← Chapters

ရှောင်ချင်နာမည်ကြီးပြန်ပြီ! ဒါရိုက်တာတွေက ရှောင်ချင်ကိုအမျိုးသားဇာတ်ဆောင်ထားရမှာ! ၂

Vol. 38 Ch. 568

ရှောင်ချင်နာမည်ကြီးပြန်ပြီ! ဒါရိုက်တာတွေက ရှောင်ချင်ကိုအမျိုးသားဇာတ်ဆောင်ထားရမှာ! ၂

Vol. 38 Ch. 568

''တရန်... ပြီးရင် မွေးမြူရေးခြံသွားရအောင်!''

မွေးမြူရေးခြံကလည်း မူလရိုက်ကွင်းအစီအစဉ်များထဲကတစ်ခုဖြစ်ကြောင်း ချင်လင်ကချင်ရန်ကိုပြောထားသည်။

မွေးမြူရေးခြံစားကျက်မြေက ကျယ်ပြောခမ်းနားပြီး ဓာတ်ပုံစားခြင်း +၂ အရည်အသွေးလည်းရှိသောကြောင့် ဖီးနစ်သရဖူ၊အနီရောင်ရှီလင်ဝတ်စုံနှင့်ပိုလိုက်ဖက်လိမ့်မည်။

''အင်း... ပစ္စည်းတွေသိမ်းမယ်''

ချင်ရန်ခေါင်းညိမ့်လိုက်သည်။

တစ်ဖက်တွင် သူတို့ရွှေ့သိမ်းနေသောကြောင့် လင်းလန်ဇီကဖုန်းထုတ်ပြီး ဒရိုင်ဘာကိုခေါ်လိုက်သည်။

ချင်းလင်စံအိမ်တွင် ပုံမှန်ဒရိုင်ဘာအများကြီးခန့်ထားသည်။ ပထမဆုံး ရွက်လွှင့်အစမှတ်သို့ရှုခင်းကြည့်ကားနှင့်ခရီးသည်များပို့ပေးရန် ဒရိုင်ဘာလိုသည်။ မွေးမြူရေးခြံရှုခင်းကြည့်ကားအတွက်လည်း ဒရိုင်ဘာလိုသည်။

လင်းလန်ဇီက ပန်းပင်လယ်အကျယ်မှမွေးမြူရေးခြံသွားရန် ရှုခင်းကြည့်ကားနှစ်စီးချက်ချင်းခေါ်လိုက်သည်။

မကြာမီ မွေးမြူရေးခြံမှရှုခင်းကြည့်ကားနှစ်စီးရောက်လာပြီး ချင်လင်တို့ကိုမြင်းပြိုင်ကွင်းဆီတင်လာသည်။

မွေးမြူရေးခြံတွင် ခရီးသည်များစွာရှိနေသောကြောင့် မြင်းပြိုင်ကွင်းထဲလူရှင်းသောနေရာရွေးပြီး ဖန်းပေါ်ကိုခြင်္သေ့လေးခေါ်လာခိုင်းလိုက်သည်။

ခြင်္သေ့လေးကလည်း မွေးမြူရေးခြံမင်္ဂလာဆောင်ဓာတ်ပုံရိုက်ရာတွင် အဓိကဇာတ်ဝင်အသုံးအဆောင်ပင်။

သူဌေးနဲ့သူဌေးကတော် မင်္ဂလာဆောင်ဓာတ်ပုံရိုက်မည်မှန်း ဖန်းပေါ်သိထားသော်လည်း ခြင်္သေ့လေးဆွဲလာသည့်အချိန်တွင် သူဌေးနဲ့သူဌေးကတော်ကိုမြင်ပြီး သူကြောင်နေသေးသည်။

သူဌေးနဲ့သူဌေးကတော်ဝတ်စားထားပုံက TV ဒါမှမဟုတ် ရုပ်ရှင်ထဲကဆယ်လီတွေကျနေတာပဲ။ ဒီလိုပြောမပြနိုင်အောင် နှစ်သက်စရာကောင်းတာနဲ့စိတ်နေသဘောထားမျိုးမရှိရင် TV ဒါမှမဟုတ် ရုပ်ရှင်ဆယ်လီတွေမဖြစ်နိုင်။

ခရီးသည်များကသတိထားမိပြီး မြင်းပြိုင်ကွင်းကိုဝိုင်းလာပြန်သည်။

"ဟီ... ဟီ!"

ခြင်္သေ့လေးက ချင်လင်ကိုမြင်ပြီး အူမြူးနေသည်။ သူ့ဆီကဆုန်ပေါက်လာပြီး ပွတ်သီးပွတ်သပ်ကပ်နေ၏။

ချင်ရန်က ခြင်္သေ့လေးနားလျှောက်လာကာ_

''လင်ဇီ... ငါလုပ်လိုက်မယ်... ကြိုးအနီနဲ့အနီရောင်ပန်းကုံးယူပြီး သူ့ကိုဝင်ပါခိုင်းမယ်''

ချင်လင်ကပြုံးလိုက်ပြီး_

''ဆင်လိုက်ပါ... ခြင်္သေ့လေးက အရမ်းလိမ္မာတယ်... သူမင်းနဲ့အလိုက်သင့်နေပေးလိမ့်မယ်''

ချင်ရန်ကခေါင်းညိမ့်ပြီး သူ့ဝန်ထမ်းများကိုခြင်္သေ့လေးအားအလှဆင်ခိုင်းသည်။ ထို့နောက် ဗီဒီယိုဘယ်လိုရိုက်မလဲ ချင်လင်နှင့်ဆွေးနွေးသည်။

ချင်လင် ခြင်္သေ့လေးကျောပေါ်တက်ပြီး ကြိုးနီဆွဲ၍ ကျောက်မိုချင်းကိုပွေ့လိုက်သောအခါ ရိုက်ကွင်းအဆင်သင့်ဖြစ်နေပြီ။ ဓာတ်ပုံဆရာမှာ ကင်မရာချိန်ကြည့်ပြီး မယုံနိုင်ပုံပေါက်နေသည်။

မွေးမြူရေးခြံ၏အရည်အသွေးကြောင့် မြင်ကွင်းတစ်ခုလုံးမှာ လုံးဝပြောမပြတတ်သော အနုပညာရှုထောင့်မျိုးရှိနေသည်။ ပန်းပင်လယ်အကျယ်ထက်ပိုလိုက်ဖက်ပြီး မြင်ကွင်းကအဆင့်ပိုမြင့်သည်။

ပြီးတော့ ကြည့်ကောင်းသောမြင်းဖြူက မြက်ခင်းပြင်တစ်ခုလုံးနှင့်အနီရောင်ဝတ်စုံကို ပြီးပြည့်စုံသောအဆင်အယင်ဖြစ်စေသည်။

အမျိုးသားနှင့်အမျိုးသမီး၏ဖော်မပြနိုင်သောနှစ်လိုစရာကောင်းမှုနှင့်သာလွန်ထူးခြားသောစိတ်နေသဘောထားပါပေါင်းလိုက်လျှင် ရှေးလူများပြောတတ်သော တောင်တန်းစိမ်းစိမ်း၊ ရေစိမ်းစိမ်း၊ ဝတ်ရုံနီနီ၊ မြင်းစစ်သည်ဆိုသော စာချိုးနှင့်လိုက်ဖက်ပေလိမ့်မည်။

ရှေးလူတွေက ဘာလို့အနီရောင်တန်ဆာများနှင့်မြင်းဖြူကိုအတူတူတွဲလဲ သဘောပေါက်သွားသလိုလိုပင်။

ဥပမာ -

'ဝတ်ရုံနီစစ်သူကြီးအပြန်၊ ဧကရာဇ်ထံမြင်းဖြူဆက်သ'

ဒါမှမဟုတ်_

'မြင်းဖြူက ညဘက်ထွက်ပေါ်၊ ဝတ်ရုံနီက မိုးသောက်ကိုခွင်း'

ဒါမှမဟုတ်_

'သင်္ကန်းတစ်စုံ၊ ဝတ်ရုံနီနှင့်၊ မြင်းဖြူတစ်ကောင်'။

အင်း၊ ဒီဝါကျကနည်းနည်းထူးဆန်းပြီ။

မည်သို့ဆိုစေ ရှေးလူများက အနီရောင်တန်ဆာနှင့်မြင်းဖြူကိုယှဉ်တွဲဖော်ပြရတာ တကယ်သဘောကျကြသည်။ အခုသူ့ရှေ့ကမြင်ကွင်းကိုကြည့်ရင်း သူနားလည်သွားပြီထင်သည်။

သူမြင်နေရတာကို ဘယ်လိုပြောပြရမှန်းမသိ။ ခလုတ်နှိပ်လိုက်သောအခါ ရှေ့လျှောက်ဒီထက်ကောင်းတဲ့ပုံမျိုးမရနိုင်တာ သေချာသွားသည်။

လင်းလန်ဇီလည်းဖုန်းထုတ်ပြီး ချင်လင်နှင့်ကျောက်မိုချင်းကိုဓာတ်ပုံများစရိုက်သည်။

သူမက မာတီမီဒီယာဌာနမန်နေဂျာ၊ စံအိမ်နှင့်မွေးမြူရေးခြံတွင် သူမဖုန်းနှင့်ဗီဒီယိုရိုက်တာ အသားကျနေပြီ။

သူဌေးနဲ့သူဌေးကတော်မြင်းစီးနေတာ ဗီဒီယိုမရိုက်ဘဲနေနိုင်မလား?

သို့ရာတွင် ဗီဒီယိုရိုက်ပြီး နည်းနည်းတည်းဖြတ်ပြီးနောက် သူမအံ့ဩမိသည်။

ဒီခံစားချက်၊ ဒီစျာန်က သမိုင်းဝင်အချစ်ဇာတ်လမ်းတွေထဲက မင်းသား၊မင်းသမီးဇာတ်ဆောင်တွေထက်ပိုပြီး သရုပ်မပါဘူးလား? ရှေးခေတ်ဝတ်စုံနဲ့ သူဌေးနဲ့သူဌေးကတော်ရဲ့နှစ်လိုစရာကောင်းမှု၊သာလွန်ထူးခြားတဲ့စိတ်နေသဘောထားတွေက TV ဇာတ်လမ်းတွဲတွေထဲက မင်းသား၊မင်းသမီးဇာတ်ဆောင်တွေကိုလှောင်နေတာနဲ့မတူဘူးလား?

ချင်းလင်မွေးမြူရေးခြံထဲတွင် ခရီးသည်အများကြီးရှိနေသည်။

ချင်လင်တို့က ခရီးသည်ရှင်းသောနေရာရွေးထားသော်လည်း ခရီးသည်တွေအများကြီးရောက်နေကြသည်။

''အာ.. မင်္ဂလာဆောင်ဓာတ်ပုံရိုက်နေကြတာ''

ခရီးသည်တစ်ယောက်က တအံ့တဩအော်ပြောသဖြင့် ခရီးသည်အုပ်စုလိုက်ရောက်လာပြီး စပ်စုကြသည်။

ထိုအုပ်စုမှာ လျှောက်လည်ရေးအုပ်စုပင်။ အဓိပ္ပါယ်က သူတို့ကောင်လေးများကိုခဏပလစ်ပြီး အမျိုးသမီးတွေချည်းဆုံကာ အပျော်ခရီးထွက်ကြခြင်းပင်။

ဒါကောင်လေးများအဖို့ အလွန်အောင့်သက်သက်ဖြစ်ရသည်။ သူတို့အခင်ဆုံးသူငယ်ချင်းဆိုတာတွေက မိန်းကလေးတွေချည်းဖြစ်၍သာ တော်တော့သည်။ သို့ရာတွင် ဆန့်ကျင်ဘက်လိင်သူငယ်ချင်းအုပ်စုခရီးထွက်မည်ဆိုလျှင်လည်း အတော်မလွတ်မလပ်ဖြစ်လိမ့်မည်။

အနားရောက်လာသောအခါ ရှီလင်ဝတ်ရုံနီနှင့်မြင်းဖြူစီးနေသော ချင်လင်နှင့်ကျောက်မိုချင်းကိုတွေ့ပြီး ထိုအမျိုးသမီးအုပ်စုမှာ နည်းနည်းအံ့ဩ၍စိတ်ဝင်စားသွားသည်။

''လှလိုက်တဲ့ဝတ်စုံ... ဒါဖီးနစ်သရဖူနဲ့တော်ဝင်ဝတ်စုံလား? သတို့သားကလည်း ဝတ်စုံနဲ့ခန့်လိုက်တာ... သူ့စိတ်နေပုံစံကအရမ်းကောင်းတယ်မထင်ဘူးလား?''

''အမှန်ပဲ... စိတ်နေပုံစံကောင်းရုံတင်မကဘူး... အရမ်းလည်း ဆွဲဆောင်မှုရှိတယ်''

''ဟေး... သတို့သားက ရှောင်ချင်.. သတို့သမီးက ရှောင်ကျောက်နဲ့တူတယ်... ငါတို့ သူတို့ဗီဒီယိုကိုကြည့်ဖူးတယ်လေ''

''တကယ် ရှောင်ချင်ပဲ... အရင်ဗီဒီယိုထဲကထက်တောင် ပိုခန့် ပိုအရှိန်အဝါရှိနေတာ''

''ရှောင်ချင်က တကယ်ရှောင်ကျောက်နဲ့လား?''

''မင်းသားတွေက မြင်းထိန်းသမားကိုတောင် မယှဉ်နိုင်ဘူးထင်မိတယ်... ရှောင်ချင်ရဲ့ဘယ်လိုပြောရမှန်းမသိတဲ့စိတ်နေပုံစံလေးက ငါရင်ခုန်တွေမြန်လာပြီ''

“…”

လျှောက်လည်ရေးအုပ်စုမှာ စိတ်လှုပ်ရှားစွာနှင့်သက်ပြင်းချပြီး ချင်လင်တို့ကိုဓာတ်ပုံများရိုက်နေတော့သည်။

ထိုမြင်ကွင်းကို သူတို့လုံးဝစွဲသွားကြသည်။ မင်္ဂလာဆောင်တဲ့အချိန်ကျရင် သူတို့ကောင်လေးကို ဒီလိုဖီးနစ်သရဖူနဲ့တော်ဝင်ဝတ်စုံမျိုးဝယ်ခိုင်းရမည်ဟူ၍ စိတ်ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ဒီလိုတရုတ်ရိုးရာမင်္ဂလာဆောင်ဓာတ်ပုံရိုက်မည်။ မဟုတ်ရင် သူတို့ကောင်လေးတွေဘယ်လောက်ပဲတောင်းဆိုတောင်းဆို လက်ထပ်မည်မဟုတ်။



All Chapters