ်တီ ၂၀ ကျော်အချိန်စီးသော သဘာဝငါးပုတ်သင်အဝါကြီးမှာ ငါးလေလံပွဲ၌ ယွမ် ၃၀၀၀၀၀ အထိရှိခဲ့သည်။ တစ်ကတ်တီ ယွမ် ၁၀၀၀၀ ကျော်ကျသည်။
ဒီလိုငါးမျိုးကို ပိုက်ဆံနှင့်မဝယ်နိုင်။
သဘာဝငါးပုတ်သင်အဝါကြီးစျေးကြီးရခြင်းမှာ နောက်ထပ်အဓိကအကြောင်းရင်းတစ်ခုရှိသေးသည်။ ကင်ဆာအမျိုးမျိုးကိုကာကွယ်ကုသရာတွင် အလွန်ထိရောက်သောကြောင့်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လူချမ်းသာတွေက အရူးမဟုတ်။
ကမ်းခြေတွင်ပထမဆုံးငါးမျှားသောနေ့တွင် ဒီလိုငါးမျိုးဖမ်းမိခြင်းကြောင့် ချင်လင်စိတ်လှုပ်ရှားနေသည်။ လက်ရှိသူ့စီးပွားရေးက ဒါတွေရောင်းပြီးငွေရှာစရာ လုံးဝမလို။
သို့သော် အတော်လေးစားကောင်းသော ထွက်ကုန်များဖြစ်လေသည်။
နောက်ပြီး သူတစ်ခုစဉ်းစားမိသည်။ စံအိမ်အထွေထွေဆောက်လုပ်ရေးပိုင်းမှာ အပြီးသတ်ခါနီးဖြစ်၍ ပြင်ဆင်မွမ်းမံသည့်အဆင့်ရောက်တော့မည်။
အပန်းဖြေစံအိမ်ပြီးရင် အဆင့်အတန်းမြင့်ဧည့်သည်တွေရှိလာမည်။ ဒီလိုသဘာဝငါးပုတ်သင်အဝါကြီးတွေလုပ်ပေးရင် အထက်တန်းကျလိမ့်မည်။
နောက်ပြီး အရည်အသွေး ၂ ငါးနှင့် အရည်အသွေး ၂ ပင်လယ်စာများက ပြတ်လပ်မည့်ပုံမရှိ။ သူ့မှာ အရည်အသွေး ၂ ဟင်းသီးဟင်းရွက်နှင့် အရည်အသွေး ၂ အသီးအနှံများလည်းရှိသည်။
မကြာမကြာဆိုသလို အရည်အသွေး ၃ ဘဲဥထမင်းကြော်နှင့် အရည်အသွေး ၃ ငါးစားသောက်ပွဲတောင်လုပ်ပေးနိုင်သည်။
VIP ဧည့်သည်အဖြစ် တိုက်ရိုက်သဘောထားလို့သင့်တော်ပါ့မလား သူတွေးမိပြန်သည်။ ဘာပဲဖြစ်ဖြစ် အရင်သူသတ်မှတ်ထားသော VIP ဧည့်သည်အရေအတွက်က နည်းနည်းနိမ့်သေးသည်။
အပန်းဖြေစံအိမ်ကိုအဆင့်မြှင့်မည်ဆိုသော်လည်း ဘယ်လိုအဆင့်မြှင့်မလဲ? ဒါကိုသူသေချာစဉ်းစားရမည်။
ဥပမာ ဝန်ကြီးလု၊ပါမောက္ခရန်နှင့်တခြားတော်ဝင်ပညာရှင်များ ရက်ပိုင်းလောက်အပန်းဖြေလာသည်ဆိုပါစို့။
ဝမ်ရန်ကိုဝင်ခွင့်ပြုပြီး အနှောင့်အယှက်ဖြစ်စေလို့မရဘူးမလား?
ဝမ်ရန်က သူ့အဆက်အသွယ်များခေါ်လာနိုင်သည်။ သို့ရာတွင် ပြည်သူ့ယောက်ျားသခင်လေးဝမ် ဒါမှမဟုတ် သူဌေးလက်သစ်များသည်လည်း လူချမ်းသာများပင်။ ဒီလိုလူများကိုတပြိုင်တည်းဝင်ခွင့်ပေးရင် ပုံစံပျက်လိမ့်မည်။
မယုံမရှိနှင့်။ အပန်းဖြေစံအိမ်ပြီးသွားရင် အရည်အသွေး ၂ ပစ္စည်းတွေ၊ နောက် ချင်းလင်ဆေးဖက်ဝင်ဝိုင်တောင် အပန်းဖြေစံအိမ်၏ပုံမှန်အသုံးတော်ခံဖြစ်လာမည်။ စံအိမ်မှာ ပြိုင်လုစရာမလိုဘဲ လူတွေသေချာပေါက်စိတ်ဝင်စားစရာဖြစ်လိမ့်မည်။