အဆင့် ၃ ဖီးနစ်သရဖူနဲ့ဝတ်စုံ! ၂
Vol. 38 Ch. 562
(လက်ရာမြောက်လက်ဆောင်သေတ္တာ: အရည်အသွေး ၁)
(သံလွင်မြို့တော်မှသေချာလုပ်ထားသော လက်ရာမြောက်သေတ္တာဖြစ်သည်:
အနုပညာ +၁၊ အထက်တန်းကျခြင်း +၁၊ ထည့်သိမ်းနိုင်ခြင်း +၁!)
သံလွင်မြို့တော်မှပို့လိုက်သော ဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံထည့်သည့်သေတ္တာနှစ်လုံးစလုံး အရည်အသွေးအတူတူပင်။
အနုပညာဆန်တာ၊အထက်တန်းကျတာ ပြောစရာမလို။ လက်တွေ့ဘဝတွင် ဒီလက်ရာမြောက်လက်ဆောင်သေတ္တာနှစ်လုံးနှင့်တင် အတော်ကုန်ကျလောက်ပြီ။
ထည့်သိမ်းနိုင်ခြင်း +၁ မှာ အထဲတွင်ကောင်းကောင်းမွန်မွန်ထားနိုင်ခြင်းဖြစ်မည်။ အရောင်လွင့်ခြင်း၊ဟောင်းနွမ်းခြင်းမှကာကွယ်ပေးမည်။
ချင်လင်က လက်ဆောင်သေတ္တာနှစ်ဘူးဖွင့်ပြီးကြည့်လိုက်ရာ အထဲတွင်လှလှပပအနီရောင်ဝတ်စုံနှစ်စုံကိုတွေ့လိုက်ရသည်။ မြင်မြင်ချင်း မျက်စိမခွာနိုင်ပေ။
(ရှီလင်ဝတ်ရုံနီ: အရည်အသွေး ၃)
(သံလွင်မြို့တော်ခမ်းခမ်းနားနားအဝတ်အစားပွဲမှချန်ပီယံ၏ဝတ်စုံဖြစ်သည်။ ပထမဆုံးဖောက်သည်အတွက် အထူးစိတ်တိုင်းကျချုပ်ထားခြင်းဖြစ်သည်။ သံလွင်မြို့တော်၏ အခမ်းအနားမှအထူးအရည်အသွေးဖြည့်စွက်ထားပုံရသည်:
အကြည့်ခံခြင်း +၂၊ ဆွဲဆောင်မှုရှိခြင်း +၂၊ နှစ်လိုဖွယ်ကောင်းခြင်း +၂၊ စိတ်နေသဘောထား +၂၊ ရည်မွန်ခြင်း +၂၊ သက်သောင့်သက်သာရှိခြင်း +၂၊ ရှေးခေတ်ပုံစံ +၂၊ ဓာတ်ပုံစားခြင်း +၂၊ ပျော်ရွှင်ခြင်း +၃!)
(ဖီးနစ်သရဖူနှင့်တော်ဝင်ဝတ်စုံ: အရည်အသွေး ၃)
(သံလွင်မြို့တော်ခမ်းခမ်းနားနားအဝတ်အစားပွဲမှချန်ပီယံ၏ဝတ်စုံဖြစ်သည်။ ပထမဆုံးဖောက်သည်အတွက် အထူးစိတ်တိုင်းကျချုပ်ထားခြင်းဖြစ်သည်။ သံလွင်မြို့တော်၏ အခမ်းအနားမှအထူးအရည်အသွေးဖြည့်စွက်ထားပုံရသည်:
အကြည့်ခံခြင်း +၂၊ ဆွဲဆောင်မှုရှိခြင်း +၂၊ နှစ်လိုဖွယ်ကောင်းခြင်း +၂၊ စိတ်နေသဘောထား +၂၊ ရည်မွန်ခြင်း +၂၊ သက်သောင့်သက်သာရှိခြင်း +၂၊ ရှေးခေတ်ပုံစံ +၂၊ ဓာတ်ပုံစားခြင်း +၂၊ ပျော်ရွှင်ခြင်း +၃!)
ဝတ်စုံနှစ်စုံ၏မှတ်ချက်များမြင်သည့်ခဏတွင် ဝတ်စုံပို့ဖို့ကြန့်ကြာနေခြင်းကို ချင်လင်ချက်ချင်းခွင့်လွှတ်လိုက်သည်။
ဒီစျေးဝယ်အစီအစဉ်က အရည်အသွေး ၃ ချပေးလိမ့်မယ်လို့ဘယ်ထင်မလဲ?
ပျော်ရွှင်ခြင်း +၃ ဆိုသောမရေမရာအရည်အသွေးတစ်ခုသာပါသော်လည်း အရည်အသွေး ၃ တော့ဖြစ်နေသည်။ တခြားအာနိသင်များမှာ အရည်အသွေး ၂ များသာ။
နောက်ပြီး ဒီဖီးနစ်သရဖူနဲ့အနီရောင်ရှီလင်ဝတ်စုံအရည်အသွေးက တစ်ထပ်တည်းပင်။ ဒီအရည်အသွေးများကြောင့် ဇနီးမောင်နှံမင်္ဂလာဆောင်မှာ ဘာလို့အထင်ရှားဆုံးဖြစ်နေလဲ သူနားလည်သွားသည်။

အကြည့်ခံခြင်း +၂ ဖြစ်စေ၊ ဆွဲဆောင်မှုရှိခြင်း +၂ ဖြစ်စေ၊ နှစ်လိုဖွယ်ကောင်းခြင်း ဒါမှမဟုတ် စိတ်နေသဘောထားတို့တွင် ဝတ်လိုက်သည့်အချိန်မှာ တစ်ဘဝလုံးအတောက်ပဆုံးအချိန်ဖြစ်လိမ့်မည်။
ရည်မွန်ခြင်း +၂၊ သက်သောင့်သက်သာရှိခြင်း +၂ အရည်အသွေးများမှာပြောစရာမလို။ ကြည့်ကောင်းရုံသာမက သက်သောင့်သက်သာလည်းရှိမည်။
ရှေးခေတ်ပုံစံ +၂ မှာ ဖော်ပြစရာမလိုတော့။ ဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံမှာ ရှေးခေတ်အဝတ်အစားဖြစ်သည်။
ချင်လင်ကဝတ်ကြည့်ဖို့ စိတ်အားထက်သန်နေသည်။ သူကအမျိုးသားဝတ်ရှီလင်အနီရောင်ဝတ်စုံကိုကောက်ယူလိုက်၏။ အဓိကကိုယ်တွင်းအင်္ကျီနှင့်အနီရောင်အပေါ်ထပ်မှာ မျက်စိမခွာနိုင်အောင်ပင်။
ထိုဘေးတွင် ဆံပင်တုနှင့်ဆံထိုးပါပါသောကြောင့် သူအံ့ဩမိသည်။ ကျောက်မိုချင်း၏ဖီးနစ်ဝတ်စုံပေါ်တွင်ဖိထားသော ခမ်းခမ်းနားနားရွှေရောင်သရဖူကဲ့သို့ပင်။
မင်္ဂလာဆောင်ကျရင် ဆံပင်တုပါတပ်ရမှာလား?
ဒါပေမဲ့ စဉ်းစားကြည့်မှ ရှေးခေတ်အနီရောင်ရှီလင်ဝတ်စုံနဲ့ ဆံပင်တိုတို၊ကတုံးဆံတောက်နဲ့ဆို မဟုတ်သေး။
(လက်ရာမြောက်ရှေးခေတ်ဆံပင်တု: အရည်အသွေး ၂)
(ရှီလင်အနီရောင်ဝတ်စုံအတွက် အထူးလုပ်ထားသောဆံပင်တုဖြစ်သည်။ အလွန်လက်ရာမြောက်သည်။
ပေါ့ပါးခြင်း +၂၊ ရှေးခေတ်ပုံစံ +၂၊ ပုံစံကျခြင်း +၂!)
ဒီဆံပင်တုအရည်အသွေးကို ၂ တဲ့။ တကယ် ၆၆၆။
ဒီတစ်ခါ သံလွင်မြို့တော်က အရမ်းတွေးပေးတတ်တာပဲ။
ကြည့်ရတာ ဒီနေရာက မတော်တရော်တွေချည်းထုတ်နေတာမဟုတ်ဘူးပဲ။ သူအတည်ထုတ်မှဖြင့် မကြိုက်ဘဲမနေနိုင်အောင်ပင်။
ချင်လင်က သူ့အင်္ကျီချွတ်ပြီး အနီရောင်ရှီလင်ဝတ်စုံကိုဝတ်လိုက်သည်။ အလယ်တွင် လိုက်ဖက်သောခါးပတ်နှင့်ရှီလင်ပုံစံခါးပတ်ခေါင်းကိုပတ်သည်။ အလွန်လက်ရာမြောက်သည်။
အနီရောင်ရှီလင်ဝတ်စုံဝတ်လိုက်သည့်ခဏတွင် ရုတ်တရက်ထူးဆန်းသောခံစားချက်မျိုး ချင်လင်ခံစားမိသည်။ အလွန်ထူးဆန်း၍ ပြောမပြတတ်။ အရင်ကကျောက်မိုချင်းနှင့်ချိုမြန်သောအမှတ်တရများပြန်ပေါ်လာသည်။
ထိုချိုမြန်သောအမှတ်တရများမှာ ရုတ်တရက်အမျှင်မပြတ်ပေါ်နေသဖြင့် ကြည်ကြည်နူးနူးပြုံးမိသည်။

သူအခုနားလည်သွားပြီ။ ဒါပျော်ရွှင်ခြင်း +၃ အရည်အသွေးဖြစ်မည်။
အနီရောင်ရှီလင်ဝတ်စုံကိုဝတ်ပြီး သူ့ရင်ထဲတွင်ပျော်ရွှင်ခြင်းပေါက်ဖွားလာသည်။ တိုက်ရိုက်အမြင်သာဆုံးက သူနှင့်ကျောက်မိုချင်း၏ချိုမြန်သောအမှတ်တရများပင်။
ဆံပင်တုနှင့်ဆံထိုးထိုးဖို့ အတော်အားစိုက်လိုက်ရသည်။
သူ့မှာ ဝတ်စားပုံရှိ၍သာတော်တော့သည်။ အကြိမ်ကြိမ်လုပ်ကြည့်ပြီးနောက် အောင်မြင်သွား၏။
အနီရောင်ရှီလင်ဝတ်စုံကိုဝတ်ပြီးနောက် ချင်လင်ကစိုက်ပျိုးရေးခြံအိမ်ထဲမှမှန်ရှေ့သွားပြီး သူ့ကိုယ်သူကြည့်လိုက်သည်။
သူ့ကိုယ်သူမှန်ထဲမြင်ပြီး ခဏလောက်မှင်တက်သွားသည်။
သူကရုပ်မဆိုးသော်လည်း သူကိုယ့်သူကမ္ဘာမှာအခန့်ဆုံးဟူ၍ဘဝင်ရူးသူမဟုတ်။ သို့သော် နှစ်လိုဖွယ်ကောင်းခြင်း +၂၊ စိတ်နေသဘောထား +၂၊ ရှေးခေတ်ပုံစံ +၂ နှင့် ဆွဲဆောင်မှုရှိခြင်း +၂ အရည်အသွေးများကြောင့် သူ့ကိုယ်သူခန့်သည်ထက်မကတော့။
ပြောမပြတတ်သောစိတ်နေသဘောထားနှင့်နှစ်လိုဖွယ်ကောင်းခြင်းကြောင့် သူ့ကိုယ်သူကြွေမိတော့မည်။
ဝတ္ထုတစ်ပုဒ်မှာ အဓိကဇာတ်ကောင်လို လုံးဝမခံစားခဲ့ဖူးပေ။
ဒီအနီရောင်ရှီလင်ဝတ်စုံ၏အရည်အသွေးများက အံ့ဩစရာကောင်းသည်။
ချင်လင်ကမှန်ရှေ့ခဏစိုက်ကြည့်ပြီးမှ အဝတ်အစားလဲကာ သိမ်းထားလိုက်သည်။ သူကဂိမ်းထဲမှထွက်လာပြီး ဝတ်စုံများကိုဂိမ်းထဲထားခဲ့သည်။ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ချိန်ကျမှ ကျောက်မိုချင်းအံ့ဩသွားအောင်ထုတ်ပြမည်။
နောက်ရက်ပိုင်းအတွင်း ချင်လင်ကဘာမှမဖြစ်သလိုနေသည်။ ပုံမှန်အတိုင်း စံအိမ်ကိုပစ္စည်းများပို့၊ ပုံမှန်အတိုင်း နေ့စဉ်အလုပ်များလုပ်သည်။
ရက်ပိုင်းအတွင်း နောက်ထပ်အဝါရောင်သစ်မွှေးနှစ်ပင်ထပ်ရလိုက်သည်။
ဂိမ်းက သူ့အပန်းဖြေစံအိမ်ပြီးတော့မည်မှန်းသိ၍ ဝိုင်စင်လုပ်ဖို့ပစ္စည်းပို့လိုက်ပုံရသည်။
အပန်းဖြေစံအိမ်မှာ ရွှေရောင်ဆာကူရာနဲ့မက်မွန်နတ်သားတွေပေါ်လာရင် ယန်ဓာတ်နှင့်ကျောက်ကပ်အားကောင်းစေသောချင်းလင်ဆေးဖက်ဝင်ဝိုင်ကတ်တီ ၁၀၀ စိမ်ရဦးမည်။
လက်ရှိဒီဝိုင်မျိုးကမရှား။ ဂိမ်းထဲတွင်အများကြီးရှိသည်။ စံအိမ်ထဲမှာ လီရှင်းကိုယာယီဝိုင်သိုလှောင်ခန်းလုပ်ခိုင်းထားပြီး နှစ် ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀ သက်တမ်းရှိဆေးဖက်ဝင်ဝိုင်များလည်းရှိသည်။
ဒီထက်သက်တမ်းပိုရင့်သောဝိုင်အားလုံးမှာ ဂိမ်းထဲတွင်ရှိသည်။
အရင်ကလီရှင်း ရှန်းရွှေလက်ဆောင်ဆန်ဒုတိယအသုတ်စိမ်ပြီးနောက် မင်မြို့တော်ပြန်၍သူ့မိန်းမကိုအဖော်ပြုပေးစဉ်က နှစ် ၆၀ သက်တမ်းရှိဝိုင်တစ်ပုလင်းကို ပျော်ပျော်ကြီးယူသွားလေသည်။