← Chapters

#မုဖူရှန်းအရမ်းနာကျင်ရခြင်း#

Vol. 28 Ch. 393

#မုဖူရှန်းအရမ်းနာကျင်ရခြင်း#

Vol. 28 Ch. 393

တတိယအလွှာ၏တံခါးက ယခင်အလွှာနှစ်လွှာနှင့်မတူပေ။

ဤနေရာရှိတံခါးက မှော်စွမ်းအင်ဖြင့်ပြည့်နှက်နေသည်။

၎င်းကို သံနက်ဖြင့်ပြုလုပ်ထားသော်လည်း ဤတံခါးက တိုင်တောင်တန်းနှင့် တူသည်။

အမြင့်ပေနှစ်ဆယ်ရှိပြီး အကျယ်ပေနှစ်ဆယ်ရှိကာ ကောင်းကင်ထိပင် ရောက်ရှိနေသလားထင်ရသည်။

ထိုတံခါးအပေါ်၌ ဧရာမခန်းမတခုကို ထွင်းထုထားလေသည်။ ခန်းမတစ်ခုလုံးက အနက်ရောင်ရှိသည်။

ပင်မခန်းမအတွင်း ဤရက်သတ္တပတ်၌ ရုပ်တုနှစ်ခုရှိသည်။ ရုပ်တုနှစ်ခုက မှော်နဂါးနှစ်ကောင်ဖြစ်သည်။ ၎င်းတို့က ခန်းမကို စောင့်ကြပ်နေပုံရသည်။

ဤနဂါးနှစ်ကောင်ရုပ်တုများကနေတဆင့် နိုင်ထက်စီးနင်းပြုနေသည့် အငွေ့အသက်များက ထွက်လာပြီး တည်ရှိနေသောသူများအား အသက်ရှုကျပ်စေသည်။

တာအိုနယ်ပယ်တ၀က်အဆင့်စွမ်းအားရှင်ဖြစ်သည့် ရွှေချပ်၀တ်တပ်မှူးပင်လျှင် ထိုနဂါးနးရုပ်တုနှစ်ခုကိုကြည့်နေသည်။

သူကလည်း အတော်လေးအစွမ်းထက်သည့် ဖိနှိပ်မှုတခုကိုခံစားနေရပြီး သူ့ကိုယ်ခန္ဓာကို ဦးညွတ်အောင်လုပ်နေသည်။

ဆိုလိုနေသည်က ဤနဂါးနှစ်ကောင်ရှေ့တွင် တစ်နည်းအားဖြင့် ဤခန်းမကို ရင်ဆိုင်ရာ၌ ခန်းမရှေ့ရပ်သောအခါ သင်ကဦးညွတ်ရပေမည်။ ဤနည်းလမ်းဖြင့် လေးစားမှုကို ပြသရမည်။

ရွှေချပ်၀တ်တပ်မှူးကို တုန်ယင်သွား၏။

သူကတ၀က်အဆင့်ရောက်နေပြီဖြစ်သည့် စွမ်းအားရှင်တစ်ယောက်ဖြစ်သည်။

အကယ်၍သူ့ကိုဖိနှိပ်လိုပါက တာအိုနယ်ပယ်ကိုရောက်ရမည်ဖြစ်ကာ တာအိုနယ်ပယ်စွမ်းအားရှင်ကသာ ဤသို့ လုပ်ဆောင်နိုင်ပေလိမ့်မည်။

သို့သော်သူ့ရှေ့ရှိသည်က သက်ရှိအရာတခုမဟုတ်သလို စူပါစွမ်းအားရှင်လည်းမဟုတ်ပါ။ ယင်းက ရုပ်တုနှစ်ခုသာဖြစ်သည်။ တံခါးတွင် ထွင်းထုထားသည့်နံရံဆေးရေးပန်းချီပမာ။ ဒါကပင် ယခုလိုသက်ရောက်မှုကိုဖြစ်စေသည်။

ထိုရုပ်တုနှစ်ခုကို ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါကရော!

ရွှေချပ်၀တ်တပ်မှုးတွေးပင်မတွေးရဲတော့။

ယခုတွင်မူ ပြင်ပလောကက မည်မျှပင်ကြွယ်၀ပြီးအစွမ်းရှိသလဲဆိုတာ သူနားလည်လိုက်ရသည်။

သူ့ခွန်အားကိုမူ သူကသူ့ကိုယ်သူ တယောက်တည်းဟုယူဆပြီး မြောက်မြားစွာသောကျင့်ကြံသူများကို ကျော်ဖြတ်နိုင်သည့်လူဟုတွေးတောထားသည်။

ယခုတွင်မူ ဤနံရံဆေးရေးပန်းချီကိုရင်ဆိုင်ရသောအခါ နဂါးရုပ်တုနှစ်ခုကို ရင်ဆိုင်ရသောအခါ သူကရေတွင်းထဲက ဖားဟုပင် မပြောထိုက်ပါ။

ရွှေချပ်၀တ်တပ်မှူးကို ဒါကိုရှင်းရှင်းလင်းလင်းသိသွားခဲ့သည်။

သူ့မျက်နှာကလေးနက်နေပြီး သူ၏မာနအပြည့်နှလုံးသားက ယခုဖိနှိပ်ခံထားရသည်။

ရှောင်ဟိုင် ခန်းမကိုအနီးကပ်စိုက်ကြည့်နေသည်။

မြင်ကွင်းက လေဟာနယ်ကိုဖြတ်သန်းနေသည့်အလား ဝေးလွန်းနေပြီး ဒီခန်းမက အတော်လေးရင်းနှီးနေသည်။

ခန်းမ၏ပုံသဏ္ဍာန်နှင့်အသေးစိတ်ဖြစ်စေ ခန်းမရှေ့က နဂါးရုပ်တုနှစ်ခုဖြစ်စေ ဤအရာအားလုံးကို သူ့ဝိဥာဉ်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ပုံနှိပ်ထားပုံရသည်။

ဒါကိုဘယ်မှာ‌ဖတ်ခဲ့ဖူးလဲ!

သူနက်ရှိုင်းစွာတွေးနေသော်လည်း ဤသည်က ဖျက်ဆီး၍မရနိုင်သော မမြင်နိုင်သည့် အတားအဆီးတခုကို တိုက်မိနေပုံရသည်။

အကယ်၍ ဤအတားအဆီးကိုမဖြတ်သန်းနိုင်ပါက အမှန်တရားကိုမသိနိုင်ပေ။

ရုတ်တရက်ရှောင်ဟိုင်မျက်မှောင်ကြုတ်ကာ ခေါင်းကိုဆုပ်ကိုင်လိုက်သည်။

ဤသည်ကအတော်လေးနာကျင်သည်။

ဤသည်ကိုမြင်သောအခါ ယဲ့ချိုးပိုင်ရှေ့သို့ အမြန်သွားလိုက်သည်။

"မင်းတခုခုတွေးမိသွားတာလား"

သူ့ကိုယ်ခန္ဓာကိုပြုပြင်မွမ်းမံထားသည့်တိုင် အလွန်အမင်းနာကျင်မှုက ရှောင်ဟိုင်ကို ယခုလိုရှားပါးသည့်အမူအရာမျိုးကို ပြသစေသည်။

ဤအရာကမည်မျှထိနာကျင်သလဲဆိုတာကို စိတ်ကူးပင်ကြည့်နိုင်သည်။

"မင်းမတွေးနိုင်သေးဘူးဆိုရင် မတွေးနဲ့၊ အချိန်မကျသေးတာလည်းဖြစ်နိုင်တယ်"

ဤသည်ကိုကြားသောအခါ ရှောင်ဟိုင်ခေါင်းညိတ်ကာ အသက်ပြင်းပြင်းရှုကာ သူ့အတွေးများကို ဖြတ်တောက်လိုက်၏။

သူ့အာရုံကိုတံခါးပေါ်သို့ပြန်လည် အာရုံစိုက်လိုက်စဉ် ယခုတကြိမ်၌ တံခါး၏အက်ကြောင်းကနေ မှော်စွမ်းအင်များစိမ့်ထွက်လာသည်။

ကျာကျာကျာ......

မှော်စွမ်းအင်စီးဆင်းမှုနှင့်အတူ တံခါးကစတင်တုန်ခါလာသည်။ တံခါးနှစ်ချပ်က နှစ်ဖက်လုံးသို့ ဖွင့်သွားခဲ့သည်။ တံခါးပွင့်လာသည်နှင့်တပြိုင်နက် မှော်စွမ်းအင်က ဟိန်းထွက်လာသည်။

ယခုတကြိမ်မှော်စွမ်းအင်က အရင်နှစ်ကြိမ်ကထက် ပိုပြီးကြီးမားသည်။

လူတိုင်းက ဖြည်းညင်းစွာပွင့်နေသည့်တံခါးကို လေးနက်စွာကြည့်နေကြသည်။

ဒီတကြိမ်ရော ဘယ်လိုမွန်းစတားမျိုးလဲ!

ပထမအလွှာ၌ အစွယ်နက်ဧရာမမွန်းစတားတကောင်ရှိသည်။

ဒုတိယအလွှာ၌ ကျားခန္ဓာ၊ ဝံပုလွေခေါင်းနှင့် ထူးဆန်းသည့်သားရဲတကောင်ဖြစ်သည်။

ဤကဲ့သို့မွန်းစတားနှစ်ကောင်မျိူးကို နယ်နိမိတ်မဲ့နယ်မြေ၏ ရှေးဟောင်းစာအုပ်များ၌ မှတ်တမ်းတင်ထားခြင်းမရှိချေ။

ဒါက ပါးလွှာသည့်လေထုထဲမှ ထွက်လာပုံရသည်။ ယခုတကြိမ်တွင်ကား ဘယ်လိုမွန်းစတားမျိုး ထွက်လာဦးမည်နည်း!

အဖြေကိုမကြာခင်သိရပေတော့မည်။

တံခါးကနေ ပုံရိပ်တခုက ဖြည်းဖြည်းချင်းထွက်လာသည်။ ဤပုံရိပ်က သာမန်လူသားမျိုးနွယ်နှင့်တူပြီး လူသားများ၏ စရိုက်လက္ခဏာအကုန်ရှိသည်။

ထိုလူ၏ဆံပင်နက်များက သူကျော၌ပြန့်ကြဲနေပြီး သူ့ကျောကိုဖုံးထားသည်။

သူ့ကိုယ်ခန္ဓာအထက်ပိုင်းကမူ ဗလာကျင်းနေပြီး မျက်သူငယ်များက မှောင်မိုက်နေသော်လည်း အနက်ရောင်အလင်းများက တဖျပ်ဖျပ်လင်း၀င်းနေသည်။

သူကလူသားတစ်ယောက်နှင့်တူသော်လည်း လူတိုင်း၏အမူအရာများက အတော်လေးလေးနက်သွားကြ၏။

ဤလူသားပုံစံလူက တံခါးကနေ ဖြည်းညင်းစွာထွက်လာသည်။ သူတို့ထံ ယူဆောင်လာသည့် အန္တရာယ်အငွေ့အသက်က ပထမနှစ်လွှာက မွန်းစတားများနှင့် လုံး၀မတူပေ။

ပထမနှစ်လွှာက မွန်းစတားများအပေါ် ခုခံရန် စွမ်းအားရှိသော်လည်း ဤလူကို ရင်ဆိုင်ရသောအခါ ရွှေချပ်၀တ်တပ်မှူးပင်လျှင် အစွမ်းမဲ့သည့်ခံစားချက်ကိုရနေသည်။

ကြည့်ရသည်မှာ သူကဤနေရာ၌ နာခံရန်အတွက်ရပ်နေပြီး သေရန်အတွက် စောင့်ဆိုင်းနေသည့်အလားပင်။

ဒီလူမှာဘယ်လိုခွန်အားမျိုးရှိနေတာလဲ!

ဆန့်ကျင့်ဘက်အနေနှင့် ဆံပင်နက်နှင့်လူက ဘေးပတ်ပတ်လည်ရှိနေပြီး သူ့မျက်လုံးများနှင့် ရှုပ်ထွေးမှုများရှိနေသည်။

သူကမေးလိုက်သည်။

"ဟမ်၊ ငါဘာလို့ဒီမှာရှိနေရတာလဲ"

ထိုစကားလုံးများကို ကြားသောအခါ လူတိုင်းက ထိတ်လန့်သွားကြ၏။

ငါတို့ကိုမေးနေတာလား!

ငါတို့ကဘယ်သူ့ကိုမေးရမှာ!

ဆံပင်နက်နှင့်လူကဆက်လက်ဝှေ့ကြည့်နေပြီး သူတစ်ယောက်တည်းသာကြားနိုင်သည့်အသံဖြင့် ရေရွတ်လိုက်သည်။

"ငါကအဆင့်နိမ့်တတိယထပ်က တံခါးစောင့်မဟုတ်ဘူးလား"

ချက်ချင်းဆိုသလို သူ့အကြည့်က ရှောင်ဟိုင်ပေါ်ကျရောက်လာသောအခါ သူ့မျက်သူငယ်အိမ်က ရုတ်တရက်ကျုံ့သွား၏။

ရုတ်တရက်အကြည့်တမျိုးက သူ့မျက်လုံးများထဲတွင်ပေါ်လာသည်။

"မအံ့ဩတော့ပါဘူး...."

ချက်ချင်းပင် ဆံပင်နက်နှင့်လူက ရှေ့တိုးလာသည်။ လူတိုင်း၏အကြည့်အောက်တွင် သူကရှောင်ဟိုင်ထံသို့ လျှောက်သွားသည်။

ယဲ့ချိုးပိုင်ကလည်း သတိအပြည့်ထားရင်း ကြယ်ကြွေဓားကို ထုတ်ယူလိုက်သည်။

ဆံပင်နက်နှင့်လူက အံ့ဩသင့်နေသည့် အမူအရာဖြင့် ကြယ်ကြွေဓားကိုကြည့်နေသည်။

"ဒီဓားက.... လူငယ်လေး၊ မင်းဘယ်နေရာကနေ ရလာတာလဲ"

ယဲ့ချိုးပိုင်ပြန်ဖြေသည်။

"ဆရာပေးတာပါ"

ဆံပင်နက်နှင့်လူကခေါင်းည်တ်သည်။

"ဒီဓားကဘယ်ကလာသလဲဆိုတာ ငါမသိပေမယ့် ထိပ်တန်းအဆင့်နတ်ဘုရားလက်နက်တခုပဲ၊ ငါ့ရဲ့နတ်ဆိုးကလန်အတွင်းမှာတောင် ဒီဓားနဲ့ယှဉ်နိုင်တဲ့အရာတခုပဲရှိတယ်"

ယဲ့ချိုးပိုင်အနည်းငယ်လန့်သွားသည်။

သူကဤလူအကြောင်းကို မသိသော်လည်း သူကအတော်လေးအားကောင်းသည်။

"လူငယ်လေး၊ မစိုးရိမ်ပါနဲ့၊ ငါက ဂျူနီယာလေးတွေဆီကပစ္စည်းကို ခိုးမှာမဟုတ်ဘူး"

ဆံပင်နက်လူက ယဲ့ချိုးပိုင်၏အတွေးများကို မြင်နေသည့်အလား မခန့်မစားအပြုံးဖြင့်ပြောသည်။

"ငါကမင်းဒီအဆင့်လေးရောက်တာတောင် နတ်ဘုရားစစ်သည်တယောက် ဖြစ်နေတာကိုယုံမှတော့ မင်းနောက်ကွယ်ကလူကို စော်ကားဖို့အတွက် ငါမသတ်နိုင်ဘူး"

ချက်ချင်းဆိုသလို ဆံပင်နက်နှင့်လူက ရှီရှန်းကိုထပ်ကြည့်လိုက်သည်။

"ဒီအငွေ့အသက်က ကြယ်စွမ်းအားလား"

"ပရမ်းပတာကြယ်မှတ်တမ်း၊ ကြည့်ရတာ မင်းကအဲဒီသခင်ရဲ့အမွေခံဖြစ်ပုံပဲ"

ဆံပင်နက်လူက သူ့လေ့ကျင့်မှုကို ဖန်တီးသောသူ၏နာမည်ကိုပြောလာသောအခါ ရှီရှန်းအနည်းငယ်အံ့ဩသင့်သွားသည်။

ထိုအချိန်တွင် မုဖူရှန်းရှေ့တိုးလာပြီး အပြုံးဖြင့်ပြောလိုက်သည်။

"စီနီယာ၊ ကျုပ်ကိုကြည့်၊ ကျုပ်ကိုကြည့်"

ငါ့ရဲ့စီနီယာအစ်ကိုတွေအများကြီးက ဒီနက်နဲလှသည့်ဆံပင်နက်လူရဲ့ချီးမွမ်းခြင်းကို ခံရတယ်!

ငါတို့တွေက စံအိမ်တော်ရဲ့တပည့်တွေပဲ!

ငါတို့ကလုချန်ရှန်းရဲ့တပည့်တွေပဲ!

သူ့တွင်လည်း အသားစီးတချို့ရှိလိမ့်မည်ဟု မုဖူရှန်းတွေးတောနေသည်။

ဆံပင်နက်လူက မုဖူရှန်းကိုကြည့်လိုက်သည်။

"မင်းလား၊ မင်းဘာကိုရှာနေတာလဲ"

မုဖူရှန်း "....."

ဒါကအရမ်းဘက်လိုက်လွန်းတယ်!

ဒီလိုကြည့်ကောင်းတဲ့လူက ပါရမီဆိုတဲ့စကားကို ကိုယ်စားပြုမနေဘူးလား! ချီးကျူးဖို့အတွက် ဘာတခုမှမရှိဘူးလား!

မုဖူရှန်းအတော်လေးနာကျင်နေသည့် အမူအရာကို ဖော်ပြနေသည်။

ဆံပင်နက်လူကို သူ့အကြည့်ကိုရုပ်သိမ်းကာ ရှောင်ဟိုင်ဖက်ကိုထပ်လှည့်ပြီးနောက် ရေရွတ်သည်။

"ကြည့်ရတာ မှတ်ဉာဏ်က ပိတ်ဆို့ခံထားရပုံပဲ"

"ဒါပေမယ့် ကျင့်၀တ်ထုံးတမ်းကိုတော့ ချိုးဖျက်လို့မရဘူး"

စကားပြောပြီးသည်နှင့် လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် အသက်နှင့်သေခြင်းတရား၏ အကျပ်အတည်းကို သူတို့ထူဆောင်လာသည့် ဤခန့်မှန်း၍မရနိုင်သောလူက အမှန်တကယ်ပင် ရှောင်ဟိုင်ရှေ့တွင် ဒူးထောက်လိုက်လေသည်။

အပိုင်း(394) coming။

All Chapters