သခွားသီး ၅၀၀ ဂရမ် ယွမ် ၃၀၀?
Vol. 38 Ch. 570
အင်တာနက်ပေါ်တွင် မြင်းထိန်းသမားလေးရှောင်ချင်နာမည်ကြီးလာပြန်သည်။ နာမည်ကြီးလွန်း၍ အင်တာနက်ဆယ်လီအားလုံး အားကျရလောက်သည်။
ချင်းလင်စံအိမ် HR ဌာနမှရှောင်ကျောက်၊ ကျောက်မိုချင်းလည်းအတူတူပင်။
ဒီခေတ်ထဲမှာ ဝတ်ပုံစားပုံကအရေးအကြီးဆုံး။ စနစ်ကထုတ်သော ဖီးနစ်သရဖူနဲ့အနီရောင်ရှီလင်ဝတ်စုံက သူတို့နှစ်ယောက်ကို အားလုံးရဲ့စိတ်ကူးထဲကပုံစံမျိုးဖြစ်အောင် ဖန်တီးပေးလိုက်ပုံရသည်။
ဘာပဲဖြစ်ဖြစ် ဆွဲဆောင်မှုရှိခြင်း +၂၊ နှစ်လိုဖွယ်ကောင်းခြင်း +၂ နှင့် စိတ်နေသဘောထား +၂ အရည်အသွေးများက အားလုံးအပေါ်သက်ရောက်မှုရှိပြီး အဆင်းအားဖြင့်ခြားနားမှုမရှိပေ။
ချင်လင်နှင့်ကျောက်မိုချင်းသာ Tiktok မှာအကောင့်ဖွင့်ချင်စိတ်ရှိလျှင် အချိန်တိုအတွင်း ပရိသတ်သန်းချီနှင့်အင်တာနက်ဆယ်လီဖြစ်လာနိုင်သည်။
ဖြစ်ချင်တော့ သူတို့နှစ်ယောက်က လုံးဝစိတ်မဝင်စားချေ။
လူတချို့မျက်စိထဲတွင် အနုပညာရှင်ဆိုတာ သရုပ်ဆောင်ကိုသာခေါ်သည်။ အင်တာနက်ဆယ်လီတွေက သရုပ်ဆောင်တွေလောက်မကောင်း။
ချင်းလင်စံအိမ်မှ မြင်းထိန်းသမားလေးရှောင်ချင်နှင့် HR ဌာနရှောင်ကျောက်၏မင်္ဂလာဆောင်ဓာတ်ပုံက အင်တာနက်ပေါ်တွင်ပေါက်သွားသောအခါ ဖီးနစ်သရဖူနှင့်အနီရောင်ဝတ်စုံလည်းပေါက်သွားသည်။
အမျိုးသားအတော်များများကို သူတို့ကောင်မလေးများ၊အိမ်ထောင်ဘက်များက မင်္ဂလာဆောင်ရင် ဒီလိုဖီးနစ်သရဖူနှင့်အနီရောင်ဝတ်စုံမျိုးပေးရန်တောင်းဆိုကြသည်။ မဟုတ်ရင် သူတို့လက်ထပ်မည်မဟုတ်ပါတဲ့။
ဒီအချက်ကြောင့် အမျိုးသားထုမှာရင်နာရသည်။
အစက 'လိုင်းပေါ်မှာ ဖီးနစ်သရဖူနဲ့အနီရောင်ဝတ်စုံတွေရောင်းနေကြတာ၊ တစ်စုံဝယ်လိုက်ရုံပေါ့'ဟုသာ တွေးထားကြသည်။
သို့သော် ဓာတ်ပုံ၊ဗီဒီယိုတွေကိုဘယ်လိုပဲကြည့်ကြည့်၊ တစ်ခုမှ ချင်းလင်စံအိမ်ရဲ့အလှလေးရှောင်ကျောက်ဝတ်စုံလောက်မကောင်း။ အကွာကြီးကွာသည်ဟုဆိုနိုင်သည်။
ဒါတွေနဲ့ ထက်ထက်မြက်မြက်မိန်းကလေးတွေ၊အိမ်ထောင်ဘက်တွေကို ဖြေရှင်းချက်ပေးနိုင်မှာမဟုတ်။
လိုင်းပေါ်ကဝယ်မရရင် စိတ်တိုင်းကျအပ်ရမည်။ သို့ရာတွင် သွားအပ်သောအခါ ရှောင်ကျောက်၏ ဖီးနစ်သရဖူနှင့်အနီရောင်ဝတ်စုံမှာ ရွှေအစစ်နှင့်လုပ်ထားခြင်းဖြစ်ကြောင်း ဝါရင့်ဆရာသမားဆီမှကြားလိုက်ရ၍ လန့်ဖျပ်သွားကြသည်။ ဖီးနစ်သရဖူနှင့်ရွှေချည်ထိုးအားလုံး ရွှေအစစ်ဖြစ်သည်။ မဟုတ်ရင် ဒီလောက်ခမ်းနားမည်မဟုတ်တဲ့။
ဒီလိုဝတ်စုံမျိုးက ယွမ်သိန်းချီတန်လိမ့်မည်။
အမှန်တရားသိလိုက်ရသော အမျိုးသားတချို့မှာငိုချင်စိတ်ပေါက်လာသည်။
သော*က်မြင်းထိန်းသမားက ယွမ်သိန်းချီတန်တဲ့ဖီးနစ်သရဖူနဲ့အနီရောင်ဝတ်စုံကိုရတာလား?
ဘာလဲ?
ချင်းလင်စံအိမ်က ကြော်ငြာစတန့်ထွင်ပြန်တာလား?
ဒါပေမဲ့ ကြော်ငြာတာက ကြော်ငြာတာပဲ။ ဒီလက်ထပ်တော့မယ့်အမျိုးကောင်းသားလေးတွေကို သူတို့ဝင်မနှောင့်သင့်။
ဒါကအနီရောင်ရှီလင်ဝတ်စုံကို လူကြိုက်မများသည့်အကြောင်းရင်းဖြစ်နိုင်သည်။
မိန်းကလေးတွေက ဖီးနစ်သရဖူနဲ့ဝတ်စုံကို တတွတ်တွတ်တောင်းဆိုနေတာနဲ့တင် အမျိုးသားထုကရင်နာနေပြီ။ အနီရောင်ရှီလင်ဝတ်စုံကိုခေါင်းထဲထည့်နိုင်ပါဦးမလား?
နောက်ရက်များတွင် ချင်းလင်စံအိမ်က သတင်းပိုတက်အောင်လုပ်နေကြောင်း သက်သေပြနေသလိုပင်။ မြင်းထိန်းသမားရှောင်ချင်နှင့်ရှောင်ကျောက်၏မင်္ဂလာဆောင်ဓာတ်ပုံများကို အင်တာနက်ပေါ်တွင်ထပ်တင်လိုက်သည်။
ဗီဒီယိုနောက်ခံက လှပသောပန်းပင်လယ်ကြီး။
ပန်းပင်လယ်အကျယ်မှာ အပြီးသတ်ပြီးဖြစ်၍ ပွင့်တော့မည်။ လင်းလန်ဇီက လက်ရှိနာမည်ကြီးမှုကိုအဆုံးရှုံးမခံ။ သူဌေးနဲ့သူဌေးကတော်ရဲ့အာရုံစိုက်ခံရမှုကိုကောင်းကောင်းအသုံးချမည်။ ဒါကိုစံအိမ်ကြော်ငြာအဖြစ်သဘောထားရမည်။
ဒီနည်းနဲ့ အင်တာနက်ပေါ်ကလူတွေရဲ့အာရုံကို စံအိမ်ကပန်းပင်လယ်အကျယ်ဆီဆွဲခေါ်နိုင်မည်။
အခု ဒီလုပ်ငန်းမျိုးနှင့် သူမပိုအသားကျလာပြီ။ သီးသန့်အကောင့်ဖွင့်ထားသော ခွေးဝမ်ချိုင်၊ ရှဉ့်မွေးနီ၊ မြေခွေးရှောင်ရွှယ်နှင့် မြင်းဖြူခြင်္သေ့လေးတို့ကိုတောင် ပန်းပင်လယ်ထဲခေါ်ပြီး ပန်းပင်လယ်နှင့်တိရစ္ဆာန်များဗီဒီယိုရိုက်သည်။
သူမအလုပ်ပြီးလျှင် ချင်းလင်စံအိမ်၏ပန်းပင်လယ်အကျယ်လုပ်ငန်းကိုလည်း အားလုံးသိသွားသည်။
နှစ်ရက်သတင်းလွှင့်ပြီးနောက်တွင် နောက်ဆုံးလက်နက်မြို့စားနှင်းဆီ ၆ ပင်ကိုတင်လိုက်သည်။
အရင် ရှင်းကျန့်တယ်ရဲ့နိုင်ငံတော်ပန်းကိုအာရုံစိုက်ရမှုက ချက်ချင်းတစ်ကျော့ပြန်လာသည်။
ရှင်းကျန့်တယ်ရဲ့နိုင်ငံတော်ပန်းကို ရှင်းကျန့်တယ်ရဲ့ ၉၉% သောလူတွေကကြည့်ခွင့်မရဘဲ ရှင်းကျန့်တယ်၏ထိပ်တန်းလူတစ်စု ၁% ကသာ အိမ်ဖြူတော်တွင်မြင်နိုင်သည်။ အခု ချင်းလင်စံအိမ်ကပန်းပင်လယ်အကျယ်ကိုသွားရင် ကြည့်နိုင်သလို စိတ်ရှိလက်ရှိဓာတ်ပုံရိုက်နိုင်သည်။
စိတ်သက်သာရာရခြင်း +၁ သာမက ဂုဏ်ယူခြင်း +၁ လည်းဖြစ်သည်။
အရင် မြို့စားနှင်းဆီကိုသန့်စင်ခန်းအဝမှာထားတုန်းက လူတွေဘယ်လောက်များ ဒေါသထွက်ပေါက်ရခဲ့လဲ?
မြို့စားနှင်းဆီကိုအပြေးလာကြည့်သောခရီးသည်များ ချင်းလင်စံအိမ်တွင်တန်းပြည့်သွားသည်။
အခု မြို့စားနှင်းဆီက တစ်ပင်ကနေ ၆ ပင်ဖြစ်နေပြီ။
ဘာလို့စောင့်နေဦးမှာလဲ?
မြင်းထိန်းသမားရှောင်ချင်နဲ့ရှောင်ကျောက်ရဲ့ဗီဒီယိုမတင်ဘဲ ချင်းလင်စံအိမ်ပန်းပင်လယ်က အရင်နာမည်ကြီးထားသမျှကို ရုတ်တရက်လွှဲပြောင်းယူလိုက်သည်။
ဒါအင်တာနက်ရဲ့စွမ်းအားပင်။
အင်တာနက်ပေါ်တွင်ရေပန်းစားသောသတင်းအများစုက နောက်ကွယ်ကလူ သင့်ကိုမြင်စေချင်သောအရာဖြစ်နိုင်သည်။
အကျိုးဆက်အနေနှင့် ချင်းလင်စံအိမ်ပန်းပင်လယ်အကျယ်မှာ အလွန်နာမည်ကြီးလာသည်။ ဖွင့်သည့်နေ့မှာပင် လူဦးရေ ၁၂၀၀၀ ဝန်းကျင်နှင့်ငြိမ်နေသော ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံခရီးသည်အရေအတွက်မှာ ရုတ်တရက် ၂၀၀၀၀ အထိထိုးတက်သွားသည်။
ထို့ကြောင့် ချင်းလင်စံအိမ်မှာ လူဦးရေစကန့်သတ်ရသည်။
တစ်ချိန်တည်းမှာ ရုံချန်းတွင် ကားလမ်းပိတ်ပြန်သည်။
ဒီတစ်ကြိမ်တွင် စွန်းရှန်နှင့်ချန်လီက လုံးဝလက်လျှော့ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် ရုံချန်းရဲ့အခြေအနေတွေက အကန့်အသတ်နှင့်။ သူတို့တတ်နိုင်သမျှလုပ်ထားပြီးပြီ။ သူတို့ဘာပဲလုပ်လုပ် ချင်းလင်စံအိမ်မှာ အသစ်အသစ်တွေဖြစ်နေမြဲ။ လူအရေအတွက်က အမြဲတမ်းတိုးလာပြီး လမ်းတွေကပိတ်နေဦးမည်သာ။
သူတို့တတ်နိုင်တာ ဘာမှမရှိ။ လောလောဆယ် သူတို့မှာ ဝမ်းနည်းဝမ်းသာဖြစ်ရသည်။ အပြင်ပတ်လမ်းအသစ်အမြန်ဆုံးပြီးအောင်လုပ်ရတော့မည်။
ချင်းလင်စံအိမ်_
ရုံးခန်းထဲတွင် ချင်လင်လည်း လင်းလန်ဇီကိုတွေ့သောအခါ စိတ်ကျေနပ်နေသည်_
''ကြော်ငြာကောင်းပဲ''
လင်းလန်ဇီရဲ့ထိန်းကွပ်မှုကြောင့် မြင်းထိန်းသမားရှောင်ချင်နာမည်ကိုဖိနှိပ်နိုင်ရုံသာမက ပန်းပင်လယ်အကျယ်ကိုလည်း လူသိများစေသည်။
နောက်ပြီး မြို့စားနှင်းဆီကြောင့် ပန်းပင်လယ်အကျယ်ကအဆင့်မနိမ့်။ သူ့ကျော်ကြားမှုက သုံးပွင့်ဆိုင်ဇီးပန်းပင်လယ် ဒါမှမဟုတ် ရေပေါ်တံတားရှုခင်းထက်လျော့မည်မဟုတ်ချေ။
လင်းလန်ဇီက_
''သူဌေး... ကျွန်မအစီရင်ခံစရာနှစ်ခုရှိပါသေးတယ်... ပထမတစ်ခုက ဒါရိုက်တာတစ်ယောက်ကဖုန်းဆက်ပြီး ရှင့်ကို TV ဇာတ်လမ်းတွဲမှာ မင်းသားအဖြစ်ရိုက်ချင်တဲ့အကြောင်းပြောတယ်... အိုး.. ဒါနဲ့... သူကမိုချင်းကိုလည်း မင်းသမီးအဖြစ်လိုက်စေချင်တယ်တဲ့''
''ဘယ်လို? ကျွန်တော့်ကိုရိုက်စေချင်တာလား?''
ချင်လင်က အံ့ဩတကြီးနှင့်မေးလိုက်သည်။
လင်းလန်ဇီက ပြည်တည်တည်ပြုံးပြီး_
''တိတိကျကျပြောရရင် မြင်းထိန်းသမားရှောင်ချင်ကိုပါ... တစ်ဖက်က ရှောင်ချင်ရဲ့လူစုကိုလိုချင်တာ... ကျွန်မသူ့ကိုမပေးပါဘူး''