အခန်း (၅၆၀)
Vol. 38 Ch. 560
ချန်ရှောက်မျက်လုံးများအရောင်တောက်သွားပြီး_
''ဒါဆို ပြန်ရင်ထည့်ပေးနော်''
သူ့သားမက်စကားကိုယုံသည်။ ဘာပဲဖြစ်ဖြစ် သူ့သားမက်မှာ အမျိုးသားတွေရဲ့ယန်ဓာတ်နဲ့ကျောက်ကပ်အားကောင်းစေတဲ့ဝိုင်မျိုးရှိမှန်းသိသည်။ သူမယောက်ျားသောက်ဖို့တောင် ပေးထားသေးသည်။ သူ့အသက်အရွယ်နှင့် အာနိသင်ကတကယ်ထိရောက်သည်။
''ကောင်းပါပြီ အမေ!''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူ့ယောက္ခမဒီအကြောင်းဆက်မပြောတော့မှ သူစိတ်သက်သာရာရသွားသည်။ သူကဆက်၍_
''အမေ... ဒီညညစာအတွက် သဘာဝပင်လယ်စာစစ်စစ်တွေရှိတယ်... အရမ်းလည်းရှားတာ... မြန်မြန်မြည်းကြည့်''
သူကပြောပြောဆိုဆို ပုစွန်အသားညှပ်ပြီး သူ့ယောက္ခမကိုထည့်ပေးလိုက်သည်။ ပြီးလျှင် သူ့အမေအတွက်လည်း ထည့်ပေးလိုက်၏။
ထိုအချိန်တွင် ကောင်းယောင်ယောင်၊ လင်းလန်ဇီ၊ ချန်တပေနှင့် တခြားမန်နေဂျာများ စစားနေကြပြီ။
''ဒီပုစွန်ကြီးအသားက အရမ်းအရသာရှိတာပဲ''
''ပင်လယ်ဂဏန်းကြီးအသားလည်း အတူတူပဲ... သူဌေးယူလာတဲ့ဟာတွေက စားကောင်းတယ်''
''သဲမြို့တော်မှာ ဆာမွန်ကိုခဏခဏစားဖူးတယ်... ဒါပေမဲ့ အရသာနဲ့အသားက ဒါကိုမယှဉ်နိုင်ဘူး''
''မွေးမြူရေးဆာမွန်တွေမလား? သူဌေးယူလာတာက သဘာဝစစ်စစ်တွေ... ဆရာလင်းကပြောတယ်... တစ်ကောင်တစ်ကောင်ကို ယွမ်သောင်းချီတန်တယ်တဲ့''
“……”
အရည်အသွေး ၂ ပုစွန်၊ အရည်အသွေး ၂ ပင်လယ်ဂဏန်း၊ အရည်အသွေး ၂ ဆာမွန်... ဒီလူတွေ ဒီအရသာကိုမစွဲဘဲမနေနိုင်။

လင်းဖန်၊ ချန်ရှောက်နှင့် ကျောက်မိုချင်းတောင် စားကြည့်ပြီး ချီးကျူးမဆုံး။
ညစာစားပြီးနောက် ချင်လင်ကသူ့ရုံးခန်းထဲသွား၍ တံခါးလော့ချကာ ချင်းလင်သန္ဓေတည်ဝိုင်နှစ်ကတ်တီယူပြီး ပြန်ထွက်လာသည်။
ဂိမ်းအချိန်အချိုးအစားအရ ဤဝိုင်မှာ လပိုင်းခန့်စိမ်ထားပြီးဖြစ်သည်။
ချင်လင်က ချင်းလင်သန္ဓေတည်ဝိုင်ပုလင်းကို သူ့ယောက္ခမချန်ရှောက်အားပေးလိုက်ရာ ခပ်သုတ်သုတ်ပြန်သွားသည်။
သူမအိမ်ပြန်ရောက်သောအခါ လီကျားဝမ် TV ကြည့်နေသည်ကိုတွေ့ရသည်။
''အမေ... ပြန်လာပြီလား''
လီကျားဝမ်က ချန်ရှောက်ကိုမြင်လျှင် သတိကြီးကြီးထားလိုက်သည်။ သူမယောက္ခမနှင့်ယောက်ျားပြဿနာဖြစ်ထားမှန်း သူမသိသည်။
သို့သော် ရွေးချယ်စရာမရှိ။ တကယ်တော့ အိမ်ထောင်မကျခင်ကတည်းက သူတို့နှစ်ယောက်အကာအကွယ်မသုံးတာကြာခဲ့ပြီ။
တစ်နည်းပြောရရင် သူတို့လင်မယားနှစ်ယောက်မှာ ပြဿနာတစ်ခုခုရှိနေပြီ။
''ရော့!''
ချန်ရှောက်က ချင်လင်ပေးလိုက်သောသန္ဓေတည်ဝိုင်ပုလင်းကို လီကျားဝမ်ဆီပေးလိုက်သည်။
''အမေ... ဒါဘာလဲ?''
လီကျားဝမ်ကဇဝေဇဝါနှင့်မေးသည်။
''အဲဒါချင်လင်ပေးလိုက်တဲ့ဆေးဖက်ဝင်ဝိုင်''
ချန်ရှောက်ကရှင်းပြ၏_
''မင်းနဲ့မိုယွင်အတွက်ကောင်းတယ်တဲ့... ညတိုင်း ခွက်လေးတစ်ခွက်သောက်ပေး''
လီကျားဝမ်က သူ့ယောက္ခမ၏ဆိုလိုရင်းကိုချက်ချင်းသဘောပေါက်ပြီး မျက်နှာရဲရဲနှင့်ခေါင်းညိမ့်လိုက်သည်။

…
အချိန်ကုန်လွန်သွားသည်။
နောက်ရက်များတွင် ချင်လင်၏နေ့စဉ်တာဝန်က ကမ်းခြေတွင်ငါးမျှားခြင်းပင်။ ရက်ပိုင်းအတွင်း ပင်လယ်မှဆယ်ချီ၊ မြစ်ထဲမှဆယ်ချီဖမ်းမိထားသည်။
လွန်ခဲ့သောရက်ပိုင်းအတွင်း သဘာဝငါးပုတ်သင်အဝါကြီးတစ်ကောင်ထပ်မိသည်။ အရည်အသွေး ၂ ရှိပြီး ကတ်တီ ၃၀ အချိန်စီးသည်။
သဘာဝငါးပုတ်သင်အဝါကြီးက နေ့စဉ်ဖမ်းမမိနိုင်သော်လည်း မိနိုင်ချေရှိသောသဘောပင်။ အပန်းဖြေစံအိမ်ပြီးရင် ဟင်းပွဲဘုရင်အတွက်ဖြည့်ဆည်းပေးနိုင်ပြီ။
ဒီနေ့စဉ်အလုပ်များအပြင် TV စျေးဝယ်အစီအစဉ်မှဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံကိုလည်း အာရုံစိုက်ထားသည်။
သူ့ခန့်မှန်းချက်လွဲသွားသည်။ အစကရက်ပိုင်းနှင့်ပြီးမည်ထင်သော်လည်း နည်းနည်းမှလှုပ်ရှားမှုမရှိ။
နောက်ထပ်လဝက်ကြာပြီးတောင် စိတ်တိုင်းကျချုပ်လုပ်မှုပြီးပါပြီဟူသောသတင်းမျိုးမကြားရသေး။
အကြာကြီးကြာပြီးမှ ဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံက ဘယ်လိုအရည်အသွေးမျိုးထွက်လာမလဲ သူမပြောတတ်။
လွန်ခဲ့သောရက် ၂၀ က သူ့ယောက္ခမချန်ရှောက်မှာ ချွေးမဖြစ်သူလီကျားဝမ်နှင့်အတူ တောင်တန်းစံအိမ်သို့ပြုံးပြုံးရွှင်ရွှင်နှင့်ရောက်လာသည်။ လမ်းလျှောက်ရင်းလည်း ချွေးမကို အဖိုးတန်ရတနာကဲ့သို့လက်တွဲထား၏။
လီကျားဝမ်မှာ ကိုယ်ဝန်ရှိနေသောကြောင့်ပင်။
သူ့ယောက္ခမက သူနှင့်တွေ့တွေ့ချင်း ဆေးဖက်ဝင်ဝိုင်ကိုချီးကျူး၍ သူနှင့်ကျောက်မိုချင်းကလေးယူရင် နည်းနည်းပါးပါးသောက်သင့်ကြောင်းပါပြောသေးသည်။
တစ်နည်းပြောရရင် သူ့ယောက်ဖကျောက်မိုယွင်နဲ့မရီးက သားအိမ်အေးခြင်းကြောင့်မြုံတာဖြစ်မည်။
သူတို့နှစ်ယောက်သားကျန်းမာရေးညံ့မညံ့မသိသော်လည်း ပင်လယ်ခွေးရိုးစိမ်ထားသောချင်းလင်ဆေးဖက်ဝင်ဝိုင်မှာ အာနိသင်ရှိကြောင်း၊အလွန်ထိရောက်ကြောင်းသိနိုင်သည်။
ရှေ့လျှောက် ဒီလိုအရိုးမျိုးတူးရရင် သူလုံးဝလျှော့မတွက်ရဲတော့။ ပစ္စည်းကောင်းပဲဖြစ်မည်။