#နတ်ဆိုးအရှင်#
Vol. 28 Ch. 394
"ဒီနိမ့်ကျတဲ့လက်အောက်ခံက နတ်ဆိုးအရှင်ကို အရိုအသေပြုဦးညွတ်ပါတယ်"
ဆံပင်နက်လူက ရှောင်ဟိုင်ရှေ့တွင် ဒူးထောက်နေသည်။
ရှောင်ဟိုင်ကို ဆံပင်နက်လူနှုတ်ဆက်နေသည်ကို မြင်ရသောအခါ လူတိုင်းထိတ်လန့်သွားကြသည်။
နတ်ဆိုးအရှင်လား!
မုချင်းချင်း၏မျက်သူငယ်အိမ်များက ကျုံ့သွားခဲ့သည်။
သူကနတ်ဆိုးအရှင်လား!
ဆိုလိုတာက ရှောင်ဟိုင်အဆင့်က သူတို့အားလုံးထက် ပိုမြင့်နေခြင်းပင်။
ဒီစိတ်ပျက်စရာကောင်းတဲ့ ဆံပင်နက်စွမ်းအားရှင်လည်းပါ၀င်တယ်လေ!
ထို့ကြောင့် ပထမနှစ်လွှာ၌ ဖြစ်ပျက်ခဲ့သည့်အရာများက အဓိပ္ပာယ်ရှိလာပြီဖြစ်သည်။
မုစီချန်းနှင့်ဂျီဂျီတို့ကလည်း ထိတ်လန့်နေပုံရသည်။ ဒီနတ်ဆိုးကဘယ်သူလဲဆိုတာ သူမသိပေ။
နတ်ဆိုးတွေကဘယ်နယ်ပယ်ကလဲ!
သို့စေကာမူ ဆံပင်နက်လူ၏နယ်ပယ်က အတော်လေးအားသော်လည်း သူက ရှောင်ဟိုင်အား ဦးညွတ်နေဆဲပင်။
ဒီအချက်က လူတိုင်းကိုအံ့ဩသင့်သွားစေပြီဖြစ်သည်။
အတော်လေးပွင့်လင်းသည်။
ကြယ်ကြွေဓားဂိုဏ်း၏ဂိုဏ်းချုပ်ကျန်းဝူဖန်းဖြစ်ပါစေ၊ မုမိသားစုခေါင်းဆောင်ဖြစ်စေ ဤဆံပင်နက်လူကို ရင်ဆိုင်ရမည်ဆိုပါက နိုင်နိုင်ချေအခွင့်အရေးမရှိကြောင်း ဂျီဂျီရော မုစီချန်းပါ ခံစားနေရသည်။
မုဖူရှန်း ဘေးကနေတီးတိုးရေရွတ်သည်။
"စီနီယာအကိုရဲ့အထောက်အထားက အတော်လေးမိုက်တာပဲ"
ယဲ့ချိုးပိုင်နှင့်ရှီရှန်းတွင်လည်း သူတို့သိပြီးသားဖြစ်သည့် အမူအရာကိုယ်စီရှိကြသည်။
ရှောင်ဟိုင်မသိစိတ်ကပြောလိုက်မိသည်။
"ထတော့"
ဆံပင်နက်လူကထရပ်သည်။
ချက်ချင်းဆိုသလို သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ပတ်၀န်းကျင်က အရာအားလုံးက အနက်ရောင်အတားအဆီးတခုဖြင့် ချိတ်ပိတ်ခံလိုက်ရသည်။
မည်သည့်သတ္တဝါ မည်သည့်အသံမှအထဲကို မ၀င်နိုင်သလို ဒီအနက်ရောင်အတားအဆီးကလည်း မထွက်နိုင်ပေ။
ထိုဆံပင်နက်လူထက်နယ်ပယ်ပိုမြင့်သည့် တစ်စုံတစ်ယောက်က အတင်းအဓမ္မမဖောက်ခွဲသရွေ့ မည်သူမှ၀င်နိုင်မည်မဟုတ်။
ဆံပင်နက်လူကပြောသည်။
"နတ်ဆိုးအရှင်၊ ဒီကိုရောက်လာပြီဆိုမှတော့ အရှင်ရဲ့မှတ်ဉာဏ်က ပိတ်ဆို့ခံထားရတာကို သိသင့်မှာပါ"
ရှောင်ဟိုင်ခေါင်းညိတ်ပြီး အလျင်အမြန်မေးလိုက်သည်။
"ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားသိလား၊ ဘာလို့မှတ်ဉာဏ်က ချိတ်ပိတ်ခံထားရတာလဲ"
"ဒါကိုဘယ်သူလုပ်ခဲ့တာလဲ"
ဤမေးခွန်းများကို ရှောင်ဟိုင်ဝေခွဲမရဖြစ်နေခြင်းဖြစ်သည်။
သူ့မှတ်ဉာဏ်ထဲက ထိုအမှောင်ခန်း၌ အကျဉ်းကျနေသည့် အမျိုးသမီးက ဘယ်သူလဲဆိုတာကိုပါ သူသိချင်စိတ်ပြင်းပြနေသည်။
ထို့ကြောင့် ဤဆံပင်နက်ကိုမေးကာ သူ့အားကူညီစေလိုခြင်းဖြစ်သည်။
သို့စေကာမူ ဆံပင်နက်က ရှောင်ဟိုင်အား စိတ်မချစေနိုင်ခဲ့ပေ။
ယင်းအစားသူကခေါင်းခါယမ်းသည်။
"နတ်ဆိုးအရှင်၊ ကျုပ်ဒါကိုပြောပြလို့မရပါဘူး၊ အရှင့်ရဲ့လက်ရှိခွန်အားအရဆိုရင် မှတ်ဉာဏ်ထဲက အကြောင်းအရာတွေကို ကြိုတင်မသိထားတာ ပိုကောင်းပါတယ်"
"ဘာလို့လဲ"
ဆံပင်နက်လူကရှင်းပြသည်။
"အရှင်ရဲ့လက်ရှိခွန်အားအရဆိုရင် အဲဒီချိတ်ပိတ်ထားတဲ့မှတ်ဉာဏ်တွေနဲ့ ဆက်သွယ်ဖို့မလုံလောက်သေးဘူး"
"ကြိုတင်သိထားတာက အရှင်အတွက် မကောင်းဘူး၊ ပြီးတော့ ချိတ်တံဆိပ်ကို ထိလိုက်တာနဲ့ အဲဒီသူပုန်တွေက သေချာပေါက်သိသွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် အရှင်ရဲ့လက်ရှိခွန်းအားအရ ဒီအရာအားလုံးကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"
"အဲလိုအချိန်ရောက်သွားမယ်ဆိုရင် သခင်မလုပ်ခဲ့တာတွေက အဓိပ္ပာယ်မရှိဖြစ်သွားလိမ့်မယ်"
သခင်မလား!
အဲဒါက မှတ်ဉာဏ်ထဲက အမှောင်ခန်းမှာ အကျဉ်းကျနေတဲ့ အမျိုးသမီးလား!
ဤမြင်ကွင်းကို တွေးတောမိသည့်အကြိမ်တိုင်း ရှောင်ဟိုင် နှလုံးသားထဲကနေ စူးအောင့်သလိုခံစားရသည်။
ထိုအကျဉ်းကျနေသည့်အမျိုးသမီးက သူ့အတွက် အတော်လေးအရေးကြီးသည်ဟု သူခံစားနေရသည်။
ဆံပင်နက်လူကဆက်ပြောသည်။
"အခု နတ်ဆိုးအရှင်လုပ်ရမှာက ခွန်အားကို တတ်နိုင်သမျှအမြန်ဆုံး တိုးတက်အောင်လုပ်ပြီး အထွပ်အထိပ်ကို ပြန်ရအောင် လုပ်ရမယ်၊ ဒါမှမဟုတ် အထွပ်အထိပ်ကခွန်အားကို ကျော်လွန်အောင်လုပ်ရမယ်"
"ဒီနည်းလမ်းနဲ့ဆိုမှ အရာအားလုံးကို ပြန်လည်ရယူပြီး နတ်ဆိုးနယ်မြေကို ပြန်ရဖို့ဖြစ်နိုင်လာလိမ့်မယ်"
"အရှင့်ရဲ့ခွန်အားကို တိုးမြှင့်နေသရွေ့ ဒီအရာတွေကို တဖြည်းဖြည်းသင်ယူနိုင်ပါလိမ့်မယ်"
ဤသည်ကိုကြားသောအခါ ရှောင်ဟိုင်ခေါင်းညိတ်သည်။
သူကဒေါသတကြီးအော်ဟစ်ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဒီဆံပင်နက်လူကို ရင်ဆိုင်နေချိန်၌ သူ့တွင်ပြန်တိုက်ခိုက်ရန် စွမ်းအားမရှိသလိုခံစားရသောကြောင့်ပင်။
ယခုလိုခွန်အားမျိုးနှင့် ထိုအရာအားလုံးကို သူဘယ်လိုသိနိုင်မည်နည်း။
တကယ်တမ်းတွင် ရှောင်ဟိုင်က တွေးခေါ်ရာ၌ အတော်လေးကောင်းမွန်သည်။
နတ်ဆိုးအရှင်ခေါင်းညိတ်သည်ကို မြင်ရသောအခါ ဆံပင်နက်လူက စိတ်သက်သာရာရစွာသက်ပြင်းချသည်။
ဆံပင်နက်လူက အတော်လေးမခံမရပ်ဖြစ်နေသည်။ ဒါကသွေးနှင့်အဆင့်အတန်း၏ ဖိနှိပ်မှုဖြစ်သည်။
နတ်ဆိုးများ၏လူတန်းစားခွဲခြားမှုက အတော်လေးတင်းကျပ်သည်။
သွေးမျိုးဆက်ဖိနှိပ်ခြင်းက အကြွင်းမဲ့ဖြစ်သည်။
"နတ်ဆိုးချောက်အောက်မှာ အရှင်လိုအပ်တဲ့အရာတွေရှိပါတယ်"
ဆံပင်နက်လူကပြောသည်။
"ပြီးတော့ စမ်းသပ်မှုတချို့လည်း ရှိတယ်၊ သေချာတာပေါ့၊ ဒီစမ်းသပ်မှုတွေကို အရှင့်ရဲ့ခွန်အားနဲ့ဆိုရင် ကျော်ဖြတ်နိုင်မှာပါ"
"ဒီစမ်းသပ်မှုတွေက စမ်းသပ်မှုတွေလို့ ဆိုလို့ရပေမယ့် တကယ်က အရှင့်ရဲ့ခွန်အားတချို့ကို အသက်သွင်းဖို့ပါပဲ"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ဒီလိုဆိုရင် ကျုပ်တို့သွားကြရအောင်"
"ကျုပ်တို့လား"
ဆံပင်နက်လူကခေါင်းခါယမ်းဟည်။
"မဟုတ်ဘူး၊ ဒါကြောင့်လည်း လက်အောက်ငယ်သားတွေကို အောက်ဆုံးသုံးလွှာကနေ အပေါ်ဆုံးသုံးလွှာမှာ ပြောင်းထားတာပေါ့"
"အောက်ဆုံးသုံးလွှာနဲ့ အလယ်သုံးလွှာက အရှင့်သွေးရဲ့ဖိနှိပ်မှုအောက်မှာ ကိုယ်ပိုင်အတွေးလုံးဝမရှိတော့ပါဘူး"
"တကယ်လို့နတ်ဆိုးအရှင်က အားလုံးကို ချောမွေ့စွာသွားခွင့်ပေးလိုက်မယ်ဆိုရင် နတ်ဆိုးအသူရာချောက်က ဘာအဓိပ္ပာယ်မှရှိတော့မှာမဟုတ်ဘူး"
"ပြီးတော့ ဒါတွေကအတွေ့အကြုံကောင်းတွေပဲလေ၊ ဟုတ်တယ်မလား"
ရှောင်ဟိုင်အတင်းမလုပ်ပါ။
"ဒါပေမယ့်တခြားအင်အားစုတွေက လူတွေကဒီကိုလာခဲ့တယ်၊ ကျုပ်တို့သူတို့ကိုတားရမယ်"
ဤသည်ကိုကြားသောအခါ ဆံပင်နက်နှင့်လူက အထင်အမြင်သေးသည့်အသွင် ရယ်မောလိုက်လေသည်။
"အဲဒီတစ္ဆေသွေးနည်းနည်းပိုင်ဆိုင်ထားတဲ့ ပုရွက်ဆိတ်တွေကို အရှင်ဆိုလိုတာလား"
"မစိုးရိမ်ပါနဲ့၊ သူတို့လိုချင်တာကို ရမှာမဟုတ်ပါဘူး"
"သူတို့ခွန်အားအရဆိုရင် သူတို့ကလက်လှမ်းမမှီသေးပါဘူး"
ဆံပင်နက်လူက နယ်မြေပြင်ပက မိစ္ဆာများကိုသတိထားမိပြီး သူတို့ကို သဘောမကျတာသိသာထင်ရှားနေသည်။
ဆံပင်နက်လူကဆက်ပြောသည်။
"နတ်ဆိုးအရှင်၊ ကျေးဇူးပြုပြီး တစ်ယောက်တည်းသွားပြီး စမ်းသပ်မှုကို အောင်မြင်အောင်လုပ်ပါ"
"ပြီးတော့ သူတို့က.... အရှင့်ရဲ့မိတ်ဆွေတွေလား"
ဆံပင်နက်လူ၏အသိအမှတ်ပြုမှုထဲတွင် မည်သူကမှ နတ်ဆိုးအရှင်၏သူငယ်ချင်းမဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မထိုက်တန်သောကြောင့်ဖြစ်သည်။
ဒါကအတ္တမဟုတ်ပါ။ နတ်ဆိုးများတွင် ယခုလိုခွန်အားမျိုးရှိပေသည်။ နတ်ဆိုးမျိုးနွယ်စုက အဆင့်မြင့်ကြယ်နယ်မြေက အစာကွင်းဆက်ထိပ်ဆုံးရှိ လူမျိုးတစ်မျိုးဖြစ်သည်။
နတ်ဆိုးအရှင်တစ်ဦးအဖို့ ဆံပင်နက်လူအတွက် ဤသို့တွေးတောသည်က သာမန်သာ။ ထို့ကြောင့် သူကတုံ့ဆိုင်းနေခဲ့ခြင်းပင်။
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"စီနီယာအစ်ကိုနဲ့ ဂျုနီယာညီလေးတို့ကသာ ကျုပ်ရဲ့ဆွေမျိုးတွေပါ၊ ကျန်တဲ့သူတွေက ဒီတိုင်းရင်းနှီးရုံပါပဲ"
အစ်ကိုလား!
ဆံပင်နက်လူကအနည်းငယ်အံ့ဩသင့်သွား၏။
"ဘယ်သူကများ နတ်ဆိုးအရှင်ရဲ့အစ်ကိုဖြစ်ထိုက်တာလဲ"
ချက်ချင်းဆိုသလို သူကရှောင်ဟိုင်ဘေးတွင်ရပ်ကာ ဓားဆွဲထုတ်ထားသည့်လူငယ်ကို တွေးမိသွား၏။
"အရှင်ဆိုလိုတာက ခုနလေးက အကောင်းဆုံးနတ်ဘုရားလက်နက်ကို ထုတ်လိုက်တဲ့ဂျူနီယာက အရှင်ရဲ့စီနီယာအစ်ကိုလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ဤသည်ကိုကြားသောအခါ ဆံပင်နက်လူကဆက်မပြောတော့ပါ။
မိမိတပည့်ကို အဆင့်မြင့်နတ်ဘုရားလက်နက်တခုပေးနိုင်သည့်လူ၏ခွန်အားက အတော်လေးအစွမ်းထက်ပေလိမ့်မည်။
နတ်ဆိုးကလန်တွင်ပင် ထိပ်သီးအဆင့်နတ်ဘုရားလက်နက်တခုတည်းသာရှိသည်။
ဤသည်အပြင် ၎င်းက မြို့တခု၏ရတနာတခုပမာတည်ရှိပြီး အသက်နှင့်သေခြင်းတရားအတွက် အရေးပါသောအခိုက်အတန့်မတိုင်ခင်အထိ ထုတ်ယူမည်မဟုတ်ပါ။
ထို့ကြောင့် နတ်ဆိုးအရှင်အဖို့ ထိုကဲ့သို့ ဆရာမျိုးကို ကိုးကွယ်ဦးချသည်က လက်မခံနိုင်စရာမဟုတ်ပါ။
"ကောင်းပါပြီ၊ နတ်ဆိုးအရှင်၊ ဒီအစေခံက အရှင့်ကို စမ်းသပ်မှုအဆင့်ကိုပို့ဆောင်ပေးပါမယ်၊ ပြီးရင်အရှင်အပေါ်မူတည်သွားပါပြီ၊ အရှင့်ရဲ့စီနီယာအစ်ကိုကိုတော့ ကျုပ်စီစဉ်ပေးပါမယ်"
ထိုစကားလုံးများကိုကြားသောအခါ ရှောင်ဟိုင်တခဏမျှတုံ့ဆိုင်းနေသော်လည်း ခေါင်းညိတ်လိုက်သည်။
ဆံပင်နက်လူက လက်ယမ်းပြလိုက်စဉ် ဖွင့်ထားသည့်တံခါး၌ အနက်ရောင်ဝဲဂယက်တခုပေါ်လာသည်။
ရှောင်ဟိုင်တက်နင်းလိုက်သောအခါ အဝေးသို့ပို့ဆောင်ခြင်းခံလိုက်ရသည်။
ဤသည်ကိုမြင်ပြီးနောက် ဆံပင်နက်လူက အတားအဆီးကို ဖယ်ရှားလိုက်သည်။
ရှောင်ဟိုင်ပျောက်ကွယ်သွားသည်ကိုမြင်ရသောအခါ ယဲ့ချိုးပိုင်မေးလိုက်သည်။
"သူဘယ်ကိုသွားတာလဲ"
ဆံပင်နက်လူကပြန်ဖြေသည်။
"နတ်ဆိုးအရှင်က စမ်းသပ်မှုဆီကိုသွားတာပါ၊ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ"
"ပြီးတော့ ဘယ်သူအရင်လာနိုင်မလဲဆိုတာ ကျုပ်ကိုယ်တိုင်အကဲဖြတ်မယ်"
အပိုင်း(395) coming။