← Chapters

#အရိုးသန့်စင်ခြင်း၊ ကမ္ဘာဖျက်ဆီးခြင်းမှော်မိုးကြိုး#

Vol. 28 Ch. 396

#အရိုးသန့်စင်ခြင်း၊ ကမ္ဘာဖျက်ဆီးခြင်းမှော်မိုးကြိုး#

Vol. 28 Ch. 396

ပင်မခန်းမထဲတွင် အဆုံးမဲ့မှော်နက်စွမ်းအင်များက မြောလွင့်နေကြ၏။

၎င်းတို့အကြား အော်ရာဟူ၍မရှိပေ။ ဝိဉာဉ်စွမ်းအင်ကို မှီခိုအားကိုးထားရသည့် ကျင့်ကြံသူများကသာ ဤနေရာသို့ ရောက်လာပြီး တိုက်ပွဲတခုနှင့် ပက်ပင်းကြုံရမည်ဆိုပါက လမ်းကြောင်းတိုင်းနီးပါးက သေခြင်း၏အဆုံးသတ်သို့ ဦးတည်နေသည်ဟု ဆို၍ရသည်။

မည်သည့်ချီဖြည့်စွက်မှုမှမရှိပါ။

ပတ်၀န်းကျင်က မှော်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ကိုယ်ခန္ဓာက ဝိဉာဉ်စွမ်းအင်စီးဆင်းမှုကို ဖိနှိပ်တားဆီးနိုင်သည်။

ဤသေစေလောက်သည့်ပတ်၀န်းကျင်နှစ်ခု၏သက်ရောက်မှုအောက်တွင် အော်ရာကို မှီခိုအားကိုးရသည့် မည်သည့်ကျင့်ကြံသူမဆို ဤနေရာ၌ အသက်ရှင်နိုင်မည်မဟုတ်။

သို့စေကာမူ ရှောင်ဟိုင်ကမတူပေ။

ပတ်ပတ်လည်က ပြင်းထန်သည့်နတ်ဆိုးစွမ်းအင်ကိုခံစားမိသဖြင့် ရှောင်ဟိုင်မျက်လုံးများက်ုမှိတ်ကာ ခေါင်းကို အသာအယာမော့ရင်း လက်အစုံကို ဆန့်တန့်လိုက်သည်။

သူက အနီးတဝိုက်က သူနှင့်တူညီသည့် မူလဇစ်မြစ်ရှိသောအငွေ့အသက်များကို လောဘတကြီးစုပ်ယူနေပုံပင်။

သို့စေကာမူ ရှောင်ဟိုင်ငြိမ်းချမ်းသည့် ကာလကို မခံစားနိုင်ခင်မှာပင် မှော်စွမ်းအင်ထဲတွင် ရှောင်ဟိုင်ရှေ့၌ ပုံရိပ်ယောင်တခုပေါ်လာသည်။

ရှောင်ဟိုင်မျက်လုံးများကိုဖွင့်ကာ ရှေ့သို့ ကြည့်လိုက်စဉ် ထိုပုံရိပ်ယောင်အား တွေ့လိုက်ရသည်။

၎င်း၏ကိုယ်ခန္ဓာပုံသဏ္ဍာန်ဖြစ်‌စေ၊ အသက်ရှုမှု သို့မဟုတ် ပုံပန်းအသွင်ဖြစ်စေ အားလုံးက ရှောင်ဟိုင်နှင့်ဆင်တူနေသည်။

ခြားနားချက်က စိတ်နေသွင်ပြင်ပင်။

သူ့ရှေ့တွင်ရှိသည့် သူနှင့်အတိအကျတူညီသည့် ထိုပုံရိပ်ယောင်တွင် နွေးထွေးသည့် အကြည့်များရှိနေသည်။

သို့သော် ၎င်းကအသူရာချောက်နက်တခုနှင့်တူလှသည်။

မျက်သူငယ်အိမ်များ၏အနက်ပိုင်းတွင် ကြောက်မက်ဖွယ်ရာနတ်ဆိုးစွမ်းအင်များ ထိုးတက်နေပုံရပြီး လူအားလုံးကို လေးစားစွာပင် ခေါင်းငုံ့ကာ ဦးညွတ်ရန် လုပ်ဆောင်နေသည်။

ထိုကိုယ်ခန္ဓာတဝိုက်၌ မည်သည့်အငွေ့အသက်မှမရှိသော်လည်း အရေပြားအောက်တွင် နက်ရှိုင်းစွာဖုံးကွယ်ထားသည်။

ရှောင်ဟိုင်ဒါကိုခံစားနေရသည်။ သူသိသည့်လူများအတွင်း ဆရာကသာ ဒီလူကို ရပ်တန့်နိုင်ပေလိမ့်မည်။

ရှောင်ဟိုင်မျက်မှောင်ကြုတ်ရင်းမေးလိုက်သည်။

"ခင်ဗျားကဘယ်သူလဲ"

ရှောင်ဟိုင်နှင့်တထေရာတည်းတူသည့် ထိုပုံရိပ်ယောင်က အဖြေမပေးဘဲ ယင်းအစား ညွှန်ပြသည်။

သူ့ရှေ့တွင် ပါးလွှာသည့်လေထုကနေ ရေကန်တစ်ကန်ပေါ်ပေါက်လာသည်။ ရေကန်ထဲတွင် ရေဟူ၍မရိဘဲ မှော်နက်စွမ်းအင်များသာရှိသည်။

ရှောင်ဟိုင်မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရှေ့ကပုံရိပ်က သူ့ကို ထိုနေရာသို့ ၀င်ခွင့်ပေးနေတယ်ဆိုတာ သူသိသည်။

ဆိုလိုတာက ယခုအချိန်မှစ၍ စမ်းသအ်မှုကို စတင်နေပြီဖြစ်သည်။

ဤသည်ကိုတွေးမိသောအခါ ရှောင်ဟိုင်တုံ့ဆိုင်းမနေဘဲ ခြေကိုမြှောက်ကာ ရှေ့တိုးပြီး မှော်ရေကန်ပေါ်သို့ လှမ်း၀င်လိုက်သည်။

ရှောင်ဟိုင်လှမ်းလိုက်သည်နှင့်တပြိုင်နက် ရေကန်ထဲက မှော်နက်စွမ်းအင်များက ပင့်ကူတစ်ကောင်က ပင့်ကူပိုးချည်များကို ဖြန့်ကြက်ကာ သားကောင်အား ဖမ်းသကဲ့သို့ သူ့အားအရူးအမူး၀န်းရံပစ်ပြီး လုံး၀လွှမ်းခြုံပစ်လေသည်။

ရှောင်ဟိုင်ခုခံခြင်းမရှိဘဲ ထိုမှော်နက်စွမ်းအင်များကို သူ့ကိုယ်ခန္ဓာထဲ ထိုးဖောက်ခွင့်ပြုလိုက်သည်။

ထိုအခိုက်အတန့်၌ မှော်စွမ်းအင်က သူ့အရေပြားကိုထိုးဖောက်ပြီးနောက် အသားနှင့်သွေးထဲစိမ့်၀င်ကာ အရိုးခြင်ဆီထဲသို့ အရိုးနှင့်တွယ်ကပ်နေသည့် သွေးခဲတခုအလား ၀င်ရောက်သွား၏။

ထိုအချိန်တွင် အလွန်အမင်းပြင်းထန်သည့် နာကျင်မှုထွက်ပေါ်လာသည်။

ရှောင်ဟိုင်၏မျက်နှာအမူအရာက ရုတ်တရက်ပြောင်းလဲသွား၏။

ယခုလိုနာကျင်မှုမျိုးက ထာ၀ရနတ်‌ဆိုးကိုယ်ထည်၏ ပထမနှစ်လွှာကို ကျင့်ကြံစဉ်က နာကျင်မှုထက် ပိုကြီးမားသည်။

ရိုးတွင်းခြင်ဆီက မှော်အလွှာများအောက်တွင် လောင်ကျွမ်းခံနေရသည်။

ရှောင်ဟိုင်ယခုထိတိုင် မအော်ဟစ်သေးဘဲ အံတင်းတင်းကြိတ်လျက် မှော်စွမ်းအင်ဖြင့် ရိုးတွင်းခြင်စီပြုပြင်သည့်နာကျင်မှုကို တောင့်ခံနေသည်။

ပထမစမ်းသပ်မှူကစတင်ခဲ့လေသည်။

.....

တခြားတဘက်တွင် မုဖူရှန်းက ချောက်ကမ်းပါးတခုဆီသို့ ပို့ဆောင်ခံလိုက်ရသည်။

ရှေ့သို့တလှမ်းအကွာ၌ အသူရာချောက်တခုရှိပြီး အောက်ခြေကိုမမြင်ရပေ။

ပို၍မသက်မသာဖြစ်စေသည်က လေထဲတွင် ပျံသန်းခြင်း၊ လွင့်မြောခြင်းကို ဤတေရာ၌ အမှန်တကယ်တားမြစ်ထားခြင်းပင်။

ဆိုလိုတာက မုဖူရှန်း အသူရာချောက်ကမ်းပါးထဲသို့ မတော်တဆကျသွားမည်ဆိုပါက သူအပိုင်းပိုင်းအစစဖြစ်သွားပေလိမ့်မည်။

မုဖူရှန်းလည်ချောင်းသပ်လိုက်မိသည်။

သူရုတ်တရက်ဒီနေရာသို့ လာခဲ့သည်ကို နောင်တရသွားသည်။

ထိုအချိန်က အားနည်းမှုကို တမင်တကာပြသရင်း စမ်းသပ်မှုကနေ တမင်ကျရှုံးအောင် လုပ်ခဲ့သင့်သည်။

ထိုစဉ် ကောင်းကင်၌ အသံတစ်သံထွက်လာသည်။

"ချောက်ကမ်းပါးကို ဖြတ်သန်းနိုင်မယ်ဆိုရင် ဒီအဆင့်ကိုကျော်လွန်ပြီး နောက်သုံးလွှာကို ၀င်ရောက်နိုင်မှာပါ"

ထိုအသံကိုကြားရသောအခါ မုဖူရှန်း၏မျက်နှာက မည်းမှောင်သွားပြီး သူ့ရှေ့ကမြင်ကွင်းအားကြည့်လိုက်သည်။

ချောက်ကမ်းပါးအပေါ်က ကောင်းကင်၌ မိုးကြိုးနှင့်လျှပ်စီးရှိနေပြီး လျှပ်စီးကြောင်းတခုက ဆင်းသက်လာကာ ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားသည်။

ထို့နောက် မိုးကြိုးတစင်းကျဆင်းလာပြန်သည်။ ဤသည်အပြင် ထိုနေရာက ဗလာကျင်းနေခြင်းကိုလည်း တားမြစ်ထားပုံရသည်။

ဒါကိုငါဘယ်လိုကျော်ဖြတ်သွားရမလဲ!

ခုန်ကျော်ဖို့ဆိုတာကရောဖြစ်နိုင်လား!

ဒါဘယ်လိုငရဲလဲဟ၊ ဒီချောက်ကမ်းပါးရဲ့ တခြားတဖက်မှာ ဆင်းရမယ့်နေရာရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရဘူးလေ!

ဒါကိုဘယ်‌လိုကျော်လွှားနိုင်မှာလဲ!

မိုးကြိုးနက်များကိုကြည့်ရင်း မုဖူရှန်း စေ့ဆော်နေသည့် အလင်းရောင်တစွန်းတစကိုခံစားနေရသည်။

အရမ်းအရည်အသွေးမြှင့်မိုးကြိုးစင်းတွေကို စုစည်းချင်နေတာမဟုတ်ဘူးလား!

ဒီနေရာက မိုးကြိုးနက်တွေက အဆင့်မြင့်မိုးကြိုးတွေလား!

ယခုလိုစွမ်းအားမျိုးက ကမ္ဘာကြီးကို ဖျက်ဆီးနေသည့်အလားပင်။

ထိုသာမန်မိုးကြိုးစင်းများနှင့် ယှဉ်မည်ဆိုပါက ဒီမိုးကြိုးစင်းများက မည်မျှထိ အားကောင်းသလဲဆိုတာ သူမသိပါ။

ဤမိုးကြိုးများကိုစုစည်းပါက ကျရှုံးရပေလိမ့်မည်။

ဒီမှော်မိုးကြိုးကို ကိုးလွှာမိုးကြိုးအကာအရံ၏ ပထမဆုံးမိုးကြိုးဒိုင်းအဖြစ် အသုံးပြုမည်ဆိုပါက ဒီခရီးစဉ်က ထိုက်တန်သည့်ခရီးစဉ်တခုဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် မုဖူရှန်း ရှေ့က ချောက်ကမ်းပါးနှင့် မိုးကြိုးများအားမည်သို့မည်ပုံ ဖြတ်ကျော်ရမည်ကို နောက်ထပ်တွေးတောမနေတော့ဘဲ ယင်းအစား ဒီမှော်မိုးကြိုးကို မည်သို့စုစည်းမည်ကို တွေးတောနေသည်။

မိုးကြိုးစုစည်းခြင်းအတွက် ဘယ်လိုနည်းလမ်းတွေကို ယေဘုယျအားဖြင့်သုံးကြလဲ!

အများဆုံးတွေ့ရသည့်အရာက မိုးကြိုးစွမ်းအားကို စုစည်းရန်အတွက် အထူးပုလင်းများကို အသုံးပြုခြင်းပင်။

သို့စေကာမူ ဒီနည်းလမ်းက အဆင့်အရမ်းမမြင့်သည့်မိုးကြိုးများအတွက်သာ သင့်တော်သည်က သိသာထင်ရှားနေသည်။

သူ့ရှေ့ကမှော်မိုးကြိုးမျိုးကို စုစည်းရန်အတွက် အထူးပုလင်းများကို သုံးမည်ဆိုပါက ပုလင်းများက တိုက်ရိုက်ဖျက်ဆီးခံလိုက်ရမည်ဖြစ်သလို သူ့ကိုပင် သက်ရောက်လာနိုင်သည်။

ဒုတိယနည်းလမ်းက မိုးကြိုးစွမ်းအားကို ကျင့်ကြံသည့်ကျင့်ကြံသူက မိုးကြိုးစွမ်းအားကို ကိုယ်ထည်ဖြင့် တိုက်ရိုက်လက်ခံရယူခြင်းပင်။

သို့စေကာမူ ဒီချဉ်းကပ်မှုနည်းလမ်းက အတော်လေးအန္တရာယ်များသည်။

ဒါက မုဖူရှန်းစဉ်းစားဆင်ခြင်နိုင်သည့် နယ်ပယ်အတွင်းတွင်ရှိမနေပါ။ ဒါက ကိုယ့်ကိုကိုယ်အရှုံးပေးသည့်ချဉ်းကပ်နည်းတမျိုးသာ။

ဖီးနစ်နိဗာနအဖြစ် ပြာများထဲကနေ ပြန်လည်မွေးဖွားလာနိုင်ပြီး စုပ်ယူပြီးသည်နှင့် ခွန်အားက အတော်လေးတိုးတက်လာမည်ဖြစ်သော်လည်း ကျရှုံးသွားသည်နှင့် မိုးကြိုးဖြင့် တိုက်ရိုက်ချေမွဖျက်ဆီးခံရပေလိမ့်မည်။

ထို့ကြောင့် ယခုလိုအန္တရာယ်များသည့်အရာမျိုးကို မုဖူရှန်းလုပ်မည်မဟုတ်။

မင်းငါ့ကိုနောက်နေတာလားဟ!

သို့သော် မုဖူရှန်းကိုယ်တိုင်မသိသည်က ယခုသူ့တွင် ကောင်းကင်မိုးကြိုးတာအိုစည်းချက်တခုရှိနေခြင်းပင်။

သူကဤကမ္ဘာရှိ မိုးကြိုးစွမ်းအားအလုံးစုံကို ထိန်းချုပ်နိုင်သည်ဟုဆို၍ရသည်။

မိုးကြိုးအားလုံးက မည်မျှပင် အားကောင်းနေပါစေ မုဖူရှန်းနှင့် လုံး၀ပေါင်းစပ်နိုင်သည်။

ထို့ကြောင့် မှော်မိုးကြိုးရှိ မိုးကြိုးစွမ်းအားကို စုပ်ယူနိုင်မည်မဟုတ်ဟူသော အချက်ကို စိုးရိမ်နေစရာမလိုပါ။

ဤသည်က ဖြစ်စဉ်က အနည်းငယ်နာကျင်ရကောင်းနာကျင်ရနိုင်သည်။

ဒီလို‌ဆိုရင် စည်းတံဆိပ်ရဲ့စွမ်းအားကို သုံးမယ်ဆိုရင်ရော!

မုဖူရှန်း၏မျက်လုံးများက ရုတ်တရက် လင်း၀င်းသွားကြ၏။

ကိုးလွှာမိုးကြိုးအကာအရံကို ဒီနေရာမှာ ထွင်းထုပြီး စည်းတံဆိပ်ဖန်တီးမယ်!

ဒီလို‌ဆိုရင် ဒီနေရာကပစ္စည်းတွေကို တိုက်ရိုက်ရယူနိုင်သလို မှော်မိုးကြိုးစွမ်းအားကိုလည်း ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတမှာ စုစည်းနိုင်ပြီး ပထမမိုးကြိုးဒိုင်းအဖြစ် ပြောင်းပစ်လို့ရတယ်!

ဒါကအရမ်းမိုက်တယ်မလား!

ဤသည်အပြင် ဒီနည်းလမ်းကယခုအချိန်တွင် အန္တရာယ်အနည်းဆုံးနည်းလမ်းဖြစ်ပုံရသည်။

ဤသည်ကို တွေးမိသောအခါ မုဖူရှန်းချက်ချင်းဆိုသလို အဆောင်မင်တံကို ထုတ်ယူလိုက်သည်။

ဤအဆောင်မင်တံက နယ်နိမိတ်မဲ့မင်းဆက်၏ရတနာတိုက်ကနေ ရယူခဲ့ခြင်းဖြစ်သည်။

၎င်းက နယ်နိမိတ်မဲ့နယ်မြေတွင်သာမက အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးတွင် အမြင့်ဆုံးအဆင့်တွင်ရှိသည်။

ထို့နောက် သူကအဆောင်စာရွက်ကိုပါ ထုတ်ယူလိုက်သည်။

သူ့စိတ်ထဲတွင် သူက စည်းတံ‌ဆိပ်စာအုပ်မှ ကိုးလွှာမိုးကြိုးဒိုင်း၏ စည်းတံ‌ဆိပ်ဖြတ်ထုတ်နည်းလမ်းကို ဆက်လက်တွေးနေပြီး ကိုးကြိမ်တိတိ မှတ်မိအောင် လုပ်လိုက်သည်။

အရာအားလုံးကို ဘေးကင်းသေချာ‌အောင် လုပ်ပြီးနောက် စည်းတံဆိပ်ဖြတ်တောက်ခြင်းကို စတင်လိုက်၏။

မုဖူရှန်း ကိုးလွှာမိုးကြိုးဒိုင်း၏ အခြေခံစည်းတံဆိပ်ဖြတ်ထုတ်နည်းကို ကြိုတင်အကြိမ်ရာချီလေ့ကျင့်ခဲ့သည်။

ယခုပြန်ပြောင်းတွေးကြည့်မည်ဆိုပါက စည်းတံဆိပ်ကိုစတင်ထွင်းထုရာ၌ ပို၍ အဆင်ချောလာခဲ့သည်။

အခြေခံစည်းတံဆိပ်ကို ထုထွင်းရန်အတွက် မုဖူရှန်းအဖို့ နှစ်နာရီသာကြာမြင့်ခဲ့သည်။

ယခုတွင်မူ မှော်မိုးကြိုးကို ပထမဆုံးမိုးကြိုးဒိုင်းအဖြစ် မိတ်ဆက်ရန်သာလိုအပ်သည်။

ထို့နောက် ကိုးလွှာမိုးကြိုးဒိုင်းစည်းတံဆိပ်ကို အပြီးသတ်နိုင်ပေလိမ့်မည်။

ချက်ချင်းဆိုသလို မုဖူရှန်းလုပ်ဆောင်ပြီးနောက် ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတကို ချောက်ကမ်းပါးဆီသို့ ပစ်ချလိုက်၏။

တကြိမ်တည်းမှာပင် ကိုးလွှာမိုးကြိုးဒိုင်းက စည်းတံ‌ဆိပ်အလင်းရောင်များစွာဖြင့် ပေါက်ကွဲသွား၏။

ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်သည့် ကြောက်ခမန်းလိလိမှော်မိုးကြိုးက ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတဆီသို့ ဦးတည်သွားခဲ့သည်။

တချက်တည်းမှာပင် အောင်မြင်မှု၊ သို့မဟုတ် ကျရှုံးမှုကထွက်ပေါ်လာခဲ့သည်။

အပိုင်း(397) coming။

All Chapters