#စမ်းသပ်မှုစတင်ခြင်း#
Vol. 28 Ch. 395
ဆံပင်နက်လူ၏စကားများကိုကြားသောအခါ ယဲ့ချိုးပိုင်တို့ကစိတ်သက်သာရာရသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ ရှောင်ဟိုင်အပေါ် ဆံပင်နက်လူ၏သဘောထားကို ကြည့်မည်ဆိုပါက သူကရှောင်ဟိုင်အား မကောင်းတာ ဘာတခုမှလုပ်မည်မဟုတ်။
မုဖူရှန်းကတော့ထိုသို့မထင်ပေ။
သူတွေးနေသည်။
ဒီဆံပင်နက်လူက ရှောင်ဟိုင်ကို တခုခုဖြစ်ပျက်အောင် လုပ်ခဲ့မယ်ဆိုရင်တောင် ငါတို့ကဘာလုပ်နိုင်မှာမို့လဲ!
ဒီဆံပင်နက်လူကို ဖိနှိပ်နိုင်တဲ့ လူတစ်ယောက်မပေါ်လာသေးသရွေ့ ငါတို့ဘာမှမလုပ်နိုင်ဘူး!
ထို့ကြောင့် မုဖူရှန်းကချက်ချင်းဆိုသလို လုချန်ရှန်းအား ကျောက်စိမ်းဆွဲသီးတခုဖြင့် အသိပေးလိုက်သည်။
အသိပေးချက်၏အကြောင်းအရာများမှာ ဤသို့ဖြစ်သည်။
ချစ်လှစွာသောဆရာရေ၊
မတွေ့ရတာကြာပြီနော်၊ ကျွန်တော်ဆရာကို အရမ်းသတိရတယ်၊ ကျွန်တော်ဆရာ့ကို တကယ်ဆက်သွယ်ချင်တယ်ဆိုပေမယ့် အခုဆရာရှေ့ထွက်လာဖို့ လိုအပ်တဲ့ အရေးကြီးကိစ္စတခုရှိနေတယ်!
စတုတ္ထစီနီယာအစ်က အခုထူးခြားဆန်းကြယ်ပြီး အစွမ်းထက်လူတစ်ယောက်ရဲ့ ခေါ်ဆောင်သွားခြင်းကိုခံလိုက်ရတယ်၊ အဲလူကဘယ်လောက်အစွမ်းထက်သလဲဆိုရင် ကျွန်တော်တို့ထား၊ အဖေကိုယ်တိုင်တောင် နိုင်မှာမဟုတ်ဘူး!
ဒီထူးခြားဆန်းကြယ်တဲ့လူက စတုတ္ထစီနီယာအစ်ကိုကို နတ်ဆိုးအရှင်လို့ခေါ်ပေမယ့် ဒီတပည့်ကစိုးရိမ်နေသေးတယ်၊ တကယ်လို့ဒါက လိမ်လည်လှည့်စားမှုတခုဖြစ်နေပြီး စတုတ္ထစီနီယာအစ်ကိုကို တခုခုလုပ်ဖို့အတွက် တမင်တကာဆွဲဆောင်တာဆိုရင် အကျိုးဆက်တွေက စိတ်ကူးလို့တောင် ရမှာမဟုတ်တော့ဘူး!
ဘေးပင်းဖို့အတွက် ဆရာကိုတချက်လာကြည့်ဖို့ တောင်းဆိုတာပါ!
အခု ကျွန်တော့်အတွေးတွေကို တဖက်လူကို မထုတ်ပြသေးပါဘူး၊ ဆရာဒီကို တိတ်တဆိတ်လာလို့ရတယ်၊ တကယ်လို့ ဘာတခုမှမှားမနေဘူးဆိုရင် တိတ်တဆိတ် ပြန်ထွက်သွားလို့ရပါတယ်!
တပည့်မုဖူရှန်းက လေးစာစွာဖြင့်!
အရမ်းယဉ်ကျေးသွားပြီမလား!
ကန္တာရနယ်မြေအဝေးတွင်ရှိနေသည့် လုချန်ရှန်း ဤအသိပေးချက်ကိုရသောအခါ ငိုရမလား၊ ရယ်ရမလားမသိတော့။
မုဖူရှန်းက အလုပ်ကောင်းတခုကိုလုပ်ခဲ့သည်ဟုဆိုရပေမည်။ သူကအနည်းဆုံးတော့ ကိုယ့်ကိုကိုယ်မဖွင့်ဟပြခဲ့ပေ။
ဤနေရာ၌ သူက ယဲ့ချိုးပိုင်တို့အုပ်စုထက် အများကြီးပိုကောင်းသည်။
ချီးပဲ! ဒီစိတ်ပျက်စရာကောင်းတဲ့ အရာတွေကို တွေးမိတာနဲ့ ငါအဲကောင်တွေရဲ့ ခေါင်းကိုပဲ ကန်ကျောက်ပစ်ချင်တယ်!
ချက်ချင်းဆိုသလို သူအံကြိတ်ကာ လက်ထဲက လက်ဖက်ရည်ဖျော်တုတ်ကို ပစ်ချလိုက်သည်။
ဤသည်ကိုလျိုကျိယုကို ထိတ်လန့်သွားစေပြီး လက်ဖက်ရည်ပင်မသောက်ရဲတော့။
ဘာတုန်း!
ဘာတွေဖြစ်နေတာတုန်း!
လျိုကျိယု၏မျက်နှာက မေးခွန်းများဖြင့် ပြည့်နှက်နေသည်။
သွားရမလား၊ မသွားရဘူးလား!
လုချန်ရှန်း ဟင်းလင်းပြင်ကို တိုက်ရိုက်စုတ်ဖြဲကာ နယ်နိမိတ်မဲ့နယ်မြေသို့သွားလိုက်သည်။
ထိုသူများကမည်မျှပင်ပြဿာနာရှာနေပါစေ သူ့တပည့်များဖြစ်နေသေးသည်။ သူတို့၏လုံခြုံရေးနှင့်ဆက်စပ်နေသည်။
ဒါကမဖြစ်နိုင်သော်လည်း မုဖူရှန်း၏ သတင်းစကား၌ဖော်ပြထားသည့်အတိုင်းဆိုပါက ဘေးကင်းတာကပိုကောင်းသည်။
.....
တခြားတဘက်တွင် ယဲ့ချိုးပိုင်က ဆံပင်နက်လူထံသို့ပထမဆုံးလျှောက်လာသည်။
ဆံပင်နက်လူကပြောသည်။
"နယ်ပယ်ကိုဘယ်လိုသုံးရမလဲဆိုတာ ငါမသိဘူး၊ ဒီတော့ မင်းငါ့ကိုကြိုက်သလို စိတ်ကြိုက်ပစ်လို့ရတယ်၊ မင်းဘယ်လိုနည်းလမ်းကိုပဲသုံးသုံး ငါ့ခွင့်ပြုချက်ရတာနဲ့တပြိုင်နက် တတိယတံခါးကို၀င်လို့ရတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ သူက ကြယ်ကြွေဓားကိုသိမ်းဆည်းကာ သစ်သားဓားကိုသာ ထုတ်ယူလိုက်သည်။
ဆံပင်နက်လူကအနည်းငယ်မျက်ခုံးပင့်လိုက်သော်လည်း တိတ်တဆိတ်ခေါင်းညိတ်လိုက်မိသည်။
နယ်ပယ်အကြားကွာဟချက်ကိုသိလေရာ ဘာပဲသုံးသုံး မနိုင်မည်ကိုနားလည်သဖြင့် သူက တိုက်ခိုက်ရန်အတွက် ဓားသိုင်းနယ်ပယ်နှင့် ဓားအပေါ်နားလည်မှုများကိုသာ မှီခိုအားကိုးခဲ့သည်။
နတ်ဆိုးအရှင်၏အစ်ကိုက အနည်းငယ် နားလည်နေသေးသည်။
သူ့နောက်ကလူအုပ်ကြီးကမူ ယဲ့ချိုးပိုင်၏လုပ်ရပ်များကို နားမလည်ကြပါ။
"ဒီလိုလူမျိုးနဲ့ဆက်ဆံဖို့အတွက် သူက သုမန်သစ်သားဓားကိုသုံးပြီး တိုက်ခိုက်ချင်တာလား"
"သစ်သားဓားနဲ့စမ်းသပ်မှုကို အောင်မြင်နိုင်မယ်လို့ သူ့ကိုယ်သူထင်နေတာများလား"
"ဒါကပြိုင်ဘက်ရဲ့ဒေါသကိုဆွပေးတာနဲ့ တူမနေဘူးလား၊ ရန်စတာနဲ့ အသတ်ခံရမှာကို မကြောက်ဘူးလား"
သို့စေကာမူ ဂျီဂျီဖြစ်စေ၊ မုစီချန်း သို့မဟုတ် မုချင်းချင်းဖြစ်စေ သူတို့က တိတ်ဆိတ်နေကြသည်။ သူတို့က ယဲ့ချိုးပိုင်၏ရည်ရွယ်ချက်များကို နားလည်ပုံရသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ခေါင်းညိတ်နေသည့် ဆံပင်နက်လူထံပစ်လွှတ်လိုက်၏။
ဓားဆန္ဒများစွာက ကောင်းကင်ပေါ်ထိုးတက်သွား၏။
ဓားဆန္ဒက ကျယ်ပြန့်သည့်သမုဒ္ဒရာတစင်းအဖြစ်ပြောင်းလဲကာ ပြင်းထန်သည့်အားလှိုင်းများနှင့်အတူ ဆံပင်နက်လူထံ ၀င်ရောက်သွားကြသည်။
ဤဓားဆန္ဒကိုခံစားမိသောအခါ ဆံပင်နက်လူက မှတ်ချက်ပြုသည်။
"စကြာ၀ဠာဓားသခင်လား၊ အင်း၊ ဒီလိုအသက်အရွယ်နဲ့ နယ်ပယ်က စကြာ၀ဌာဓားသခင်အဆင့်ရောက်နေပြီ၊ အဆင့်မြင့်ကြယ်နယ်မြေက ဓားသိုင်းပညာရှင်တွေကြားမှာ သူကအလယ်ဗဟိုနေရာလောက် အဆင့်ရှိလိမ့်မယ်"
"ဒါပေမယ့် ဒီလိုခိုင်မာတဲ့အခြေခံအုတ်မြစ်နဲ့ဆိုရင်တော့ အဆင့်မြင့်ဆိုရင်တောင် လုံလောက်နေပြီလေ"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"စီနီယာ၊ ခင်ဗျားကရယ်စရာတွေပြောနေတာပဲ"
အသံကျဆင်းလာသည်နှင့်တပြိုင်နက် ကြောက်ခမန်းလိလိသမုဒ္ဒရာထဲတွင် အသွင်လေးမျိုးပေါ်လာသည်။
အကြွင်းမဲ့ဓားလေးစင်းအစီအရင်က ပြည့်စုံစွာကိုက်ညီကျရောက်သွားပြီး ဓားဆန္ဒ၏ စွမ်းအားက နောက်တကြိမ်မြှင့်တက်လာပြန်သည်။
တချိန်တည်းမှာပင် အာဒီကပ္ပဓားသိုင်းကလည်းထုတ်ဖော်လိုက်လေရာ အဆုံးမဲ့ဘ၀အဓိပ္ပာယ်က ယဲ့ချိုးပိုင်၏ သစ်သားဓားပေါ်၌ ကျရောက်လာသည်။
အကြွင်းမဲ့ဓားလေးစင်းဆန္ဒနှင့်အတူ ကြယ်ကြွေဓားပညာရပ်က တချိန်တည်းမှာပင် ထွက်လာသည်။
ဓားသိုင်းမျိုးစုံက ရှုပ်ထွေးနေပုံရသော်လည်း ယခုလိုပေါင်းစည်းခြင်းအဆင့်က အတော်လေးပြီးပြည့်စုံသည်။ မရှင်းလင်းသည့်အရာဟူ၍ ဘာမှမရှိ။
ဤသည်အပြင် ၎င်း၏စွမ်းအားကလည်း အဆင့်တစ်ဆင့်ထက်ပို၍မြှင့်တက်လာသည်။
လူတိုင်းဤစွမ်းအားကို ခံစားမိကြလေရာ သူတို့၏မျက်နှာများက အတော်လေး လေးနက်သွားကြသည်။
မတူညီသောအားအမျိုးမျိုးကိုပေါင်းစပ်ထားသည့် ဤဓားဆန္ဒက အတော်လေးပြီးပြည့်စုံသည်။
ဂျီဂျီ၊ ကျန်းယွန်ဇောင်နှင့် ကျန်သောဓားသိုင်းပညာရှင်များက ခေါင်းညိတ်လိုက်ကြသည်။
ဓားသိုင်းပညာ၌ ယဲ့ချိုးပိုင်က အကြွင်းမဲ့ပါရမီရှင်ဖြစ်သည်။ ယဲ့ချိုးပိုင်က ဓားအတွက် မွေးဖွားလာသည်ဟုပင် ဆို၍ရသည်။
ပထမဆုံးအကြိမ် ဆံပင်နက်လူ၏မျက်လုံးများ၌ အံ့ဩသင့်မှုများပေါ်လာသည်။
ယခုလိုနယ်ပယ်မှာပင် အဆင့်မြင့်ဓားစွမ်းရည်များစွာနှင့် ဓားအစုဝေးများကို အတူတကွပေါင်းစည်းနိုင်သလို ယခုလိုပြီးပြည့်စုံသည့်အဆင့်ကိုပင် ရောက်နိုင်ခဲ့သည်။
ဒါကသာမန်လူသားများလုပ်နိုင်သည့်အရာတခုမဟုတ်ပါ။
ဒါက ယဲ့ချိုးပိုင်၏ထူးဆန်းစွာတည်ငြိမ်လွန်းသည့်အခြေခံကြောင့်လည်းဖြစ်သည်။
ဤအရာများကိုမြင်ရပြီးနောက် ဆံပင်နက်လူ၏နှလုံးသားထဲတွင် ယဲ့ချိုးပိုင်အပေါ် အကဲဖြတ်မှုကမြင့်တက်လာသည်။
ယဲ့ချိုးပိုင်ဓားဖြင့်ပိုင်းဖြတ်လိုက်စဉ် ဆံပင်နက်လူက လက်ချောင်းတချောင်းဆန့်ထုတ်ကာ တခုပြီးတခုပေါင်းစည်းသွားသည့် ဓားသိုင်းစွမ်းအားကို ခုခံလိုက်သည်။
သူ့လက်ချောင်းထိပ်က တုန်ယင်နေခြင်းပင်မရှိဘဲ အရင်ကထက်ပိုလွယ်ကူနေခဲ့သည်။
သို့စေကာမူ ဆံပင်နက်လူကခေါင်းညိတ်သည်။
"မင်းအောင်မြင်တယ်၊ သွားလို့ရပြီ"
ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင်ပြုံးရင်း သစ်သားဓားကိုသိမ်းဆည်းပြီးနောက် ဆံပင်နက်လူကို ညင်သာစွာ ဦးညွတ်လိုက်သည်။
"စီနီယာ၊ ကျုပ်ရဲ့ဂျူနီယာညီလေးကို အရင်ဆုံးစောက့်လိုက်ဦးမယ်"
ဆံပင်နက်လူကခေါင်းခါယမ်းသည်။
"မင်းစောင့်စရာမလိုပါဘူး၊ တတိယတံခါးကို ၀င်ပြီးတဲ့အခါကျရင် လူတိုင်းကို မတူညီတဲ့နေရာတွေကို ပို့ဆောင်ပေးလိမ့်မယ်"
ထိုစကားလုံးများကိုကြားရသောအခါ ယဲ့ချိုးပိုင်ခေါင်းညိတ်ပြီး တံခါးဆီသို့ အရင်ဆုံးတက်လှမ်းလိုက်သည်။ ထို့နောက် ပျောက်ကွယ်သွား၏။
ဒါကအောင်မြင်သွားတာလား!
အရမ်းရိုးရှင်းလွန်းမနေဘူးလား!
တစ်ယောက်ကပျော်သွားပုံရပြီး ချက်ချင်းဆိုသလို ဆံပင်နက်လူထံလျှောက်လာကာ လှုပ်ရှားလိုက်လေသည်။
တစ်စက္ကန့်ကြာပြီးနောက် သူကလွင့်စင်သွား၏။
ဆံပင်နက်လူက လက်ချောင်းကိုရုတ်သိမ်းကာ မည်းမှောင်နေသည့်အမူအရာဖြင့် ပြောသည်။
"အဆင့်အရမ်းနိမ့်တယ်၊ ပြန်သွားတော့"
ထို့နောက် လူတော်တော်များများက မယုံကြသဖြင့် စမ်းသပ်ရန်သွားကြသည်။ ထိုသို့အရာများစွာဖြစ်လာသည်။
ယင်းနောက်တွင်သာ လူတိုင်းကနားလည်သွားကြသည်။ စမ်းသပ်မှုကခက်ခဲနေဆဲပင်။
အစစ်အမှန်ကောင်းကင်သားတော်အဆင့် ပါရမီရှင်များပင်လျှင် ဖြတ်ကျော်ရန်မဖြစ်နိုင်ပေ။
သူတို့ထဲမှ ရွှေချပ်၀တ်တပ်မှုးပင်လျှင် ဖြတ်ကျော်ရုံမျှသာ ဖြတ်ကျော်နိုင်ခဲ့သည်။
တစ်နည်းအားဖြင့် စမ်းသပ်မှုက နယ်ပယ်နှင့်မသက်ဆိုင်ဘဲ ပါရမီနှင့်သက်ဆိုင်ပုံရသည်။
ချက်ချင်းဆိုသလို ရှီရှန်း၊ မုဖူရှန်း၊ မုစီချန်းနှင့် ကျန်သောသူများက တယောက်ပြီးတယောက်၀င်သွားကြပြီး အားလုံးဖြတ်ကျော်သွားကြ၏။
လူတိုင်းကြိုးစားနေချိန်တွင် လူအများစုက မရှိကြတော့ပါ။ ဖြတ်ကျော်ရန်မအောင်မြင်သည့်သူများက မိုယွန်ထဲကနေ တုံ့ဆိုင်းတုံ့ဆိုင်းထွက်သွားရပြီး အပြင်၌စောင့်ဆိုင်းနေကြရသည်။
ဤသည်သာမက သူတို့က နယ်မြေအပြင်ပကမိစ္ဆာများ၏ ခြေရာသဲလွန်စများကိုလည်း စောင့်ကြည့်နေကြသည်။
လူတိုင်းဤနေရာကထွက်သွားကြပြီးနောက် ဆံပင်နက်လူက ကောင်းကင်ပေါ်သို့ မော့ကြည့်စဉ် သူ့အကြည့်များက ကြယ်နယ်မြေကိုပင် ထိုးဖောက်သွားပုံရသည်။
"နတ်ဆိုးအရှင်ကနောက်ဆုံးတော့ပြန်လာပြီ၊ အခုအချိန်ပဲလိုအပ်တော့တယ်...."
"နတ်ဆိုးအရှင်ခွန်အားကို ပြန်ရလာတဲ့အချိန်ကျရင် အဲဒါက ခင်ဗျားသေရမယ်အချိန်ပဲ"
...
ထိုအခိုက်အတန့်တွင် ရှောင်ဟိုင်က မှော်စွမ်းအင်ဖြင့်ပြည့်နှက်နေသည့် အတိမှောင်မိုက်သည့်အခန်းတခန်းထဲ ၀င်လာခဲ့သည်။
အပိုင်း(396) coming။