အဆင့် ၃ ဖီးနစ်သရဖူနဲ့ဝတ်စုံ!
Vol. 38 Ch. 561
ဂိုဒေါင်ထဲ၌_
ချင်လင်ကငါးကန်နှစ်ခုနှင့် ကားထဲဘွားခနဲပေါ်လာသည်။
ငါးကန်နှစ်ကန်တွင် ဂိမ်းထဲကမြစ်နှင့်ပင်လယ်မှဖမ်းမိသောအလှမွေးငါးများပါသည်။
လွန်ခဲ့သောရက်ပိုင်းက နှစ်ဖက်လုံးမှအလှမွေးငါး ၁၀၀ ကျော်စီဖမ်းမိပြီး စံအိမ်ကိုတစ်ခေါက်ပို့ချိန်တန်ပြီဖြစ်သည်။
အလှမွေးငါး ၂၀၀ ကျော်သွားသဖြင့် ငါးကန်မှာအားလုံးမဆံ့။ သူကဂိမ်းထဲပြန်ဝင်ပြီး ရေကန်ဆီသွားလိုက်သည်။
ဒီတစ်ကြိမ်တွင် အလှမွေးလိပ်များကိုဖမ်းပြီး ကန်အသစ်ထဲထည့်လိုက်သည်။
တကယ်တော့ လိပ်မွေးရတာ ကရိကထများသည်။ လိပ်အားလုံးမှာ တရုတ်အစဉ်အလာပူးတွဲစာရင်းဝင်မျိုးစိတ်များဖြစ်ပြီး နိုင်ငံတော်အဆင့်ကာကွယ်ရေးတိရစ္ဆာန်ဖြစ်သည်။ စည်းမျဉ်းအရ တစ်ဦးတစ်ယောက်ချင်းမွေးမြူခြင်းမပြုရ!
ထို့ကြောင့် ငါးပြတိုက်မှာလည်း အတိုင်းအတာတစ်ခုအထိလုပ်ခွင့်ရှိသောလိုင်စင်လိုသည်။
ချင်းလင်ငါးပြတိုက်မှာ လိုင်စင်တစ်ခုရဖို့မခက်။
ချင်လင်က အလှမွေးငါး ၂၀၀ ကျော်ကိုငါးကန်ထဲထည့်ပြီး စံအိမ်ပြန်သယ်လာသည်။ ချန်တပေနှင့်သူ့လူများကို ငါးပြတိုက်ဆီသယ်ခိုင်းလိုက်သည်။
''သူဌေး... ပင်လယ်အလှမွေးငါးရဖို့လမ်းတွေ့ပြန်ပြီပေါ့?''
ပင်လယ်အလှမွေးငါးများနှင့်ပင်လယ်လိပ်များကိုမြင်ပြီး လင်းရွှမ်ပြုံးရွှင်သွားသည်။
ဒီရေငံသတ္တဝါတွေက ငါးပြတိုက်တွင်အမျိုးအစား၊အရောင်အသွေးစုံလင်စေသည်။ အထူးသဖြင့် ဒီကောင်လေးတွေအားလုံးက အနုစိတ်လှပပြီးဆွဲဆောင်မှုရှိသည်။
ဆိုင်ပိုင်ရှင်၏အဆက်အသွယ်က တကယ်အံ့ဩစရာဟုဆိုရမည်။ ဒီလိုအရည်အသွေးမြင့်အလှမွေးငါးများကို ကုန်းတွင်းရော ပင်လယ်ဘက်ကပါအရယူနိုင်သည်။
''ဒါရိုက်တာလင်း''
ချင်လင်ကမေးသည်_
''ပင်လယ်အလှမွေးငါးက သီးသန့်ထားရမယ်... ကျွန်တော်တို့ငါးပြတိုက်မှာ ပြဿနာမရှိလောက်ပါဘူးနော်?''
''စိတ်မပူပါနဲ့ သူဌေး''
လင်းရွှမ်ကရှင်းပြသည်_
''ငါးကန်တိုင်းမှာ ဒေသခွဲခြားထားတယ်... ရေလဲလှယ်တဲ့အထောက်အကူတွေရှိတယ်... ပင်လယ်ရေဖန်တီးပေးဖို့ပြဿနာမရှိပါဘူး''
''ဟုတ်ပြီ!''
ချင်လင်က လင်းရွှမ်ကိုအလှမွေးငါးများအပ်ပြီး သူ့ရုံးခန်းထဲပြန်လာသည်။
သစ်မွှေးနံ့သာလေးထွန်းပြီးရုံရှိသေး၊ သူ့ယောက်ဖကျောက်မိုယွင်ပေါက်ချလာသည်။ အခန်းထဲရောက်ရောက်ချင်း သူ့ကိုအားရပါးရဖက်ပြီး_
''ချင်လင်... ဘယ်လိုကျေးဇူးတင်ရမှန်းမသိတော့ဘူးကွာ... စောစောကတည်းက ကျေးဇူးတင်စကားလာပြောချင်နေတာ... ဒါပေမဲ့ ပစ္စည်းတွေရှာရင်းအလုပ်များနေတာနဲ့ အခုမှရောက်လာတာ''
ချင်လင်ကခေါင်းခါပြီး_
''ဝိုင်အတွက် ကျွန်တော့်ကိုကျေးဇူးတင်စရာမလိုပါဘူး... ကျွန်တော်တို့အမေဒေါသထွက်တာ မမြင်ချင်လို့ပါ''
ကျောက်မိုယွင်က ချင်လင်ကိုလွှတ်ပေးလိုက်ပြီး သက်ပြင်းချကာ_
''ဒါပေမဲ့ ချင်လင်... မင်းရဲ့ဆေးဖက်ဝင်ဝိုင်ကတကယ်အာနိသင်ရှိတာ... အမေနဲ့ငါစကားများပြီး နောက်တစ်နေ့ ဆေးရုံသွားစစ်ခဲ့သေးတယ်... ငါ့မှာတကယ်ပြဿနာရှိနေတာ... ဆရာဝန်ကပြောတယ်... ငါသောက်တာများလို့ ပြဿနာကမလွယ်ဘူးတဲ့... ဖောင်းနေတဲ့သွေးပြန်ကြောတချို့ကိုခွဲစိတ်ဖို့လိုတယ်တဲ့... ရှေ့လျှောက်အရက်လျှော့သောက်ဖို့ပြောတယ်... ဒါပေမဲ့ အခု မင်းဝိုင်သောက်ပြီး ပိုကောင်းလာတယ်... ဆရာဝန်ကပွားနေတာ ထင်ပါတယ်ကွာ... ဝိုင်မှာပြဿနာရှိလို့လား?''
ချင်လင်က ကျောက်မိုယွင်ကိုအလန့်တကြားကြည့်လိုက်ပြီး_
''အစ်ကို... ခင်ဗျားဝိုင်လျှော့သောက်သင့်တယ်''
ဆရာဝန်ပြောတာမှားတယ်မထင်။
ချင်းလင်သန္ဓေတည်ဝိုင်အာနိသင်ရှိရတဲ့အကြောင်းရင်းက ဂိမ်းစနစ်ရဲ့အရည်အသွေးကြောင့်ပင်။ သာမန်ဝိုင်တွေနဲ့လုံးဝမတူ။
သို့ရာတွင် သူ့ယောက်ဖစကားကြောင့်လည်း ချင်းလင်သန္ဓေတည်ဝိုင်၏အာနိသင်ကို ပိုသတိပြုမိသည်။
ဘာပဲဖြစ်ဖြစ် ခွဲစိတ်ရမည့်သူက သူ့ဆေးဖက်ဝင်ဝိုင်သောက်ပြီးအဆင်ပြေလာသည်ဟု ဆရာဝန်ကပြောထားသည်။
ထို့ကြောင့် လက်သင့်ခံနိုင်ဖွယ်ဆိုရိုးတစ်ခုရှိသေးသည်:
တရုတ်ဆေးပညာက ကိုယ်ခံအားဖြည့်ပြီးသက်လုံကောင်းအောင်လုပ်ရာတွင်အခြေခံ၍ အနောက်တိုင်းဆေးပညာက အချက်အလက်နှင့်ချဉ်းကပ်မှုအပေါ်တွင်အခြေခံသည်ဟုဆိုထားသည်။
တရုတ်ဆေးပညာက အတော်လေးအထင်ကြီးစရာကောင်းသည်။ အဓိကကတော့ တကယ်ဆေးပညာတတ်တဲ့တရုတ်သမားတော်တွေပေါ့။ လူတွေကိုလိမ်တဲ့ လူလိမ်တွေကိုမဆိုလို။
ကျောက်မိုယွင်မှာ အထူးတလည်ကျေးဇူးလာတင်ခြင်းဖြစ်၍ ခဏစကားပြောပြီးပြန်သွားသည်။
ချင်လင်လည်း သူ့ယောက်ဖထွက်သွားပြီးနောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်ပြီး နေ့စဉ်အလုပ်များစလိုက်သည်။
ဒီနေ့ သူ့ကံသိပ်မကောင်း။ သစ်ပင်ခုတ်ပြီး သစ်မွှေးတစ်ပင်ရသည်မှလွဲ၍ တခြားဘာမှမရချေ။
ဂိမ်းဇာတ်ကောင်ကို အဝါရောင်သစ်မွှေးယူပြီး စက်ပစ္စည်းစမ်းသပ်ခန်းမထဲသွား၍ သစ်ဖြတ်စက်တွင်ဝိုင်စင်များလုပ်ခိုင်းဖို့အချိန်ကောင်းပင်။
အပန်းဖြေစံအိမ်ပြီးရင် ဝိုင်သိုလှောင်ခန်းမှာ ဝိုင်စင်တွေအများကြီးလိုလိမ့်မည်။
အဝါရောင်သစ်မွှေးနှင့်ဝိုင်စင်လုပ်ပြီးနောက် စိုက်ပျိုးရေးခြံပြန်လာစေပြီး သက်တမ်းရင့်အောင် ဂိမ်းထဲခဏထားလိုက်သည်။
ဂိမ်းထဲတွင် ဝိုင်စင်တချို့လုပ်ထားပြီးဖြစ်သည်။ သစ်မွှေးအပြင် နံ့သာနီ၊ ဝက်သစ်ချနှင့် အရည်အသွေးရှိသောသစ်တချို့ပါသည်။
ထိုဝိုင်စင်များမှာ အရင်ချန်ရှန်းဖေကိုပေးလိုက်သောရုံးခန်းစားပွဲနှင့်အတူတူလုပ်ထားခြင်းဖြစ်၍ အခုတကယ့်ရှေးဟောင်းဖြစ်နေပြီ။
ချင်လင်က သစ်မွှေးဝိုင်စင်ကိုချပြီး ဂိမ်းဇာတ်ကောင်အား မွေးမြူရေးခြံမှထွက်ခိုင်းမည်အပြုတွင် ရုတ်တရက်စနစ်အသိပေးစာကိုတွေ့လိုက်ရသည်။
(သံလွင်မြို့တော်မှခမ်းခမ်းနားနားအဝတ်အစားချန်ပီယံဆုရှင်၏ထူးခြားအရှေ့တိုင်းစိတ်တိုင်းကျမင်္ဂလာဝတ်စုံကို သင်ဝယ်ယူထားပါသည်။ အပြီးသတ်ပြီးပို့လိုက်ပါပြီ။ လက်ခံပြီး မှတ်ချက်ရေးပေးပါ!)
သတင်းရပြီး ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။
ဖီးနစ်သရဖူနဲ့အနီရောင်ဝတ်စုံ၊ အနီရောင်ရှီလင်ဝတ်စုံ၊ စောင့်နေတာကြာပြီ။ နောက်ဆုံးတော့ သတင်းရပြီပေါ့။
ဒီအဝတ်အစားနှစ်စုံဘယ်လိုအရည်အသွေးမျိုးရှိမလဲ သူကြည့်ချင်သည်။ သူ့လိုဖောက်သည်၊ ကစားသူကို ဒီလောက်အကြာကြီးစောင့်ရအောင်လုပ်ထားသည်။
ဂိမ်းအချိန်အချိုးအစားအရ သိပ်မကြာမီ စနစ်အသိပေးစာထပ်ပေါ်လာသည်:
(သံလွင်မြို့တော်မှပစ္စည်းရောက်နေပါတယ်!)
တခဏအတွင်း_
စိုက်ပျိုးရေးခြံအိမ်ပေါက်ဝတွင် ပါဆယ်တစ်ထုပ်ပေါ်လာသည်။
ချင်လင်က ရုံးခန်းတံခါးပိတ်ပြီး အတွေးနှင့်ဂိမ်းထဲဝင်၍ ပါဆယ်ထုတ်ကိုကြည့်လိုက်သည်။
ပါဆယ်ကို လေးထောင့်ပုံးနှင့်ထည့်ပြီး အပြင်ကလေအိတ်များနှင့်သေချာထုပ်ပိုးထားသည်။
သူကဓားလေးယူပြီး ပါဆယ်ကိုဖွင့်လိုက်သည်။ ပါဆယ်ထဲတွင် အနီရောင်ပန်းချီများကြွကြွရွရွခြယ်သထားသော လက်ရာမြောက်လက်ဆောင်သေတ္တာနှစ်လုံးက အနုပညာရသကိုပေးစွမ်းနေသည်။
ချင်လင်ကယူကြည့်လိုက်ရာ မှတ်ချက်ကိုမြင်ပြီး အံ့ဩသွားသည်: