← Chapters

ရွှေစစ်စစ်နှင့်ပုံသွင်း! လှလွန်းတယ်! ၂

Vol. 38 Ch. 565

ရွှေစစ်စစ်နှင့်ပုံသွင်း! လှလွန်းတယ်! ၂

Vol. 38 Ch. 565

ဒီတော့မှ သူ့ညီအစ်ကိုက အင်တာနက်ဆယ်လီရှောင်ချင်ဖြစ်မှန်းသတိရသည်။

ဖုန်းချပြီးနောက် ချင်ရန်ကရုံးခန်းအပြင်လျှောက်လာရာ ချင်လင်ကိုအပြင်မှာတွေ့ပြီး_

''လင်ဇီ... ဒီနေ့ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?''

ချင်လင်ကရှင်းပြသည်_

''မိုချင်းနဲ့မင်္ဂလာဆောင်ဓာတ်ပုံရိုက်ချင်လို့... အဲဒါကြောင့် မင်းဆီလာတာ''

ချင်လင်နှင့်ကျောက်မိုချင်းအခြေအနေကို ချင်ရန်သိသည်။ သူကချက်ချင်းခေါင်းညိမ့်ပြီး_

''မင်္ဂလာဆောင်ဓာတ်ပုံရိုက်ချိန်ကျပြီပဲ... အချိန်တန်ရင် မင်္ဂလာပွဲကျင်းပမယ်... ဒါဆိုပြည့်စုံသွားပြီ... ငါ့ကုမ္ပဏီမှာ အဆင့်မြင့်ဓာတ်ပုံဆရာခန့်ထားတာမကြာသေးဘူး... သူ့ကိုဓာတ်ပုံရိုက်ခိုင်းမယ်''

တကယ်တော့ ချင်ရန်ကိုယ်တိုင်က ဓာတ်ပုံဆရာတစ်ယောက်။ သို့သော် သူ့လုပ်နိုင်စွမ်းသူသိသည်။

စတူဒီယိုလုပ်တုန်းက လုပ်ငန်းကသေးသေးလေး။ သူဓာတ်ပုံဆရာလုပ်လို့ရသည်။ အခုလုပ်ငန်းချဲ့ထွင်ပြီးနောက် ရုံချန်းကကုမ္ပဏီတွေလာစီစဉ်ရုံသာမက အိမ်နီးချင်းစီရင်စုနှစ်ခုမှလည်း ကြော်ငြာများလာအပ်ကြသည်။ ထို့အပြင် အစိုးရကြော်ငြာအစီအစဉ်များလည်းရှိသည်။ ဒီတော့ သူ့မှာဓာတ်ပုံဆရာကောင်းကောင်းရှိရမည်။

ထောင်စုနှစ်ထုတ်လုပ်ရေးကုမ္ပဏီကို လူတွေပိုအပ်နှံအောင် ချင်းလင်စံအိမ်နဲ့ရေရှည်စီးပွားဖက်ဆိုတဲ့အချက်အပေါ်ပဲအားကိုးနေလို့မရဘူးမလား?

တခြားကုမ္ပဏီတွေငတုံးမဟုတ်ရင် သူတုံးလိမ့်မည်မဟုတ်။

''အင်း... ဘာပဲဖြစ်ဖြစ် မင်းဆီအပ်လိုက်ပြီ... မင်းစီစဉ်ပေး''

ချင်လင်လည်းပြုံးပြီးပြောလိုက်သည်။ ချင်ရန်က ဒီအပိုင်းမှာကျွမ်းကျင်သူ၊ သူစီစဉ်ပေးလိမ့်မည်။

ဘေးနားကဧည့်ကြိုမှာ သူတို့စကားကိုစိတ်ဝင်စားသွားပြီး ထမေးသည်_

''ရှောင်ချင်... ရှင်လက်ထပ်တော့မှာလား? ရှောင်ကျောက်နဲ့လား?''

ချင်လင်က ဧည့်ကြိုကိုတစ်ချက်ကြည့်လိုက်ရာ စူးစမ်းနေသောအကြည့်များနှင့်ဆုံသည်_

''သူပါပဲ''

''တကယ်လား?''

ဧည့်ကြိုက သူ့ကိုကြည့်ပြီး တအံ့တဩနှင့်_

''ရှောင်ချင်... ရှင်တို့ရိုက်ထားတဲ့ဗီဒီယိုကြည့်ပြီး ရှင်နဲ့ရှောင်ကျောက်ကအတွဲညီပါတယ်လို့ထင်နေတာ... အရင်က အင်တာနက်ပေါ်ကလူတွေ ရှင်တို့နှစ်ယောက်ကိုပေးစားနေကြတာလေ... တကယ်အတွဲတွေလို့မထင်မိဘူး''

သူ့စကားနားထောင်ရင်း ချင်လင်ခေါင်းခါလိုက်သည်။

ဒီအရိပ်အကဲမသိတတ်တဲ့ပွဲကြည့်ပရိသတ်တွေ။

သူကလက်ထပ်စာချုပ်လက်မှတ်ထိုးပြီးပြီ။



ထို့နောက် ချင်ရန်က_

''လင်ဇီ... အရင်ဆုံး အထဲဝင်ပြီး လက်ဖက်ရည်သောက်ရအောင်... လိုအပ်တာရှိရင် ဓာတ်ပုံဆရာကိုမှာခဲ့လေ... ငါလည်း ဒီမှာပြင်စရာရှိတာပြင်ထားလိုက်မယ်''

''အင်း!''

ချင်လင်က ချင်ရန်နောက်လိုက်၍ ရုံးခန်းထဲဝင်လိုက်သည်။ သူကဓာတ်ပုံဆရာနှင့်တွေ့ပြီး ဓာတ်ပုံအတွက် သူ့လိုချင်သည့်ပုံကိုပြောပြသည်။

အထူးသဖြင့် ဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံအတွက် ရှေးခေတ်ပုံစံရိုက်ရန် သက်ဆိုင်ရာပစ္စည်းများနှင့်သက်ဆိုင်ရာရိုက်ကွင်းပုံစံပြင်ဆင်ထားဖို့လိုသည်။

ဖီးနစ်သရဖူနဲ့အနီရောင်ရှီလင်ဝတ်စုံဝတ်ပြီး နယူးဇီလန်သဘာဝစတိုင်မျိုးရိုက်လို့မရဘူးမလား? သေချာပေါက် တရုတ်ရိုးရာပုံစံကိုသုံးရမည်။

ဓာတ်ပုံဆရာကိုအားလုံးရှင်းပြပြီးနောက် ချင်ရန်က ချင်လင်နှင့်ချင်းလင်စံအိမ်လိုက်လာပြီး ကျောက်မိုချင်း၏သဘောထားကိုမေးသည်။

''ကျွန်မယောက်ျားသဘောအတိုင်းပါပဲ''

ကျောက်မိုချင်း ချင်ရန်ကိုပြန်ဖြေသည်က ဒီတစ်ကြောင်းတည်း။

ဟိုလိုဒီလိုတွေအများကြီးမပြောချင်။ သူမယောက်ျားက ဒီကိစ္စကိုအလေးအနက်ထားပြီး သေချာစီစဉ်နေတာ။ ဒါသူမအဖို့လုံလောက်ပြီ။

သူမယောက်ျားစိတ်ထဲရှိနေသရွေ့ ဘာပဲဖြစ်ဖြစ်သဘောကျသည်။

နောက်ဆုံး ချင်လင်လည်း နှစ်ဦးနှစ်ဖက်ဓာတ်ပုံရိုက်ရန် အချိန်ရွေးလိုက်သည်။ ပြင်ဆင်ချိန်သုံးရက်အချိန်ပေးပြီး သုံးရက်ပြည့်လျှင် စံအိမ်မှာလာရိုက်ရမည်။

ချင်ရန်ကိုလိုက်ပို့ပြီးနောက် ကျောက်မိုချင်းကချင်လင်လည်ပင်းကိုသိုင်းဖက်ပြီး နူးညံ့သိမ်မွေ့သောမျက်နှာထားနှင့်_

''ယောက်ျား... ရှင်ကအတော်ဆုံးပဲ!''

''ဒါပဲလား?''

ချင်လင်ကရယ်ပြီး ကျောက်မိုချင်းခါးကိုဖက်ကာ စလိုက်သည်_

''ကိုယ်မင်းအတွက်ပြင်ဆင်ပေးတဲ့ ဖီးနစ်သရဖူနဲ့အနီရောင်ရှီလင်ဝတ်စုံက ဘယ်လိုပုံလဲသိရင် မင်းစိတ်လှုပ်ရှားပြီးသေသွားမလားပဲ?''

''ဘာပဲဖြစ်ဖြစ် ယောက်ျားကအတော်ဆုံး''

ကျောက်မိုချင်းကပြောရင်းဆိုရင်း ချင်လင်ကိုအားရပါးရနမ်းလိုက်သည်။

''ကိုယ်တော်မှန်းသိရင် ဒီညဆုမချသင့်ဘူးလား?''

ချင်လင်က လူယုတ်မာအပြုံးနှင့်ပြောသည်။

ကျောက်မိုချင်းက တခစ်ခစ်ရယ်ပြီး သူ့နားနားကပ်ကာ_

''ဒီည ဘယ်လိုရှက်စရာပုံမျိုးဖြစ်ဖြစ် လိုက်လုပ်ပေးမယ်... ယောက်ျား... ရှင့်သဘောပဲ''





ထို့ကြောင့် ချင်လင်လုံးဝစိတ်လှုပ်ရှားသွားသည်။ အရင်က ကျောက်မိုချင်းနှင့်မပျော်ဖူးသေးသော ဆရာသမား၏ရုပ်ရှင်များကိုစဉ်းစားရဦးမည်။

အဲဒါကြောင့်ပြောတာ၊ ကိုယ့်ဇနီးကိုစိတ်ချမ်းသာအောင်ထားလို့ သူစိတ်လှုပ်ရှားသွားရင် ပျော်ရမှာကိုယ်ပဲတဲ့။

…

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကုန်လွန်သွားသည်။

ချင်းလင်စံအိမ် ပန်းပင်လယ်အကျယ်အထူးဝန်ဆောင်မှုခန်းထဲတွင် ချင်ရန်မှာ ထောင်စုနှစ်ထုတ်လုပ်ရေးမှလူများနှင့် အလုပ်ရှုပ်နေသည်။

သူခေါ်လာသောဓာတ်ပုံဆရာက တပ်ဆင်ထားသောရိုက်ကူးရေးပစ္စည်းများကိုနေရာရွှေ့နေသည်။

ဘေးတွင်_

ကောင်းယောင်ယောင်နှင့်လင်းလန်ဇီက တောင်တန်းစံအိမ်ဝန်ထမ်းများကိုကြီးကြပ်ပြီး ရွက်ဖျင်တဲနှစ်လုံးဆင်နေသည်။

သူဌေးနဲ့သူဌေးကတော်က မင်္ဂလာဆောင်ဓာတ်ပုံရိုက်မှတော့ စံအိမ်ရဲ့အကြီးဆုံးအမျိုးသမီးမန်နေဂျာနှစ်ဦးက လာပြင်ဆင်ပေးရမှာပေါ့။

ရွက်ဖျင်တဲက ချင်လင်နဲ့ကျောက်မိုချင်းအဝတ်အစားလဲဖို့ပင်။

ထိုအချိန်တွင်_

ကျောက်မိုချင်းအကြည့်က အလွန်လက်ရာမြောက်သောလက်ဆောင်သေတ္တာနှစ်ဘူးကို လုံးဝစိတ်ဝင်စားသွားသည်။ တစ်ဘူးတွင် သူမအတွက် ချင်လင်စိတ်တိုင်းကျမှာပေးထားသော ဖီးနစ်သရဖူနှင့်အနီရောင်ဝတ်စုံပါသည်။

အခုထိ ဖီးနစ်သရဖူနဲ့ဝတ်စုံကဘယ်လိုပုံလဲ သူမမသိသေး။ သူမအံ့ဩသွားလိမ့်မည်ဟုသာ ချင်လင်က ကတိပေးထား၍ လက်ဆောင်ဘူးကိုဖွင့်ကြည့်ဖို့စိတ်အားထက်သန်နေသည်။

ကောင်းယောင်ယောင်နှင့်လင်းလန်ဇီက ရွက်ဖျင်တဲနှစ်လုံးဆင်ပြီးနောက် ချင်ရန်က ချင်လင်နှင့်ကျောက်မိုချင်းဘက်လှည့်ပြီး_

''လင်ဇီ မိုချင်း... အရင်ဆုံး အဝတ်အစားလဲထားလိုက်... ပြီးရင် မိတ်ကပ်ဆရာနဲ့ပြင်ပေးမယ်''

ကောင်းယောင်ယောင်နှင့်လင်းလန်ဇီက ရှေ့တိုးလာသည်။

လင်းလန်ဇီက ဖီးနစ်သရဖူနှင့်အနီရောင်ဝတ်စုံပါသောဘူးကိုယူလိုက်သည်။ ကောင်းယောင်ယောင်လည်း ကျောက်မိုချင်းလက်ကိုတွဲပြီး_

''အစ်မမိုချင်း... ကျွန်မတို့အဝတ်အစားကူလဲပေးမယ်''

ချင်လင်က ဒီလိုလုပ်ပေးဖို့မှာထားသည်။

ဒီဖီးနစ်သရဖူနှင့်အနီရောင်ဝတ်စုံကို ကျောက်မိုချင်းဝတ်ဖို့ကူညီပေးရန်လိုသည်။ အထူးသဖြင့် ဖီးနစ်သရဖူနှင့်ဆံပင်တုပင်။ လင်းလန်ဇီက ဒီလိုအတတ်ပညာမျိုးကျွမ်းကျင်သည်။



All Chapters