← Chapters

ရှောင်ချင်နာမည်ကြီးပြန်ပြီ! ဒါရိုက်တာတွေက ရှောင်ချင်ကိုအမျိုးသားဇာတ်ဆောင်ထားရမှာ!

Vol. 38 Ch. 567

ရှောင်ချင်နာမည်ကြီးပြန်ပြီ! ဒါရိုက်တာတွေက ရှောင်ချင်ကိုအမျိုးသားဇာတ်ဆောင်ထားရမှာ!

Vol. 38 Ch. 567

……

ပန်းပင်လယ်အကျယ်ထဲ၌_

ချင်ရန်က ရွက်ဖျက်တဲနှစ်လုံးအပြင်တွင် ဓာတ်ပုံဆရာ၊ ဝန်ထမ်းများနှင့်စောင့်နေသည်။

တကယ်တော့ သူတို့လည်းစူးစမ်းနေကြသည်။

သူတို့ကုမ္ပဏီက မင်္ဂလာဆောင်အစီအစဉ်လုပ်ငန်းကိုပါတာဝန်ယူပြီး တရုတ်ရိုးရာမင်္ဂလာပွဲကျင်းပပေးသော်လည်း ငွေအင်အားကြောင့် အမြဲအားမလိုအားမရဖြစ်ရသည်။ သတို့သမီးဝတ်စုံကိုတောင် ရှိုးဟယ်ဝတ်စုံသုံးသည်။

သတို့သား၊သတို့သမီးအတော်များများက တရုတ်ရိုးရာမင်္ဂလာပွဲမှာ လှပပြီးအထက်တန်းကျသည်ကြားထားသောကြောင့် ကျင်းပချင်ကြသည်။ သို့သော် ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဖီးနစ်ဝတ်စုံအစစ်နှင့်သင့်တင့်သောငွေအင်အားမရှိဘဲ သူတို့ဖောက်သည်များကို တရုတ်ရိုးရာမင်္ဂလာပွဲကျင်းပဖို့အကြံပြုမည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ဧကရီ၏အံ့ဩစရာမင်္ဂလာပွဲက ပုံမကျပန်းမကျဖြစ်ပြီး နိုင်ငံကောင်းတစ်ခုတွင်ကောင်းကောင်းမွန်မွန်နေထိုင်သော မိသားစုငယ်လေးနှင့်တူနေလိမ့်မည်။

နောက်ပြီး ဖီးနစ်သရဖူနှင့်အနီရောင်ဝတ်စုံအစစ်ကို သူတို့မမြင်ဖူး။

ရွက်ဖျင်တဲလှပ်လိုက်သောအခါ ချင်လင်နှင့်ကျောက်မိုချင်းက အချိန်တိုက်ထားသလိုတပြိုင်တည်းထွက်လာသည်။

သူတို့နှစ်ယောက်က အချင်းချင်းအလိုလိုသိသောအကြည့်နှင့်ကြည့်လိုက်သည်။ မျက်လုံးများကစူးရှနေ၏။ နှစ်ကိုယ့်တစ်စိတ်ပင်။

ကျောက်မိုချင်းမျက်နှာမှာ ပြုံးရွှင်နေသည်။ သူမယောက်ျားက သူမအတွက်သေချာပြင်ဆင်ပေးထားသော ဖီးနစ်သရဖူနှင့်ဝတ်စုံကိုဝတ်ထားသောအခါ သူနှင့်အတူတူပျော်ရွှင်ချိုမြိန်သောအချိန်များကိုပြန်သတိရလာသည်။

ပျော်ရွှင်ခြင်း +၃ အရည်အသွေး​ကြောင့် လောကကြီးတစ်ခုလုံးကချို​မြိန်နေသလိုခံစားရသည်။

သူတို့နှစ်ဦးထွက်လာသည့်အချိန်တွင် ထောင်စုနှစ်ထုတ်လုပ်ရေးနှင့်စံအိမ်မှဝန်ထမ်းအားလုံးက မယုံနိုင်ပုံနှင့်ကြည့်လိုက်ကြသည်။

အကြည့်ခံခြင်း +၂၊ ဆွဲဆောင်မှုရှိခြင်း +၂၊ ရှေးခေတ်ပုံစံ +၂ ကြောင့် ချင်လင်၏ရှီလင်အနီရောင်ဝတ်စုံနှင့် ကျောက်မိုချင်း၏ဖီးနစ်သရဖူနှင့်ဝတ်စုံမှာ အားလုံး၏အာရုံကိုဆွဲဆောင်လိုက်သည်။

ထိုခဏတွင် ဖီးနစ်သရဖူနှင့်တော်ဝင်ဝတ်စုံဆိုတာ ဘာလဲသဘောပေါက်သွားသလိုပင်။

ဒါမျိုးဖြစ်နေရမှာဟု ချင်ရန်ကတွေးမိသည်။ သူရှေ့ကမြင်ကွင်းက သူစိတ်ကူးထားတဲ့ဖီးနစ်သရဖူနဲ့အနီရောင်ဝတ်စုံမျိုးဖြစ်သည်။

ဖီးနစ်သရဖူနှင့်ရွှေချည်ထိုး၏ခမ်းနားလိုက်ပုံက သာမန်အထည်များနှင့်ကွာခြားနေသည်။

အရောင်က တကယ့်ရွှေအစစ်နှယ်။

စနစ်မှထုတ်သော ဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်စုံက မြင်မြင်ချင်းအံ့အားသင့်စေပြီး နှစ်လိုဖွယ်ကောင်းခြင်း +၂ နှင့် စိတ်နေသဘောထား +၂ အရည်အသွေးက ကျောက်မိုချင်းအလှကိုပြိုင်ဘက်ကင်းစေသည်။

မြင်သူတိုင်းက 'အနီရောင်ဖီးနစ်ဝတ်စုံ၊ တတိယမျိုးဆက်ယဲ့ကျင်းဝတ်ဆင်သောအခက်၊ ခပ်စိတ်စိတ်ဖြီးသင်ထားသောကေသာ၊ ပြည်တော်အလှပဂေး'ဆိုသောအဓိပ္ပါယ်ကို နားလည်သွားကြလိမ့်မည်။

ထို့အတူ စနစ်ကထုတ်သော အရည်အသွေး ၂ ဆံပင်တုနှင့်ဆံထိုးကြောင့် ချင်လင်လည်း ပြောမပြတတ်အောင်ရှေးဆန်ဆန်ကြည့်ကောင်းနေသည်။ သူ့စိတ်နေသဘောထားက ​ယောက်ျားချင်းအားကျရလောက်အောင် အားလုံးထဲထင်းထွက်နေသည်။

သူ့ဆံပင်တုကိုလေတိုးရင်တောင် လူတွေကိုနူးနူးညံ့ညံ့ခံစားမှုမျိုးပေးနေသည်။

''လင်ဇီက သူ့အရည်အချင်းတွေလုံးဝဖုံးထားတာပဲ!''

ချင်ရန်မှာမနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ချင်လင်နဲ့အတူတူကြီးလာပြီးမှ သူ့ညီအစ်ကိုကရှေးခေတ်ဝတ်စုံနဲ့ဒီလောက်ခန့်မည်ဟု လုံးဝမထင်မိပါချေ။

သူသာ TV ဇာတ်လမ်းရိုက်ရင် ဘယ်အခန်းမှာပါပါ အဓိကဇာတ်ကောင်နှင့်တူလိမ့်မည်။

ကျောက်မိုချင်းနောက်တွင် ဖီးနစ်ဝတ်စုံစဆွဲပြီးလိုက်လာသော ​လင်းလန်ဇီနှင့်ကောင်းယောင်ယောင်က ချင်လင်ကိုတန်းကြည့်လိုက်ကြသည်။

ချင်လင်မျက်နှာကိုသုံးလေးကြိမ်မကြည့်ဘဲမနေနိုင်သဖြင့် ထိုအလှလေးနှစ်ယောက်မှာ မျက်နှာနည်းနည်းပူလာသည်။

သူတို့သူဌေးက ဒီလိုရှေးခေတ်အဝတ်အစားနဲ့ဒီလောက်ဆွဲဆောင်မှုရှိမည်ဟု လုံးဝမထင်မိပေ။

သူဌေးဝတ်စားထားပုံက မိန်းကလေးများစိတ်ကူးထဲကပုံစံမျိုး ရုတ်ချည်းပြောင်းလဲသွားသည်။

မိန်းကလေးအများစုက ဒီလိုယောက်ျားမျိုးကိုချစ်သူတော်ဖို့စိတ်ကူးယဉ်တတ်ကြတယ်မလား?

ခါတိုင်းသာဒီလိုဆိုရင် စံအိမ်ထဲကမိန်းကလေးတွေ အလုပ်လုပ်ချင်စိတ်မရှိဘဲ သူဌေးကိုလိုက်ချောင်းကြည့်နေကြလိမ့်မည်။

''ဥက္ကဌချင်... မိတ်ကပ်ပြင်ဖို့လိုသေးလား?''

ဓာတ်ပုံဆရာကအသိပြန်ဝင်လာပြီး ချင်ရန်ကိုမေးလိုက်သည်။

''မလန့်နဲ့... စိတ်မပျော့သွားနဲ့''

ချင်ရန်က သူ့ခေါင်းကိုခါပစ်လိုက်သည်။

ဒါပြီးပြည့်စုံနေပြီဟု သူထင်သည်။

လက်ရှိပုံစံကို မိတ်ကပ်တွေမစွက်ချင်။

''လင်ဇီ မိုချင်း... ပန်းပင်လယ်ထဲသွားရိုက်ရအောင်!''

ချင်ရန်လည်း သူတို့ကိုခေါ်လိုက်သည်။ တစ်ချိန်တည်းမှာ လိုင်းပေါ်ကသူနဲ့လျောင်လီအတွက်ဝတ်စုံတစ်စုံမှာပြီး တရုတ်ရိုးရာမင်္ဂလာဆောင်ဓာတ်ပုံရိုက်ချင်စိတ်ပါဖြစ်နေသည်။

လင်းလန်ဇီနှင့်ကောင်းယောင်ယောင်က ကျောက်မိုချင်း၏ရှည်လျားသောဖီးနစ်ဝတ်စုံစကိုဆွဲပြီး ပန်းပင်လယ်ထဲလိုက်လာသည်။

ချင်ရန်တို့လည်း အကောင်းဆုံးအနေအထားတချို့ကိုရွေးပြီး ချင်လင်နှင့်ကျောက်မိုချင်းကို အချိန်ယူ၍ဓာတ်ပုံရိုက်ပေးကြသည်။

ပုံပေါင်းရာကျော်ထဲမှ ၅ ပုံရွေးလိုက်သည်။

မင်္ဂလာဆောင်ဓာတ်ပုံမရိုက်ဖူးရင် လုံးဝအပင်ပန်းဆုံးအလုပ်ဟုဆိုနိုင်သည်။

အားလုံးအတွက် ချင်းလင်အားဖြည့်လက်ဖက်ရည်နှစ်ပုလင်းပြင်ထားပေး၍သာ တော်တော့သည်။

အခုဒီဖျော်ရည်ကို လုပ်ငန်းအားလုံးတွင် တွင်တွင်ကျယ်ကျယ်သုံးနေကြပြီ။ ဘာပဲဖြစ်ဖြစ် ခွန်အားနှင့်သက်လုံဖြည့်တင်းပေးသောအရည်အသွေးမှာ လုပ်ငန်းအားလုံးအသုံးတည့်သည်ပင်။

''လင်ဇီ... ငါ့ကိုဒီဓာတ်ပုံတွေသုံးခွင့်ပေး... ပြီးပြည့်စုံတယ်ကွာ... ငါကုမ္ပဏီတရားဝင်အကောင့်မှာ တင်ချင်တယ်''

ချင်ရန်ကသူရွေးထားသောဓာတ်ပုံ ၅ ပုံကိုကြည့်ရင်း ချင်လင်ကိုတက်တက်ကြွကြွပြောလိုက်သည်။

ဓာတ်ပုံဆရာကလည်း မျှော်လင့်ချက်အပြည့်နှင့်။

ပွင့်ပွင့်လင်းလင်းပြောရရင် ဒါသူရိုက်ဖူးသမျှထဲမှာ အကောင်းဆုံးရှေးခေတ်ပုံစံအဝတ်အစားပင်။

ကျောက်မိုချင်းက ရိုက်ထားသောဓာတ်ပုံများကို ဝမ်းသာအားရကြည့်လိုက်သည်။

သူမ တကယ်လှနေသည်။

စိတ်ကူးထဲကမင်္ဂလာဆောင်ဓာတ်ပုံအတိုင်း လုံးဝစိတ်ကျေနပ်သည်။

နည်းနည်းစိတ်ပျက်နေသူက ချင်လင်တစ်ယောက်တည်း။

သူလည်း ပန်းပင်လယ်ထဲမှာမင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့မျှော်လင့်စောင့်စားနေသူပင်။ ဘာပဲဖြစ်ဖြစ် သူနဲ့ကျောက်မိုချင်းရဲ့တစ်သက်မှာတစ်ခါတည်းသောအစီအစဉ်ဖြစ်သည်။

တက္ကသိုလ်မှာတုန်းက သူနဲ့ကျောက်မိုချင်းမင်္ဂလာဆောင်ဓာတ်ပုံရိုက်ရင် ဘယ်လိုပုံမျိုးဖြစ်မလဲ ခဏခဏစိတ်ကူးယဉ်ခဲ့သည်။

ဒါပေမဲ့ ဓာတ်ပုံကိုကြည့်ပြီး တစ်ခုခုမှားနေသလိုခံစားရသည်။ နောက်ခံက ပန်းပင်လယ်ဖြစ်နေသည်။

ဂိမ်းရဲ့ဖီးနစ်ဝတ်စုံနဲ့ရှီလင်ဝတ်စုံ နှစ်စုံလုံးကအလွန်လှပြီးဓာတ်ပုံစားသော်လည်း ပန်းပင်လယ်မှာ သာမန်ဆန်လွန်းနေသောကြောင့် ပြီးပြည့်စုံသောခံစားချက်မျိုးထွက်မလာ။

ထို့ကြောင့် ကျောက်မိုချင်းနှင့်ကတိပေးထားသည့်အတိုင်း ပန်းပင်လယ်မှာမင်္ဂလာဆောင်ဓာတ်ပုံရိုက်သော်လည်း ကတိကလုံးဝပြီးပြည့်စုံခြင်းမဟုတ်ဘဲ မျှော်လင့်ချက်ကထင်တိုင်းမပေါက်တတ်ပါချေ။



All Chapters