ရွှေစစ်စစ်နှင့်ပုံသွင်း! လှလွန်းတယ်!
Vol. 38 Ch. 564
အိမ်ထောင်ပြုခြင်းမှာ မိန်းကလေးတစ်ယောက်အဖို့တစ်သက်တာပင်။
ကျောက်မိုချင်းအပေါ်ဘယ်လောက်အကြွေးတင်နေလဲ ချင်လင်သိသည်။ မင်္ဂလာဆောင်ဓာတ်ပုံက ပထမအဆင့်။ အပန်းဖြေစံအိမ်ပြီးရင် အဲဒီမှာ မင်္ဂလာပွဲကျင်းပမည်။
သို့သော် ဒီမတိုင်ခင် သူ့အမေကိုကျောက်မိသားစုအိမ်သွားပြီး မင်္ဂလာစကားပြောခိုင်းရမည်။ ဘယ်သူ့ကိုမှချန်ထား၍မရ။ ထို့နောက် ကျောက်မိသားစုမှခေါ်လာရမည်။
အဲဒီအချိန်ကျရင် ဂိမ်းထဲမှာပြင်ဆင်ထားသောကျောက်မျက်များကိုအသုံးချရမည်။ Sebara ထံတွင်အကောင်းဆုံးလက်ဝတ်ရတနာများလုပ်မည်။
သူ့အတွက်ကျောက်မျက်ဒီဇိုင်းဆွဲပေးဖို့ ဒီဇိုင်နာရှာမည်။
မင်္ဂလာပွဲအတွက်ဆို တစ်မျိုးတစ်မည်ဖြစ်ရမည်။
ကျောက်မိုချင်းကိုရုံးခန်းပြန်ပို့ပြီးနောက် ချင်လင်ကစံအိမ်အပြင်ထွက်ပြီး ဂိုဒေါင်ဆီလာခဲ့သည်။ အထူးမြေကြီးနှစ်အိတ်နှင့်ကမ္ဘာ့စမ်းရေပုံးကို ဂိမ်းထဲမှထုတ်လာသည်။
စံအိမ်ပြန်ရောက်သောအခါ ယွီရွှေ့ကိုခေါ်ပြီးမှာလိုက်သည်_
''မန်နေဂျာယွီ... လူခေါ်ပြီးတော့ ဒီအထူးမြေကြီးနှစ်အိတ်နဲ့ရေရောပြီးရင် ပန်းပင်လယ်အကျယ်ကိုလောင်းလိုက်ပါ''
''သူဌေး... ဒါပါမောက္ခလီခိုင်လုပ်ထားတဲ့မြေကြီးပဲလား?''
ယွီရွှေ့က အထူးမြေကြီးနှစ်အိတ်ကိုကြည့်ရင်း မေးလိုက်သည်_
''အဲဒါဆိုရင် ပါမောက္ခလီခိုင်ရဲ့အရင်နည်းလမ်းအတိုင်းရေရောလိုက်ရမလား?''
''အင်း... အရင်နည်းလမ်းအတိုင်းပဲလုပ်မယ်''
ချင်လင်ကသိပ်မရှင်းပြချင်သောကြောင့် အစ်ကိုလီအပေါ်သာပုံချလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့စမ်းရေကိုဖုံးကွယ်ထားဖို့အယောင်ပြပင်။
တစ်ဖက်တွင် လောလောဆယ် အစ်ကိုလီမှာ အပူချိန်နိမ့်မျိုးစိတ်သုတေသနအသည်းအသန်လုပ်ရန် တံခါးပိတ်ပျိုးထောင်ရေးစတင်နေပြီဖြစ်သည်။
ပါမောက္ခတစ်ဦးဖြစ်လာပြီးနောက် အစ်ကိုလီမှာ အပူချိန်နိမ့်မျိုးစိတ်သုတေသနအတွက် မတူကွဲဲပြားသောအတွေးအခေါ်တချို့ထွက်လာပုံရသည်။
''ကောင်းပါပြီ သူဌေး''
ယွီရွှေ့ကထပ်မမေးတော့။ လူတစ်ယောက်နှင့်အတူ အထူးမြေကြီးနှစ်အိတ်သယ်ပြီး ပန်းပင်လယ်အကျယ်ဆီသွားလိုက်သည်။
အရင်ကလီခိုင်နှင့်လုပ်ဖူးသောကြောင့် ဒီတစ်ခါဒီလုပ်ငန်းစဉ်ကိုကျွမ်းကျင်လာသည်။ သူ့လူများကိုပစ္စည်းကိရိယာများယူခိုင်းပြီးနောက် အရင်ဆုံးအရောအနှောကျင်းတူးကာ ပန်းပင်လယ်အနှံ့လောင်းခိုင်းလိုက်သည်။
ယွီရွှေ့အပင်ရေလောင်းပြီး၍ ချင်လင်ထံအစီရင်ခံချိန်တွင် တစ်ညနေလုံးအချိန်ကုန်သွားပြီဖြစ်သည်။
လက်ကျန်ကမ္ဘာ့စမ်းရေကိုလည်း ဆည်မြောင်းစနစ်ရေလှောင်ကန်ဆီယူလာပြီး ပန်းပင်လယ်အကျယ်လောင်းသောရေလှောင်ကန်ထဲ ကမ္ဘာ့စမ်းရေပုံးလောင်းချလိုက်သည်။
သူပြီးသောအခါ ရေသွယ်စနစ်ဖွင့်၍ ဘယ်သူမှမသိအောင် ပန်းပင်လယ်အကျယ်ထဲရေသွင်းလိုက်သည်။
နောက်တစ်နေ့_
ချင်လင်ကဂိမ်းထဲမှပစ္စည်းများ စံအိမ်ပို့ပြီးလျှင် အရင်ဆုံး ပန်းပင်လယ်အကျယ်ကိုသွားကြည့်သည်။
ပန်းပင်လယ်အကျယ်မှာကျယ်လွန်း၍ မနေ့ကပန်းများအားလုံး၏အခြေအနေကိုမမှတ်မိနိုင်။သို့ရာတွင် မနေ့ကမှစိုက်ထားသောပန်းပင်အသုတ်ကို သေချာအာရုံစိုက်ကြည့်လိုက်သည်။
အခုကမ္ဘာ့စမ်းရေလောင်းပြီးတစ်ညလွန်ချိန်၌ အသစ်စိုက်ထားသောပန်းပင်များမှာ မနေ့ကထက်သိသိသာသာအပင်သန်လာသည်။ သာမန်ကြီးထွားနှုန်းထက်အများကြီးသာသည်။
နောက်အပတ်တွင် ချင်လင်ကနေ့တိုင်းပန်းပင်လယ်အကျယ်ထဲသွား၍ စစ်ဆေးကြည့်သည်။ နေ့တိုင်းလိုလို ပန်းများကပုံစံမပြောင်းဘဲ ကြီးထွားနှုန်းကအရမ်းမြန်သည်။
တစ်ပတ်အတွင်း ပန်းပင်လယ်တစ်ခုလုံးမှာ အကြီးအကျယ်ပြောင်းလဲသွားသည်။ ပိုပြီးခမ်းနားသောပန်းပင်လယ်ဖြစ်လာ၏။
ယွီရွှေ့လည်း လူခေါ်လာပြီးစစ်ဆေးကြည့်ရာ ပန်းများမှာ မယုံနိုင်သောအရှိန်နှင့်ကြီးထွားနေကြောင်း ရုတ်ချည်းသိလိုက်ရသည်။
သို့သော် အရင်စားကျက်မြေအတွေ့အကြုံအရ သိပ်မအံ့ဩမိ။
ဘာပဲဖြစ်ဖြစ် မြေကြီးနှစ်အိတ်က ပါမောက္ခလီခိုင်လုပ်ထားတာလေ။
ချင်းလင်စံအိမ်တွင် ပါမောက္ခလီခိုင်၏ဖန်တီးမှုက အံ့ဩစရာမဟုတ်တော့ကြောင်း အားလုံးသိထားသည်။
ကမ္ဘာ့စမ်းရေကိုစုပ်ယူနိုင်စွမ်းက တစ်ပင်နှင့်တစ်ပင်မတူသောကြောင့် အတိုင်းအဆမရှိကြီးထွားမလာနိုင်။

ရလဒ်အနေနှင့် ၁၀ ရက်လွန်ပြီးနောက်တွင် အရင်စိုက်ထားသောပန်းပင်များမှာ ကြီးထွားမှုရပ်တန့်သွားသည်။ နောက်ဆုံးစိုက်သောအသုတ်သာ ဆက်ကြီးထွားနေသည်။
သို့ရာတွင် ထိုပန်းတစ်သုတ်မှာလည်း ၁၅ ရက်မြောက်နေ့တွင် ကြီးထွားမှုရပ်တန့်သွားသည်။ လွန်ခဲ့သောလဝက်နှင့်ယှဉ်လျှင် လုံးဝမတူတော့။ အပြည့်အဝကြီးထွားနေပြီ။
ကမ္ဘာ့စမ်းရေ၏အာနိသင်ကြောင့် ပန်းပင်လယ်တစ်ခုလုံးမှာ သက်တမ်းရောအလှပါ အပြည့်စုံဆုံးအခြေအနေသို့ရောက်နေလေပြီ။
ချင်လင်လည်း ပြီးပြည့်စုံသောပန်းပင်လယ်ကိုမြင်ပြီး ရုံချန်းစီးပွားရေးနှင့်ကုန်သွယ်အဆောက်အဦးဆီ အချိန်ယူပြီးသွားလိုက်သည်။
စီးပွားရေးနှင့်ကုန်သွယ်အဆောက်အဦးမှာ ရုံးဌာနဖြစ်သည်။
ရုံချန်းဖွံ့ဖြိုးလာသောကြောင့် ကုမ္ပဏီကြီးကြီးသေးသေးအစုံမှိုလိုပေါက်လာ၍ ဒီလိုဌာနမျိုးလည်းပေါ်ထွက်လာသည်။
မြို့ကြီးများမှရုံးဌာနများနှင့်မယှဉ်သာသော်လည်း ကျင်းမောင်အဆောက်အဦးကလည်းသေးသေးမဟုတ်။ ရုံချန်းထိပ်တန်းကုမ္ပဏီများက အခြေခံအားဖြင့်ဒီမှာရုံးထိုင်ကြသည်။
ချင်ရန်၏ထောင်စုနှစ်ကြော်ငြာထုတ်လုပ်ရေးက ချင်းလင်စံအိမ်နှင့်ရေရှည်ပူးပေါင်းမှုအပေါ်တွင်အားပြုပြီး ရုံချန်းနံပါတ်တစ်ကြော်ငြာကုမ္ပဏီဖြစ်လာသည်။ သူတို့ကလည်း သူတို့ရုံးခန်းကို စီးပွားရေးနှင့်ကုန်သွယ်အဆောက်အဦးဆီရွှေ့လာသည်။
ချင်လင်ဒီကိုပထမဆုံးအကြိမ်ရောက်ဖူးခြင်းပင်။
သို့ရာတွင် ထောင်စုနှစ်ထုတ်လုပ်ရေးရောက်သောအခါ အရှေ့ခုံမှအမျိုးသမီးတစ်ဦးက သူ့ကိုမှတ်မိပြီး_
''ရှောင်ချင်? ချင်းလင်စံအိမ်က ရှောင်ချင်မလား?''
ဝန်ဆောင်မှုပေးသောအမျိုးသမီးက တအံ့တဩမေးသည်။
ချင်လင်မှာ အပြင်ထွက်ရင် ချင်းလင်စံအိမ်ပိုင်ရှင်မှန်း လူသိမှာပူစရာမလိုတော့။
အခုမြင်းထိန်းသမားလေးရှောင်ချင်ရဲ့ပုံရိပ်က လူတွေရဲ့စိတ်ထဲမှာ အမြစ်တွယ်နေလေပြီ။
''ကျွန်တော် ချင်ရန်.. ခင်ဗျားတို့ဥက္ကဌချင်နဲ့တွေ့ချင်လို့ပါ''
ချင်လင်က ကိုးရိုးကားယားနှင့်ပြောလိုက်သည်။
''ရှောင်ချင်... ခဏစောင့်နော်''
အမျိုးသမီးချက်ချင်းပြောလိုက်သည်။ ပြောပြီးပြီးချင်း အရှေ့စားပွဲမှဖုန်းကောက်ကိုင်၍ဖုန်းခေါ်လိုက်၏။
ဖုန်းဝင်သွားလျှင် သူမက_
''ဥက္ကဌချင်... ချင်းလင်စံအိမ်က ရှောင်ချင်ကတွေ့ချင်လို့တဲ့''
ထောင်စုနှစ်ထုတ်လုပ်ရေးတွင် ချင်ရန်မှာ ဧည့်ကြိုစကားနားထောင်ရင်း အမှတ်တမဲ့မေးလိုက်သည်_
''ရှောင်ချင်? ဘယ်ကရှောင်ချင်လဲ?''
ပြီးမှ ရှောင်ချင်က ချင်လင်မှန်းသဘောပေါက်သွားသည်။