အခန်း (၅၅၈)
Vol. 38 Ch. 558
ချင်လင်ကဂိမ်းထဲဝင်ပြီး ပင်လယ်ခွေးရိုးကိုထုတ်လိုက်သည်။
အရိုးကမပေါ့၊ အနည်းဆုံး ၁၀ ကတ်တီရှိမည်။
ဒီပင်လယ်ခွေးအသက်ရှိစဉ်က အတော်ကြီးလောက်တယ်မလား?
သို့ရာတွင် ပင်လယ်ခွေးရိုး၏အချက်အလက်ကိုကြည့်လိုက်တော့မှ လုံးဝအံ့ဩမိတော့သည်။
(ရှားပါး _ ပင်လယ်ခွေးရိုး: အရည်အသွေး ၂)
(အသက်ရှည်၊ဉာဏ်ကောင်းသောပင်လယ်ခွေး၏အရိုးဖြစ်သည်။ ပင်လယ်ရေကြောင့် ရေကန်သတ္တုတွင်းတွင်သောင်တင်နေသည်။
ဤပင်လယ်ခွေးရိုးမှာ မတွေ့ရသလောက်ရှားပြီး ဝိုင်လုပ်ရာတွင်အလွန်ထူးခြားသောအာနိသင်ရှိသည်။
သွေးခဲဖယ်ရှားပြီး သွေးလှည့်ပတ်မှုကောင်းစေခြင်း +၂၊ ရောင်ခြင်း၊နာခြင်းကိုသက်သာစေခြင်း +၂၊ မီးယပ်နှင့်မြုံခြင်းကိုကုသပေးခြင်း +၂၊ သားအိမ်အေးခြင်းနှင့်မြုံခြင်းကိုကုသပေးခြင်း +၂!)
နောက်ဆုံးအရည်အသွေးနှစ်ခုက...
ဒီအတိုင်းအရိုးတစ်ခုပဲထင်နေပေမဲ့ ဝိုင်စိမ်လို့ရတဲ့အရိုးကောင်းမှန်းဘယ်သိမလဲ? ပြီးတော့ ရှားပါးအရည်အသွေးနဲ့တွေ့ဖို့မဖြစ်နိုင်သလောက်တဲ့!
သွေးခဲဖယ်ရှားပြီး သွေးလှည့်ပတ်မှုကောင်းစေခြင်း +၂ နှင့် ရောင်ခြင်း၊နာခြင်းကိုသက်သာစေခြင်း +၂ မှာ သက်သက်နံပါတ်တိုးအောင်လုပ်ထားခြင်းဟူ၍ တန်းလျစ်လျူရှုလိုက်သည်။
သို့ရာတွင် မီးယပ်နှင့်မြုံခြင်းကိုကုသပေးခြင်း +၂၊ သားအိမ်အေးခြင်းနှင့်မြုံခြင်းကိုကုသပေးခြင်း +၂ ရှိသောဝိုင်မှာ အံ့ဩစရာကောင်းမည်။
ကိရိယာများမပါသည်မှလွဲ၍ ဤအချက်နှစ်ချက်မှာ မြုံရခြင်း၏အဓိကအကြောင်းရင်းဖြစ်သည်။ အထူးသဖြင့် ထိုရောဂါမှာကုသရခက်ပြီး ငွေကုန်ကြေးကျများသည်။
ဒီပြဿနာနှစ်ခုရှိသူဆိုလျှင် ဒီဆေးဖက်ဝင်ဝိုင်ကိုလာတောင်းဆိုကြလိမ့်မည်။
ဒီအကြောင်းတွေးမှ သူ့မှာယန်ဓာတ်နှင့်ကျောက်ကပ်အားကောင်းစေသောဆေးဖက်ဝင်ဝိုင်လည်းရှိသည်။ အားနည်းသူဆိုလျှင် အားဖြည့်ပေးနိုင်မည်။
လီရှင်း၊ ချန်ရှန်းဖေ၊ မာလဲ့ဝမ်တို့မိန်းမတွေအကုန်ကိုယ်ဝန်ကြီးနှင့်။
ဒါကွမ်ရင်မယ်တော်ထက်ပိုမစွမ်းဘူးလား? သန္ဓေသားဆေးရုံတွေထက်ပိုမစွမ်းဘူးလား?
ဒူးထောက်ပြီးကလေးတောင်းနေလို့အကျိုးမရှိ။ သန္ဓေသားဆေးရုံသွားရင်တောင် အကျိုးမရှိ။ သို့ရာတွင် ဒီအကြောင်းရင်းနှစ်ချက်ကြောင့်သာဖြစ်ပါက သူ့ဝိုင်ကသေချာပေါက်အစွမ်းပြလိမ့်မည်။
အဲဒီအချိန်ကျရင် ဒီဆေးဖက်ဝင်ဝိုင်ကို ချင်းလင်သန္ဓေတည်ဝိုင်ဟုခေါ်မည်။
ပင်လယ်ခွေးရိုး၏အာနိသင်များကိုကြည့်ပြီးနောက် ရေကန်သတ္တုတွင်း၏အရည်အသွေးကမြင့်သည်ဟုချင်လင်ထင်မိသည်။
စောစောက ရေကန်သတ္တုတွင်းကိုအထင်လွဲမိ၍ ရိုးရိုးသားသားတောင်းပန်ရဦးမည်။
ငါးလွှာတူးပြီး အရိုးတစ်ရိုးသာရသော်လည်း ဒီအရိုးတန်ဖိုးကမြင့်သည်။
ချင်လင်က ချက်ချင်းဂိမ်းထဲမှထွက်၍ ရုံးခန်းအပြင်ထွက်လာသည်။ သူကရေပုံးကြီးကြီးယူပြီး စံအိမ်မှထွက်လာ၏။ ဂိုဒေါင်သွားပြီး ပင်လယ်စာတချို့နှင့် ဝိုင်စိမ်ရန်ပင်လယ်ခွေးရိုးသွားယူမည်။
ဂိုဒေါင်မသွားခင် တရုတ်တိုင်းရင်းဆေးစျေးကွက်မှာခြေဆန့်ဦးမည်။ ဝိုင်စိမ်သည့်ပင်လယ်ခွေးရိုးမှာ တခြားပါဝင်ပစ္စည်းများလိုသည်။ မဟုတ်ရင် ဆေးဖက်ဝင်ဝိုင်အရသာကနည်းနည်းထူးဆန်းနေလိမ့်မည်။
ဂိုဒေါင်ရောက်သောအခါ အရင်ဆုံးဂိမ်းထဲဝင်ပြီး သိုလှောင်ခန်းထဲသွားလိုက်သည်။
အခုဆို ဂိမ်းသိုလှောင်ခန်းထဲမှာ ပစ္စည်းတွေအများကြီးအသင့်ရှိနေသည်။
ဝိုင်စိမ်ဖို့ခွက်ဖြစ်စေ ဒါမှမဟုတ် ဝိုင်ဖြူအမျိုးမျိုးထည့်ဖို့ဖြစ်စေ ပြဿနာမရှိ။
သာမန်ချင်းလင်ဝိုင်လည်း အများကြီးရှိသည်။
ဒီလိုအရိုးစိမ်ထားသောဝိုင်ကို ဂျင်ဆင်း၊ လင်ဇီးနှင့် တခြားပါဝင်ပစ္စည်းများရောလျှင် အချိုးက ၁:၁၀ ဝန်းကျင်ခန့်ရှိမည်။
ဒီပင်လယ်ခွေးရိုးကို သန္ဓေတည်ဝိုင် ကတ်တီ ၁၀၀ စိမ်ဖို့သုံးနိုင်သည်။
ဝိုင်ထည့်သောခွက်မှာ ကတ်တီ ၁၅၀ ဆံ့သည်။ ပင်လယ်ခွေးရိုးနှင့်ပါဝင်ပစ္စည်းများစုစုပေါင်းအလေးချိန် ကတ်တီ ၁၂၀ ကျော်ဆိုလျှင် အတော်လောက်ဖြစ်မည်။
ချင်လင်က ကတ်တီ ၁၅၀ ဆံ့ဝိုင်ခွက်ထုတ်ကာ ပင်လယ်ခွေးရိုးကိုအပေါက်များဖောက်၍စိမ်လိုက်သည်။
ဤနည်းဖြင့် ပင်လယ်ခွေးရိုး၏အာနိသင်က ဆေးဖက်ဝင်ဝိုင်ထဲကောင်းကောင်းစိမ့်ဝင်သွားလိမ့်မည်။
ထို့နောက် ပါဝင်ပစ္စည်းများထည့်ပြီး ဘေးနားမှစည်ပိုင်းတချို့တွင် ဆေးဖက်ဝင်ဝိုင်စိမ်နေကျ ၅၅% သာမန်ဝိုင်ဖြူရှာ၍ ဝိုင်စိမ်ခွက်ထဲထည့်လိုက်သည်။
ဒီလိုအာနိသင်ရှိသောဆေးဖက်ဝင်ဝိုင်မျိုးမှာ ဘယ်လိုဝိုင်ဖြူမျိုးနှင့်စိမ်စိမ် ကိစ္စမရှိ။
ထို့အပြင် သာမန် ၅၅% ဝိုင်ဖြူဖြစ်ရင်တောင် ဂိမ်းထဲတွင် နှစ် ၂၀ သက်တမ်းရှိသွားလိမ့်မည်။
ချင်းလင်သန္ဓေတည်ဝိုင်လုပ်ပြီးနောက် ချင်လင်ကရေကန်ဆီသွား၍ အရည်အသွေး ၂ ပုစွန်၊ အရည်အသွေး ၂ ပင်လယ်ဂဏန်း၊ အရည်အသွေး ၂ ဆာမွန်တို့ကိုထုတ်ကာ သူယူလာသောရေပုံးကြီးထဲထည့်ပြီး အရင်ဆုံးစံအိမ်တွင်မြည်းကြည့်ရန်စီစဉ်လိုက်သည်။
ဒီလိုအရည်အသွေးရှိတဲ့ပင်လယ်စာမျိုး အရင်ကမစားခဲ့ဖူး။
သဘာဝငါးပုတ်သင်အဝါကြီးကိုမူ ဖမ်းမိနိုင်ချေဘယ်လောက်ရှိမလဲမသိ၍ ဂိမ်းထဲတွင်သာထားရန်ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ငါးစားသောက်ပွဲလုပ်ပေးရင် ငါးတစ်ကောင်တစ်ကောင်ကို ယွမ် ၅၀၀၀၀ တန်လိမ့်မည်။ သူစားချင်ရုံသက်သက်နှင့် သတ်စရာမလို။
ပင်လယ်စာသုံးမျိုးကိုထုပ်ပြီးနောက် ချင်လင်ကဂိမ်းထဲမှထွက်လိုက်သည်။ ပင်လယ်စာသုံးမျိုးနှင့်စံအိမ်ရောက်လျှင် စားသောက်ဆိုင်စားဖိုဆောင်ထဲသွား၍ ဆရာလင်းလက်အပ်လိုက်သည်။
စားဖိုဆောင်ဝင်လိုက်လျှင် အမြင်သာဆုံးနေရာ၌ ဆိုင်းဘုတ်တစ်ခုချိတ်ဆွဲထားသည်။
ဆရာလင်းမှာ အရင်ကမင်စီရင်စုရုပ်သံဌာန၏ ဆယ်လီကြော်ငြာအစီအစဉ်တွင်ဝင်ပါရန် ဖိအားပေးခံရသည်။ သူပြန်လာသောအခါ ရုပ်သံဌာနမှမင်စီရင်စုဆယ်လီလက်မှတ်ပါလာသည်။
ဆရာလင်းကဝင်မပါချင်ဘူးဆိုသော်လည်း သူပြန်ရောက်ပြီးနောက် စားဖိုဆောင်၏အမြင်သာဆုံးနေရာတွင် ချိတ်ဆွဲထားလေသည်။
ရှိုးပွဲပြသောနေ့ကတောင် စားသောက်ဆိုင်ထဲမှ LCD ဖန်သားပြင်ကို ရှိုးပွဲလွှင့်သောလိုင်းသို့ တိတ်တိတ်လေးပြောင်းလိုက်ကြောင်း စားသောက်ဆိုင်ဝန်ထမ်းများသိသည်။
အဲဒီနေ့က စားသောက်ဆိုင်ဝန်ထမ်းများ၊ ဧည့်သည်များအားလုံး ရှိုးပွဲကြည့်ရသည်။
''သူဌေး... ဒီတစ်ခါ ဘာပစ္စည်းကောင်းပါလာပြန်ပြီလဲ?''
ချင်လင်ရေပုံးကြီးသယ်လာသည်ကိုမြင်သောကြောင့် ဆရာလင်းကသူ့ဆီချက်ချင်းရောက်လာသည်။
အကြောင်းတစ်စုံတရာမရှိလျှင် သူ့သူဌေးက စားဖိုဆောင်ထဲသို့မလာတတ်ကြောင်း သူကောင်းကောင်းသိသည်။ စားဖိုဆောင်ထဲဝင်လာပြီး လက်ထဲတစ်ခုခုပါလာပြီဆို ပစ္စည်းကောင်းပဲဖြစ်ရမည်။
''ဒီပုစွန်ကြီးတွေ ဂဏန်းကြီးတွေ ဘယ်လိုလုပ်သယ်လာတာလဲ? ပြီးတော့ သဘာဝတွေလား?''
ဆရာလင်းက အရည်အသွေး ၂ ပုစွန်နှင့် အရည်အသွေး ၂ ပင်လယ်ဂဏန်းများကိုကြည့်ပြီး အံ့ဩသွားသည်။
အရင်က သဘာဝငါးတွေအများကြီး သူဌေးယူလာဖူးသော်လည်း ဒီတစ်ခေါက်က သဘာဝပင်လယ်စာတွေ။
ဒီအရွယ်အစားနှင့် သောင်းကျော်လိမ့်မည်။
''သဘာဝတွေ''
ချင်လင်ကရှင်းပြပြီး မှာလိုက်သည်_
''ညစာအတွက် ဒီသုံးမျိုးလုံးသတ်လိုက်... ကျွန်တော့်ဝေစုချန်ပြီးရင် ကျန်တာကို စီမံရေးစားသောက်ခန်းထဲမျှပေးလိုက်ပါ''