အခန်း (၅၅၇)
Vol. 38 Ch. 557
ထို့ကြောင့် အပန်းဖြေစံအိမ်အကြောင်းစဉ်းစားရဦးမည်။
လတိုင်း လူဦးရေအကန့်အသတ်ရှိရမည်။
ချမ်းသာပြီး အာဏာရှိသူတိုင်းလာချင်ရင်တောင် ကြိုစာရင်းပေးထားရမည်။
ချမ်းသာပြီးအာဏာရှိတာ ခင်ဗျားအပိုင်း။ ကျွန်တော့အပန်းဖြေစံအိမ်ကဝန်ဆောင်မှုလိုချင်ရင် အရင်ဆုံးအချက်အလက်ဖြည့်သွင်းရမယ်။ ပြီးရင် ဘယ်အချိန်လာနိုင်တယ် အသိပေးမယ်။ မဟုတ်ရင် တန်းစီပြီးစောင့်ရလိမ့်မယ်။
ဒီလိုဆို မိုက်ပြီ။
ဒါပေမဲ့ ဒီအဆင့်တကယ်ရောက်ပြီဆိုရင် အပန်းဖြေစံအိမ်ကို မွေးမြူရေးခြံ၊စံအိမ်နှင့်ကင်းလွတ်အောင်လုပ်ရမည်။ အထူးတံတိုင်းဆောက်၊ စိမ်းစိမ်းစိုစိုသစ်ပင်များနှင့်ခြားပြီး မွေးမြူရေးခြံနှင့်စံအိမ်မှဆူဆူညံညံအသံများ အပန်းဖြေစံအိမ်အပေါ်သက်ရောက်မှုမရှိစေရန်ဆောင်ရွက်ရမည်။
မဟုတ်လို့ ပါမောက္ခရန်နဲ့လူကြီးမင်းကျုံးလိုတော်ဝင်ပညာရှင်တွေအပန်းဖြေလာတဲ့အခါ စဉ်းစားဉာဏ်မရှိတဲ့ခရီးသည်တွေဝင်လာပြီး သူတို့ဖုန်းနဲ့ဓာတ်ပုံတွေရိုက်နေရင် မခက်ပါလား?
ချင်လင်ကတွေးတောပြီး ငါးမျှားတံဆက်ချလိုက်သည်။
အပန်းဖြေစံအိမ်ကိုအခုမရွှေ့နိုင်သေး။ အပန်းဖြေစံအိမ်အသင့်ဖြစ်တဲ့အထိစောင့်ရဦးမည်။
ခဏအကြာ_
ငါးစာကို တစ်ကောင်ကောင်လာဟပ်သည်။
(သဘာဝပုစွန်ကြီးရပါတယ်_ အရည်အသွေး ၂)
…
(သဘာဝပင်လယ်ဂဏန်းကြီးရပါတယ်_ အရည်အသွေး ၂)
(သင်ငါးမျှားရင်း ဆူဆူညံညံလုပ်သောကြောင့် အနီးအနားတိရစ္ဆာန်များလန့်ပြေးကုန်ပါပြီ... မနက်ဖြန်မှပြန်လာခဲ့ပါ!)
မျှားနိုင်သောအကြိမ်ရေအကန့်အသတ်ရှိပုံရသည်။
သေချာရေတွက်ကြည့်သောအခါ ၃၅ ကောင်ဖမ်းမိသည်။
ဒီတစ်ကြိမ်တွင်လည်း အရည်အသွေး ၁ အလှမွေးတိရစ္ဆာန် ၁၀ ကောင်။ တခြားတိရစ္ဆာန် ၂၅ ကောင်။ အဆင့် ၃ ငါးမျှားတံနှင့် အဆင့် ၃ ငါးစာက အရည်အသွေးအတူတူပင်။
ခြုံကြည့်လျှင် အရည်အသွေးက မြစ်ထဲမှာငါးမျှားသည်နှင့်သိပ်ကွာခြားမှုမရှိ။ အမျိုးအစားသာကွာသည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်လာစေပြီး ငါးကန်ထဲငါးများထည့်လိုက်သည်။ ထို့နောက် ရုံးခန်းတံခါးလော့ပြန်ချ၍ ဂိမ်းထဲဝင်ကြည့်လိုက်သည်။
ဒီတစ်ခေါက် အရည်အသွေး ၂ ပုစွန်ကြီး ၇ ကောင်၊ အရည်အသွေး ၂ ပင်လယ်ဂဏန်း ၆ ကောင်နှင့် အရည်အသွေး ၂ ဆာမွန်ငါးစုစုပေါင်း ၁၂ ကောင်ဖမ်းမိသည်။
ချင်လင်ကရေကန်သွားပြီး မှတ်ချက်များကြည့်လိုက်ရာ အံ့ဩသွားသည်။
(သဘာဝပုစွန်ကြီး: အရည်အသွေး ၂ _ ၂၀ ကတ်တီ)


(မှတ်ချက်: သဘာဝပင်လယ်ပုစွန်စစ်စစ်၊ ဂိမ်းထုတ်ကုန်ဖြစ်ပြီး အညစ်အကြေးနှင့်ကပ်ပါးကောင်များကင်းစင်သည်:
အရသာ +၂၊ စားကောင်းခြင်း +၂၊ သွေးအားကောင်းခြင်းနှင့်ယန်ဓာတ်အားဖြည့်ပေးခြင်း +၂၊ သရက်ရွက်အားကောင်းစေပြီး အစာစားချင်စိတ်ဖြစ်စေခြင်း +၂!)
ပုစွန်ကြီး ၇ ကောင်မှာ ၂၀ ကတ်တီနီးနီးရှိသည်။
ဒီအရွယ်အစားရှိသောပုစွန်မျိုးအလွန်ရှားပြီး အာနိသင်အများကြီးရှိသည်။ အရသာ +၂၊ စားကောင်းခြင်း +၂ အပြင် သွေးအားကောင်းခြင်းနှင့်ယန်ဓာတ်အားဖြည့်ပေးခြင်း +၂ လည်းရှိပြီး အစာစားချင်စိတ်ဖြစ်စေခြင်း +၂ ပါရှိသည်။
အထူးသဖြင့် သွေးအားကောင်းပြီး ယန်ဓာတ်အားဖြည့်ပေးခြင်းပင်။ ဒီအရည်အသွေးကို အမျိုးသားတွေ လုံးဝသဘောကျလိမ့်မည်။
နောက်ထပ်သော*က်အမျိုးသားနဲ့ဆိုင်တဲ့အာနိသင်ပါပြန်ပြီ။
ပုစွန်ကြီးမှာ ဒါမျိုးအာနိသင်ရှိမယ်လို့ ဘယ်သူထင်မလဲ?
(သဘာဝပင်လယ်ဂဏန်း: အရည်အသွေး ၂ _ ၃၀ ကတ်တီ)
(မှတ်ချက်: သဘာဝပင်လယ်ဂဏန်းစစ်စစ်၊ ဂိမ်းထုတ်ကုန်ဖြစ်ပြီး အညစ်အကြေးနှင့်ကပ်ပါးကောင်များကင်းစင်သည်:
အရသာ +၂၊ စားကောင်းခြင်း +၂၊ ခန္ဓာကိုယ်ဖွံ့ဖြိုးစေခြင်း +၂၊ အာဟာရကြွယ်ဝခြင်း +၂!)
ပင်လယ်ဂဏန်းအရွယ်အစားကလည်း အလွန်ကြီးပြီး အရသာ +၂၊ စားကောင်းခြင်း +၂ ရှိသည်။
ခန္ဓာကိုယ်ဖွံ့ဖြိုးစေခြင်း +၂၊ အာဟာရကြွယ်ဝခြင်း +၂ လည်းရှိသည်။ ဒါဓာတ်စာကုထုံးအတွက် အကောင်းဆုံးအစားအစာပင်။
(သဘာဝဆာမွန်: အရည်အသွေး ၂ _ ၂၅ ကတ်တီ)
(မှတ်ချက်: သဘာဝဆာမွန်စစ်စစ်၊ ဂိမ်းထုတ်ကုန်ဖြစ်ပြီး အညစ်အကြေးနှင့်ကပ်ပါးကောင်များကင်းစင်သည်:
အရသာ +၂၊ စားကောင်းခြင်း +၂၊ ခန္ဓာကိုယ်ခုခံအားစနစ် +၂၊ သွေးအားနည်းကာကွယ်ခြင်း +၂၊ လေဖြတ်ရောဂါကာကွယ်ခြင်း +၂၊ စိတ်ဖောက်ပြန်မှုကာကွယ်ခြင်း +၂!)
ဆာမွန်က အာနိသင်ပိုများပြီး ဓာတ်စာတန်ဖိုးပိုမြင့်သည်။
အထူးသဖြင့် အရသာနှင့်စားကောင်းခြင်းမှလွဲ၍ ကျန်အာနိသင် ၄ မျိုးမှာ သက်ကြီးရွယ်အိုများအတွက်လုံးဝလိုအပ်သည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ချင်လင်အတွက် အရည်အသွေး ၂ ပစ္စည်းကဒီလောက်မရှား။
ဘာပဲဖြစ်ဖြစ် သူအရည်အသွေး ၂ ပစ္စည်းတွေအများကြီးစားထား၍ ကိုယ်ခံအားကအတိုင်းအတာတစ်ခုအထိရှိနေသည်။
သို့ရာတွင် ဒီသဘာဝပင်လယ်စာစစ်စစ်သုံးမျိုးကိုအပြင်မှာရောင်းလျှင် အလွန်နာမည်ကြီးမှာအသေအချာပင်။
ဒီပင်လယ်စာ ၃ မျိုးနှင့် အပန်းဖြေစံအိမ်အသင့်ဖြစ်လျှင် အရည်အသွေး ၂ မီနူးမှာ အလျှံအပယ်ဖြစ်တော့မည်။
နောက်ပြီး ကမ်းခြေမှာသွားမျှားရင် တခြားပင်လယ်စာများဖမ်းမိနိုင်သေးသည်။
ချင်လင်ကတွေးတောပြီး သဘာဝငါးပုတ်သင်အဝါရောင်ငါးကြီး၏မှတ်ချက်ကိုတန်းကြည့်လိုက်သည်:
(သဘာဝငါးပုတ်သင်အဝါရောင်ငါးကြီး: အရည်အသွေး ၂ _ ၃၀ ကတ်တီ)
(မှတ်ချက်: သဘာဝငါးပုတ်သင်အဝါရောင်ငါးစစ်စစ်၊ ဂိမ်းထုတ်ကုန်ဖြစ်ပြီး အညစ်အကြေးနှင့်ကပ်ပါးကောင်များကင်းစင်သည်:
အရသာ +၂၊ စားကောင်းခြင်း +၂၊ အသည်းနှင့်ကျောက်ကပ်ကာကွယ်ခြင်း +၂၊ သွေးနှင့်ချီဓာတ်အားဖြည့်ပေးခြင်း +၂၊ အမြင်ကြည်လင်ပြီး စိတ်တည်ငြိမ်စေခြင်း +၂၊ ယန်ဓာတ်အလွှတ်စောခြင်းကုသမှု +၂၊ ကင်ဆာကာကွယ်ခြင်း +၂!)
သဘာဝငါးပုတ်သင်အဝါရောင်ငါးကြီး၏အာနိသင်များကိုဖတ်ပြီး ဒီငါးဘာလို့ဒီလောက်စျေးကြီးလဲ သူသဘောပေါက်သွားသည်။
၅၀၀ ဂရမ်ကို ယွမ် ၁၀၀၀၀ ပေးဝယ်ရအောင် လူချမ်းသာတွေက ငတုံးမှမဟုတ်တာ?
အသည်းနှင့်ကျောက်ကပ်ကာကွယ်ခြင်း +၂၊ ယန်ဓာတ်အလွှတ်စောခြင်းကုသမှု +၂ နှင့်တင်တန်နေပြီ။


အာနိသင်တကယ်ရှိတယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ဝယ်ကြလိမ့်မည်။
ထို့အပြင် သွေးနှင့်ချီဓာတ်အားဖြည့်ပေးခြင်း +၂ မှာလည်း အသက် ၄၀ ကျော်အရွယ်များအတွက် အလွန်အရေးပါသည်။
နောက်ပြီး ဒီငါးပုတ်သင်ငါးဝါမှာ ကင်ဆာကာကွယ်ခြင်း +၂ အာနိသင်ရှိသည်။ ဒီအချက်ကထိရောက်မှန်းသိရင် လူချမ်းတွေက ဘယ်လောက်ဖြစ်ဖြစ်ဝယ်ကြလိမ့်မည်။
ထို့ကြောင့် ဒီကတ်တီ ၃၀ ရှိငါးပုတ်သင်ငါးဝါနှင့် ငါးစားသောက်ပွဲလုပ်ပေးရင် အရသာနှင့်စားကောင်းခြင်းက +၃ တက်သွားမည်ဖြစ်၍ ယွမ် ၅၀၀၀၀ တောင်းလည်းမလွန်။
အဓိကအချက်မှာ ယွမ် ၅၀၀၀၀ ရှိရင်တောင် သူ့မှာငါးရှိမရှိ၊ ငါးစားသောက်ပွဲကို သူချက်ပေးချင်စိတ်ရှိမရှိအပေါ်မူတည်သေးသည်။
အဲဒီအချိန်ကျရင် ဒီငါးပုတ်သင်ငါးအဝါမျိုးက အပန်းဖြေစံအိမ်ရဲ့စားသောက်ပွဲမှာဘုရင်ဖြစ်လာနိုင်သည်။
ပင်လယ်စာများ၏မှတ်ချက်များကိုလေ့လာပြီးနောက် ချင်လင်ကဂိမ်းထဲမှထွက်လိုက်သည်။
ဒီတစ်ကြိမ်၌ ကမ်းခြေတွင်ငါးမျှားသည့်အပြင် ရေကန်သတ္တုတွင်းလည်းရှိသေးသည်။ သူက သူ့ဂိမ်းဇာတ်ကောင်ကိုရေကန်သတ္တုတွင်းသွား၍ တစ်ချက်ကြည့်စေသည်။
ရုံးခန်းထဲ၌_
ချင်လင်က သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ရင်း ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားစေလိုက်သည်။
ရေကန်သတ္တုတွင်းမှာ နွေဦးသတ္တုတွင်းနှင့်ဆင်သည်။ အရောင်နှင့်ဖွဲ့စည်းပုံနောက်ခံချင်းတူသည်။
ကွာခြားချက်မှာ ရေကန်သတ္တုတွင်းတစ်ဝက်ခန့်က ရေစီးဆင်းသောအပိုင်းဖြစ်ပြီး တူးဖော်မရချေ။
ဂိမ်းထဲတွင် ရေစီးနေရာမှာ ပင်လယ်ရေကိုကိုယ်စားပြုသည်။
သမုဒ္ဒရာထွက်ကုန်များမှာ ပင်လယ်ရေနှင့်အတူ ရေကန်သတ္တုတွင်းဆီမျောပြီး သောင်တင်နေသည်။
ထို့ကြောင့် ရေကန်သတ္တုတွင်းတွင်တူးဖော်နိုင်သောနေရာက နွေဦးသတ္တုတွင်းထက်ကျဉ်းသည်။
ချင်လင်ကတူးဖော်ရေးကိရိယာများထုတ်ပြီး ရေကန်သတ္တုတွင်းပထမအလွှာကိုစတူးလိုက်သည်။
မြေသုံးလေးချက်ဆွပြီးနောက် စနစ်အသိပေးစာပေါ်လာသည်:
(ကြေးနီသတ္တုရတဲ့အတွက် ဂုဏ်ယူပါတယ်!)
ဆက်တူး!
နောက်ထပ်ဆက်တူးပြီး အသိပေးစာပေါ်လာပြန်သည်:
(ငွေသတ္တုရတဲ့အတွက် ဂုဏ်ယူပါတယ်!)
နွေဦးသတ္တုတွင်းကဲ့သို့ ရွှေ၊ ငွေ၊ ကြေးနီသတ္တုများနှင့် အစဖွင့်သည်။
ပထမအလွှာတွင် တခြားဘာမှတောင်မတွေ့။
ဒုတိယအလွှာသွားပြီးဆက်တူးသော်လည်း ရွှေ၊ ငွေ၊ ကြေးနီသတ္တုများအပြင် တခြားဘာမှမရှိ။


တတိယအလွှာတွင် ဘာမှမရသေး။
ရနိုင်ချေနည်းပုံရသည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို စတုတ္ထအလွှာထဲဝင်စေလိုက်သည်။
ဒီတစ်ခါ စတုတ္ထအလွှာတူးရင်းတန်းလန်း ရွှေ၊ ငွေ၊ ကြေးနီသတ္တုများအပြင် တခြားပစ္စည်းရလာသည်။
(ပင်လယ်ခွေးရိုးရသည့်အတွက်ဂုဏ်ယူပါတယ်!)
“???”
ထိုပစ္စည်းမြင်ပြီး ချင်လင်စကားရှာမရဖြစ်သွားသည်။
ဘာလဲဟ?
ရုတ်တရက်အသိပေးစာတက်လာတော့ ကောင်းတာတစ်ခုခုထင်နေတာ။
အရိုးကြီးမှန်းဘယ်သိမလဲ?
စနစ်က သူ့ကိုအပျော်ကစားနေတာလား?
သူသက်ပြင်းချလိုက်သည်။
ဆက်တူးသည်။
စတုတ္ထအလွှာ_
ပဉ္စမအလွှာ_
နှစ်လွှာဆက်တိုက်တူးပြီးနောက် ရွှေ၊ ငွေ၊ ကြေးနီသတ္တုများနှင့်အရိုးအပြင် တခြားမရတော့။
နွေဦးသတ္တုတွင်းနှင့်ယှဉ်လျှင် ရေကန်သတ္တုတွင်းမှာ ဆင်းရဲလွန်းပုံရသည်။
သူ့ဂိမ်းဇာတ်ကောင်ကို ရေကန်သတ္တုတွင်းဆဋ္ဌမအလွှာဝင်ခိုင်းမည်အပြုတွင် စနစ်ကန့်သတ်ချက်ပေါ်လာသည်။
တစ်နည်းဆိုသော် ရေကန်သတ္တုတွင်း၏ပဉ္စမအလွှာအထိသာဝင်ရသေးသည်။ ဆဋ္ဌမအလွှာရောက်အောင် အဆင့်တက်ဖို့စောင့်ရဦးမည်။
အစက ရေကန်သတ္တုတွင်းကို နွေဦးသတ္တုတွင်းလို ၁၂ လွှာအထိရောက်နိုင်မည်ဟုထင်ခဲ့သည်။
တစ်နည်းပြောရရင် ရေကန်သတ္တုတွင်းပွင့်လာတာ ခြောက်ခြောက်ကပ်ကပ်နဲ့တူးနေရမှာလား? ပင်လယ်ခွေးရိုးပဲရတာလား?
ပြီးတော့ ဒီပင်လယ်ခွေးဆိုတာ ဘာကြီးလဲ?
ပင်လယ်ထဲက ခွေးလား?
ချင်လင်ကမကျေမနပ်ဖြစ်နေရင်း လိုင်းပေါ်တက်ရှာကြည့်လိုက်သေးသည်။ ဒီတော့မှဖျံတစ်မျိုးမှန်းသိလိုက်ရသည်။
သော*က်!
ချင်လင်ကခဏတွေးကြည့်ပြီး ဂိမ်းဇာတ်ကောင်ကိုစိုက်ပျိုးရေးခြံပြန်စေကာ သူကဂိမ်းထဲပြန်ဝင်လိုက်သည်။
ဒီပစ္စည်းတူးရမှတော့ ဘာလဲကြည့်ရမည်။
ဒီအရိုးက ပစ္စည်းကောင်းများလား?
ချင်လင်က ဖျံ၏မှတ်ချက်များကိုဖတ်ပြီး မယုံနိုင်သောမျက်လုံးများနှင့်အံ့ဩသွားသည်။
သူအတွေးတိမ်သွားသည်။
အရိုးကိုကောင်းတာတစ်ခုခုလို့ပဲထင်ခဲ့တာ။ အရမ်းကောင်းနေမယ်လို့ ဘယ်ထင်မလဲ။